“မေလအတွက် မန်းဂေဇက်က မော်လူးအလှူ” ကိုထွန်းဝင်းလတ် ဦးဆောင်ခဲ့တဲ့မော်လူးအလှူအတွက် ပစ္စည်းများဝယ်ပြီးပါပြီ။   အစက လေးကြောင်းမျဉ်းစာအုပ်ကို တစ်ဒါဇင် 1150ကျပ်တန်ဝယ်ပေမယ့် အသေအချာကြည့်တော့ ဈေးသက်သာတယ်ဆိုတဲ့စာအုပ်က စာရွက်သားကြမ်းကြမ်း စာမျက်နှာနည်းနည်းဆိုတော့ 1500ကျပ်တန်ကို 1450နဲ့ဆစ်ပြီးဝယ်လိုက်ပါတယ်.။ ပထမသွားကြည့်ခဲ့တဲ့ဆိုင်က စကားပြောရတာအဆင်မပြေ အလုပ်ကို အလှပ်နဲ့ တူအောင်မလုပ်ဘူးလို့ စိတ်ထဲမှာခံစားရတာနဲ့ မနေ့က ဆိုင်တွေသွားစုံစမ်းပါတယ်။. နောက်ဆုံးတော့ မန်းမြန်မာပလာဇာအောက်ထပ်မှာရှိတဲ့ SOSO စာရေးကိရိယာဆိုင်ကဘဲ ဝယ်လိုက်ပါတယ်။ ကောက်ခံရငွေ ရန်ကုန်က 729000ကျပ် မန်းလေးက 271000ကျပ်စုစုပေါင်းဆယ်သိန်းတိတိရပါတယ်။ ကလေးတစ်ယောက်စာအုပ်တစ်ဒါဇင် ခဲတံတစ်ဒါဇင်ပေတံတစ်ချောင်းနှုန်းနဲ့သတ် မှတ်လိုက်တဲ့အခါ ပထမဆုံး ကလေးအယောက်500စာဝယ်လိုက်ပါတယ်။ လေးကြောင်းမျဉ်းစာအုပ်က ဒါဇင်ငါးရာ ခြောက်လက်မ ပေတံက တစ်ဒါဇင်ကို 400ကျပ်နူန်းနဲ့45ဒါဇင်နဲ့ တစ်ဒါဇင်ကို 8ဒါဇင်ပါတစ်ဘူးကို 2300ကျပ်နူန်းနဲ့ ခဲတံက 8ဒါဇင်ပါ65ဘူးပထမဝယ်လိုက်ပါတယ်။ အဲဒီကမှ ပိုနေသေးတဲ့ငွေကို လေးကျောင်းမျဉ်းစာအုပ် 70ဒါဇင်၊8ဒါဇင်ပါ […]


နွေဦးMay 27, 20135min3432
“ချစ်သားအာနန္ဒာ နောင်အခါ၌ သဒ္ဓါတရားရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပါသကာ ဒါယကာများ၊ ဥပါသိကာ ဒါယိကာမများ သည် ဤ လေးဌာနသို့ လာကြလတ္တံ့ ။” ၁ ။     ။ မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီ ဥယျာဉ် ။ ၂  ။     ။သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်။ ၃  ။     ။ ပဉ္စဝဂ္ဂီငါးဦးတို့အားမြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်တော်မူရာ မိဂဒါဝုန် ။ ၄  ။     ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းရဂုံ ။ “ချစ်သားအာနန္ဒာ အကြင်သူတို့သည် ဘုရားဖူးခရီးလှည့်လည်မှုကို ပြုကြပြီး၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏ ။ထိုသူတို့အားလုံးတို့သည် […]


ခင္ခMay 27, 20131min48816
“ကျုရှင်ခ´´   သားလေးအရွယ် ၅ နှစ်ကွယ် သမီးလေးအရွယ် ၅ နှစ်ကွယ် ကျောင်းစထားဖို့ ပြင်ကြမယ် ကျောင်းအပ်နှံကြ မိဘရယ်၊   လာမည့် ဇွန်လ ကျောင်းဖွင့်ကြတော့ ထို ၅ နှစ်ကလေး လွယ်အိတ်လေးနဲ့ ကျောင်းစတက်ပြီး ပျော်ကြမည် နောက်ကအရိပ် လိုက်ပါခဲ့မှာ ကျုရှင်ပါတဲ့ မထားလည်းမကောင်း ထားလည်းမကောင်းမို့ မဖြစ်မနေ ထားရပေမည် မထားချင်ကြ ရွှေးချယ်ပြပေါ့ ကိုယ်ပိုင်ကျောင်းသို့ ပို့ကြတော့လည်း ကျုရှင်ခအပါ ယူကြသည်။   ကျောင်းအပ်နှံခ အခမဲ့မို့ သက်သာမိဘ မထင်ကြနဲ့ ဆင်ဖိုးထက်မက ချွန်းဖိုးကျမည် ကျုရှင်ခများ ကုန်ကြလေသတည်း။   ဖတ်ရှု့သူများကျေးဇူးပါ။ ခင်ခ။


Mr WorldWideMay 27, 20131min3032
အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးဂြိုဟ်တုများကို တိုက်ခိုက်ဖျက်ဆီးခြင်းခံရပါက မူလအတိုင်း စွမ်းဆောင်ရည်ပြန်လည်ရရှိစေရန် ၊သို့မဟုတ် ထိုဂြိုဟ်တုများ လုံးဝပျက်စီးဆုံးရှုံးသွားခဲ့လျင် မည်ကဲ့သို့ဆက်လက် လုပ်ဆောင်သွားရန်နှင့် ပတ်သက်၍ စဉ်းစားအဖြေရှာလျက်ရှိကြောင်း ပင်တဂွန်မှ Mr.Carter က ပြောကြားခဲ့ပါ သည်။ ၂၀၁၄ ခုနှစ် ဘဏ္ဍာငွေခွဲဝေမှုတွင် အဆိုပါကိစ္စအား အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့မှုရရှိပြီးဖြစ်သည့်အပြင် အခြားနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်တွင် အာကာသရှိဂြိုဟ်တုများကို အသုံးမပြုပဲ ကျွန်ုပ်တို့၏ တပ်ဖွဲ့များနှင့်ပင် တွန်းလှန်တိုက်ခိုက်နိုင်ရန်အတွက် ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုများလည်း ပြုလုပ်ပြီးဖြစ်သည် ဟု  Mr.Carter က ပြောကြားခဲ့ပါသည်။ သူသည် နောက်ထပ်အသေးစိတ်အချက်များကို ထပ်မံပြောကြားခဲ့ခြင်း မပြုခဲ့ပါ။ အမေရိကန်အစိုးရသည် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအပါအဝင် မဟာဗျူဟာနှင့် နည်းဗျူ ဟာအရ ကင်းထောက်ရှာဖွေခြင်း၊ ဒုံးပစ်လွှတ်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာနှင့် မိုးလေဝသစောင့်ကြည့်စစ်ဆေးခြင်း ၊ ကြိုတင်သတိပေးခြင်းများအတွက် ဂြိုဟ်တုများအပေါ်အားထားယုံကြည်လျက်ရှိပါသည်။ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသို့ […]


သုရွင္May 27, 20131min51613
ကြာတော့လည်း ကဗျာတွေ ဇာတ်ပျက်လာတယ်။ ဧချင်းလည်းမဟုတ်…။ အိုင်ချင်းလည်းမဟုတ်…။ လေးလုုံးသုံးလုံးစပ်မဟုတ်…။ ဒွေးချိုးလေးချိုးမဟုတ်…။ ကာရံရှိတဲ့ကဗျာ ဘဝတွေ လျှောကျ….။ မော်ဒန်ကဗျာပါ ….တဲ့။ နောက်တော့ ပို့စ်တစ်လုံးထပ်ပိုလာတယ်။ အမျိုးသားရေးစိတ်ဓါတ်တွေ ကဗျာနဲ့မှ လျှောကျ ငါတို့ယဉ်ကျေးမှုကို ငါတို့ မချစ်နို်င်ကြတော့ဘူး။ စည်းချက်လေးတစ်ခုတည်း လက်ရှိငါတို့ကဗျာမှာ ငွေ့ငွေ့ကျန်ရစ်ခဲ့ ကဗျာမာနမရှိတဲ့ ကဗျာဆရာတွေရှိတဲ့ နိုင်ငံမှာ ငါ့ကဗျာ အပါအဝင် ခေတ်နဲ့ယှဉ်တဲ့ကဗျာ အားလုံး ဇာတ်ပျက်ကုန်ကြပေါ့။             ။


ကျွန်တော့်ရဲ့ မဟိုဟာရယ် ဟိုနေ့ညက ဟိုကိစ္စဟာ ကျွန်တော့်ဘက်က မှားပေမယ့် ခင်ဗျားသာ ကျွန်တော်ပြောသလို ဟိုလို လုပ်ပေးခဲ့မယ်ဆို ဒီပြဿနာက ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး။   အဲဒီတုန်းက ခင်ဗျားနဲ့ ကျွန်တော့်ကြားက ဟိုဒင်းဟာ ဟိုလိုမဖြစ်ခဲ့ရင် ဟိုတစ်နေ့ကလိုပဲ ဟိုလိုနဲ့ ပြီးသွားရမယ့် ကိစ္စ ခက်နေတာက ခင်ဗျားကလည်း ဟိုဟာကို ဒီလိုလုပ်ပစ်လိုက်တယ် ကျွန်တော်ကလည်း ဒီဟာကို ဟိုလိုလုပ်ချင်တယ် နားလည်မှုမတူတဲ့ ကျွန်တော်တို့နှစ်ယောက် ဒီလိုဖြစ်ခဲ့ကြတာ ဘယ်သူ့ကို အပြစ်တင်ရပါ့။   ဒီမယ် မဟိုဟာ ခင်ဗျားအမြဲလိုချင်နေတဲ့ ဟိုဥစ္စာက ကျွန်တော့်ဆီမှာ မရှိဘူး ဟိုဒင်းတစ်ခုပဲ ကျွန်တော့်မှာ ရှိတယ် ဟိုနေ့က ခင်ဗျားပြလိုက်တဲ့ ဟိုဒင်းကို မြင်ကတည်းက ကျွန်တော် နားလည်လိုက်တယ် ကျွန်တော့် ဟိုဒင်းဟာ ဟိုလိုမဖြစ်တော့ဘူးဆိုတာ။   […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဟိတ်ကောင်… မင်းက ဗဂေါင်ဒုံးကွ.. ဟေ.. ကျနော်… ကျနော်.. ကျားပါခင်ဗျာ။ ဘာကွ.. နောက်တာလား ပြောင်တာလား.. […]


ဪ  ဒီနေ့ မေ ၂ရ ဆိုတော့ လကုန်တော့မယ်ပေါ့ ၊ ဇွန်လ ၁ ရက်နေ့ဆိုရင် သားသားရဲ့  မွေးနေ့ ပြန်ရောက်ပြီပဲ ၊ ဘာများ ပူဆာဦးမလဲမသိ ၊ ၃ ရက်နေ့ကတော့ သား ကျောင်းပြန်တက်ရမယ့်နေ့ပဲ ၊ အိုင်စီအီးစီက ကျောင်းလခများ တိုးဦးမှာလား ၊ မတိုးပါစေနဲ့ မိုးနတ်မင်းရယ် ၊ မွေးနေ့လက်ဆောင် ၊ ပြီးရင် ကျောင်းလခ ကျောင်းကားခ ကျောင်းသုံးစာအုပ် ဗလာစာအုပ်  ကျောပိုးအိတ် ယူနီဖေါင်း  အမယ်လေးလေး  မနည်းပါလားနော် ၊ မိုးရာသီဆိုတော့ ထီးတို့ မိုးကာတို့က ပါလာဦးမှာ ၊ အဲဒီ ဇွန်လပြီး ဇူလိုင် ရ ရက်က သမီးငယ် မွေးနေ့ ၊ မုန့်ဘိုး […]


ဒီပိတ်ရက် အိမ်မှာအေးအေးဆေးဆေးနားနေတာနဲ… ချစ်သုအုပ်ကလေးနဲ. မုန်.လုပ်စားမယ်စဉ်းစားတာပေါ့.. အင်း ဒါနဲ.ဘာလုပ်စားရမလဲ စဉ်းစားတော့.. ကိုရီးယား ဆူရှိလုပ်စားမယ်တဲ့ ချစ်သုအုပ်ကပြောတော့.. ကိုရီးယားများ အထင်ကြီးလို. တို.မြန်မာမှာလဲ အဲလိုမုန်.တွေရှိပါတယ်ဆိုပြီး ပြောလိုက်တော့ လက်စွမ်းပြရတော့တာပေါ့… မန်းလေးမှာ လက်ဖက်ရည်ဆိုင်တွေမှာ တချို.တလေ ရတတ်တယ်…… နာမယ်က ခနုံထုပ်……. နန်းတွင်းအစားအစာလို.ပြောတာပဲ… ကဲ လုပ်စားကြမယ်…. လိုအပ်တာတွေကတော့… ဂျုံမှုန်. (မွှေးဂျုံမှုန်.တစ်ထုပ်) ဘဲဥ ၄လုံး (ကြက်ဥ နဲ.လဲရတယ်.. ဒါပေမယ့် အရောင်မလှဘူး ဘဲဥက ဝါဝါလေးအရောင်လှတယ်) ကြက်သွန်ဥ ကြီးကြီး လေးလုံး ကြက်သား ၃ဝသား…. ကဲစမယ်နော်…….. ပထမဦးဆုံး ကြက်သားကို ရေစင်အောင်ဆေး အတုံးအနေတော်လေးတွေ အသားချည်ပဲကိုတုံး အောက်ကလို ပြီးသွားရင် ဒီလိုလေးကြိတ် ပြီးရင် ကြက်သွန်ကိုလဲ ဒီလိုလေး လှီးထားလိုက် အဲဒါပြီးတော့ ကြက်သားကို […]


ဇီဇီMay 27, 20131min135354
အပူအပင် ကင်းတဲ့ ငယ် ဘဝတဲ့လား။ ဟုတ်မယ်။ ကိုယ်တို့ ငယ်တုန်းကများဆို ကစားဖို့နဲ့ စားဖို့လောက်ပဲ သိခဲ့ရတာ၊ ကျူရှင်ဆိုတာ ခုလိုတွေ အချိန်ပြည့်တက်ရတာမဟုတ်သေး။ အဲဒီတုန်းက ကျူရှင်ယူမှ စာတော်တယ်ဆိုရင်လည်း အချင်းချင်းက ကပ်နှိမ်ချင်ကြတာကလား။ အဲတော့ ကျောင်းဆင်းပြီဆိုတာနဲ့ ကစားကြတာပဲ။ ကျောင်းမှာလည်း အင်မတန် ဆော့ရတာကို အားမရ။ ~~~ ကိုယ် က ငယ်တုန်းကတည်းက ရပ်ကွက် ကလေး လို့ ပြောရမယ်။ မွေးပြီးခါစနေ ၁ တန်းထိက စစ်ကိုင်းမှာ…. ၂ တန်းနဲ့ အရေးအခင်းဖြစ်တဲ့ နှစ်မှာ ထီးချိုင်မြို့… ၃ တန်း စတက်တော့ ပျော်ဘွယ် ကို ရောက်ပြီ။ ၈ တန်းမှာ ရွှေညောင်….. ၉/၁ဝ တန်းမှာ မန်းလေးမှာ ကျောင်းနေတယ်။ […]


“ဘုရားကြီးဘဲ နာပါတယ်ဆိုတဲ့ တူးဖို့တူးဖို့ဇာတ်လမ်းများ”     ခေတ်ကာလသားသမီးများ တယ်မလွယ်လှဘူး။ ပြောရဆိုရတာအခက်သားလား။ ကျုပ်လဲစိတ်တိုတိုနဲ့လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။ ပြဿနာစတာ က  အိမ်ဆေးသုတ်တာကစတာဘဲ။ အိမ်ဆေးမသုတ်တာလေးငါးနှစ်လောက်ရှိနေတော့ “အရောင်လွင့်နေပြီ အိမ်ဆေးအသစ်သုတ်မယ်”လို့ ပြောလာတော့ သုတ်ပေါ့ အိမ်လှအောင်သပ်ရပ်အောင်လုပ်တာဘဲ ဘာကန့်ကွက်စရာရှိလဲနော့။ အဲဒီမှာ အလတ်ကောင်က တစ်စခန်းထလာတယ်။ ဝါယာကြိုးတွေ အိမ်မှာသွယ်ထားတာ စံနစ်မကျဘူး နောက်ခလုတ်ခုံတွေကလဲနေရာမှားနေတယ် အသစ်ပြန်သွယ်မယ် ရိုက်မယ်။ သွယ်ပေါ့ ဝါယာကြိုးအဟောင်းအမြင်းတွေက မီးတွေဘာတွေထတောက်နိုင်တာကိုး။ ကောင်းအောင်လုပ်တာ ဘဲ ဘာကန့်ကွယ်စရာရှိလဲ လုပ်ပေါ့။ ဒါပေမယ့် ကျုပ်က မေးတယ်  ဘယ်ဟာအရင်စမှာလဲပေါ့.။ အလတ်ကောင်က ဝါယာအရင်ရိုက်မယ်တဲ့။ ကျုပ်က ဆေးအရင်သုတ်ပြီးမှ ဝါယာရိုက်ပါလား လို့ပြောတော့ သူ့သူငယ်ချင်းတွေအားတဲ့ရက်မှာ လုပ်ရမှာလို့ အညွှန့်တက်လာတယ်။ ခလုပ်ခုံတွေဘာတွေ ရိုက်ပြီးမှာ နေရာပြောင်းရင် ခက်မယ်နော် လို့ကျုပ်ကပြောတော့ အေးဆေး ပါ […]


padonmarMay 27, 20134min73130
မနှစ်က ဧပြီ ၁ရက်နေ့မှာ ကျမရဲ့ ဇာတိမြို့လေးက ကလေးတွေနဲ့ အကျီင်္လေးတွေ ပေးရင်း စိတ်ဓာတ်မြှင့်တင်ရေး စာမေးစာဖြေလေးတွေ လုပ်ခဲ့ကြတဲ့အကြောင်း ပဒုမ္မာရဲ့ ချစ်စရာ့အရွယ် Cover Story post လေးကို မှတ်မိကြပါသေးလား။ ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story နောင်နှစ်ထပ်သွားရင်တော့ ကလေးတွေ အခြေအနေ ဘယ်လိုနေပါ့မလဲလို့ ကျမ ရေးခဲ့ပါတယ်။ ဒီနှစ်တော့ မတ်လ 26 ရက်နေ့က မြို့လေးကို ပြန်ရင်း ကလေးတွေနဲ့ ထပ်တွေ့ခဲ့ရပါတယ်။ တပေါင်းပွဲတွေရှိတော့ တစ်ချို့ကလေးတွေလည်း ဘုရားပွဲတွေကို အလည်သွားနေတာဖြစ်လို့ ဒီတစ်ခါ လူနည်းပါတယ်။မနှစ်က ပါတဲ့ကလေးတွေရော၊မနှစ်က မပါတဲ့ကလေးတွေရော ရောက်လာကြပါတယ်။ မနှစ်က ထုံးစံအတိုင်း ကျမတို့လာပြီကြားတာနဲ့ ရောက်လာကြတဲ့ ကလေးတွေကို အတန်းစဉ်လိုက် တန်းစီခိုင်းလိုက်ပါတယ်။ အတန်းကြီးဆုံးက ၆တန်း၊ရတန်းနဲ့ ၈တန်းကျောင်းသားတွေပါ။ သူတို့ကတော့ […]