kaiJuly 31, 20181min3912
  မိမိတို့၏ သွားများကိုဂရုမစိုက်ဘဲ သွားကျန်းမာရေးကိုလျစ်လျှူရှုထားပါက တနေ့တွင် သွားနှင့်ပါတ်သက်၍ ဝေဒနာမုချခံစားနိုင်ပါသည်။ အထူးသဖြင့် အစပိုင်းတွင် သွားပိုးပေါက်သေးသေးမှ ကြီးကြီးသို့ပြောင်းသွားကာ သွားကိုက် သွားနာဖြစ်စေနိုင်ပါသည်။ အချို့လူများတွင် ကွမ်းစားပြီး သွားရောဂါဘာမှမဖြစ်ဟုဆိုကာ အသက်လေးဆယ် ကျော်လာလျှင် သွားများယိုင်နဲ့လာ၍ သွားများတချောင်းပြီး တချောင်း ဆုံးရှုံးနိုင်ပါသည်။ သွားကိုက်သွားနာဖြစ်ပြီဆိုလျှင် သွားပိုးပေါက်တွင်းသို့ ဆေးမျိုးစုံထည့်တတ်ကြပါသည်။ လေးညှင်းပွင့်၊ ဆော်ဒါမှုန့်၊ အရက်၊ အက်စပရင်မှုန့်၊ ပါရာစီတမောမှုန့်၊ ငရုတ်ကောင်းမှုန့် စသည်ဖြင့် ဆေးနည်းတိုများ ထည့်တတ်ကြပါသည်။ သွားနာပြီး မျက်နှာရောင်လာလျှင် မောရိယမန်းဆေးနှင့် အခြားမြန်မာမန်းဆေး ငန်းဆေးများအပြင်မှာ လိမ်းကြပါသည်။ မည်သည့်ဆေးများသုံးသုံး ရောဂါကိုသေချာစွာ စစ်ဆေးကုသမှုမရှိဘဲ မည်သည့်ရောဂါမှ မပျောက်ဆုံးနိုင်ပါ။ ခဏတာ ဝေဒနာသက်သာနိုင်သော်လည်း အမြဲမပျောက်ပါ။ သွားပိုးပေါက်ဖြစ်ရသည့်အကြောင်းရင်းကို ရှင်းပါမည်။ ကျွန်ုပ်တို့၏သွားတွင် အပြင်လွှာကိုကြွေသွားလွှာ (Enamel) ကိုခေါ်ပါသည်။ အလယ်လွှာကို […]


kaiJuly 31, 20183min2152
Simple sentence လေးတွေကို adjective လေးတွေ adverb လေးတွေနဲ့ ဝေဝေဆာဆာ တန်ဆာဆင်ပြီး လှပခန့်ညားသွားအောင် ရေးလို့ရကြောင်း အရင်လက ဖေါ်ပြခဲ့ပါတယ်။ ယခုဆက်လက်ပြီး simple sentence လေးတွေကို prepositional phrase လေးတွေနဲ့ လှပအောင် တန်ဆာဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ အဓိကအားဖြင့် prepositional phrase နှစ်မျိုးနှစ်စား ရှိပါတယ်။ အချိန်ကိုပြတဲ့ phrase နဲ့နေရာကိုပြ တဲ့ phrase ရယ်လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ နှစ်မျိုးစလုံးကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်သူအတွက် simple sentence လေးတွေကို လှပခန့်ညားအောင် ရေးဖိုက မခက်လှပါ။ ဥပမာ- The clever boy is having lunch with his cute […]


kaiJuly 29, 20181min2062
ယခုနှစ်၏ ဩဂုတ်လ ၈ရက်နေ့တွင် ၈လေးလုံးအရေးတော်ပုံ နှစ်၃ဝပြည့်သည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရလည်းသက်တမ်းပြည့်၅နှစ်၏ တဝက်ရပြီဖြစ်ပါသည်။ တိုင်းပြည်အနှံ့ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ထုလိုက်စိုက်ထားခြင်းကိစ္စနှင့် ဒေသခံတိုင်းရင်းသားတို့အသံများထွက်လာသည်နှင့်အမျှ ပြီးစီးသွားသော ၂၁ရာစုပင်လုံညီလာခံတွင်လည်း ဖယ်ဒရယ်၊ခွဲထွက်အသံများကြားလာနေရသည်။ အထူးသဖြင့် မြန်မာတိုင်းရင်းသားစုံ ပြောင်းခိုအခြေချနေကြသော အမေရိကားပြည်တွင်မှု လွတ်လပ်သောနိုင်ငံနှင့် လွတ်လပ်သောလူမျိုးများအထိပင် မြန်မာတိုင်းရင်းသားတို့ ထလုပ်နေကြသည်။ ဟိုမှာဖက်ပြည်တွင်းမှသည်းမခံနိုင်သည်များ ပေါက်ထွက်ကုန်သည်ဆိုပါစို့။ သို့နှင့် သမိုင်းပြန်လှန်ပါသည်။ ၂၁ရာစုအမြင်ဖြင့် ယခုလှန်ချလိုက်သောသမိုင်းသည် ပုံမှန်အမြင်အတွေးအခေါ်တို့မှ ကွဲမည်ဖြစ်ပါသည်။ Think Different ဟုသာယူကြစေလို.. မြန်မာ/ဗမာ ၁၈၂၆ခုနှစ်ထုတ် ဆရာယုဒသန်၏ “A DICTIONARY OF THE BURMAN LANGUAGE” စာမျက်နှာ ၂၈ရတွင် “မြန်မာ”ကို အောက်ပါအတိုင်းရေးထားသည်။ {{ မြန်မာ, (commonly written မြမ္မာ, and pron. ဗျမ္မာ, ) adj, of, […]


ko sixJuly 27, 20181min4203
အသည်းကွဲဖို့ မေ့ခဲ့တဲ့ ကျွန်တော် ======================(Short story) လောကကြီးသည် ဆန့်ကျင်ဘက်အရာများဖြင့် အလွန်တရာ ဆန်းကြယ်လှသည်။ ထို့ထက် ဆန့်ကျင်ဘက် အရာနှစ်ခုကြား ဖြစ်တည်လာတတ်သော အချစ်သည်က ပို၍ပင် ဆန်းကြယ်နက်ရှိုင်းလွန်းလှသည်။ ……………………… အလွန်အမင်း မုန်းတီးနေခဲ့ဖူးသော မိန်းမတစ်ယောက်တွင် တန်းဖိုးထားလေးစားစရာ အလွန်ကောင်းသည့် ချစ်ခြင်းမေတ္တာတရားကို တွေ့လိုက်ရချိန်တွင် အထင်နှင့်အမြင်တို့သည် အလင်းနှင့်အမှောင် တို့လို သေသပ်စွာ ကွဲလွဲခဲ့ကြပြီ။ သူသည်……… ထိုကောင်မလေးသည်……… ကျွန်တော် အတိတ်က ထင်ခဲ့သလိုမျိုး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော မိန်းမတစ်ယောက် မဟုတ်ပါဘဲ ရိုးတံမြင့်မြင့်နှင့် ပွင့်လန်းနေချင်သည့် နှင်းဆီဖြူ တစ်ပွင့်သာဖြစ်ကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ကျွန်တော် နားလည်လိုက်သည့် အချိန်တွင် ပန်းဝင်ကြိုးသည် တစ်စုံတစ်ရာကြောင့် လှုပ်ခါနေသည်ကိုပါ သိလိုက်ရပါသည်။ အစနှစ်ဖက်ကို တင်းနေအောင် ချည်နှောင်ထားသော ကြိုးတစ်ချောင်းတွင် […]


Mon LayJuly 26, 201811min4986
ဒါလေးကတော့ မွန်လေးကို chat box မှာ ညီမလေးတစ်ယောက်ကလာမေးလို့ အမခရီးသွားမယ်ဆို ဘာတွေပြင်ဆင်သွားလဲ တဲ့။ ဒီတော့ ခု ပြည်တွင်းခရီးတစ်နေရာကိုသွားဖို့ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရတာအတော်ပဲပေါ့နော်။ ပြည်တွင်းပဲသွားသွား၊ ပြည်ပပဲသွားသွား ယူတာကွာခြားတာက မှတ်ပုံတင်နဲ့ ပက်စ်ပို့ ပါပဲ။ ပြည်တွင်းဆိုမှတ်ပုံတင်ပေ့ါ။ ပြည်ပဆိုပက်စ်ပို့ပေါ့။ ပထမဦးဆုံး ပစ္စည်းတွေမမေ့ကျန်အောင်လို့ ပစ္စည်းစာရင်းတွေကို အရင်list လုပ်ပါတယ်။ အဲ့list ကို စာအုပ်တစ်အုပ်ထဲမှာ အမြဲမှတ်ထားပါတယ်။ အဲတော့ဘယ်ပဲသွားသွား ခရီးသွားတော့မယ်ဆို အဲ့စာအုပ်ကိုအရင်လှန်တော့တာပဲ။ အဲထဲမှာဆိုရင် 🖌သွားတိုက်တံ ကားပေါ်တို့၊ဟိုတယ်တို့ကပေးတဲ့သွားပွတ်တံကို တိုက်ရတာမကြိုက်လို့ အိမ်ကနေတိုက်နေကျ ဒီသွားပွတ်တံလေးကိုအမြဲ ဆောင်ပါတယ်။ 🖋သွားတိုက်ဆေး သွားတိုက်ဆေးလည်း အိမ်ကတစ်ခါတည်းထည့်တယ်။ အသေးပေါ့။ 🧣ပုဝါ ဒါလေးကတော့ အမြဲတမ်းယူတယ်။ လိုရမယ်ရ ကားပေါ်မှာ အေးလို့ပဲဖြစ်ဖြစ်၊ လျှောက်လည်တဲ့အခါ နေကာတာပဲဖြစ်ဖြစ်အသုံး ဝင်လို့။ […]


“ရှိစေ သင့်၏ မသင့်၏ “ အခုရက် မဟာ ဖွဘုတ်တော်မှာ မြန်မာပြည်ကဆယ်လီများရဲ့ သတင်းတွေကလှုပ်လှုပ်ယှားယှားရှိလှပါတယ်။ အဆိုတော်လေးကို မော်ဒယ်လေးက ရေချိုးပေးခိုင်းတဲ့ သတင်းကို အမေ့စကားနားထောင်ပြီးအဝတ်အစားပြောင်းလိုက်မှ ကင်မရာကောင်း ကောင်းတွေကြောင့် မပေါ်သင့်တာပေါ်သွားတဲ့သတင်းက ကျော်လွှားနေတုန်းနေဆဲမှာ တော်လှန်ရေးသမားကြီးကို အလိုမတူဘဲလှန်ပါတယ်ဆိုပြီး တိုင်ခံရတဲ့ သတင်းက အနိုင်ယူလိုက်ပါတယ်။ တကယ်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကာယကံရှင်တွေ ကိုယ်တိုင်သာ သိနိုင်တဲ့ကိစ္စဖြစ်လေတော့ ဘယ်သူကမှားပြီး ဘယ်သူက မှန်တယ်ဆိုတာကို တော့ ဘေးလူအနေနဲ့ပြောပြဘို့ခက်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ အိမ်အကူ အမျိုးသမီးရဲ့ သတင်းထောက်များနှင့် တွေ့ဆုံခြင်း ဗီဒီယို ဖိုင် မဟာဖွဘုတ်တော်ပေါ်ရောက်ရှိလာချိန်မှာတော့ ငွေကြေးတတ်နိုင်သူမိသားစု အတော်များများမှာမရှိမဖြစ်လိုအပ်နေသောလူတန်းစားတစ်ရပ်ဖြစ်တဲ့ အိမ်အကူ အမျုးိသမီးတွေနဲ့ပါတ်သက်ပြီး အိမ်ထောင်ရှင်မတွေ့ရဲ့ရင်ဖွင့်သံ အတော်များများကို နားဆင်ခံစားရပါတော့တယ်။ ဟိုအရင် အရင်းရှင် ခေတ်ကတော့ အစေခံ ဆိုရှယ်လစ်ခေတ်မှာတော့ […]


Mon LayJuly 25, 20182min1750
ဒီတစ်ခါရေးပေးချင်တာကတော့ အကင်ကြိုက်တဲ့သူများအတွက်ပါ။ မွန်လေးအပါဝင်ပါပဲ။ 😁😁ဘယ်နေရာပဲသွားသွား အကင်လေးတစ်ခုခုစားဖြစ်အောင်စားပါတယ်။ ဒါပေမဲ့ စားလိုက်တဲ့အကင်တိုင်းကိုမကြိုက်ပါ။☹️☹️ ခုပြောပြပေးချင်တဲ့အကင်ဆိုင်ကိုတော့ ကြိုက်တာ ဟိုး ခပ်ငယ်ငယ် ကျောင်းသူဘဝထဲကပါ။ အဲ့အချိန်ကတည်းက လက်ရာမပြောင်းဘဲရှိခဲ့တာ ခုချိန်ထိပါပဲ။ ဈေး လည်းအများကြီးမပြောင်းသွားဘူး။ အရင်ကအနိမ့်ဆုံး ဈေးက တစ်ချောင်း ၅ဝ ကျပ်၊ ခုက ၁၀ဝ ကျပ်။ အရမ်း မတက်ဘူးပဲဆိုရမှာပဲနော်။ 👍🏻အဲ့ဆိုင်လေးနာမည်ကတော့ “ကိုရှိုင်း”တဲ့။ ဆိုင်ရှင်နာမည်ကိုက ကိုရှိုင်း၊ ခုဆိုသမီးတွေက ပြန်ပြီးလက်ဆင့်ကမ်းဆက်ရောင်းပါတယ်။ဆိုင်ကတော့ လမ်းဘေးမှာ ခုံချပြီးရောင်းတာပါ။ #ဘယ်မှာရှိတာလဲ🚗 အဲ့ဆိုင်လေးက ရန်ကင်းမြို့နယ်မှာရှိတာပါ။ လာချငိရင်တော့ ဈေးကွေ့မှတ်တိုင်မှာဆင်းပါ။ ပြီးရင် ရန်ကင်းစင်တာရှေ ့ ကနေတည့်တည့်လာရင် ရွှေပုပ္ပါးဆေးခန်းရဲ ့ရှေ ့တည့်တည့်မှာရှိတာပါ။ #အချိန် ⏱ ဆိုင်ကညနေ ၄ နာရီဆိုဖွင့်ပြီ။ ညဘက် ၁၂ထိပါ။ #ဘာတွေရ🥓🍖🍗🍡 ဆိတ်သားကင်၊ ကြက်အရေပြားကင်၊ ကြက်အသဲအမြစ်၊ ကြက်ဆီဘူး၊ ကြက်တောင်ပံ၊ ကြက်ရင်ဘုံ၊ ကြက်ပေါင်၊ […]


Mon LayJuly 24, 20184min1460
အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တက္က သိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ထားရှိခဲ့တယ်လို့ 7days မှာဖတ်လိုက်ရပါတယ်။ တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့ ပါပါကြီးပါ။ ပါပါကြီးဆိုတာ မွန်လေးတို့ရဲ ့ပါချုပ်ဖြစ်ခဲ့လို့ပါ။ 😜😜 ဒေါက်တာမျိုးမြင့်နှင့်တွေ့ဆုံပုံ မွန်လေးဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ်။ တက္ကသိုလ်တက်မယ်ရွေးတော့ တက္ကသိုလ်အများစုက မြို့ပြင်မှာ  ချည်းပဲ။ မွန်လေးကအဝေးကြီးမသွားနိုင်တော့ မြို့တွင်းဆိုလို့ဆေးကျောင်း (အမှတ်မမှီ)၊ BBM (စီးပွားရေးမလုပ်ဘူးဆိုပြီး မတက်)၊ နောက်ဆုံး UFL ရောက်ရော။ အဲမှာ ပါပါကြီးနဲ့တွေ့တာပဲ။ ဒါပေမဲ့ ပထမနှစ်က သူနဲ့မတွေ့သေးဘူး။ အဲတော့ ကျောင်းကိုပြေးလို့ကောင်းတာပေါ့။ တက္ကသိုလ်ပဲလေ နောက်မှသူများဆီကစာမေးလည်းရတာပဲဆိုပြီး ရုပ်ရှင်ကြည့်တယ်။ သီချင်းတွေသွားဆိုကြတယ် သယ်ရင်းတွေနဲ့။ ဒုတိယနှစ်လည်းရောက်ရော အဲ့ပါပါကြီးက ပါမောက္ခချုပ်နေနဲ့ရောက်လာရော။ ပျော်ရွှင်မှုတွေပျောက်ဆုံး။ 😣 […]


  “တန်ဖိုးထား၏မထား၏ “ အခုရက်မှာ မိုးမတိတ်စတမ်းရွာ၏။ ထိုအခါအိမ်အပြင်မထွက်ဘဲ ဖဘပွတ်လေမိလေသည်။ လက်ဦးတည့်ရာ ဟိုထဲဝင်ကြည့်ဒီထဲဝင်ကြည့် ကြည့်နေရင်း တစ်ချိန်က အလွန်နာမယ်ကြီးခဲ့သည့် မြန်မာ့ပထမဦးဆုံးသော မိန်းမလျာအကအဖွဲ့ မိုးကြိုးငှက်ငယ်လေးများ၏ပဲ့ကိုင် စောနန္ဒာနှင့်အင်တာဗျူးထားသည်ကိုကြည့်မိလေသောအခါ သူတို့၏ခက်ခဲသောဘဝရပ်တည်မူ့များကို ကြားရလေသောအခါ အနုပညာကို ဖော်ထုတ်နေသူများဖြစ်သော်လည်း တန်ဘိုးထားခြင်းမခံရသည့်အခါ မကြာသေးမီကာလက သွားခဲ့သောခရီးတစ်ခုမှ ကပွဲများကို ပြန်လည်သတိရမိလေတော့သည်။ ခရီးသွားလုပ်ငန်းတစ်ခု၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကျနော်ရောက်ခဲ့လေသည်။ သူတို့ခရီးသွားသည့်အစီအစဉ်တွင် ကပွဲကြည့်သည့် ကဏ္ဍလည်းပါရှိလေသည်။ ရောက်သောနေ့တွင်ပတ္တရားမြို့တွင်လည်ပါတ် ညစာ စားပြီးသောအခါ နာမယ်ကျော် အခြောက်ကပွဲသို့ လိုက်ပို့လေသည်။ ကပွဲရောက်သောအခါ ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရဆိုသောကန့်သတ်ချက်များဖြင့် ကြည့်ရူ့ကြရလေသည်။ ဒီပွဲအတွက် ပိုက်ဆံပေးထားပြီးသား စီစဉ်ထားပြီးသား ဆိုသောကြောင့်သာအများနည်းတူလိုက်ခဲ့ရသော်လည်း အခြောက်ကပွဲဆိုသော စကားသံကြောင့်ကြည့်ရမည်ကို သိပ်စိတ်မပါ ပါ။ ကပွဲစ၍မကြာမီမှာပင် ကျနော်အထင်နဲ့အမြင်လွဲမှန်းသိရလေတော့သည်။ သူတို့အကအဖွဲ့မှာ ပြောထားလို့သာ မိန်းကလေးအစစ်မဟုတ်ဆိုသည်ကို တအံ့တဩနှင့် […]


Mon LayJuly 23, 201811min3350
ဘာလိုလိုနဲ့ရောက်သွားတာဆိုတော့ ဟိုလိုလိုတော့မဟုတ်တာအမှန်ပါပဲ..ဟီး 😂 #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 #ဖယောင်းရုပ်ထု 🗽 #Baiyoke Sky 76th ညစာ 🥩🍝🍴 #Safari World 🙉🐴🦁🐧🐳 #Cruise Dinner ⛴ #MBK 🛍🛒 #Dream World ကစားကွင်း  🤾‍♂️🤾 ———————————————————————————————————— ဒီခရီးစဉ်က အလုပ်ကနေ..တိုးလီဒါအနေနဲ့လိုက်သွားဖြစ်ခဲ့တဲ့ခရီးစဉ်ပါ..လိုက်ရမယ်လို့လည်းမထင်ထားပါဘူး။ မမျှော်လင့်ဘဲ ဘန်ကောက်ကိုတစ်ကြော့ပြန်ရောက်သွားခဲ့တာပေါ့နော်။ ၂ညအိပ် ၃ရက်ခရီးစဉ်လေးပါ။ ကိုယ်ကခရီးသွားရင်..သယ်ရင်းမိတ်ဆွေကို ခရီးစဉ်တွေအရင်ဆွဲ၊ပြီးရင် ဘွတ်ကင်တင်ပေး၊ ကိုယ်ပဲဦးဆောင်ခေါ်သွား (ကိုယ်တွေမှာကိုယ်ကအရင်ဦးဆုံးနိုင်ငံခြားရောက်ဖူးတာဆိုတော့လေ)တော့ခုလိုအဖွဲ့၁၆ ယောက်ကိုလည်းအဆင်ပြေပြေနဲ့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ တစ်ခါတစ်လေတိုးအဖွဲ့တွေနဲ့သွားတာ တော်တော်ပျော်ဖို့ကောင်းမှန်းကိုယ်တိုးလီဒါလုပ်တော့မှသိတော့တယ်။ #ဘယ်လိုသွားခဲ့လဲ🛫🛫 Nok Air နဲ့ မနက်ပိုင်းအချိန်ကိုယူပြီး ဘန်ကောက်ကိုလာခဲ့ကြပါတယ်။ Nok Air ကမနက်ပိုင်းအချိန်ရန်ကုန်ကနေစထွက် တာဆိုတော့ တော်တော်အချိန်ကောင်းတယ်။ ဘန်ကောက်ရောက်တာနဲ့ စပြီးလည်လို့ရတယ်လေ။ #ဘယ်တွေသွားခဲ့ကြလဲ။ #မြဘုရားနဲ့ဘုရင့်နန်းတော် 🙏 […]


  “လွယ်စေ သင့်၏ မသင့်၏ “ ကလေးမြို့ကိုရောက်သောအခိုက် မြို့ခံမိတ်ဆွေက ရိဒ်ရေကန်သို့သွားရအောင်အဖော်စပ်လေသောအခါ အသည်းပုံရှိသောရေကန်ကို ဓါတ်ပုံများတွင်သာမြင်ဘူးထားလေရာ ရောက်ဘူးချင်သည်နှင့်ကွက်တိမို့ နှစ်ခါမခေါ်ရဘဲခေါင်းငြိမ့်မိလေသည်။ နောက်နေ့မနက်စောစောတွင် ကျနော်တို့ ချင်းပြည်နယ်ခရီးကိုစခဲ့လေသည်။ တစ်ရက်ကိုတစ်သိန်းခွဲဖြင့် ငှားလာခဲ့သောကားသည် ဖိုးဝှီး ဖြစ်ပြီး ဒီလမ်းခရီးနှင့်လိုက်ဖက်သော ကားဖြစ်ကြောင်း ရှင်းပြသည်ကိုနားဆင်ရင်းတောင်တက်ခရီးစခဲ့လေသည်။ ပထမဆုံးခရီးမို့ ကြည့်မြင်ရသည်နေရာတိုင်းသည် လှပစွာတည်ရှိနေလေသည်။ မြေသားတောင်နံရံကိုပါတ်၍ ဖောက်ထားသော လမ်းဖြစ်သည်မို့ ဖုံတထောင်းထောင်းရှိလေသည်။ တစ်ဖက်တွင်တောင်နံရံ တစ်ဖက်တွင် ခြေတံရှည်အိမ်များရှိကြလေသည်။ တိုင်သေးသေးလေး ပေါ်တွင် အိမ် တင်ပြီးဆောက်ထားသောကြောင့် အိမ်တစ်ခုလုံးက လေထဲမှာဝဲနေသည်မှာနေချင်စရာကောင်းသလို အသဲယားစရာလည်းကောင်းလှပေသည်။ အတိုအရှည်မညီသောတိုင်များပေါ်တွင်လမ်းနှင့် အညီဆောက်ထားကြသည်ကများလေသည်။ အိမ်အများစုမှ သစ်သားအိမ်လေးများဖြစ်ပြီး အိမ်တိုင်းလောက်တွင် အိမ်ကပြင်အကျယ်ကြီးရှိနေလေသည်။ ထိုအိမ်လေးများကို မြင်မိသောအခါ ဆရာမ ဂျူး၏ တိမ်နှင့်ချည်သောကြိုးကို အထူးသတိရမိလေသည်။ မနက်(၇)နာရီလောက်က ကလေးမြို့က စထွက်လာခဲ့ကြသည်မှာ ၈နာရီခွဲကျော်ကျော်တွင် […]


နယ်တွေမှာ (အထူးသဖြင့် ပြည်နယ်တွေမှာ) အခုဖြစ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ကြည့်ရအောင်။ ဗိုလ်ချုပ်ကို ဗမာခေါင်းဆောင်မို့ နိုင်ငံရေးတက်ကြွသူ တိုင်းရင်းသားအချို့ မနှစ်မြို့ဘူး။ သူတို့မှာ အခြားနိုင်ငံရေး ရည်မှန်းချက် ရှိကောင်းရှိမှပေါ့။ ဗိုလ်ချုပ်ရုပ်ထု ပေါ်လာတော့ အံကိုက် ရိုက်ချလိုက်တယ်။ ဒီမိုကရေစီ နိုင်ငံရေးကို လက်ခံနိုင်ရင် သဘောထား ကွဲပြားမှုပါ တွဲပါလာတာမို့ စေ့စပ်ညှိနှိုင်း အဖြေရှာတာ ထုံးစံပဲ။ ကမာ္ဘမှာ လက်ခံတဲ့ အုပ်ချုပ်ရေး သီအိုရီမှာ ဗဟိုအစိုးရ အားကောင်းရမယ်။ ဒေသန္တရ အစိုးရများ အားသိပ်ကောင်းလျင် (ဝါ) သူတို့အပေါ် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) ဩဇာသက်ရောက်မှု အားမကြီးလျင် မူဝါဒများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖင့်လေးမည်၊ ကုန်ကုန်ပြောလျင် သူပုန်ကြီးတော့ အစိုးရဖြစ်၊ လက်ရှိအာဏာရပါတီ နိုင်ငံရေးပြိုင်ဖက် ဖြစ်လာမည်။ ဒါကြောင့် […]


ဒေါ်ရှုတာ ခေါင်းမမာခဲ့ဖူး ဆိုလျင်.. … ဒေါ်ရှုတာ ငါတကော မကောခဲ့ဖူး ဆိုလျင်.. … ဒေါ်ရှုတာ စစ်တပ်မျက်နှာကြည့် အလိုက်အိုက် နေခဲ့မည် ဆိုလျင်… .. ဒေါ်ရှုတာ သားတို့သာမီးတို့ရယ် သည်းခံလက်ကြပါ လေပြေထိုးခဲ့မည် ဆိုလျင်… …. ဒေါ်ရှုတာ ယနေ့ လုပ်သလို ၈၈ အရေးအခင်းကာလ ဦးအောင်ကြီးရဲ့ “စစ်တပ်ကို ဆိတ်နက်တောင် မပြစ်မှားနဲ့” စကား နာယူခဲ့မည် ဆိုလျင်.. …. ဒေါ်ရှုတာ ၈၈ အရေးအခင်းတုံးက ဝန်ကြီးချုပ်ဟောင်း ဦးနု စင်ပြိုင်အစိုးရကို လိမ္မာပါးနပ်စွာ ထောက်ခံခဲ့မည် ဆိုလျင်…. … ဒေါ်ရှုတာ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် စစ်ဆန့်ကျင် နယ်လှည့်စည်းရုံးရေး မဆင်းခဲ့ ဆိုလျင်… .. ဒေါ်ရှုတာ ၁၉၉ဝ ရွေးကောက်ပွဲ […]