မောင် ပေMay 26, 20134min63413
ဓါတ်ပုံတွေကို ရိုက်ကူးသူကတော့ စေတနာဖြူပရဟိတအဖွဲ ့ဦးဆောင်သူ ကိုဇော်နိုင်ဝင်း ဖြစ်ပါတယ် ။ စေတနာဖြူအဖွဲ ့ကို သူဦးဆောင်ပြီး အားလုံးဝိုင်းဝန်းနေကြပါတယ် ။ အခုပို ့စ်မှာ သုံးထားတဲ့ ဓါတ်ပုံတွေ အားလုံး သူရိုက်ထားတာပါ ။ သူ ့ဆီကနေ ခွင့်ပြုချက် တောင်းပြီးမှ တင်ပါတယ် ။ ဒါကတော့ စေတနာဖြူ ပရဟိတ အဖွဲ ့အခုတစ်ခေါက် ၊ ရေလောင်း ယင်လုံ အာစီ အိမ်သာ ဆောက်လုပ် နေတဲ့ မှတ်တမ်း ဓါတ်ပုံလေးတွေပါ ။ နေရာကတော့ စဉ့် ကိုင် မြို ့နယ် / ဥယျာဉ်ငယ် ရွာ / မြောင်းဆုံငယ် အုပ်စု ၊ မာဃိန္ဒာ ကျောင်းတိုက် မှာပါ […]


ကာရံMay 26, 20131min3212
အခန်းငယ်လေးထဲမှာ ငါတစ်ယောက်ထဲ အထီးကျန်ဆဲပါချစ်သူရယ် ငါ့မျက်ရည်တွေကလေ တစ်နေ့တစ်ခြားအဖော်ပြုနေလားတော့မသိ ပါးပြင်ထက်မှာ သူတို့ခိုဆင်းဖို့နေရာတောင် မကျန်တော့ဘူးလေ ချစ်သူရယ် ထားရစ်ရက်တယ်နော် ဘယ်အငြိုးကြောင့်များ မုန်းရက်လေရော့သလဲဟင်  အချစ်တော့လို့လား ချစ်သူရဲ့ အချစ်တွေက အပြစ်ဖြစ်ရော့လေသလားကွယ် ချစ်လွန်းလို့ အလိုလိုက်ခဲ့မိတဲ့ အချိန်တွေကို တစ်ခါတစ်လေမုန်းမိတော့မယ်ထင်တယ် ဒါပေမယ့် ရင်ထဲကတော့ ဘယ်လိုမှမေ့လို့မရနိုင်သေးတာတော့ ခက်တယ် အချစ်ကိုကိုးကွယ်မိခဲ့ပါတယ် သိပ်ချစ်လို့လဲ ပုံအပ်မိခဲ့ပါတယ် ဒါပေမယ့် ချစ်သူပေးခဲ့တဲ့ အမုန်းလက်ဆောင်ကို သိမ်းဆည်းနိုင်တဲ့ အင်အား မွေးကထဲကပါမလာတာ သိခဲ့သင့်ပါတယ် နာရီသံတွေတစ်ချက်ချက် ငါ့နားထဲမှာ တိုးလို့ဝင်နေတယ်လေ သေချာနားစဉ်ကြည့်တော့ ငါ့ရင်ခုန်သံတွေ တစ်လက်လက်တုန်နေတယ်ဆိုတာ ငါမေ့သွားမိတယ် အခုတော့ အခန်းငယ်လေးထဲမှာ သွေးပျက်မတက် ချောက်ခြားနေရပြီကွယ် ငါ့နံဘေးမှာ အဖော်ပြုနေတဲ့ မင်းလေးရဲ့ဂစ်တာအိုလေးကလဲ အခုတော့ အသံတွေယိုင်နေလောက်ပြီနော် အနမ်းတွေခြွေခဲ့ဖူးပါတယ် ဟောဒီအခန်းငယ်လေးထဲ့က အပန်းဖြေစရာ နေရာလေးတောင် ခြောက်သွေ့နေပြီလေ  […]


who whoMay 26, 20131min5569
ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။ ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို […]


ကာရံMay 26, 20131min2651
လှိုင်းတွေဘယ်လောက်ထန်ထန် ငါ၏မာန်ကိုရွှက်လွှင့်လို့ မာနကိုလှော်တက်သဖွယ်အသုံးပြုမယ် တောင်စွယ်ဘယ်လောက်မြင့်မြင့် ငါ့ခြေဖဝါးအစုံကို အားကုန်သုံးရင်း ဖြတ်ကျော်မယ် လောကဒဏ်ဘယ်လောက်ပြင်းပြင်း ငါ့ရင်တွင်းမှာတော့ အရိပ်ခိုနေသရောင် ငါ့မေ့ထားချင်တယ် နောက်ဆုံးပန်းတိုင်လေးအဖြစ် အမေ့ရင်ခွင်ဟောင်းလေးနေရာကို ငါတမ်းတနေမိတယ် ဝသန်ခါမိုး ဖြိုးဖြိုးလက်သည့် ပုလဲမျက်ရည် ခြွေသက်ဆင်းကျ မြေခသည့်သွင် စိုပြည်ဝင်းပ ခန်းချောက်သည့်မြစ် တစ်သွင်သွင်စီး နောက်ဆုံးခရီး ပင်လယ်စီသို့ ကူးလူးဖြတ်သန်း ပန်းတိုင်နားခို နွေ မိုး ဆောင်း ပြောင်းလဲသူသို့                                                                  ပိတောက်မိုး


မြသဲ ( 17082011 )May 26, 20131min70233
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့။ ကျွန်မမိတ်ဆွေတွေ ဖြစ်ခဲ့တာလေးပြောပြချင်တာပါ။ အကြာင်းအရာကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ ဖြစ်တတ်တယ်။ ဖြစ်ခဲ့တယ်ဆို တာလေး ပြောပြချင်တာပါ။ ကျွန်မမိတ်ဆွေရုံးကပေါ့။ သူကနိုင်ငံတကာရုံးကြီးပေါ့။ သူတို့ရုံးက တနှစ်တော့ ပြက္ခဒိန်ထုပ်မယ်။ ရုံးကဝန်ထမ်းတွေပုံနဲ့ပေါ့။ အဲဒါနဲ့ နေရာရွေး ကြတော့ ကန်တော်ကြီးကရှု့ခင်းလှတယ်ပေါ့။ အဲလိုနဲ့ တူညီဝတ်စုံတွေဝတ်ပြီး တရုံးလုံးပျော်ပျော်ပါးပါးချီတက်ကြတာပေါ့။ ရိုက်မဲ့ ဓါတ်ပုံဆရာကလဲ နာမည်ကြီး ( သက်ကြီး တန်းပေါ့ )။ ဆားဗစ်ကမနဲဘူး။ ဒီပုံကို သူကိုယ်တိုင်ရိုက်မယ်ဆိုပြီး သူကိုယ်တိုင် တပည့်တပန်းတွေနဲ့လာပါတယ်။ နေ့ဝက်လောက် ပိုစ့်အမျိုးမျိုးနဲ့ရိုက်ကြတယ်ပေါ့။ ရုံးက နိုင်ငံခြားသားတွေလဲပါတယ်။ နေပူထဲမှာ တဝုန်းဝုန်းနဲ့ပေါ့။ အဲချိန်မှာပဲ သူတို့ရုံးက ဝန်ထမ်းလေးတစ်ယောက်က သူ့မှာပါလာတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေးနဲ့ သူကလဲ အားကျမခံ ဓါတ်ပုံဆရာကြီးရိုက်တဲ့ပိုစ့်တွေလိုက်ရိုက်တာပေါ့။ အပျော်တမ်းပေါ့။ ရုံးကလူတွေကလဲ သူ့ကိုစနောက်ပေါ့။ အဲလိုနဲ့ စိတ်တိုင်းကျဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ လူစုခွဲလို့အိမ်ပြန်ကြပါတယ်။ […]


kaiMay 26, 201313min74510
နေးရှင်းသတင်းစာထူထောင်သူ ဦးလောယုံ၏ မြေး၊ အမေရိက ၏အရောင်းရဆုံးဝတု္တတန်းဝင် စာရေးဆရာ Sterling Seagrave (The Soong Dynasty, Gold Warriors)နှင့် ဆုရစာရေးဆရာမ Wendy Law-Yone (The Coffin Tree, Irrawaddy Tango)တို့၏သမီး .. ဟောလိဝုဒ်၏ရုပ်ရှင်နှင့်တီဗီဇတ်လမ်းတွဲပေါင်း၂ဝတွင်ပါဝင်သရုပ်ဆောင်ထားသူ မင်းသမီး Jocelyn Seagrave (born September 9, 1968) နှင့်မန္တလေးဂဇက်အယ်ဒီတာဆောင်းဦးပန်းတို့ဧပြီလအတွင်းတွေ့ဆုံမေးမြန်းမှုများကို ဖေါ်ပြလိုက်ရပါသည်။ မိတ်ဆက်ပေးသူ ကိုအောင်မင်းနိုင်အားကျေးဇူးတင်ပါကြောင်း..။ 1) Your early days in Thailand . Do you remember your old days with your grandpa? I remember some of my […]


johnnydeerMay 26, 20131min3695
ငွေက အရေးကြီးသလားတဲ့…. မေးလာတယ်…. ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်… ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်…. ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး…. ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်…. နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်… တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်…. နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ […]


Nan ShinMay 26, 20131min67836
  မြန်မာပြည်တွင် ဗုဒ်စဗုဒ်လယ် ဗုဒ်ဆုံးဟူသော ဗုဒ်သုံးဗုဒ်ကို အလွန်တရာမှတန်ဖိုးထားမြတ်နိုးကြသည်။ထိုဗုဒ် သုံးဗုဒ်တွင် ဗုဒ္ဓနှင့်အရှင်မဟာဗုဒ္ဓဃောသတို ့သည် နိုင်ငံခြားသားများဖြစ်ကြပြီး ဆရာတော်ဦးဗုဒ်သည်သာလျှင် မြန်မာပြည်ဇာတိဖွားဖြစ်သည်။တစ်နေ ့တွင် စာသင်ရဟန်းပျိုတပါးသည် ၎င်းဆရာတော်ဦးဗုဒ်ထံသို ့လာရောက် ဦးခိုက်၍ သူပြုစုထားသော ကျမ်းစားအုပ်အား အမှားစစ်ပေးပါရန် အပ်နှံလေ၏။အမှားပါသည့် နေရာလေးများ ကိုလဲ ထုံးတို ့ပေးထားရန် လျှောက်ထားပြီး ပြန်သွားသည်။ကျမ်းစာအုပ်အားစစ်ဆေး၍ပြီးလောက်မည့်အချိန် တွင် ဆရာတော်ထံသို ့တစ်ခါပြန်သွားလေ၏။ထိုအခါ ဆရာတော်မှ ၎င်းရဟန်းငယ်၏စာအုပ်အား ထုံးအိုးထဲ တွင် သွားယူချေဟု မိန် ့လိုက်လေသည်။ထုံးမတို ့ပဲ ထုံးအိုးထဲတွင် စိမ်ထားပုံကိုကြည့်၍ အမှားမည်မျှရှိမည်ကို တွက်ဆနိုင်ပေမည်။ အခါတပါးတွင်လည်း ၎င်းဆရာတော် ဦးဗုဒ်လား မည်သည့်ဆရာတော်လဲ ဆိုတာတော့ မမှတ်မိတော့။ ဆရာတော့်ကိုသာကြောင်းမာကြောင်းနှင့် မည်သို ့မည်ပုံနေထိုင်ရကြောင်းစသည်လျှောက်ထားသည့် စာ တဆောင်ရောက်လာ၏။စာထဲတွင် အစစအဆင်ပြေပါလျှင် စာပြန်ရန်လည်း […]


မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့  ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊ ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊ ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊ သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊ အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့် စားမဝနိူင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ အခုမှ ပြန်လာသယ်ပါတယ် ၊ လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့  အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ […]


– * – – – – – – – – — – – အင်း မတင်တာလဲကြာပီ.. (ဘယ်ပို့မဆို စတိုင်း ဒီ စကားလုံးနဲ့ ပဲ ဖြစ်နေတယ်..) ့HDR ကလိထားတဲ့ ပုံလေးတွေပါ.. ဖွဘုတ်မှာ တင်ပြီးပါပြီ.. အားမရလို့ ဒီမှာ ထပ်တင်တာ ဟီး       နောက်ဆုံးပုံကတော့ ဂဇတ်ရဲ့ နာမည်ကျော် တစ်ယောက်ဖြစ်ပါတယ်.. ဘီဒူများလဲလို့


မောင် ပေMay 25, 20131min5242
London က ပရိသတ် ၉သောင်း ကျော် ဝင်ဆံ့ တဲ့ Wembley Stadium ကြီးမှာ 2012-2013 ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကြီး ကို ဒီကနေ ့ည သို ့မဟုတ် နက်ဖန် နံနက် မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ် အချိန်မှာ ကန်ကြတော့မယ် ။ ဝင်ဘလေ ကွင်းပုံ ကို ဒီလိပ်စာကနေ ကူးလာခဲ့ပါတယ် ။ မြန်မာနိုင်ငံက အားကစားဂျာနယ်တွေလိုတော့ ၊ ခပ်တည်တည် သူရို ့ကိုယ်တိုင် သွားရိုက်ထားသလို နဲ ့ မတင်ဝံ့ကြောင်းပါ ။ ထား….. credit to http://www.google.com.mm/imgres?imgurl=http://www.london-attractions.info/images/attractions/wembley-stadium.jpg&imgrefurl=http://www.london-attractions.info/wembley-stadium.htm&h=256&w=423&sz=31&tbnid=7cKNibfKNQnjiM:&tbnh=73&tbnw=120&prev=/search%3Fq%3DWembley%2BStadium%2B%2BLondon%26tbm%3Disch%26tbo%3Du&zoom=1&q=Wembley+Stadium++London&usg=__oWjEs6iyDHY0Ie5WVNAe9VsjPsk=&docid=mSohKdWgcgkeqM&sa=X&ei=jqugUeyvH8TliAePxoHgDQ&ved=0CEMQ9QEwAg&dur=422 ဒီည ချန်ပီယံလိဂ်ဖိုင်နယ် ကို ၂၀၁၂-၂၀၁၃ ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေးချန်ပီယံ “ […]