ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊ အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊ မြေကမညီ၊ ဖုထစ်စီ၍၊ မပီသလမ်း၊ ခရီးကြမ်းကို၊ ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊ အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။ သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊ သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊ သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊ သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊ ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊ တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။ ခရီးသည်များ လမ်းညီညာလျှောက်၊ ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊ ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊ များထွေကောင်းကျိုး၊ ရရန်သာ။ ။ ဥယျာဉ်မှူး ရန်ကင်းတောင်