nicolus agralMay 24, 20131min5448
ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး […]


padonmarMay 24, 20131min84040
စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။ ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။ အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။ ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။ ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ […]


padonmarMay 24, 20131min110041
ကျမကလေ အချိုအဆိမ့်သိပ်ကြိုက်ပါတယ်။ ဒီအသက်အရွယ်ရောက်တာတောင်မှ ကုံးအိုက်စကရင်မ်(ဝေဖါခွက်လေးနဲ့ရေခဲမုန့်)ကို ကြုံရင် စားတုံး။ ဒီပါဝလီမှာ ဟိန္ဒူတွေ လက်ဆောင်ပေးတဲ့ မလိုင် ဆိုသိပ်ကြိုက်။ ရွှေပုဇွန်မှာ ဆို ကူလ်ဖီးပဲ စားတယ်။(ကြုံရင် ဝယ်ကျွေးနိုင်ပါတယ်) အုန်းထန်းလျက်၊ မြေပဲယို၊နှမ်းပျစ်၊ ဇီးထုပ် ၊ဇီးတော်ဖီ တွေလည်း မပြတ်စားတုံး။ (ဒါကြောင့်လည်း ရွာထဲမှာ ကလေးတွေနဲ့ပေါင်းပြီး ကလေးဗိုလ်ကြီး လုပ်နေမိတာ ဖြစ်မှာပဲ) အချိုစားလွန်းလို့ ကျမအကိုက နင်ဒီအရွယ်ထိ အချိုကြိုက်နေရင် ဆီးချိုဖြစ်လိမ့်မယ် လို့ ဆူခံရသေး။ (ဒီအဖွားကြီးကို ဆူမယ့်သူရှိသေးတယ်ဆိုတာ မယုံမရှိပါနဲ့၊အိမ်မှာဆို ကလေးပါ) ဒီလောက် အချိုတွေစားပေမယ့် ဝိတ်မတက် သွယ်လျနေတာကိုတော့ မနာလိုမရှိကြပါနဲ့။ ကိုယ်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါနော။ အဲဒီတော့ ဘယ်လိုအကြောင်းပြပြီး ချိုချိုဆိမ့်ဆိမ့်တွေ စားရပါ့မလဲလို့ အမြဲ ကြံစည်နေပါတယ်။ ကဆုန်လပြည့်နားနီးတော့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထတောထွက်ရဟန်းကို […]


“စည်တော်ကြီး ”     ညနေပိုင်း  ၈၅လမ်းအတိုင်းမြောက်ဘက်ကနေတောင်ဘက်ကိုအလာ မုန့်တီစု လူငယ်များသွေးလှူရှင် အဖွဲ့နားမှာ ပွဲဈေးတန်းလေးခင်းထားတာကိုတွေ့ရပါတယ်။ အဲဒီနားမှာစင်ကလေးထိုးတာမြင်တော့ တရားပွဲလို့ထင်လိုက်ပေမယ့်သေချာကြည့်မှ “စည်တော်ကြီး” အဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ကိုလမ်းဘေးထိုး စင်ပေါ်မှာထို်င်နေတဲ့ “အဘ” ကိုဓါတ်ပုံရိုက်ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ အဲဒီ ့ “အဘ” ကပဲ တီးမူတ်မယ့် တူရိယာပစ္စည်းတွေကို နေရာတကျ ချထားပေးပါတယ်။ နဖူးစီးကတော့ ကတ္တှီပါအနီရောင်နဲ့ရေးထားပါတယ် မန္တလေး စိန်မောင်ချို နန်းတော်ရှေ့ မဟာစည်တော်ကြီးအဖွဲ့ ပါတဲ့။ နဖူးစီးအောက်က  စင်နောက်ဆုံးမှာတော့ စည်တော်ကြီး(၂)လုံးချထားပါတယ်။ သူ့နံဘေးမှာတော့ စည်တို(၃)လုံး။ နှစ်လုံးက လှဲထားပြီး တစ်လုံးကတော့ထောင်ထားပါတယ်။ နောက်သံပတ္တလားတစ်လုံး ယကွင်း တစ်စုံ အော်လံနဲ့တွဲထားတဲ့ နှဲကြီးတစ်ခု။ ရှေ့နားမှာတော့ စည်တိုအသေးလေးတစ်လုံး။   အခုတော့ စည်တော်ကြီး နားမထောင်ရတာ အတော်ကြာခဲ့ပါပြီ။ စည်တော်ကြီးအဖွဲ့ကလဲ […]


ムラカミMay 24, 20131min68426
ရွာသူား အပေါင်းတို့ ခည ..။ ဖတ်ရွေး လူကြီးမင်းများ က ပိတ်ရက်များတဲ့ ဧပြီ နဲ့ မေ ကို ၂လပေါင်းပြီး ရွေးမယ် ပြောထားတာသတိထားမိကြမပေါ့ဗျာ။ လစဉ်ဖတ်ရွေးတွေ အနေနဲ့ အချိန်ကို ငဲ့ကွက်လို့ စာစုံဖတ်နိုင် မန့်နိုင် အကဲဖြတ်နိုင်ဖို့က အခက်အခဲ ရှိနေလေတော့ CHANGE ကြဖို့ .. ရွာ့ အော်ကျောလန် မိဂီ နဲ့ ဖွတ်တီးကတ်ကို တာဝန်ပေးလာကြတာလည်း ကြားသိပေမပေါ့ဗျာ။ အဲ့ .. ကျနော်တို့ ၂ယောက်ကလည်း တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီးစ် အတွက် သူခိုးသေဖော်ညှိဖို့ မစ္စတာအံ နဲ့ ဦးသဂျား ကို မျက်စိကျနေတာလည်း သိကြား ကြပေမပေါ့ဗျာ။ အဲ … ရွာကို မီးပတ်ရှို့တဲ့ စောဖွပြေး ယွဲစည်ကိုလည်း […]


Foreign ResidentMay 24, 20138min65624
စဉ်းစားကြစေလိုပါတယ် ( ၅၄ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၂ )   အင်းးးးး ။ အဘ ရဲ့ ဒီ Post ကတော့ ၊ စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး ) ဆိုတဲ့ Post ထဲမှာ ၊ သူကြီး Kai မန့်သွားတာ ကို ၊ ပြန်ဖြေတဲ့ Post လေးပါ ။   အဲဒီတော့ကာ ၊ အရင် Post နှင့် တွဲပြီး ဖတ်မှသာ ၊ ဇာတ်ရေလည်ပေလိမ့်မယ် ။   ထုံးစံအတိုင်း […]


Kaung Myat ThuMay 23, 20131min4297
ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။     လာနိုင်ရင်လာဖို့၊ မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ အလှုငွေရောက်မလာ ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။ လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။  မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက ၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)  


သူကေလးMay 23, 20131min57311
    နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၄) ——————————–   ဖုန်းထဲမှာဓာတ်ပုံလေးကိုကြည့်ပြီး ကျွန်မအရမ်းကိုသဘောကျနေမိသည်။ ထိုပုံမှာ တခြားမဟုတ် လင်းလက်လျှပ်တပြက်ရိုက်ပေးလိုက်သော ကျွန်မက စိမ်းလန်းစိုပြည် ကစားကွင်းထဲက ဒန်းလေးမှာ ထိုင်နေတုန်း ဗိုလ်က ကျွန်မကို ဒန်းလွှဲပေးတဲ့အခိုက် ရိုက်ထားလိုက်တာ။ တမင်တကာ လုပ်ယူပြီးပြုံးထားတဲ့အပြုံးလည်းမဟုတ်၊ တကူးတကပို့စ်ပေးထားတာလည်းမဟုတ်ပါဘဲ snapshot ရိုက်ထားလို့လားမသိ အရမ်းပဲကြည့်လို့ကောင်းသည် ဟု ကျွန်မစိတ်ထဲထင်မိသည်။ ဒီနေ့ ကျွန်မတို့တွေ စိမ်းလန်းမှာမုန့်အတူစားကြ၊ စကားတွေပြောကြနှင့် ည ၉ နာရီကျော်မှာပင်အိမ်ကိုပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်ရောက်ချင်းဒေါ်လေးကတောင် နောက်ကျလိုက်တာဟု ဆူလိုက်သေးသည်။ ကျွန်မလည်း ဇက်ကလေးပုကာ ထက်မြက်ပြန်ရောက်လာလို့ဟုပြောမှ ဒေါ်လေးက နည်းနည်းငြိမ်သွားတာ။ လင်းလက်တို့၊ ထက်မြက်တို့က ကျွန်မကိုအရမ်းခင်ပြီး အိမ်ကိုဝင်ထွက်သွားလာနေကြမို့ ဒေါ်လေးကစိတ်ချသည်လေ။ ဓာတ်ပုံလေးကိုကြည့်ရင်း သဘောတွေကျနေတာနဲ့ ည ၁ဝနာရီထိုးတာတောင်မသိလိုက်။ နာရီကြည့်မိတော့မှ […]


“ရှေးရှေးက  ဆင်ဖြူရှင်မနန်းမတော်မိဘုရားခေါင်ကြီးကောင်းမှူ့      အခုမှာတော့ကျောင်းအိုအို်”                                မြောက်ပြင် ၁၂လမ်းဘက်ကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ၈၆လမ်းဒေါင့်ရောက်ရင် လမ်းမြောက်ဘက်တန်းမှာရှိတဲ့ မဟာစိတြာရာမ တိုက်ကို ဖြတ်သွားရလေ့ရှိပါတယ်။ အပြင်ကလှမ်းကြည့်လိုက်တိုင်း အဝင်ဝမှာရှိတဲ့ ကျောင်း အိုကြီးကိုသတိတရနဲ့ ကြည့်မိပါတယ်။ ရှေးကရှိတဲ့ကျောင်းတွေများ ပြိုပျက်နေတာတွေ့ရင် စိတ်မကောင်းပါဘူး။ ကိုယ်တိုင်ကလဲ ပြင်ပေးနိုင်လောက်အောင် ငွေကြေးမချမ်းသာတော့ သူများတွေကို လက်တို့ ရုံဘဲ တို့ပေးနိုင်ပါတယ်။   ကျနော်မြင်မိခဲ့တဲ့ကျောင်းအိုကြီးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်အရဆိုရင် မြန်မာသက္ကရာဇ် 1248 (အင်္ဂလိပ်သက္ကရာဇ် 1884ခုနှစ်)မှာ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြိးဆင်ဖြူရှင်မ တည်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်သွားတော့ ကျောင်းထဲက ဦးဇင်းတစ်ပါးထွက်လာပါတယ်.။ ဓါတ်ပုံရိုက်ခွင့်တောင်းတော့ ကျောင်းပေါ်ပါတက်ရိုက်လို့ရတယ်ပြောပါတယ်။ ကျနော်ကလဲ “ကျောင်းအဟောင်းတွေကို လမ်းလှမ်းမီသလောက် မှတ်တမ်းတင်ပေးပြီး အင်တာနက်မှာတင်ပေးပါမယ့်ဘုရား။ တပြည့်တော်က တော့ […]


baydar maungMay 23, 20131min46711
သူငယ်ချင်းမလေးတစ်ယောက် ဒုက္ခရောက်သွားရလို ့ ဒီသတင်းလေးကို တင်ပြချင်တာပါ- Sakura Tower 5 ထပ်မှာ ဖွင့်လှစ်ထားရှိတဲ့ J-SAT အမည်ရ ဂျပန်ကုမ္ပဏီတစ်ခုက အခွင့်အလမ်းဂျာနယ်လို အလုပ်အကိုင်ရှာဖွေရေးဂျာနယ်တွေမှာ ကြော်ငြာတွေ ဆက်တိုက်ထည့်ပြီး ဂျပန်စာ-ဂျပန်စကားတတ်သူတွေကို ပြည်တွင်း-ပြည်ပ ဂျပန်ကုမ္ပဏီတွေနဲ ့ အလုပ်ရအောင် ချိတ်ဆက်ပေးမယ် လို ့ရေးထားတာ မြင်တွေ  ့ကြရမှာပါ- သူငယ်ချင်းမလေးက ယုံကြည်အပ်နှံလို ့အင်တာဗျူးဝင် – အလုပ်ခန် ့အပ်ခံရပြီးကာမှ အနှောက်အယှက်တစ်ခုကြောင့် သတ်မှတ်ကာလမှာအလုပ်မဝင်နိုင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ် – J-SAT က ဘယ်လမှာဝင်နိုင်မလဲ မေးလို ့အလုပ်အဟောင်းကို မရမက ဖြတ်- အလုပ်ထွက်လိုက်ရပြီး ၊ ရတဲ ့အလုပ်သစ်ကို ဝင်နိုင်ပြီလို ့လည်း အကြောင်းကြားလိုက်ရော – ဘဝပျက်စရာသတင်းကို သူတို ့ဆီကကြားလိုက်ရတယ်။ […]


Foreign ResidentMay 23, 20135min88934
စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး )   အခုတစ်လော ရွာထဲမှာ ၊ ဘာသာရေး ဘက်က ၊ နဲနဲ ပူညံ ပူညံ ဖြစ်လာတုန်း ၊ သူကြီးက ပိဋကတ်သုံးပုံ အကြောင်း ၊ မန့် ထားတာလေး တွေ့ရတော့ ၊ အဘ လည်း ပြောချင်တာလေး ၊ တစ်ခုရှိလို့ ရေးလိုက်ပါတယ် ။   အဲ ၊ စကားမစပ် ၊ ပထမဆုံး အနေနှင့် ၊ အဲဒီ သူကြီးက ပိဋကတ်သုံးပုံ အကြောင်း မန့် ထားတဲ့ ၊ ရွှေတိုက်စိုး ရဲ့ ” ရပ်ကွက်မှသည် […]


နွေဦးMay 23, 20139min62712
သံဝေဇနိယ လေးဌာနမှာ ဖွားတော်မူရာ အရပ်သာလျှင် နီပေါ နိုင်ငံတွင်းမှာ ရှိပြီး ကျန်သုံးဌာနက အိန္ဒိယ ပြည်ထဲမှာသာရှိပါတယ် ။ ဘုရားဖူးခရီးစဉ်မှာ အိန္ဒိယနိုင်ငံဘက်ကနေ နီပေါနိုင်ငံကို နယ်စပ်က ဖြတ်ပြီးမှလုမ္ဗိနီဥယျာဉ်ရှိရာကို ရောက်ရပါတယ် ။ လုမ္ဗိနီဥယျာဉ်ရှိရာတည်နေရာကို ၁၈၉၆ ခုနှစ်က အိန္ဒိယ ကျောက်စာဝန် အလက်ဇန္ဒား ကန်နင်ဟမ် ကရှာဖွေ တွေ့ပြီး သတ်မှတ်နိုင်ခဲ့ပါတယ် ။ အဲဒီနေရာကို နီပေါ အစိုးရက တောများရှင်းလင်းပြီး တူးဖေါ်ခဲ့ပါတယ် ။အဲဒီမှာ ဓမ္မသာလာ ဇရပ်တခုဆောက်ပြီး ဘုရားဖူးများ အခမဲ့တည်းခိုနိုင်အောင် နီပေါအစိုးရက လုပ်ပေးခဲ့ပါတယ် ။ ၁၉၆ရခုနှစ် တွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လုမ္ဗိနီဥယျာဉ်ကို ဘုရားဖူးလာပြီးနောက် လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဦးသန့်ဆောက်လုပ်လှူခဲ့တဲ့ ဇရပ် တဆောင်ကိုလည်း တွေ့ခဲ့ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် ။ ဦးသန့်ရဲ ကြိုးပမ်းမှုကြောင့် ကမာ္ဘက […]


ခင္ခMay 23, 20131min72822
“အဖေမေးတော့ ဖြေခဲ့တယ်´´   ကလေးအရွယ် မပီကလာပြောတတ်စဉ်က အဖေကမေးတယ် သားကြီးလာရင်ဘာလုပ်မလဲ မဆိုင်းမတွ ဖြေကာပေးတယ် ဆရာဝန်ကြီး လုပ်မယ်တဲ့။   ၂ တန်းအရွယ် ကျောင်းနေတော့ကွယ် ကျောင်းဆောင်တိုးချဲ့ ဆောက်တာမြင်ပြီး အဖေကမေးတယ် သားကြီးလာရင်ဘာလုပ်မလဲ စဉ်စားကာလေး အဖြေပေးတယ် အင်ဂျင်နီယာကြီး လုပ်မယ်တဲ့။   ကျောင်းနေကာလ တစ်လျောက်လုံးက စာလည်းတော်ခဲ့ တန်းဖော်ကိုလည်းပြန်ကာပြမြဲ ကျောင်းစာပိုင်းမှာ စိတ်ဝင်စားရာ အထက်တန်းရောက် ၁ဝ တန်းဖြေခါနီး အဖေကမေးတယ် သားကျောင်းကြီးပြီးရင်ဘာလုပ်မလဲ ပြန်လည်ကာဖြေ ပြောခဲ့ပါလေ ကျောင်းဆရာဘဲ လုပ်မယ်တဲ့။   ဆယ်တန်းအောင်တော့ ဂုဏ်ထူး ၄ ဘာသာ ရခဲ့ပါလည်း ဆေးကျောင်းတက်ဖို့ အစိုးရဝန်ထမ်းအဖေမှာဖြင့် ထားရန်ခက်ခဲ အခြေအနေထဲမှာ စစ်တ္ကသိုလ်မှလူခေါ်ကြတော့ ဒီအက်အေခေါ်တက်ခဲ့ပါသနော် ထိုသင်တန်းဆင်း ခြေလျှင်စစ်တပ်ရောက်ခဲ့ရပြီး စစ်ဗိုလ်ဘဝမှ ရာထူးများစွာဖြတ်ကျော်ကာနဲ့ […]