မြန်မာစစ်တပ်အား တိုက်မည်မဟုတ်ကြောင်း ဝသွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ အစိုးရ ဘရပ်ရှ်နှင့်သွားပွတ်တံရေးရာ ဝန်ကြီးအား အသိပေး ပြောကြားလိုက်သည်။ ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုးတက်ရေးပါတီတို့ ဇွန်လ၁၅ရက်နေ့တွင် မျက်နှာခြင်းဆိုင် တွေ့ဆုံမည်ဖစ်ရာ နှစ်ဖက်လူဂျီးများ မျက်နှာပေါင်းတင်ထားရန် ကြိုတင်စည်းကမ်း သတ်မှတ်ထားရှိသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် မေလ၂၉ရက်နေ့တွင် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ တံခါးပိတ် ဆွေးနွေးရာ တံခါးချက်မကျသဖြင့် လက်သမားဆရာ ဖားပြုတ်ဂျော်နီအောင်ပုအား နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် ဖမ်းဆီးထားသည်။ မြစ်ကြီးနားဆွေးနွေးပွဲရလဒ် ပုံစံအသစ်ဖြစ်ကြောင်း ယူအင်အက်ဖီစီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောကြားခဲ့ပြီးနောက် ၎င်းပြသော ဆွေးနွေးပွဲပုံအား သတင်းထောက်များမှ ကြည့်ရှုစစ်ဆေးရာ ဆမ်ဆောင်း ဂလက်ဆီဖိုး ဖုံးကင်မရာဖြင့် ရိုက်ထား၍ ပုံထွက်ကောင်းနေသည်ကလွဲ၍ မထူးခြားကြောင်း […]