MandalayTharJuly 15, 20121min1776
ဟို လွန်ခဲ့တဲ့ ၂ လလောက်က ျမန္တလေးကို အလည် ခဏပြန်ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ဆို တော့ မန္တလေးဟာ အရမ်း ပူနေတဲ့ အချိန်လောက်ပေါ့။ အရင်တုန်းက အလည် မပြန်လာခင်တုန်းက အင်တာနက်ကနေ စိမ်းရောင်စို အကြောင်း စိတ်ဝင်စားနေတော့ ဒီတခေါက်ပြန်လာရင် ဒီအဖွဲ့နဲ့ သွားတွေ့မယ် ဆိုပြီး မှန်းထားတာ။ တကယ်ပြန်ဖြစ်တော့ ရက် သိပ်မရတာရယ် အရမ်း ပူ လို့ အပြင်ထွက်ရမှာ ကြောက်တာနဲ့ မထွက်ဖြစ်ဘူး။ စိမ်းရောင်စို အဖွဲ့နဲ့ မဆက်သွယ်ဖြစ်ခဲ့ပါဘူး။ စိမ်းရောင်စို အဖွဲ့ရဲ့ အလုပ်တွေ ရည်ရွယ်ချက်တွေက နည်းနည်း သိပြီးသားဖြစ်နေလို့ အဲဒါတွေကို မပြောနေတော့ ဘဲ။ လိုတာကိုဘဲ ပြောချင်မေးချင်ပါတယ်။ စိမ်းရောင်စို အဖွဲ့မှ ကျွန်တော်တို့ လို့ မန္တလေးကို […]


“မန္တလေး ကန်တော်ကြီး(တက်သိမ်းအင်း)အရှေ့မြောက်ဘက်ခြမ်းမှကျုးကျော်တဲကလေးမီးလောင်ခြင်း”                                       (ဖြေရှင်းသင့်တဲ့ ကိစ္စလေးတစ်ခု)   1997ခုနှစ်က အခုကန်တော်ကြီးဖြစ်လာမယ့် ကန်စွန်းခင်းတွေနဲ့ပြည့်နေတဲ့ ဒေါနခြံရပ်ကွက်မှာ မန်းစည်ပင်ရဲ့စီမံမူ့နဲ့ တစ်ထပ်ကို အခန်းဆယ်ခန်း နဲ့ သုံးထပ်တိုက်ခန်းလေးတွေရှစ်တွဲတိတိ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီမြေကွက် မှာနဂိုမူလ နေထိုင်သူတွေကို အိမ်ထောင်စုဇယားတစ်ခုကို တိုက်ခန်းတစ်ခန်းစီပြန်ပေးပါတယ်။ ကျပ်တစ်သိန်းခွဲကို အရစ်ကျနဲ့သွင်းရပါတယ်။ အများအားဖြင့် အဲဒီမူလပိုင်ရှင်တွေက ကိုယ်တိုင်မနေဘဲပြန်ရောင်းသွားကြတာများပါတယ်။ ကျန်တဲ့တိုက်ခန်းတွေကိုတော့ စည်ပင်သာယာကနေ ဝယ်လိုသူကိုပြန်ရောင်းခဲ့ပါတယ်။   အစကတော့ ဒီတို်က်ခန်းလေးတွေက မြိုစွန်ကျတော့ ဈေးသိပ်မရ။ နောက်တော့တက်သိမ်းအင်းကို ကန်တော်ကြီးမြို့ပြဖွံ့ဖြိုးမှု့စီမံကိန်းအသွင်နဲ့ဆောင်ရွက်လိုက်တဲ့အခါ တက်သိမ်းအင်းမှာအရင်က ရှိခဲ့တဲ့ကန်စွန်းခင်းနေရာတွေကလည်း စီမံကိန်းနယ်မြေထဲမှာပါဝင်သွားပါတယ်။ အဲဒီနေရာတွေကို စည်ပင်သာယာက စီမံကိန်းဝင်မြေအဖြစ် သိမ်းယူခဲ့ပါတယ်။ သိမ်းယူလိုက်တဲ့မြေအတွက် နစ်နာကြေးပေးတယ်ဆိုတာကတော့အကြမ်းဖျဥ်းသိရပါတယ်။ ဘယ်လောက်ရတယ်ဆိုတာကိုတော့ မသိပါဘူး။ အသိမ်းခံရသူတွေကတော့ သူတို့မြေလို့ဘဲ ပြောနေကြတာကို သိရပါတယ်။ အဲဒီနေရာတွေကို ဘယ်သူပိုင်ဆိုင်ခဲ့တယ်ဆိုတာကလဲ မြေစာရင်းဌာနကဘဲသိနိုင်ပါမယ်။   […]


ကျန်ရှိနေသေးတဲ့ အင်းလေးရဲ့ ဓာတ်သေများကို ထက်မံ ဖော်ပြလိုက်ပါတယ်.. အများကြီးတစ်ခါတည်းပြလိုက်ရင် အီသွားမှာ စိုးလို့ပါ..       ထပ်မံဖော်ပြပါဦးမယ်..    


htet wayJuly 15, 20121min23410
မဟုတ်ဘူး ဦးလေး ခင်မောင်နဲ့ ငတင် တိုင်ပင်ထားသလို မတ်တပ်ရပ်လိုက်ပြီး သံပြိုင် အော်လိုက်တယ် ပြီးတော့ ဓါတ်ဗူး ကို ရှောင်ဖို့ နောက်ဆုတ်လိုက်ကြတယ် ။ပြီးတော့ ကျွန်တော်တို့ ကြက်ကိုရှာနေတာပါ ဘာပြောတယ် ဦးသာဒွန်းက ဓါတ်ဗူးနဲ့ ပေါက်ဖို့ ချိန်လို်က်ပြန်တယ် ။ ခင်မောင့်ကို ချိန်လိုက် ငတင်ကို ချိန်လိုက်နဲ့ ဘယ်သူ့ ပေါက်ရမယ်မှန်း ဝေခွဲနေပုံပဲ။အသံတွေကျယ်ကျယ်လောင်လောင်မို့ အိမ်ထဲက သီရိနဲ့ သူမအမေ ဒေါ်မြတို့ လည်း ပြေးထွက်လာကြတယ်။ သူတို့ လည်း ဘာဖြစ်တာလဲပေါ့ စူးစမ်းသလို ကြည့်နေကြတယ်။ ဒီမှာ ပဲ ငတင်က ` ဒီလိုပါ ဦးလေး သာဒွန်း ကျွန်တော်ကတော့ ဦးလေး အစုကြီးက ကြွေးသိမ်း လာတဲ့ ကြက်ကို ရှာနေတာပါ´ ငတင် […]


tunkhannJuly 15, 20121min821
ကိုယ်တိုင်ပြုသောအကြောင်းတရားကြောင့်အကျိုးတရားများသာ ရင်ဝယ်ပိုက်ခါးစည်းခံစားရသောအဖြစ်တွေသာ နှောင်းသံသရာဝယ် ဖြစ်ပျက်မျိုးစုံ အဖုံဖုံသာ ထပ်ခါထပ်ခါပြန်လာသော် ဒီဘဝအခါဝယ် တွေ့ကြုံသမျှ မသိပါဘူးဆိုသောစကားတစ်ခွန်းနှင့်သာ ရင်ဆိုင်ခြင်းသာ နေသာသောအချိန်မို့ ငါသည်သာ ငါ့ကိုဒုက္ခပေးသောသူသာ ဖြစ်ခဲ့ပါသည်ဟု တွေးထင်စေသော် မှန်သောအခါမျိုးသာလူဖြစ်ချင်သော စိတ်တစ်ခုသာ ကျနော်တောင်းတနေမိပါသည် ဘယ်လိုဘဝမျိုးကိုပဲရောက်နေစေကာမူ ထပ်ခါထပ်ခါပြန်လည်ရရှိနိုင်သောအရာသည် တောင်းတခြင်းသာဖြစ်နေပါသော်ကျနော်၏ ဆုံးရှုံးခြင်းများကို ပြန်လည်လိုလားမည်မဟုတ်ပါ ဘဝပေးအခြေနေမကောင်းခဲ့ပါသော်(ထိုထိုသောအခါမျိုးတွင်ပိန်ကာလိမ်ကာနဲ့) ထွန်းခဏ်း ထွန်းခဏ်းဟု ခဏတိုင်းခေါ်နေကြသောအသံတွေမည်မျှကြာသည်မသိ ကျနော်ပြန်ထူးနေမိပါသော်လည်း ခေါ်လို့သာနေကြသည် ဂရုမစိုက်ချင်ကြ တရွေ့ရွေ့သွားနေသည် နိမ့်လိုက်မြင့်လိုက် ဖြောင့်သွားလိုက်ကွေ့ဝိုက်သွားလိုက်နှင့် လူတွေဘာကိုကြည့်နေကြတာလဲ ကျနော်သူတို့ကိုဂရုမစိုက်ချင် သူတိုပြောနေကြသောစကားများကိုတော့ ကြားနေရသည် ဘယ်လိုမျိုးတွေလဲ ဒါဘဝပဲလေလို့ပြောသူကပြော အချိန်တန်လို့ပေါ့ပြောသူကပြော ကျနော်သူတို့နဲ့စကားပြောချင်ပါတယ် ကြည့်လေခုပဲ ကျနော်ရောက်နေတဲ့နေရာက သုသာန်ထဲမှာ မျက်ရည်စတွေနဲ့လူတွေကလဲ ဖြစ်ရလေဆိုတဲ့သက်ပြင်းတွေချရင်းနဲ့ အသက်ရွယ်ကြီးရင့်လို့ဆိုရင် သူဟာလူ့ဘဝမှာနေပျော်ပါတယ်လို့လူတွေကပြောကြတယ် ငယ်ရွယ်သူဆိုရင်တော့သနားဖို့ကောင်းလိုက်တာ သူဘာမှကောင်းကောင်းသိမသွားရရှာဘူး ဖြစ်ချင်တာတွေဖြစ်အောင်မလုပ် ရသေးဘူးခဏလေးပဲရှိသေးတယ်လေ မျက်ရည်များသည် ကျနော့်ကိုနှစ်သိမ့်မပေးနိုင်ပါဘူး ဝမ်းနည်းလွန်းမက […]


Mr. MarGaJuly 15, 201212min1228
. . . . . .. . . . . . . . ကဗျာပြခန်း အမှတ်ငါး မှ ကြိုဆိုပါ၏။ ပထမဆုံး အရင်ပြခန်းက ဆောင်းပါး အဆက်ကို ခံစားကြပါဦးစို့လား…….. ……………………………………… (၂) ခေတ်ပေါ်ကဗျာသည် မိဘမဲ့မဟုတ်။ ရှေးခေတ်ဟောင်းမှ မွေးဖွားလာသူ၊ သို့သော် အတိဇာတ သားသမီး၊ ဝမ်းဗိုက်ဖောက်၍ မွေးရသည်၊ ဘာကြောင့်လဲ။ ပြည်သူများမှ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသဖြင့် နာကျည်းနေကြသည်၊ လွတ်လပ်ချင်ကြသည်။ ပြည်သူတို့သည် သက်သာချောင်ချိသော စီးပွားရေးစနစ်ကို လိုချင်နေကြသည်။ လေးယောက်စီး မှန်ကားနှင့် မသွားရချင်နေပါစေ၊ အချင်းချင်း ထိ၍ပင် ဖြစ်စေ၊ ဈေးပေါပေါ စီးရသော ဘတ်(စ်)ကား နှင့် လမ်းတိုင်း ပေါက်ချင်သည်။ […]


mgwaloneJuly 15, 20121min15310
ထပ်မံ ကြိုးစားခြင်း ဖြစ်ပါသည်။ အားပေးကြသူများကို ကျေးဇူးတင်ပါသည်။ လိုအပ်သည်များကို ညွှန်ပေးသော ကိုတောက်တဲ့ကိုလည်း အထူးကျေးဇူးတင်ပါသည်။ အားလုံးကို ကျေးဇူးပါ။ ပြန်တင်ခြင်း ဖြစ်ပါသောကြောင့် ပွိုင့် မပေးရန် သူကြီးမင်းကိုလည်း လေးစားစွာ တောင်းပန်အပ်ပါသည်။ မှားပြန်ရင်လည်း ခွင့်လွှတ်သည်းခံ အားပေးကြပါ။ ပုံကို resolution လျှော့လိုက်ပါတယ်။ ပြီးတော့မှ တင်ပါတယ်။ Median ကိုပဲ ရွေးထားပြီး Center ကိုယူထားပါတယ်။ လိုအပ်တာများကို သင်ကြားပေးရန် လေးစားစွာဖြင့် မောင်ဝလုံး ပုံတွေနဲ့ ပတ်သက်လို့က ပုံတော်ဘုရားလု့ိ လူသိများတဲ့ မင်းကွန်း ပုထိုးတော်ကြီး ရဲ ့ ပုံစံငယ် ဘုရားပုံ မပါသွားပါဘူး။ နောက်ပြီး ပုထိုးတော်ကြီးရဲ ့ ရှေ ့မှာ ရှိတဲ့ ခြင်္သေ့ကြီး ၂ ကောင်ပုံလဲ […]


KyaemonJuly 15, 201216min1566
  ရှုခင်းအလှအပတွေကြည့်ရင်း  နော်ဝေ နိုင်ငံရဲ့စီးပွါးရေးအနေအထားကို တစေ့တစောင်းလေ့လာရအောင်   နိုင်ငံတကာ ငွေရေးကြေးရေးရံပုံငွေအဖွဲ့ (၂၀၁၀-၁၁) ဇယား အမှတ်စဉ် ၄ ချိတ်တာ ကမ်ဘာ့ ဘဏ် (၂၀၀၅-၁၁) ဇယား အမှတ်စဉ် ၄ ဘဲ ထပ်ချိတ်တာ စီအိုင်အေ ကမ်ဘာ့ဖြစ်ရပ်မှတ်တမ်း (၁၉၉၃-၂၀၁၁) ဇယား အမှတ်စဉ် ၆ ချိတ်တာ ဘယ်ဇယားဘဲကြည့်ကြည့် နော်ဝေပြည်သူတွေက တဦးချင်းဝင်ငွေများ ပြီး ချမ်းသာကြွယ်ဝ နေတာ     US, Canada, Australia တို့ထက်ပင် ဟန်ကျမျက်နှာပွင့်နေတာ List of countries by GDP (PPP) per capita – Wikipedia, the free encyclopedia http://en.wikipedia.org/wiki/List_of_countries_by_GDP_(PPP)_per_capita […]


Foreign ResidentJuly 15, 20122min33523
စဉ်းစားကြစေလိုပါတယ် ( ၃၂ ) ( မနေချင်ရင် ထွက်သွားကြတဲ့ )   ဒီ Post ကတော့ ၊ ရွာသူားတွေကို ရှင်းပြချင်တာ တစ်ခုပါ ။ အခုတလော အင်တာနက်မှာ ၊ အောက်က စကားစု / သတင်း ၊ တော်တော် ပျံ့နှံ့နေပါတယ် ။   အရင်ဆုံး ဖတ်ကြည့်ပါဦးကွယ် ။   Quote Prime Minister John Howard – Australia ဩစတြေးလျှ ဝန်ကြီးချုပ် ဂျွန်ဟိုးဝါ့ဒ်   Muslims who want to live under Islamic Sharia law Out Of […]


KyaemonJuly 15, 201214min1123
နော်ဝေမြို့တော် အော်စလိုရဲ့ရှုခင်းတွေကိုလိုက်ပြီးရှုစားခံစားရအောင်  Links လင့်ခများကိုနှိပ်ပြီး ကျန်တာကိုကြည့်နိုင်တာ Central Station ဗဟိုရ် ဘူတာရုံကြီးရှေ့ Vigelandparken, Oslo 01:22 – အပန်းဖြေ ပန်းခြံ Opera House ဩပရာ ပြဇာတ် အဆောက်အဦရှေ့ Royal Palace ဘုရင့်နန်းတော် City Hall မြို့တော်ခန်းမ Inside City Hall မြို့တော်ခန်းမ အတွင်း Ekeberg Restaurants စားသောက်ဆိုင်များ  ယင်း စားသောက်ဆိုင်များ ကဖျော်ဖြေ ပေးတာ ဘူတာရုံကအထွက် Oslo Shopping Center ဓာတ်လှေခါးနဲ့ ပွဲဈေးတန်း အရောင်းဆိုင်များ Oslo, Norway in the summertime! [HD] – YouTube http://www.youtube.com/watch?v=rSmxgh7faL8&feature=related   Oslo in the […]


nyanakyawJuly 14, 20121min1105
အောင်ပန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ ပူးပေါင်းပြီး အထက်အဖွဲ့အစည်းအသီးသီးရဲ့ ညွှန်ကြားခိုင်းစေမှု မပါဘဲ (၉-၇-၂၀၁၂)နေ့တွင် မတရား စွပ်စွဲဖမ်းဆီးထားသော ဆရာတော် ဦးဥတ္တမ၏ အမှုကိစ္စအား ပံ့ပိုးကူညီနေသော ဒေါ်နွဲ့နွဲ့ဌေး အပါအဝင် လူပုဂ္ဂိုလ်(၃၀)ဦးအား မိုးပြာဝါဒ ကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် လက်မှတ်ရေးထိုးပွဲ ကို အာဏာသုံး စီစဉ်ခဲ့မှုဖြစ်ပါသည်။ အစည်းအဝေးသတင်းနှင့် ပတ်သက်၍ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.thithtoolwin.com /2012/07/blog-post_4782.html ထို့နောက် ထိုပုဂ္ဂိုလ်(၃၀)ဦး အသီးသီးထံသို့ ဆင့်ခေါ်စာများရောက်ရှိလာပါသည်။ အဆိုပါ ဆင့်ခေါ်စာသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်ခြင်းဖြစ်ပြီး (၁၃-၂-၂၀၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် မြို့မ ပရိယတ္တိစာသင်တိုက်သို့ အထက်ပါကိစ္စနှင့် ပတ်သက်၍ လက်မှတ်ထိုးခိုင်းရန် ဖြစ်ပါသည်။ ထိုသို့ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်အဆင့်ဆင့် အုပ်ချုပ်ရေးမှူးများ နှင့် သာသနာရေးမှူးတို့ […]