ဇီဇီJune 15, 20173min144938
ဟိုနေ့က တဂျီးကို ခရုချက်နည်းဆိုပေးတော့ သူက ခရုဆိုတာ ဒါမိုးလား ဆိုပြီး (မြန်မာ အခေါ် ခရု ခေါ်တဲ့) ပက်ကျိလိုအကောင်ကို လာပြတယ်။ အာ့အကောင်မျိုးကို ဘိလပ်အခေါ်က “snail” လို့ ခေါ်တာတော့ သိတယ်။                   စားရတဲ့ ခရု အခွေမျိုးက “escargot” လို့ ခေါ်သတဲ့။   .                 ဟေးဟေးဟေးး ကိုယ်ပြောတဲ့ ချက်နည်းက ခရုဆိုတာ အခွံ ၂ ခြမ်းကွဲ အကောင်မျိုး။ ဂစ်ဂစ်!! သိထားတာတွေက တလွဲတွေချည်းဖဲ။ […]


ေမာင္ရိုးJune 14, 20171min75337
#ဗမာဒရိုင်ဘာ . . ခေတ်မကောင်းလို့ ကားမောင်းစားနေရတဲ့ဘဝမှာ အဖြစ်တွေကတော့ ပြော မပြောချင်ဘူးဗျို့ . . သို့သော်လည်း မနေနိုင်တော့ လက်တို့ပြီးကိုပြောရဦးမယ်ဗျာ . . ။ ဒီလိုဗျ . . . ဒီကနေ့ မနက်စောစော ကျုပ်မိတ်ဆွေကြီးတစ်ယောက်က ဖုန်းဆက်ပြီးအကူအညီတောင်းတယ်လေ ။ သူနေထိုင်မကောင်းလို့ ဒီနေ့မနက်လေဆိပ်ပို့ရမယ့် ဧည့်သည်ကို သူ့ကိုယ်စားပို့ပေးဖို့ပေါ့ဗျာ ။ ကျုပ်လည်း ဝမ်းသာအားရခေါင်းညိမ့်လိုက်တယ် . . ဖွတ်ကလိဒင်္ဂ ါးလေးရတော့မှာကိုးးးဗျ ။ ဒါနဲ့ ဟိုတယ်ကို ချိန်းထားတဲ့အချိန်သွား ၊ ပြီးတော့ ဧည်သည်နိုင်ငံခြားသားကိုခေါ်ဆောင်ပြီး လေဆိပ်ကိုမောင်းတော့တာပေါ့ ။ ဒီဘိုးတော်က အတော်လေးတော့ အမေး အမြန်းထူသား . . . ။ လမ်းတလျောက်လည်း ရိုက်လိုက်တဲ့ဓတ်ပုံ […]


kaiJune 14, 20171min45721
ဤတစက္ကန့်..။ သေချင်းနဲ့ရှင်ခြင်းကြားရဲ့.. တစက္ကန့် ကာလလို့ထားပါတော့.. ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ.. အချိန်တဒင်္ဂ.။ ဆိုတော့.. အဲဒီဗီဒီယိုကလစ်တွေကိုကြည်ပြီးတွေးတယ်..။ အဲဒီကားမောင်းသူ.. အန္တရာယ်ကလွတ်တဲ့သူ… တစက္ကန့်စောရင်/နောက်ကျရင် ဘာဖြစ်နိုင်သလဲ..။ သေချင်သေနိုင်သလို.. ရှင်ချင်ရှင်နိုင်ပါတယ်..။ မနက်အိပ်ယာအထ.. တစက္ကန့်နောက်ကျ/စောခဲ့ရင်..။ အိမ်တခါးကအထွက် မေ့တာလေးရှိလို့ပြန်ယူလိုက်ရင်../တန်းထွက်ခဲ့ရင်…။ ကားမောင်းဖို့ ကားစက်အနှိုးမှာ.. တစက္ကန့်အချိန်ယူ.. ချောင်းတချက်ဟန့်ခဲ့ရင်/မဟန့်ခဲ့ရင်…. စသဖြင့်.. အထူးသဖြင့် အမေရိကနေသူ..နေ့စဉ်ကားမောင်းနေသူများ သတိထားမိကြမလားပဲ..။ ကားမောင်းနေရင်း.. မီးပွိုင့်က.. တစက္ကန့်နောက်ကျလို့ မိတယ်/လွတ်တယ်..။ ဒီလိုနဲ့ ..အက်စိဒန့်.. မတော်တဆဖြစ်တာလည်း.. ဖြစ်တယ်/လွတ်တယ်ပေါ့..။ ဒါကို.. သိပ္ပံနည်းကျ.. သီအိုရီရဲ့စကားက Butterfly effect https://en.wikipedia.org/wiki/Butterfly_effect flap of a butterfly’s wings in Brazil set off a tornado in […]


black chawJune 14, 20171min359718
ဟိုတုန်းက ခိုင်ထူး တို့အိမ်က ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ…။ တိတိကျကျ ပြောရရင် အမှတ် (၂)၊ စစ်ကိုင်းလမ်း ပေါ့…။ အမှတ် (၂)၊ စစ်ကိုင်းလမ်း ခြံကြီးရဲ့ ရှေ့မှာ အုတ်ခုံလေး တစ်ခု ရှိနေခဲ့ပါတယ်…။ အဲဒီ အုတ်ခုံလေးဟာ ရန်ကုန်တက္ကသိုလ် နဲ့ အတူ သမိုင်းဝင်ခဲ့သလို ခိုင်ထူး ရဲ့ ရာဇဝင်မှာလည်း သမိုင်းဝင် အုတ်ခုံလေး ဖြစ်နေခဲ့ပါပြီ…။ ဒီအုတ်ခုံလေးပေါ်မှာပဲ ခိုင်ထူး ရယ် မိုးကျော် ရယ် ရာပြည့်ရယ် သူငယ်ချင်း သုံးယောက် သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြ၊ တီးခတ်ခဲ့ကြဖူးပါတယ်။ ပြီးတော့ သူတို့ အဖွဲ့ Phoenix ကိုလည်း အုတ်ခုံလေးပေါ်မှာပဲ စတင်တည်ထောင်ခဲ့တယ်လို့ ခိုင်ထူးက ဆိုပါတယ်။ အဲဒါကြောင့် ဒီနေရာလေးကို သူတို့ […]


NovyJune 13, 20171min55526
QUO, ဦးစာ ဒွန်ကင်းပျောက်နေပါလား မန်းရှင်းခေါ်ထားတာလဲမလာ . . အဲ့လိုဘဲဗျ ဒီသဂျီးက ရွာသူားတွေတက်ကြွနေပြန်တော့သူက ဘယ်ပျောက်နေတယ်မသိ ။ သူ့စိတ်ထင် သူရွာကြီးပျက်ပြီး မီးလောင်သွားပြီထင်နေတယ်မှတ်တယ် . . . နေဦး . . ပွဲဆူသွားအောင်မီးရှို့လိုက်ဦးမှ မီးဆိုတာ ရှို့ခြင်းတိုင်လောင်တာမဟုတ်ဘူးနော် တခါတလေကြပြန်တော့လည်း မရှူ့ိပဲ လောင်ပြန်ရော မီးလောင်ဖို့ဆိုတာ အကြောင်းအကျိုးလဲတိုက်ဆိုင်အုံးမှ လောင်စာလေးကလဲရှိ လေလေးကလည်းကောင်း ရှိူ့မည့်သူကလည်း အဆင်သင့် ဒါဆိုရင်တော့လောင်ပြီပေါ့ ငြိမ်းတဲသူ (သို့) လောင်စာမကုန်မခြင်းပေါ့ ပြီးတော့လည်းပြီးသွားတာပါပဲ   နိုဗွီပလက်လွတ်နေသည်


သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေ—- !!!!!!!!!! သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေနေ့ကြပြီ နေ့မြင်ညပျောက် ကျွန်မအနီးတဝိုက်တွေမှာ သီးကင်းလေးတွေဘာ့ကြောင့်အရင်ကြွေ မိုးဒဏ် လေဒဏ် ပတ်ဝန်းကျင်ဒဏ် မခံနိုင်ကြလို့ကြွေ လူငယ်လေးတွေဟာ အရာရာကို အလေးအနက်မထားတတ် ပေါ့ပေါ့နေ၊ ပေါ့ပေါ့တွေး။ အိုရခြင်း၊ နာရခြင်းရဲ့ ဒုက္ခကြီးမှုကို လက်တွေ့ရင်မဆိုင်ကြရသေးတာမို့ စိုးရိမ်ကြောက်ရွံ့ ့ခြင်း ကင်းကာ နေ့စဉ် နေထိုင်စားသောက်တဲ့ပုံစံမှာ အဆင်အခြင်ကင်းကြပါတယ်။ အပြင်စာ- လမ်းဘေးအစားအစာ၊ ပြင်ပအစားအစာမှန်သမျှ ကြိုက်တတ်တာလည်း လူငယ်တွေပါ။ အစာလည်း အဆိပ် အဆိပ်လည်းအစာဆိုသလိုဖြစ်နေရတဲ့အရပ်မှာ လမ်းဘေးအစားအစာတွေဟာ ပိုဆိုးရွားတဲ့ရလာဒ်တွေကိုပေးပါတယ်။ လူကြီးတွေအဖို့ကတော့ ပါးစပ်အလိုမလိုက်ခြင်း၊ ပြင်ပအစားအစာကို အိမ်အစားအစာလောက်ခုံမင်မှုမရှိခြင်း တို့က ကျန်းမာရေးအတွက် အားသာချက်(၁)ဖြစ်စေပါတယ်။ ကူးစက်ရောဂါ- လူကြီးတွေအဖို့က နေရာတကာ မဖြစ်မနေသွားလာရမယ့်နေရာလောက်သာ အသွားအလာရှိ၊ မိတ်ဟောင်းဆွေဟောင်း ဆွေမျိုးညှာတကာတို့နဲ့သာ ဆက်ဆံစရာများတာမို့ အများနေတဲ့နေရာ အများသုံးပစ္စည်း အစရှိသည်တို့နှင့် […]


black chawJune 13, 20171min325618
နောက်ဆုံးနှစ်စာမေးပွဲကျတော့ အိမ်ကို မပြောရဲဘူး။ အလုပ်တစ်ခု ဝင်လုပ်ပြီး စာမေးပွဲ ပြန်ဖြေဖို ့စီစဉ်ရပါတယ်။ အဲ့ဒီအချိန် သီချင်းမရေးဖြစ်တော့ပါဘူး။ မျိုးမျိုး နဲ ့ရော သီချင်းလောကနဲ ့ပါ အတော် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၆ လောက်မှာ ထွက်လာတဲ့ အဲလက်စ် ရဲ ့”နေ ့သစ်များကိုကြိုဆိုခြင်း” စီးရီးစ်မှာ ကျနော် နဲ ့မျိးမျိုး ပေါင်းရေးတဲ့ သီချင်း ၃ ပုဒ် ပါခဲ့ပါတယ်။ “အချစ်ဆိုတာဘာလဲ” “အိပ်မက်တစ္ဆေ” နဲ ့ တိုင်တည်သီချင်း “နေ ့သစ်များကိုကြိုဆိုခြင်း” သီချင်းတွေပါ။ အိပ်မက်တစ္ဆေ က မျိုးမျိုး ဆိုပြီးသားကို ပြန်ဆိုတာပါ။ အဲလက်စ် ရဲ ့ပထမဆုံး သီချင်းခွေမှာ ပါဝင်ခွင့်ရခဲ့တာ အတွက် ကျနော် အခုထိ […]


ဇီဇီJune 12, 2017118min117950
June 12, 2016 Status by Khin Zaw ရုပ်ရှင်မကြည့်ခင်လေးးး စိတ်ထဲရှိနေတဲ့ ရွာလေးးအကြောင်းးရေးးချင်ပါရဲ့..!! ဒီ FB အကောင့်ထဲမှာ ၉၀% က ရွာသူရွာသားတွေ နဲ့ ၁၀% က တခြားသူတွေ ဆိုပေမယ့် ကိုယ်တွေပြောလွန်းလို့ Myanmargazette ဆိုတဲ့ ရွာကို သိပ် မစိမ်းလောက်ဘူးးထင်ပါရဲ့..!! ??? 2012 Oct မှာ စရောက်တယ်.. Facebooker တစ်ယောက်မို့ တခြားဘလော့ကို စွဲစွဲမြဲမြဲ လည်ဖို့ သိပ် အချိန် မပေးဖူးးရာကနေ ဘာက စွဲဆောင်မှန်းးမသိ ရွာမှာ နေပျော်သွားတယ်..!! ??? FB မှာတော့ တစ်ချို့ အပြင်လူတွေ အနေနဲ့ ရွာကသူ တစ်ယောက်ချင်းစီရဲ့ Personality, အပြောအဆို ကိုယ့်အချင်းးချင်းး […]


KyaemonJune 10, 201728min5363
မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths   # ၄ရ    XLVII  မှအဆက် ယိုးဒယားဆီမြန်မာတွေပြောင်းရွှေ့နေထိုင်ကြတယ်၊ ၅ သန်းလောက်ရှိမယ်လို့ကြားရတယ် မလေးရှား စင်ကာပူမှာလဲ သိန်း သောင်းရှိတယ်၊ကမ႓ာအနှံ့အပြားသို့ပြန့်နှံ့ပြီးနေထိုင်ကြတယ်၊ ရေကြည်ရာမြက်နုရာဝင်ငွေပိုရနိုင်လို့လဲပါတယ်၊အလုပ်ရှားပါးလို့အလုပ်မပေးနိုင်လို့လဲ ဖြစ်ပါတယ်၊ သာမန်အားဖြင့် လူတွေက တိုင်းတပါးသို့တော်ရုံတန်ရုံနဲ့မသွားကြပါ၊အလုပ်လက်မဲ့ ပြသနာ ကြီးလွန်းလို့သာဖြစ်တယ်၊ မလေးရှားမှာလူကိုသတ်တယ်ဆိုတာကြားပေမဲ့ အလုပ်ရှိရာ အလုပ်ကောင်းဝင်ငွေကောင်းရာကိုသွား ဘို့တောင်အားသန်နေကြတယ်၊ ဒီလိုနဲ့မြန်မာတွေတော်တော်များများက လိမ်လည်ဖြားယောင်းခြင်းခံရပြီး ရက်ရက်စက်စက်နိပ်စက်ခံရတဲ့အပြင် ခွေးလိုဝက်လိုသတ်ဖြတ်ခံရတယ်၊ အဘိုးအခကြေးငွေမရ။ရရင်လဲအနဲအကျဉ်းသာ၊ပြန်လမ်းလဲမရှိ၊ထောင်အိမ် နဲ့”စံမြန်း” ရတယ်၊ကျွန်သာသာ လောက်ပါ၊ ကျွန်ခံလူကုန်ကူးခံရတဲ့မြန်မာတွေ သိန်း  /သောင်းဦးရေ ရှိမယ်လို့သိရတယ်၊ (အောက်ပါဆောင်းပါးနဲ့ပုံတွေကိုလေ့လာနိုင်ပါတယ်) မြန်မာအမျိုးသမီးတွေကိုမကောင်းတဲ့အသက်မွေးဝမ်းကျောင်းသို့ရောက်အောင် ဖြားယောင်းလိမ်ညာခဲ့တယ်၊ဒါလဲ ၃၀၀၀ဝ ခန့်ရှိကြောင်းအောက်တွင်ဖတ်ရှူနိုင်ပါတယ်၊   “ကျနော်တို့ရဲ့အသက်တွေဟာ သေမင်းလက်ထဲမှာပါ”ဆိုတဲ့စုံစမ်းရေး ‘Our lives are in […]


နွေဦးJune 9, 20171min39519
“ဟာ…. အပြောင်းလဲကြီးပြောင်းလဲနေပါလားဟ ငနွေရ…” ” ဘပွမ် ကလဲ.. ဒါ ဘာဟုတ်သေးလို့လဲ.. ဒါ့ထက် ဒါတာတွေတောင် ရှိသေး..” ” ဟေ.. ဒါကြီး ဒီလောက် ကောင်းနေတာတောင်..?   ” ” ဒါကြီးကသာ ကောင်းလာတာ ဘပွမ်ရ ဒီပေါ်ကကောင်တွေ အချိုးက မပြင်သေးဘူး..  ” တောကရောက်လာတဲ့ ကျွန်တော့်ဘကြီး ဘပွမ် ကို အဝေးပြေးကားဂိတ်ကနေ ကြိုခဲ့တာပါ ။ အဝေးပြေး လေအိတ်ကားကြီးပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းပြီး စီးလာကထဲက တအံ့တဩနဲ့ ဘပွမ်ကို နားလည်ပေးထားပါတယ် ။ ရန်ကုန်မရောက်တာ အတော်ကြာနေပြီမို့ ဘုရားဖူးလာဖို့ နဲ့ ပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကိုလဲ လာကြည့်ပါလို့ခေါ်လိုက်တာပါ..။ ဘပွမ်ကလဲ ခေသူမဟုတ်ပါ.. ရွာမှာ လူကြီးမို့ မျက်စိကြီး နားကြီး ဖြစ်မှ လူအဟန့်ရှိမှာပေါ့ ဆိုပြီး ဟန်းဖုန်း နှစ်လုံး […]