Mon LayMay 29, 20131min64115
ကျွန်မက ယခုခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်နေသူတစ်ဦးပါ။ ကျွန်မတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုထဲက တစ်ခုကို စာဖတ်သူကို မျှဝေပေးချင်လို့ပါ။ ဧည့်သည်တွေနှင့် အွန်လိုင်းမှတိုက်ရိုက်ထိတွေ့ဆက်ဆံမှုလုပ်ငန်း Sales & Marketing ဌာနကိုမရောက်ခင်က ဟိုတယ်တွေနှင့် ဆက်နွယ်နေသည့်၊ ဧည့်သည်တွေမြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် နေစရာရှာဖွေပေးနေရသည့် Reservation ဌာနမှာ လုပ်ကို်င်ခဲ့ဖူးပါသည်။ Reservation ဆိုသည် အခန်းဘွတ်ကင် တင်ခြင်းဖြစ်ကာ ကြိုတင်နေရာယူခြင်းဟု အဓိပ္ပါယ်ရသည်။ Reservation လုပ်ငန်းကို ယခင်တခြားကုမ္ပဏီတစ်ခုမှာ (၇)လ ကျော်လောက် ကျွန်မလုပ်ကိုင်ခဲ့ဖူးပါသည်။ (၇)လကျော်ဆိုသည့် ကာလသည် ရင့်ကျက်သည့်အတွေ့အကြုံရရန် ကြိုးစားနေသည့် ကာလဟုခေါ်ဆိုနိုင်ပြီး မျက်ကန်းတစ်ယောက်လို စမ်းတဝါးဝါးနှင့် အလုပ်ကိုလုပ်ဆောင်နေသည်ဟု မခေါ်ဆိုနိုင်ပါ။ ဘွတ်ကင်တင်လျှင် ဖြစ်တတ်သည့် ပြဿနာလေးများကို တီးမိခေါက်မိသိရှိထားသော၊ အင်္ဂလိပ်စာအခြေခံအဆင့်ထက် တတ်မြောက်ထားသော ကျွန်မ လွန်ခဲ့သည့် သုံးလက Aureum Palace Hotel […]


  “မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ” (အလွမ်းတစ်) မေလရဲ့အပူလွန်ကဲတဲ့နွေတစ်ရက်မှာပေါ့။ နေ့လည်ခင်းနာရီပြန်တစ်ချက် အကာကွယ်မဲ့သောကတ္တရာလမ်းထက်မှာ နေရောင်ခြည်တွေအခ အပူပျံ့ငွေ့တွေကချောင်းချောင်းထ။ အဲဒီအချိန်ကြီးမှာ မိုးစက်တွေက ပိုးပိုးပေါက်ပေါက်နဲ့ ရုတ်တရက်အကျ ကျနော် လဲ နီးရာအပင်နံဘေး အမြန်ပြေးအခို စိန်ပန်းပင်အိုကြီးအောက် မထင်မှတ်ဘဲ ရောက်သွားပါတယ်။ မိုးစက်တွေက ရက်ရက်စက်စက်ရွာအချ စိန်ပန်းပွင့်အနီတွေကလဲ ပက်ပက်စက်စက်ကြွေကျ မြင်ရတာ လွမ်းစရာကြီးပါဗျာ။ အဲဒီအချိန်ခဏလေးမှာ အဖြစ်ခြင်းတူလွန်းပါတဲ့ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ နောက် တွေရဲ့နောက် ကျနော့်စိတ်တွေက ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။ (အလွမ်းနှစ်) ကလေးတုံးကလိုပြောရင်ဟိုရှေးရှေးတုံးကလိုု့ဆိုပါစို့.။ အဲဒီတုန်းကခေတ်စားတဲ့ ကိုင်ဇာ့သီချင်း “ငယ်ငယ်တုန်းကသူငယ်ချင်း မင်းအရမ်းချစ်ဘို့ကောင်းတယ် အိမ်အပြန်ကျောင်းအဆင်းမှာသိချင်းလေးဆို”ပေါ့ နေ့စဉ်အတူတူ ကျောင်းသွားနေကျလမ်းနံဘေးမှာပေါက်နေတဲ့ စိန်ပန်းပင်ကြီးအောက် ရောက်ပြီဆိုမှဖြင့် ဆော့တဲ့အခါဆော့ ထိုင်တဲ့အခါထိုင် ငေးတဲ့အခါငေး မုန့်တွေအပြန်အလှန်ကျွေးတဲ့အခါကျွေး တောင်စဉ်ရေမရ စကားတွေပြောတဲ့အခါပြော ကျနော်တို့အတွက်ကတော့ ကွန်းခိုစရာနေရာလေးပါဘဲ။ မူလတန်း အလယ်တန်း […]


Mr WorldWideMay 29, 20131min4588
သက်ရှိလူသားဆဲလ်များမှ ပင်မဗီဇဆဲလ်များ ကလုန်းလုပ်ယူခြင်းကို အမေရိကန်နိုင်ငံ၊ Portland ပြည်နယ်ရှိ  Oregon Health&Science University မှ သုတေသနအဖွဲ့ကအောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။ ကျန်းမာသောကိုယ်ခန္ဓာဆဲလ်များမှ မူလဗီဇဆဲလ်ကို ဖန်တီးယူခြင်းသည် ကမ္ဘာ့တစ်ဝန်းမှ သုတေသန ပညာရှင်များ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ဆောင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖန်တီးနိုင် ခြင်းသည် ရောဂါကြောင့်လည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သေဆုံး၊ သို့မဟုတ် ဒဏ်ရာရနေ သော ဆဲလ်များနေရာတွင် အသစ်တစ်ခုအစားထိုးပေးနိုင်ရေးစသည့် ဆေးဘက်ဆိုင်ရာအစီအစဉ်များအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် ကိုယ်အင်္ဂါများအစားထိုးကုသရေးအတွက် အသဲ၊ကျောက်ကပ်၊ နှလုံးတို့ကို အသစ်တစ်ခုအဖြစ်ဖန်တီးခြင်းနှင့် Parkinson ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများခံစားနေရသူများအတွက် အစားထိုးကုသပေးနိုင်ခြင်းတို့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ၎င်းသုတေသနလုပ်ငန်းအား Oregon National Primate Research ၏ Reproductive and Development Science […]


Mr WorldWideMay 29, 20131min3563
လေဖြင့်စွမ်းအင်ထုတ်ယူခြင်းနှင့် ပင်လယ်ရေအောက်ရှိရေစီးကြောင်းများကိုအသုံးပြု၍ စွမ်းအင်ထုတ်ယူ ခြင်းများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူမှုစနစ်များသည် ယခင်ကတည်းကပင် ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ MODEC ကုမ္ပဏီ (Mitsui Ocean Development & Engineering Co) မှ ဂျပန်အင်ဂျင်နီယာများ သည် မကြာမီကာလတွင် အထက်ပါနည်းလမ်းနှစ်မျိုးအားပေါင်းစပ်၍ စွမ်းအင်ထုတ်လုပ်မည်ဖြစ်ပါသည်။ SKWTD (Savonius Keel and Wing Turbine Darrieus)  ဆိုသည်မှာ Savonius  တာဘိုင်အမျိုး အစားနှင့် ီမေမငနကျ တာဘိုင်အမျိုးအစားနှစ်ခုအား ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ရေပေါ်ပေါ်နေ သော အဆောက်အဦတစ်ခုဖြစ်ပြီး ရေစီးကြောင်းအောက်ဘက်တွင် Savonius ဒီရေတာဘိုင်နှင့် လေထဲတွင် Darrieus အမျိုးအစား ဒေါင်လိုက်လေရဟတ်တာဘိုင်တို့အား ပေါင်းစပ်ထားရှိခြင်းဖြစ်သည်။ တာဘိုင်နှစ်ခုကို အလယ်ဗဟိုတွင် ဂီယာအုံ၊ သို့မဟုတ် ဂျင်နရေတာနှင့်ချိတ်ဆက်ပေးထားပြီး ၎င်းဂျင်နရေတာသည် ရေစီးကြောင်း၊ […]


Normal 0 false false false EN-US X-NONE X-NONE မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။ တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်..  “အမျိုးသားတယောက်သည် […]


padonmarMay 28, 20131min84321
မနေ့က ကျောင်းနေဖက် သူငယ်ချင်းတွေဆီက e-mail လေး ဝင်လာပါတယ်။ သူငယ်ချင်း သန်းထွန်းအောင်ရဲ့ သားငယ်လေး ဝင်း ရေကူးမှာ ဆုရလို့တဲ့။ ထုံးစံအတိုင်း Conratulations မြန်မြန်ပို့ပြီးမှ စာကို သေချာဖတ်ကြည့်တော့ သူကလေးက လွန်ခဲ့တဲ့ ၁၈ နှစ်က အမေရိကားရဲ့ National Swimming Record ဒီ အသက်အုပ်စု မှာ မီတာ ၁၀ဝ အလွတ်ကူးစံချိန်ကို ချိုးလိုက်နိုင်တာကိုး။ ဒို့ မြန်မာ့နွယ်ဖွား ၁ဝနှစ်သားကလေးက အမေရိကားရဲ့ စံချိန်ချိုးနိုင်တယ်ဆိုတော့ အားလုံး ဂုဏ်ယူနိုင်ကြဖို့ မျှဝေပေးချင်တာနဲ့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ မှားတာတွေ့ရင်လည်း ထောက်ပြကြအုံးနော်။ အခု လတ်တလော စံချိန်ချိုးလိုက်တဲ့ သူ့စံချိန်က မီတာ ၁၀ဝ အလွတ်တန်း (၁ဝနှစ်တန်းမှာ) 1:01:21. ပါ။ […]


who whoMay 28, 20131min5379
တစ်နေ့ တစ်နေ့ ကျနော်တို့ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝတစ်နေ့တာကို စာရင်းချုပ်ကြည့် လိုက်တော့ ပေးတာနဲ့ ယူတာ တလှည့်စီ လုပ်နေရတာကို သွားတွေ့မိပါတယ်။ ဈေးဝယ်တော့ ကျသင့် ငွေကို ပေးတာနဲ့ ဈေးသည်ပေးတဲ့ ပစ္စည်းကို ယူတာနဲ့ ဒီမှာလည်း အပေးနဲ့ အယူအလုပ်ပဲ လုပ်နေရ တယ်။ နောက် အလုပ်လုပ်တဲ့အခါ ကိုယ်က လုပ်အား၊ ဉာဏ်အားတွေ ပေးပြီးတော့ ရတဲ့လခတွေကို ယူနေရပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေမှာလည်း ကိုယ်ကပေးလိုက်၊ သူများက ယူလိုက်နဲ့ အပေးအယူ အလုပ်တွေ ဖြစ်နေလိုက်တာ။ ဒီနေရာမှာ ပြောချင်တာက ကိုယ်ရလိုက်တဲ့ ပစ္စည်းတွေအပေါ် တန်ဖိုးလေး သိဖို့တော့ လိုလာပြီ။ ပစ္စည်းရဲ့ တန်ဖိုးက ဘာလဲ ဆိုတာလေးပြောမယ်နော်။ တို့တွေ ပစ္စည်းတစ်ခု ဝယ်မယ် ဆိုရင် သူ့မှာ […]


naywoon niMay 28, 20131min57513
အတု…… ငါအခုရောက်နေတဲ့နေရာကိုတောင်မှ အတုလား အစစ်လား မဝေခွဲတတ်တော့ပါဘူး….။ ငါ့အနားမှာရှိနေတဲ့အရာတွေကိုတောင်မှ ဘယ်ဟာကဖြင့် အတု ဒီအရာကတော့ အစစ်ရယ်လို ငါမခွဲခြားတတ်တော့တာကြာပေါ့……….။ လူအတု မိန်းမအတု ယောက်ျားအတု ပစ္စည်းအတု… ဆေးဝါးအတု နာမယ်တောင်အတု ရှိသေးရဲ့…..။ ရုပ်ရှင်တွေထဲမှာလို အတုကို သေမပေးလေတော့ အားလုံးက သူတို့ဟာ အစစ်တွေပါလို့ အော်ဟစ်လို့……….။ တစ်ချို့ အတုကို ငွေကြေးကြောင့်တုတယ်။ တစ်ချို့….. ကျော်ကြားမှုကိုလိုချင်လို့တုတယ်။ တစ်ချို့ …….. ချစ်လို့လိုက်တုတယ်။ တစ်ချို့ကျပြန်တော့ ……. မုန်းလွန်းလိ်ု့ကို သူ့နာမယ်ပျက်အောင်တုသတဲ့…။ တစ်ချို့က အတုကို ပညာရည်နိမ့်ပါးလို့သုံးကြတယ်…။ တစ်ချို့က အတုကို ငွေကြေးမတတ်နိုင်လို့ သုံးရတယ်…။ တစ်ချို့က အတုကို သုံးချင်လို့ကိုသုံးကြတယ်….။ ဘာကြောင့်ပဲတုတု ဘယ်လိုကြောင့်ပဲသုံးသုံး နောက်ဆုံးတော့ အတုဟာ အတုပါပဲ…။ ဒါသေချာတယ်……. အတုဆိုကတည်းက အစစ်ကိုမှီပြီးမှပေါ်လာရတာ […]


zipper johnMay 28, 20135min2920
It’s interesting to aware from mobile apps advantages for Business to Consumer (B2C) users. Business to Business (B2B) mobile users are also expect the same interactivity, functionality, and ease of access for business that they experience with their personal content. While it’s true that the recent iPhone App Developmentcraze has taken the consumer world by […]


Ma EiMay 28, 20132min59926
သရက်သီးကိတ်လေးပါ… ခုရက်ပိုင်း သရက်သီးတွေ လက်ဆောင်ရထားလို့ ဒီတိုင်းစားနေရာက အဆန်းထွင်ပြီး ကိတ်မုန့်ထဲထည်လို့ သရက်သီးကိတ်လေး လုပ်လိုက်ပါမယ်။ ကိတ်သားကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းကို သရက်သီးတုံးလေးတွေ ထည့်အလှဆင်လိုက်တာပါ။ သရက်သီးတုံးလေးတွေ အတွက် နဲနဲမာတဲ့ သရက်သီးကိုသုံးသင့်ပါတယ်။ ပထမဦးဆုံး မုန့်ဖုတ်မည့် ခွက်ထဲကို သကြား 1ဇွန်း၊ထောပတ် 1 ဇွန်းလောက်ထည့်ပြီး အပူပေးပါ။ သကြားပျော်ပြီးအရောင်ရင့်ရင့် လေးဖြစ်တဲ့အထိပါ…ပြီးရင် မီးဖိုပေါ်ကချ၊ အေးသွားရင် သရက်သီးတုံးလေးတွေ ထည့်ထားလိုက်ပါ…   ကိတ်တစ်လုံးစာ မုန့်ရည်အတွက်ပါဝင်ပစ္စည်းတွေ… 1…ဂျုံ 5 tbsp 2…baking powder 1 tsp 3…သကြား  4 tbsp 4…ထောပတ်(ဂီး)  3 tbsp 5…နွားနို့  3 tbsp 6…ကြက်ဥ 1 လုံး  လိုအပ်ပါတယ်… ခွက်တစ်ခုအတွင်းမှာ […]


သုရွင္May 28, 20132min4476
မည်ကာမတ္တ              လူ အထောက်အထားတစ်ခုကိုမျှ လက်ဝယ်ကိုင်ဆောင်ပြသ နိုင်ခြင်းမရှိတဲ့အခါ…။ လူမွှေး ၊ လူတောင်    ပြောင်ဖို့ လူသတ်မှတ်တဲ့ လူ ့ တန်းတစ်ခုကို လူတန်းမစေ့ တဲ့အခါ…။ လူလိုသူလို ခေါ်ပြောဆက်ဆံ နေရာပေးအလိုက်သိခြင်းမခံရတဲ့ ဖြစ်တည်ရုံ အဆင့်ရှိ အလေအလွင့်လူသားဖြစ်တဲ့အခါ…။ လူတွေမွေးပြီး လူတွေ စွန့်ပစ်သွားခဲ့ကြတဲ့ လူအဖေအမေ မဲ့ လူသားတွေအဖြစ် နေရာတစ်ခုသည်းသန့်ကန့်သတ်ခြင်း…. ခံကြရတဲ့အခါ…။ အင်္ဂါမစုံ၊ မသန်စွမ်းဘဝနဲ့ အထင်အမြင်သေးနှိမ်ချ ခွဲခြားဆက်ဆံခြင်းခံကြရတဲ့အခါ…။ ရောဂါတစ်ခုအကြောင်းပြ မြင်ရုံနဲ့နောက်တွန့် ရှုံ ့ချကဲ့ရဲ့ပြီး မောင်းထုတ်နှင်ချပြီး လူ့အသိုင်းအဝိုင်းနဲ့ မနီစပ်စေချင်ခံရတဲ့ အသက်ဝိညာဏ်ရှိ ခြေကောင်းလက်ကောင်းဘဝ အမှားတစ်ခုကြောင့်ပဲဖြစ်ဖြစ် အခန့်မသင့်လို့ ပဲဖြစ်ဖြစ် ရောက်ကြရတဲ့အခါ…။ ကျွန်တော်တို့တစ်တွေဟာ လူ့သဘောသဘာဝကို ပိုင်ဆိုင်ထားကြပါလျှက် မည်ကာမတ္တလူ ဖြစ်ကြရတယ်။


ဘဝ ဆိုတာနဲ့ပါတ်သက်ပြီး လူအမျိုးမျိုးတို့က သူတို့အတွေ့အကြုံတွေပေါ်မူတည်ပြီး…..အဓိပ်ပါယ် အမျိုးမျိုးဖွင့်ခဲ့ကြပါ၏… နောက်ရှိပါသေးတယ်….အများကြီးပါပဲ…အဲထဲကမှ..မေတ္တာရှင်ကြီး မာသာထရီစာပြောတာက.. “Life is an opportunity, benefit from it. Life is beauty, admire it. Life is a dream, realize it. Life is a challenge, meet it. Life is a duty, complete it. Life is a game, play it. Life is a promise, fulfill it. Life is sorrow, overcome it. Life […]


kaiMay 28, 201310min57714
Lone Wolf Terrorism အကြောင်း သိကောင်းစရာ (၂၀၁၃) ခုနှစ်၊ မေလ (၂၂) ရက်နေ့က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အကြမ်းဖက်လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်သူနှစ်ယောက်မှာ တဦးအပါအဝင်ဖြစ်တဲ့ နိုက်ဂျီးရီးယား နွယ်ဖွား Michael Adebolajo ဆိုသူက အကြမ်းဖက်မှုကို ကျူးလွန်ရုံတင်မကပဲ သတ်ဖြတ်ရာမှ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာများကို ကိုင်စွဲပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းချောက်တဲ့ စကားတွေပါ ပြောကြားသွားခဲ့ပါတယ်။ အကြမ်းဖက်မှုရဲ့ အတိမ်အနက်၊ အကြမ်းဖက်မှု လုပ်ဆောင်ပုံ၊ အသုံးပြုစကားလုံးများရဲ့ အလားအလာ စတာတွေက နိုင်ငံတော်အဆင့် ခြိမ်းချောက်မှု ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ညတွင်းချင်း ကျင်းပပြီး၊ အကြမ်းဖက်မှုကို တုံ့ပြန်ခဲ့ကြပါတယ်။ ပြည်ပရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကလဲ နောက်တနေ့မှာ ကျင်းပတဲ့ မြွေဟောက်အရေးပေါ် အစည်းအဝေးကို […]