Restart မလိုသော ဇော်ဂျီကီးဘုတ်

zoxnetApril 28, 20101min592
Pink-iSkin-keyboard-cover

ဒီနေ့တော့ ကျွန်တော့်ဆရာသမား မောင်သားဖြိုးနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ပါတယ်။ ရန်ကုန်အချိန် ည တစ်နာရီ လောက်မှာပါ။ မအိပ်သေးပဲ ဘာတွေအလုပ်ရှုပ်နေတယ် မသိပါဘူး။ ကျွန်တော် မေးကြည့်တော့ အနုပညာလုပ်ငန်းတွေ တိုးချဲ့နေတယ်ဆိုတယ်လို့ ကျွန်တော့်ကိုတော့ ပြောပါတယ်။ ကျွန်တော်လည်း ညကြီးအချိန်မတော် အားကိုးစရာ လက်ဦးဆရာ ကိုတွေ့တော့ ကျွန်တော့်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ဆရာကလည်း ချက်ခြင်းဆိုသလို ကျွန်တော့်ကို ကူညီလိုက်ပါတယ်။ (ဆရာဆိုတာ အဲ့ဒါဗျ။) ကျွန်တော် ဖြစ်တဲ့ ပြသနာက ဒီလိုပါ။ ဒီနိုင်ငံမှာ ကျွန်တော် အင်တာနက်ကို ဆိုင်ဘာတွေမှာ သုံးဖြစ်တာများပါတယ်။ အဲဒီတော့ နိုင်ငံရပ်ခြားဆိုင်တွေမှာ မြန်မာဖောင့်တ် အသုံးပြုဖို့ အခက်အခဲရှိလာပါတယ်။ ကိုယ်အသုံးမပြုခင်မှာ ဇော်ဂျီဖောင့် ကို အရင် အင်တာနက်ကရှာပြီး ဒေါင်းလုဒ်လုပ်ရပါတယ်။ အဲဒီလို ဒေါင်းလုဒ်လုပ်တဲ့ အခါမှာ တချို့တချို့ ဇော်ဂျီဖောင့် နဲ့ ကီးဗုဒ်တွဲထားတဲ့ ဖိုင်တွေဟာ အင်စတောလုပ်ပြီး Restart တောင်းပါတယ်။ အဲဒါမှ သူက အလုပ်လုပ်မှာကိုး။ အဲဒီလို Restart တောင်းလို့ ရီစတတ် လုပ်လိုက်ရင် ကျွန်တော်တို့ သုံးနေတဲ့ ဆိုင်ဘာက ဆိုင်တွေဟာ Defult Setting ပြန်ဖြစ်သွားပါတယ်။ ကိုယ်လုပ်ထားတဲ့ ဒေါင်းလုဒ်ဖိုင်တွေ၊ အင်စတောဖိုင်တွေကို အကုန်ပြန်ဖျက်ပြီး နဂိုမူလအတိုင်း ပြန်ထားပေးလို်က်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်ဘဝက ဖတ်ဖို့အတွက် လောက်ကိုပဲ ဇော်ဂျီဖောင့် ကို ဒေါင်းခွင့်ရှိနေပါတယ်။ ဇော်ဂျီကီးဘုတ်ကို သုံးလို့မရခဲ့ပါဘူး။ အခုမှ ကျွန်တော့်ဆရာသမားပေးတဲ့ ဇော်ဂျီကီးဘုတ် အင်စတောဖိုင် လေးဟာ Restart မတောင်းပဲ အင်စတောလုပ်ပြီး တန်းသုံးလို့ရတဲ့ ရွှေဖိုင်လေးဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ဝမ်းသာသွားခဲ့ပါတယ်။ တကယ်လို့ ကျွန်တော့်လိုပဲ အခက်အခဲ ဖြစ်နေတဲ့ သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိခဲ့တယ် ဆိုလို့ရှိရင် အောက်က လင့်က်မှာ ဒေါင်းပြီး အင်စတောလုပ်ပါ။ ဖြစ်နေတဲ့ အခက်အခဲ ချက်ခြင်း ပြေလည်သွားပါလိမ့်မယ်။ ဒန့်.. တန့်…တန့်……

(ဒေါင်းလုဒ်လုပ်ရန်)

အဲဒါက ရီစတတ် မလိုတဲ့ ဇော်ဂျီကီးဘုတ်ပါ။ ဖောင့်ကတော့ ဘယ်ဟာယူယူ ရပါတယ်။

2 comments

  • susunosuki

    April 28, 2010 at 6:12 am

    နည်းပညာဖြန့်ဝေပေးလို့ကျေးဇူးပါ

  • yelwinsoe

    May 23, 2010 at 10:01 am

    ကျေးဇူးတင်ပါတယ်ဗျာ အခုလိုဖြန် ့ဝေပေးတ ဲ့အတွက်..

Leave a Reply