Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဆန်နီနေမင်းNovember 19, 20111min2332
ကမ္ဘာပေါ်တွင် လူသားချင်းအတူတူဖြစ်လာကြသော်လည်း လူမျိုးချင်းမတူကြခြင်းကြောင့် တိုင်းနိုင်ငံများ ကွဲပြားခြားနားခဲ့ရပါတယ်။ အဲဒီလို မိမိတို့လူမျိုးတိုင်းပြည်ဆိုပြီး အသီးသီး ကွဲပြားသွားသလို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့အချက်များလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ မိမိတို့လူမျိုးနိုင်ငံ ကောင်းစားရေးများကို နိုင်ငံအုပ်ချုပ်သူများနှင့် တိုင်းသူပြည်သား များဟာ အားသွန်းကြိုးပမ်းဆောင်ရွက်လေ့ရှိကြပါတယ်။ သို့သော် တချို့နိုင်ငံများတွင် စည်းစနစ် မမှန်ကန်မှုကြောင့် တိုးတတ်သင့်သလောက် မတိုးတတ်ဘဲဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းပြည် တစ်ခုတိုးတတ်ဖို့ရန် သတ်မှတ်ကျင့်သုံးရမဲ့ နည်းစနစ်များကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။ တိုင်းပြည်တစ်ခု လှပတိုးတတ်ဖို့ရန်အတွက် ဘယ်လိုနည်းစနစ်များ သတ်မှတ်ကျင့်သုံး ရမလဲ။ အုပ်ချုပ်သူများရဲ့ အဓိကလိုအပ်ချက်ဟာ ဘာလဲ။ အုပ်ချုပ်သူများနှင့်ပြည်သူများဟာ ဘယ်လိုပြုမှုနေထိုင်ရင် တိုင်းပြည်တိုးတတ်အောင်မြင်မလဲစတဲ့အချက်များကို စဉ်းစားကြည့်တဲ့ အခါ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက အဖက်ဖက်မှ တိုးတတ်အောင်မြင်ခဲ့တဲ့ ဝေသာလီပြည်အကြောင်းကို သတိရလိုက်ပါတယ်။ ရှေးယခင်က ဝေသာလီပြည်မင်းများ တိုးတတ် အောင်မြင်ရန်အတွက် ကျင့်သုံးခဲ့တဲ့ […]


ဆန်နီနေမင်းNovember 18, 20111min3195
ဦးဇင်းလည်း Master of Philosophy (M.phil) ဘွဲ့ ကျမ်းတင်ဖို့ ခေါင်းစဉ်ရဖို့ရန်အတွက် အရင်တစ်ပတ်က ဆွေးနွေးခဲ့တာ အဆင်မပြေတာနဲ့ ဒီတစ်ပတ်တနင်္လာနေ့တွင် တစ်ခေါက်ပြန်လည်သွားရောက်ပြီး ပါမောက္ခနဲ့ သွားတွေ့လိုက်ပါတယ်။ အရင်တစ်ပတ်က ပါမောက္ခပြောတဲ့စကားတွေကို ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ မြန်မာပြည်နှင့်သီရိလင်္ကာရဲ့ ဘာသာရေးအကြောင်း ကွာခြားမှုဓလေ့ထုံးစံတွေကို အတော်လေးသိချင် စိတ်ဝင်စားပုံရှိနေတယ်ဆိုတာ စဉ်းစားမိတာနဲ့ မထူးပါဘူးလေ သူများမရေးသေးတော့လည်း ကိုယ်ပဲ ရေးလိုက်တာပေါ့ဆိုပြီး 1. A comparative study of the Buddhist ordinations between Sri Llyanka and Myanmar. 2. Significance of Buddhist festivals in Theravada Buddhism: An analysitical study with a special […]


ဒီလို ဒီလို အတွေးတွေ တွေးကြည့်လိုက်တော့လဲ ဘာမှမဟုတ်ပါလား။ လောကကြီးထဲမှာ တကယ်ရှိတဲ့အရာနဲ့မရှိတာအရာ၊ ဘယ်ဟာကို ငါက မက်မောနေတာလဲ။ ဘာကိုရယူဖို့ လုပ်နေတာလဲ။ တကယ်တော့လဲ ဒါတွေဟာ အဆန်းမဟုတ်တော့ပါဘူး။ သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတာကို ကိုယ်က မသိဘဲနဲ့ အဲဒီသဘာဝလောကကြီးကပေးတဲ့ဒဏ်တွေကိုပဲ အကောင်းမှတ်နေပြီး လိုက်လုပ်နေကြတာ။ အဲဒီလို အမှန်တရားကိုမသိလို့ အမှားတွေကို အမှန်ထင် မက်မောပြီး ဒုက္ခပင်လယ်ထဲမှာ နစ်မြောပျော်ရွှင်ခဲ့တဲ့ဘဝတွေကလည်း မနည်းဘူးလေ။ ဒါကြောင့် ယခုဘဝမှာတော့ အမှားနဲ့အမှန်ကို သိမြင်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေး ထားဖို့လိုနေပါပြီ။ အမှန်တရားကို သိမြင်တဲ့အတွေးများနဲ့ တွေးမိမယ်ဆိုရင် လောကကြီးထဲမှာ ဖြစ်ပျက်တတ်တဲ့သဘောတရားနဲ့ အာရုံသိတတ်တဲ့ သဘောတရားလေးပဲ ရှိပါလားလို့ သိလာပါလိမ့်မယ်။ အဲဒါကို မသိတဲ့အခါကျတော့ အားလုံးကို ငါပိုင်တယ်၊ ငါဆိုင်တယ်၊ ငါမှဖြစ်မယ်စတဲ့ ငါစွဲကြီးတွေနဲ့ အမှန်တကယ်တည်ရှိတဲ့အရာတွေထင်ပြီး အဲဒီဟာတွေကိုရဖို့အတွက်နဲ့ပဲ တန်ဖိုးရှိတဲ့ဘဝကြီးကို […]


လူတိုင်းကိုယ်စီမှာ အနည်းနဲ့အများတော့ အတွေးကိုယ်စီ တွေးမိကြမယ်ထင်ပါတယ်။ အဲဒီလို တွေးကြတဲ့အခါ မိမိတွေးတဲ့အတွေးဟာ အကျိုးရှိမဲ့အတွေးပဲဖြစ်ပြီး စိတ်ကူးယဉ်တဲ့ အတွေးမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးယဉ်တယ်ဆိုတာ အကျိုးမရှိတာကို စိတ်ကူးယဉ်တာဖြစ်သလို မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်မိရင်လည်း မိမိဖြစ်ချင်တာ မဖြစ်လာတဲ့အခါ စိတ်ထိခိုက်မှု၊ စိတ်ဒဏ်များရပြီး ဘဝဟာ ဗရုတ်သုတ်ခဖြစ်သွားတတ်လို့ပါ။ အသက်နှစ်ဆယ်ကျော်လာတဲ့လူဆိုရင် စိတ်ကူးယဉ်ရမဲ့အရွယ်ထက် တည်ငြိမ်နေတဲ့အရွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ကတည်းက အသိဉာဏ်မြင့်မားနေပြီမို့ အဲဒီအရွယ်ကနေစပြီး မိမိဘဝရဲ့ ရှင်သန်မှု၊ ရှေ့ဆက်လျှောက်ရမဲ့ အခြေအနေအရာအားလုံးကို ဆင်ခြင်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ခုခေတ်ဆယ်ကျော်သက်များဟာ အရာရာကို ဆင်ခြင်နိုင်တဲ့ စွမ်းအားတွေတော့ ရှိနေကြပါပြီ။ မိမိတို့စိတ်ကူးယဉ်မှားမှု၊ ဆုံးဖြတ်ချက် မှားမှုတွေပဲ ဖြစ်နေကြတာပါ။ လူဆိုတာ ရည်ရွယ်ချက်မရှိဘူး၊ ပစ်မှတ်ပန်းတိုင် မရှိဘူးဆိုရင် လျှောက်ချင်ရာလျှောက်နေပါက လမ်းပေါင်းစုံရောက်မှာဖြစ်လို့ ဘဝဟာလည်း ဟိုရောက်ဒီရောက်ဖြစ်နေပြီး […]


အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာများအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ်ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။ (တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာအဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။ နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ် သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ […]


စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ဝိနည်းမဟာဝါ (ဝိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်းလိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။ အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘဝက ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း […]


ဆန်နီနေမင်းSeptember 5, 20111min111512
ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့်ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တက်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖဝါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့်အဖြေလေးကတော့ ဒီလိုပါ။ အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။ (၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျုိုးများ မရှိတော့သော အမျိုးသားအမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင်အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။ (၂) အရူးမများအား […]


ဆူးJuly 12, 20111min47920
ထူးခြားဖြစ်စဉ် အနေနဲ့ ပြောပြချင်တာ တခုရှိပါတယ်။ ပုံထဲမှာ မြင်ရတာကတော့ ဗုဒ္ဓဂါယာ မှာ ရှိတဲ့ မဟာဗောဓိစေတီတော် ဖြစ်ပါတယ်။ ဒေါသကြီးတဲ့ ပုဏ္ဏား တယောက်ကို မြတ်စွာဘုရား တရားဟောလိုက်တဲ့ နေရာကို တိုင်စိုက်ထားတာ ရှိပါတယ်။ အဲဒီ တိုင်ရဲ့ အခြေကျောက်ပြား တချပ် ပတ်လည် နေရာက ရာသီဥတု ဘယ်လောက် အေးအေး နွေးနေတယ်။ မရောက်ဘူးသူများ မှတ်သားထားပြီး သွားမဲ့သူများ ဗဟုသုတ အဖြစ်နဲ့ စမ်းသပ်လေ့လာ ကြပါကုန်တော့… အမှတ်အသား တိုင်လုပ်ထားတဲ့ တိုင်ကို ဓါတ်ပုံ ရှာမရတဲ့ အတွက် အနီးစပ်ဆုံး ပြောပြတာ ဖြစ်ပါတယ်။ လူတိုင်း သိနိုင်မယ် မထင်ပါဘူး။ အဖွဲ့နဲ့ ဘုရားဖူး ထွက်ရင်တော့ ဘုန်းကြီးများ ရှင်းပြပါလိမ့်မယ်။ ဓမ္မ အစွမ်း […]


၇။ Emperor Tamarin ကြည့်ရတာ နှုတ်ခမ်းမွှေး အဖြူကြီးတွေနဲ့ မျောက်တစ်ကောင်လိုပါပဲ။ အစကတော့ ဂျာမန် အင်ပါယာ Wilhelm II နဲ့ တူတယ်ဆိုပြီး Emperor Tamarin လို့ အမည်ပြောင် ပေးခဲ့ကြတာပါ။ နောက်ပိုင်းမှာ တရားဝင် သိပ္ပံနာမည် ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ Amazon အနောက်တောင် မြစ်ဝှမ်း၊ ပီရူး အရှေ့ပိုင်း၊ ဘိုလီးဗီးယား မြောက်ပိုင်းနဲ့ ဘရာဇီး အနောက်ပိုင်း ပြည်နယ်တွေမှာ နေထိုင်ကြလေ့ရှိပါတယ်။ Emperor Tamarin ရဲ့ အမွေးတွေဟာ များသောအားဖြင့် မီးခိုးရောင်များ ဖြစ်ကြပါတယ်။ ရင်ဘတ်မှာတော့ အဝါရောင်သမ်းနေတဲ့ အပြောက်ကလေးတွေ ရှိပါတယ်။ လက်နဲ့ ခြေမွေးတွေကတော့ အနက်ရောင်တွေပါ။ သူတို့ရဲ့ အမြီးကတော့ အညိုရောင် ရှိပါတယ်။ သူတို့ရဲ့ ထူးခြားချက်၊ […]


၁။ Leafy seadragon မြန်မာလို ဆိုရင်တော့ သစ်ရွက်များနဲ့ ပင်လယ်နဂါးလို့ ပြန်ဆိုလို့ ရပါတယ်။ သူ့ရဲ့ ကိုယ်မှာ အစိမ်း၊ လိမ္မော်နဲ့ ရွှေရောင်တို့ ပါရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အပြင်ဖက်ပိုင်းက ထူခြားပြီး သစ်ရွက်တွေနဲ့ တူလှပါတယ်။ သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့၊ ဒါမှ အယောင်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ရေမြင်းတွေလိုပဲ seadragon အထီးတွေဟာ ဥတွေကို သယ်ဆောင် ထားကြပါတယ်။ ဥပေါင်း ၁၅ဝ ကနေ ၂၀ဝ အထိ ဆိုပါတော့။ ဒီအကောင်တွေကို Australia မှာတော့ Australian seahorses လို့ ခေါ်ကြပါတယ်။ သူတို့ဟာ ခန့်မှန်းခြေအားဖြင့် ၅၀-၅၄ ဒီဂရီ ဖာရင်ဟိုက်အကြား အေးတဲ့ရေ၊ လှိုင်းမရှိတဲ့ရေတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ Leafy seadragon တွေကို […]


လူရွယ် တစ်ဦးသည် အလွန် အရေးကြီးသော တာဝန်တစ်ခုကို ဆောင်ရွက်လိုသဖြင့် ချိန်းဆိုထားသော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရန် ခပ်သွက်သွက် သွားနေသည်။ လမ်းခုလတ် တစ်နေရာ ရောက်သော် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ပင်ပန်းကြီးစွာ ဈေးတောင်း ခေါင်းပေါ်ရွက် ရောင်းစားနေသော အဘွားအို တစ်ဦးကို တွေ့မြင်ရလေသည်။ ထိုအဘွားအိုက – “သားရယ်၊ အဘွား ဈေးတောင်းလေး ခေါင်းပေါ်ပင့်တင်ပေးပါ။ မကြာပါဘူး သားရယ်။ ကျေးဇူးတင်ပါတယ်။” “ကျေးဇူး မတင်နဲ့ဦးဗျ။ ကျွန်တော်က ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ချင်လို့ အရေးကြီးတဲ့ ပုဂ္ဂိုလ်နဲ့ သွားတွေ့ရမှာ။ နည်းနည်းလေးမှ အချိန်နောက်ကျလို့ မဖြစ်ဘူး” ထိုသို့ ပြောဆိုရင်း ဆက်လက်ထွက်သွား လေသည်။ ရှေ့သို့ အနည်းငယ်သွားမိသောအခါ ရွှံ့ဗွက်အိုင်ထဲတွင် လှည်းဘီးများ နွံထဲ ကျွံဝင်နေသော နွားလှည်းတစ်စီးကို တွေ့ရသည်။ […]


– – – – – ====================== ====================== သူဋ္ဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့  ငှက်သဗ္ဗာန်ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။) “ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အဝတ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး” “ဟုတ်ကဲ့” ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။ “အခု တစ်နေ့ ဘယ်လောက်ရတုံး” “အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့” “ဝင်ငွေ ဘာမှမရပါလား။ တယ်ညံ့သကိုး” ခဏနေပြန်တော့ … “မင်းမှာ အိမ်ရောရှိရဲ့လား” “မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာနေတာ” “အိမ်ကလေးတစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး” ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုးဆိုလိုက်နဲ့ […]


manawphyulayFebruary 26, 20111min2773
A – Accepts you as you are. သင့်ကိုအရှိအတိုင်းလက်ခံသူ B – Believes in ”you” . သင့်ကိုယုံကြည်သူ C – Calls you just to say ”HI” . “နေကောင်းရဲ့လား”ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ D – Doesn’t give up on you. သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ E – Envisions the whole of you (even the unfinished parts) သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအဝင်)ကို မှန်းမျှော်ပီတိဖြစ်နေသူ F – Forgives your mistakes. […]