Mon LayJanuary 15, 20185min3230
ရောက်လေရောက်လေ ရောက်မပြေဆိုတဲ့အတိုင်း ဟိုးငယ်ငယ် ၃နှစ်သမီးကတည်းကကျိုက်ထီးရိုးကိုရာက်ဖူးတာ ခုအသက်အရွယ်ရ လာတဲ့အထိ ဘယ်အချိန်ပဲပြန်သွားသွား ရောက်ကိုမပြေတာ၊ အမြဲတမ်းပျော်နေမိတဲ့ခရီးစဉ်လေးပါ။😁😁  ရောက်ဆို ၁ နှစ် ၁ခါ တော့ ရောက်ဖြစ်အောင်သွားပါတယ်။ မရောက်ဖြစ်ရင် နောက်တစ်နှစ် ရောက်အောင်ကိုသွားတဲ့ခရီးမျိုးပါ။ တစ်ခါတစ်လေ ၁နှစ်ထဲနဲ့ ၂ခါတောင်ပြန်ရောက်တတ်တာမျိုးပါ။ ✌️ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို ဟိုးအရင်ကတော့ ၁ ညအိပ်၊ ၂ ညအိပ် အနေနဲ့သွားကြတာများပေမယ့် အခုအခါမှာတော့ နေ့ချင်းပြန်ခရီးစဉ်အနေနဲ့ပါ သွားလာကြပါတယ်။ ငယ်ငယ်တုန်းကတော့ ၂ ညလောက်ထိအိပ်ပြီးလည်ခဲ့ဖူးပါတယ်။ ခုအသက်အရွယ်မှာတော့ အလုပ်ကလည်းတစ်ဖက်ဆိုတော့ ၂ ညလောက်ထိမအိပ်တော့ဘဲ ၁ ညအိပ်နဲ့ နေ့ချင်းပြန်ခရီးလေးပဲ သွားဖြစ်ပါတော့တယ်။ ခုနေ့ချင်းပြန်သွားတာလေးအရင်ရေးပေးမယ်နော် ✍✍ ဒီခရီးစဉ်လေးကသွားရတာတအားလွယ်ကူပေမဲ့..ခရီးတွေသွားတိုင်း ပြန်ပြန်မျှဝေတတ်တဲ့ဆန္ဒလေး ကြောင့်ရယ်၊ ထူးဆန်းတဲ့ခံစားချက်ရှိတဲ့ခရီးဖြစ်တာရယ်ကြောင့် ဒီခရီးကိုလည်း review ရေးပေးလိုက်ပါတယ်။ 😲 #ဘယ်လိုသွားရလဲ🚗🚌🚎🚍🚘 ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ […]


KyaemonJanuary 14, 201827min9751
    .၊ဦးထွန်းလွင်ပြောသလို၊ရေကာတာတွေလုပ်လို့၊အဝါရောင်မြစ်(၊မြစ်ဝါ)၊ကောတယ်ဆိုတာ မဟုတ်ပါ၊ ၊မြစ်ဝါအကြောင်း၊ ၊ Nile ၊နိုင်မြစ်ဝှမ်းကနေအီဂျစ်ယဉ်ကျေးမှုစတင်ပေါ်ထွန်းလာသလို၊ ၊မြစ်ဝါမြစ်ဝှမ်းကနေပြီးတရုပ်ယဉ်ကျေးမှုကစတင်ပေါ်ပေါက်ထွန်းကားခဲ့တယ်။ ၊နှစ်ပေါင်းသုံးထောင်ငါးရာလောက်ကြာခဲ့လို့ဒီယဉ်ကျေးမှုတွေကရှေးကျတဲ့အထဲကပါဝင်တယ်လို့ဆိုကြတယ်၊ ၊ရှေးကျလို့လဲ၊ရှေးဘုရင်အဆက်ဆက်တို့ရဲ့မြို့တော်တွေကိုမြစ်ဝါပေါ်မှာခုထိထင်ရှားခန့်ညားစွာ ၊တွေ့နိုင်ပါသေးတယ်၊ ၊ရေကာတာတွေကြောင့်၊မြစ်ဝါအပါအဝင်တရုပ်မြစ်အခရာရစင်းကမကောရပါကြောင်းတော်တော်ရှင်းပြီးပါပြီ၊ ၊ယုံမှားသံသယရှိသေးရင်၊အောက်မှာတင်ပြထားတဲ့ဗီဒီယိုတွေကိုအဝထပ်ကြည့်နိုင်တယ်၊ ——–   ၊ရှေးဟောင်းယဉ်ကျေးမှုထွန်းကားရာဒေသ အကျော်အမော်ေတွေ     ၊မြစ်ဝါကအရေးပါမြို့ကြီးများနဲ့နန်းစိုက်ရာမြို့တော်ဟောင်းများ …….Its basin was the birthplace of ancient Chinese civilization, and it was the most prosperous region in early Chinese history. However, because of frequent devastating floods and course changes produced by the continual elevation […]


Mon LayJanuary 13, 20186min4050
ဒီခရီးစဉ်လေးကတော့ မွန်လေးကျိုက်ထီးရိုးကအပြန် ဝင်လည်ခဲ့တဲ့ခရီးစဉ်လေးပါ။ နေ့ချင်းပြန်အနေနဲ ့ရန်ကုန်ကနေစောစောထ သွားရင်ပိုကောင်းတဲ့ခရီးစဉ်လေးလည်းဖြစ်ပါတယ်။ 😘✌️😁😘✌️😁 #ဘယ်လိုသွားရလဲ 🚗🚌🚍🚘 ရန်ကုန်ကနေ ကားနဲ ့ ၃ နာရီမောင်းရင် မွန်ပြည်နယ် ကျိုက်ထိုမြို ့က စိမ်းလဲ့တင် ကိုရောက်ပါတယ်။ ဝင်လိုက်တာနဲ့ အပင်ကြီး တွေနဲ ့အရိပ်ကောင်းကောင်းရလို့အေးမြတဲ့ခံစားမှုကိုချက်ချင်းရလိုက်ပါတယ်။ 🌳🌲🌳🌲 #ဝင်ကြေး💵💵 အထဲဝင်ဖို ့ လူတယောက် ၁၀၀ဝပါ။ ရုံးပိတ်ရက်ဆို ၁၅၀ဝပါ။ ကားအတွက် ၁၀၀ဝ ပေးရပါတယ်။ အထဲဝင်တဲ့ လမ်းဘေးဝဲယာမှာ ကြက်မောက်သီးပင်တွေ အသီးတွေကို ပြွတ်နေတာ။ အသီးခူးရင် အမှိုက်တခြင်းကောက်ရမည် ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထာတယ်လေ 😬😅 မခူးခဲ့ပါ။ 🍓🍇🍒🍎🍏🍊🍋 #ဘာတွေရှိလဲအထဲမှာ ကားပါကင် နားမှာပဲ Zip Line စီးတဲ့စင်မြင့်ရှိပါတယ်။ Zip Line ကတယောက် […]


“ဆံပယ်ခြင်းအလွမ်း ”     လွန်လေပြီးသောနှစ်များမှာဇာတိမြေနဲ့ပူးတုံခွာတုံရှိနေသူ ကျနော်တစ်ယောက် ၂၀၁၈နှစ်၏ ပထမဆုံးသောနေ့ ညမိုးချုပ်ချုပ်မှာ မွေးရပ်မြေကိုရောက်ခဲ့လေသည်။ ဆုံတွေ့ချင်လှသောမန္တလေးဆောင်းအမှီအရောက်ပြန်ခဲ့သော်လည်း ဇာတိမြေကို အကြာကြီးခွဲထားလေသူအား စိတ်ကောက်လေသောသဘောဆောင်ကာ မိုးနှင့်သာကြိုဆိုလေ၏။ မိုးကြောက်သောကျနော်သည်မိုးနှင့်မလွတ်သဖြင့် ဘယ်မှ မသွားဘဲ အခန်းအောင်းကာသာနေလေသည်။ လွတ်လပ်ရေးနေ့နံနက်တွင်မူ မိုးဒုက္ခမှလွတ်ကင်းလေတော့သည်။ ရုံးပိတ်သဖြင့် ဟိုဟိုဒီဒီလမ်းသလားမည်ကြံနေခိုက် အလုပ်ကိစ္စများက လက်ကိုင်ခြူလေး များတစ်ဆင့် ကျနော်ထံအရောက်လာကြလေသည်။ ဒီတော့လဲ အလုပ်နှင့်ချိန်းဆိုရာ နေရာသို့ ဆိုင်ကယ်ထုတ်ကာယွန်းရလေတော့သည်။ အလုပ်အတွက် တွေ့ဆုံရသောသူများနှင့် တွေ့ဆုံ ဘာဘာညာညာသာရကာတွေပြော ပြီးလို့အပြန် လမ်း၈ဝပေါ်အရောက် ၂၆ဘီလမ်းမှနေ၍ ၂ရလမ်းဘက်သို့ချိုးကွေ့လိုက်သောအခါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စားသောက်နေကျဖြစ်သောခဲ့ဘူးရုံစိန်ခေါက်ဆွဲဆိုင်ရှေ့ရောက်ချိန် ဆိုင်ကယ်ခေါင်းက အလိုလို ဆိုင်ထဲသို့ဦးတည်လေတော့၏။ “အကိုဘာစားမလဲ”ဟု မေးလာသော ဆိုင်ဝန်ထမ်းလေးအား ထမင်းပေါင်းတစ်ပွဲ  နှင့် နံအသားလျှာ (ဝက်နံကင်၊ဝက်သား၊ဝက်လျှာသုံးမျိုးစပ်) အသုတ်တစ်ပွဲ ကိုမှာလိုက်လေသည်။ ထမင်းပေါင်းရောက်လာတော့ ခေတ်အလိုက်ဓါတ်ပုံရိုက် […]


WowJanuary 11, 20181min3433
ကြောင်ရီး ပိုစ့်တင်ထားတဲ့ ဆရာလေးနိက္ခမစာရီ (ဆရာမချစ်မြတ်နိုး) ရဲ့ကျောင်းဆောင်အတွက် အလှူငွေများ လက်ခံရရှိပြီး၊ သဘာဝဆရာတော်နဲ့ ဆရာလေး ဘဏ်အကောင့်တွေကို ပြန်လွဲပြီးပါပြီ။ စာရင်းကတော့ ကြောင်ရီး ပို့စ်မှာ ကြည့်ပါ။ ရေစက်ချ တရားနာ အတွက် သွားဖို့ ရွာထဲက လူတွေကို ဖိတ်ချင်ပါတယ်။ အားလုံးအားနိုင်မယ့် တနင်္ဂနွေ တစ်ရက် ဖြစ်ပါလိမ့်မယ်။ လူဦးရေပေါ်မူတည်ပြီး ကားစီစဉ်ပါမယ်၊ transportation စပွန်စာက ကြောင်ရီးပါ။ ဒီလထဲ ဆိုရင် 21 Jan နဲ့ 28 Jan ကတော့ တနင်္ဂနွေတွေဆိုတော့ အားလုံးလိုက်နိုင်တဲ့ရက် သွားလို့ရတယ်။ လှူပြီး ရေစက်ချပြီး ပြန်လာမှ ထရည်ဝင်သောက်ကြတာပေါ့… အဲ့နားမှာ ထရည်ဆိုင်ကောင်းကောင်း ဂဇက်ကလူတွေသွားနေကြ


Mon LayJanuary 10, 20181min3621
ဟိုတစ်နေ့ကအဒေါ်ကမွန်လေးကို သတင်းစာထဲဖတ်ကြည့် Aya ဘဏ်က အကြွေးဝယ်ကဒ်တွေသုံးတဲ့သူတွေ ငွေသွင်းဖို့ပျက်ကွက်တဲ့သူတွေကို တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ရေးထားတယ်လု့ိပြောပါတယ်။ “အကြွေးဝယ်ကတ်အတွက် ငွေသွင်းဖို့ ပျက်ကွက်နေသူတွေအနေနဲ့ အမြန်ဆုံး ပြန်သွင်းကြဖို့ ဧရာဝတီဘဏ်က နိုင်ငံပိုင် သတင်းစာတွေကတဆင့် ကြေညာလိုက်ပါတယ်။ ငွေသွင်းဖို့ ပျက်ကွက်နေသူတွေကို ဘဏ်က အသိပေးစာတွေ ပို့ထားပေမယ့် လာမသွင်းကြဘူးလို့လည်း ဆိုပါတယ်။ ငွေတွေကို လာမယ့် ဇန်နဝါရီ ၂ဝ ရက်နေ့ နောက်ဆုံးထား ပေးသွင်းဖို့နဲ့ ပျက်ကွက်ခဲ့ရင် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ထပ်မံကြေညာပြီး တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့လည်း ဖော်ပြကြေညာထားပါတယ်။ အခု ကြွေးကျန်သူတွေဟာ အနည်းဆုံး ၆ လအထိ ငွေမသွင်းကြသူတွေ ဖြစ်တယ်လို့ သိရပြီး ဦးရေ ဘယ်လောက်ရှိတယ်၊ စုစုပေါင်း ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မေးမြန်းစုံစမ်းလို့ မရခဲ့ပါဘူး။ လက်ရှိမှာ […]


kaiJanuary 9, 20182min104211
    U.S. မြန်မာခရစ်ယာန်အသင်းအဖွဲ့တွေ့ရဲ့ ခရစ်စမတ်အခမ်းအနားသတင်းများနဲ့ ခရစ်စမတ်ဆုတောင်းသတင်းများ။ LA မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်ခဲ့တဲ့ Chanukah ပွဲတော်။ Los Angeles မှာက ျင်းပခဲ့တဲ့ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine ရန်ပုံငွေပွဲ။ One Myanmar Community က လူငယ်တွေ မြန်မာပြည်ကိုသွားရောက်ပြုခဲ့တဲ့ကုသိုလ်။ မောင်စွမ်းရည်ရဲ့ မင်းသစ်အလွမ်းစာ။ အောင်ဝေးရဲ့ ချစ်လို့ရေးတဲ့ကဗျာ(၁)။ ခင်မောင်အေး(Azusa)ရဲ့ ချစ်တဲ့တစိမ်းများ။ မောင်မိုးညိုရဲ့ SoC&Coverage Declaration ကို နားလည်ခြင်းဆောင်းပါး။ ဝင်းဗိုလ် ရဲ့ ၂၀၁ရ ဝက်သိုးလည်ပြန်သယော်စာ။ U.S. ရောက် တေးသံရှင် ရှင်ဖုန်းနဲ့ ခဏတာ အင်တာဗျူး။ မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ ဂေါက်အဆစ်ယောင်ရောဂါ။ KZ […]


KyaemonJanuary 6, 201838min6650
၊မိုးလေဝသညွန်ချုပ်ဟာင်းဦးတွန်းလွင်ပြောတာက၊   ၊ရေကာတာလုပ်လို့ တရုပ်နိုင်ငံကမြစ်အခရာရစင်းကကောနေတယ်၊ အမှိုက်တွေနဲ့အရမ်းညစ်ပတ်တာ၊ဧည့်ကြိုသင်္ဘောလဲနဲပါးသွားတယ်၊ ၊ဆိုပြီးမဟုတ်မမှန်ပြောပါတယ်၊ ၊မြစ်ဆုံရေကာတာဆက်လုပ်ရင်ဒီလိုဘဲကောမယ်၊အမှိုက်တွေပိတ်ဆို့မယ်၊ ၊ဧည့်ကြိုလုပ်ငန်းလျော့နဲသွားမယ်ကိုဟောခဲ့တယ်၊ ၊ဒါတွေကမမှန်ကြောင်းကိုရှေ့ဆောင်းပါးအမှတ်၃၁ မှ၃ရထိမှာချေပထားပါတယ်၊   ၊ရေကာတာတွေတည်ဆောက်ပေမဲ့လဲ ၊ချုံကင်း၊နန်ဂျင်း။ဝူဟန်၊ရှန်ဟိုင်မြို၊ကြီးနားတဝှိုက် ၊အပါအဝင်ယန်ဇီမြစ်တလျှောက်လုံးကမကောပါ၊ အမှိုက်ပိတ်ဆို့တာလဲမတွေ့၊ဧည့်ကြိုလုပ်ငန်းနဲ့သင်္ဘောတွေလဲမလျှော့နဲသွားပါ၊ ၊ခုထိပါဘဲ၊ ၊ဒီဆိပ်ကမ်းမြို့ကြီးများအကြောင်းတွေကို၊ရှေ့ဆောင်းပါး#၅ဝမှစပြီးဒီဆောင်းပါး#၆၈မှာလဲဖတ်နိုင်ပါတယ် ၊ဖေ့ဘုက်ကမှတ်ချက်အလွဲတွေကိုတွေ့ပြန်တယ် ၊မြစ်​ဆုံတည်​​ဆောက်​ရင်​ဧရာဝတီ​ပြောက်​ပြီ ၊သူဒို့နိင်ငံရဲ့မြစ်တွေမှာတောင်မြစ်တွေခမ်းနေလောက်ပြီ   ၊လက် ရှိ သူတို့တရုပ် ပြည် က ယမ် စီမြစ် ကြီး ဘယ် ပျောက် သွားလဲ အရင် စုံစမ် းရလိ့မ် ့မယ်   ၊ဦးတွန်းလွင်တို့ပြောတာမမှန်၊ဖေ့ဘုက်ကထင်မြင်ချက်တလွဲတွေကိုထပ်လောင်းရှင်းလင်းရပါမယ်၊ ၊အောက်ပါဗီဒီယိုနဲ့ပုံတွေကဖြစ်ရပ်မှန်တွေကိုရှင်းလင်းဖော်ပြပါလိမ့်မယ်၊   ၊ဒီကြားမှာစာရှုပရိသတ်ကတရုပ်ပြည်ကိုအလည်အပတ်အဖြစ်ရောက်သွားသယောင်နဲ့ ၊ရှူခင်းအလှတွေကိုရှူစားခံစားရတာပေါ့လေ၊ဒိအပြင်အာဖရိကနိုင်ငံတွေကိုရောက်လို့ ။ဘယ်လိုကြိုးပမ်းကြပုံကိုလဲအားရစဖွယ်ခံစားရပါမယ်၊   ၊အင်္ဂလိပ်လိုမရရင်၊တတ်တဲ့သူနဲ့ဘာသာပြန်ခိုင်းပါ၊ ၊ပုံတွေကြည့်လို့လဲအကျိုးအကြောင်းကိုနားလည်ခန့်မှန်း ၊ရိပ်မိနိုင်ပါတယ်၊ ၊ဧည့်ကြိုသင်္ဘောလိုင်းတွေကတရုပ်နိုင်ငံဘက်ကိုပိုတိုးချဲ့လာတယ်၊ ၊၂၀၀၈ကမ႓ာ့စီးပွါးကျဆင်းပြီးတရုပ်စီးပွါးတက်လာလို့ပိုမိုရင်းနှီးမြုပ်နှံလာတယ်၊ ၊တရုပ်အလယ်အလတ်တန်းစားကပိုကြီးထွားလာပြီးသင်္ဘောနဲ့အပျော်စီးခရီးပိုထွက်ကြမယ်လို့တွက်ဆ ထားကြတယ်၊ ၊ဒီလိုတွက်ဆစီမံကြတဲ့သင်္ဘောလိုင်းမှာအမေရိကန်၊နော်ဝေး၊ဖင်လန်၊ဟောင်ကောင်၊သင်္ဘောလိုင်းတွေ ၊ပါဝင်ကြပြီးလိုင်းအားလုံးရဲ့၉၀%၊ဖြစ်တယ်၊ ၊သင်္ဘောသစ်နံမယ်တပ်၊ဖွင့်ပွဲအခမ်းအနားတွေအစည်းအဝေးပွဲတွေဆိုရင် ၊ရှန်ဟိုင်မှာဗဟိုရ်ပြုအခြေစိုက်ပြီးကျင်းပပြုလုပ်ကြတယ်၊  […]


Mon LayJanuary 5, 20181min4823
ဒီခေါင်းစဉ်လေးကတော့ 7 days news ကဆောင်းပါးလေးကနေကောက်နှုတ်ထားတာပါ။ သဘောကျလို့ပါ။ နှစ်တစ်နှစ်ပြီးသွားတိုင်း နောက်တစ်နှစ်ရောက်ရင် ကိုယ်နှစ်သစ်မှာ ဘာတွေပဲကောင်းတာလုပ်တော့မယ်။ မနှစ်ကအတိုင်းလုပ်မနေတော့ဘူးဆိုပြီး အကောင်းမြင်စိတ်လေးထားမယ့်သူများ ဒီဂဇက်မှာ ရှိပါလား..ဆွေးနွေးဖလှယ်ကြတာပေါ့။ မွန်လေးကတော့ မနှစ်ကလည်းခရီးတွေသွားတယ်..ဒီနှစ် ၂၀၁၈မှာလည်း ထပ်သွားဖို့ရှိပါတယ်။ ဖြစ်နိုင်ရင် ဗီဇာကင်းလွတ်ခွင့်ရတဲ့ အရှေ ့တောင် အာရှနိုင်ငံ9ကို ပြည့်အောင်သွားချင်ပါတယ်။(မလေးရှားကဗီဇာမရသေးလို့) ကျန်တဲ့သူတွေကိုကော ဘာတွေလုပ်ကြမှာလဲ။ ၂၀၁၈ မှာ ဘာတွေအဖြစ်ချင်ဆုံးလဲ ??????  


Mon LayJanuary 5, 20181min3170
နှစ်သစ်ကူးညတွင် သေ ဆုံးသူလေးဦးအပါအဝင် အရေး ပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ရောက်ရှိသည့် လူနာ ၂၀ဝ ဦးရှိကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက် တာခင်သိင်္ဂီမြင့်က ပြောသည်။၂၀၁၆   နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေး ပေါ်ဌာနသို့ ရောက်ရှိသည့် လူနာ ၁၇ရ ဦးရှိပြီး ၂၀၁ရ တွင် လူနာ ၂၃ ဦးပိုများခဲ့သည်။ #credit 7 days news. New Year လို့ခေါ်တဲ့နှစ်သစ်ကူးညမှာ လူငယ်တွေမို့ပျော်ကြတာလည်းပျော်ကြပေ့ါ။ ဒါပေမဲ့ ခုလိုခိုက်ရန်ဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးသွားကြတဲ့သူတွေရှိတော့ ကြားမိတာစိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တွေလည်းလူငယ်ပါပဲ။ လူငယ်ပီပီကဲကြသောက်ကြပေမယ့် ကိုယ်စည်းကိုယ်တော့စောင့်ကြပါသေးတယ်။ ဘာကြောင့်များသူတို့ အဲလိုဖြစ်ကြသလဲ တွေးတော့တွေးကြည့်မိပါတယ်။ သူတို့မိဘတွေကိုလည်း သနားမိတာ အမှန်ပါပဲ။ အဲလောက်တောင်ကဲကြရသလားလို့ လူကြီးပီပီပြောမိလိုက်ချင်ပါတယ်။


ရက်များမကြာခင် ဆရာမ ချစ်မြတ်နိုး ပဲခူးအင်းတကော်ကျောင်း အလှူငွေလာဘ်ခံ ပိတ်ပါတော့မည်။ လှူလိုသူ နတ်သမီး နတ်သားလောင်းလျာများ အမြန်စာရင်းပေးပါ။ ။။ ။။။။ ။။။။ ။။။ ။။။ အခြစ်များစွာနှင့် မွမွကြောင်ကြီး ၁လ ၄ရက် ၂၀၁၈ အထိ အလှူရှင်စာရင်း ၁။ ကောင်းကင်ပြာ – ၃၀,၀၀ဝ x ၂ = ၆၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၃၀,၀၀ဝ AYA သဘာဝ – ၁၂လ ၂၆ရက် ၂၀၁၇) ၂။ Wei Wei (ခ) ဧတီဝမ် – ၁၀၀,၀၀ဝ x ၂ = ၂,၀၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၁၀၀,၀၀ဝ CB ဝေါင်း […]


aye.kkDecember 31, 20171min7937
ဒီနေ ့ကနှစ်တစ်နှစ်အတွက် နှစ်တစ်နှစ်ရဲ ့၊နောက်ဆုံးရက်နေ ့လေးပါ။ ကျွန်မအတွက်တော့၊  ပစ္စုပ္ပန်လို ့ဆိုပါရစေ။ ကျွန်မအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ နှစ်သစ်လက်ဆောင်က၊ ကျွန်မရဲ ့ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ “ကံ,ဉာဏ်,ဝီရိယ”တွေပါ။ လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဆင်းရဲတာကို မနှစ်မြို ့ကြပါဘူး။ ကျွန်မလည်း ဒီအတိုင်းပါဘဲ။ ချမ်းသာချင်ပါတယ်။ ချမ်းသာချင်တယ်ဆိုပေမယ့်လည်း၊ကျွန်မပြုလုပ်နေတဲ့အလုပ်က၊ ကောင်းမှသာလျင် ကောင်းကျိုးခံစားရမယ်ဆိုတာ အလိုလိုနားလည်မိပြီးသားပါ။ ကျွန်မပြုလုပ်တဲ့ “အလုပ်”(“ကံ”)မရှိဘူးဆိုပါလျင်၊ အကြောင်းတရားလည်း မရှိ၊ အကျိုးတရားလည်း မရရှိနိုင်တော့ပါဘူး။ ကျွန်မမှာ ပြုလုပ်ချင်တဲ့ “”စိတ်စေတနာ” တစ်နည်းအားဖြင့် ဆိုရပါလျင် “ကံ”ရှိရပါမယ်။ ကိုယ်ပြုလုပ်လိုက်တဲ့အလုပ်က အကျိုးရှိလား၊မရှိလားဆိုတာ၊စဉ်းစားဆင်ခြင်တဲ့ဉာဏ်ရှိရပါမယ်။ အကျိုးရှိတယ်,အကျိုးမရှိဘူးဆိုတာ၊ကိုယ်ပိုင်ဉာဏ် ရှိဖို ့လည်း လိုအပ်ပါတယ်။ အကျိုးရှိတာကိုသိပြီး၊လုံ ့လဝီရိယ(ကြိုးစားအားထုတ်မှု)မရှိပါလျင်၊ မလုပ်ပဲနေနေပါလျင် မချမ်းသာနိုင်ပါဘူး။ ဒီအတိုင်းဘဲနေနေရင်တော့ ၊ ဒုံရင်း,ဒုံရင်းဖြစ်နေမှာလို ့(စကားအရ) ပြောပြချင်မိပါတယ်။ အခုဆို လူတိုင်းအတွက်၊အားလုံးအတွက် နှစ်တစ်နှစ်ရဲ ့ ပြီးဆုံးသွားတော့မယ့်၊ နောက်ဆုံးနေ ့ရက်လေးကို  […]