hmeeApril 28, 20111min2207
ကျွန်မတို့ ရွာလေးဟာ အညာအရပ်ဒေသက ရွာလေးမို. တကယ့် ရွာဓလေ့ ရွာစရိုက် အပြည့်ခံစား စံစားရတဲ့ ဒေသလေးပါ။ တနှစ်ပတ်လုံး တရွာလုံး မိမိအလုပ်နှင့် မိမိအလုပ်ရှုပ်နေပေမဲ့ နွေရာသီများ  ရောက်ရင်တော့ဖြင့် အားလုံးနီးပါး ပူပြင်းတဲ့နေကြောင့် အနားယူကြပါပြီ။  မိုးမကျမှီ အထိ အေးအေးလူလူ လူရောနွားပါ အနားရတာပါ။  ကျွန်မတို့ ကလေးလေးတွေလည်း အတန်းတင်စာမေးပွဲ ပြီးပြီမို့ အခုခေါတ်လို ကျုရှင်မရှိတာမို. မီးကုန်ယမ်းကုန် ကဲခွင့် အပြည့်ရပါပြီ။ ကျွန်မတို့ အရပ်ဒေသဟာ အညာဒေသမို့ နေကအလွန်ပြင်းပါတယ်။ အိမ်တိုင်းနီးပါးကလည်း သွပ်မိုး ၊သစ်ကာနဲ့ သက်ကယ်မိုး ထရံကာကများပြီး အုတ်ခံအိမ် နည်းပါးတာမို. မီးလောင်မှာ အလွန်ကြောက်ရတာပါ။ မြင်မြင်သမျှ ရှိရှိသမျှ အိမ်တွေ သစ်ပင်တွေ သစ်ရွက်တွေကလည်း နေအပူကြောင့် ကြွပ်ရွနေတာများ ဟင်း..မီးတပွားကျလို. ကတော့ဖြင့်လို့ […]


hmeeApril 27, 20111min30710
လူတယောက်မှာရှိသင့်သော ခန္ဓာကိုယ် အလေးချိန်ကို ဗဟုသုတ ရရန်အလို့ငှါ  တင်ပြပေးခြင်းပါနော်။ သိပြီးသူများလည်း သည်းခံပြီး ဖတ်ပေးတာ ကျေးဇူးပါနော်။ ရှိသင့်တဲ့အလေးချိန် အရပ်                                အနိမ့်ဆုံး                            အမြင့်ဆုံး ၄ပေ ၈လက္မ                      ၈၉ပေါင်                                    ၁၁၂ပေါင် ၄ပေ ၉လက္မ                    ၉၂ပေါင်                                       ၁၁၆ပေါင် ၄ပေ ၁ဝလက္မ                  ၉၆ပေါင်                                      ၁၂ဝပေါင် ၄ပေ ၁၁လက္မ                   ၉၉ပေါင်                                     ၁၂၄ပေါင် ၅ပေ                                 ၁၀၂ပေါင်                                  ၁၂၈ပေါင် ၅ပေ ၁လက္မ                    ၁၀၆ပေါင်                                   ၁၃၂ပေါင် ၅ပေ ၂လက္မ                  ၁၀၉ပေါင်                                    ၁၃ရပေါင် ၅ပေ ၃လက္မ                   ၁၁၃ပေါင်                                   ၁၄၁ပေါင် ၅ပေ ၄လက္မ                   ၁၁ရပေါင်                                   ၁၄၆ပေါင် ၅ပေ ၅လက္မ                 ၁၂ဝပေါင်                                   ၁၅ဝပေါင် ၅ပေ ၆လက္မ                […]


hmeeApril 22, 20111min37318
တောအရပ် ရွာမှာ ဈေးရောင်း ဈေးဝယ်လုပ်တာလေးတွေပါ။ ကျွန်မတို. ရွာမှာ ဈေးမရှိပါ။ ရွာလမ်းမတလျှောက် လမ်းလျှောက်ပြီး လိုက်လံရောင်းချသည့် ခေါင်းရွက်ဗျက်ထိုးသည်  ထံမှ ဝယ်ယူရသည်။ တချို.မှာ မိမိစိုက်ပျိုး ထားသည်များကို ခူးဆွတ်ရောင်းချရု ်  အချို.ကမူ မြို.ဈေးမှဝယ်ကာ တဆင့်ပြန်လည်ရောင်းချကြသည်။ မြို.အရပ်မှာကဲ့သို. မနက်အစော ဈေးသွားကာ အသင့်စောင့်ဆိုင်း ရောင်းချနေသည့် ဈေးသည်များ ထံမှ မိမိနှစ်သက်ရာဝယ်ယူကာ တနေ.စာ ဝမ်းရေးကို လွယ်လင့်တကူ ဝယ်စားနိုင်သော်လည်း တောအရပ်မှာမူ ငွေရှိတိုင်းစားချင်ရာ စားရု ်မရပေ။ မိမိအိမ်ရှေ. လမ်းမမှ ဈေးသည်များ အသံကို နားစွင့်ရင်း မိမိဝယ်လိုသည့် ဈေးသည်လာမှ ခေါ်ယူဝယ်ကာ ဟင်းချက်ရသည်။ တခါတရံ မိမိစားလိုသည်ကတမျိုုး ချက်လိုက်ရသည့်ဟင်းက တခြားဖြစ်ရသည်။ ဈေးသည်များမှာ အများစုအားဖြင့် တခြားရွာမှ လာရောက် ရောင်းချသည်ကများသဖြင့်  […]


hmeeApril 17, 20111min71228
ဒီပုံပြင်လေးကို ကြားဖူးသူ ရှိသလို မကြားဘူးသူလည်း ရှိမှာပါ။ ဒီနေ.တော. စိတ်ထဲမှာ ဒီအကြောင်း အရမ်းရေးချင်လာလို.ပါ။ တခါက လူတယောက်ဟာ ခရီးဝေးတခုကို ခရီးထွက်လာသတဲ့။ လမ်းလျှောက်လာရတာလည်း ဝေးရတဲ့အထဲ နေကလည်း ပူလွန်းတာမို. အမောပြေ ခရီးတထောက် နားဖို.နေရာတခုလောက် တွေ.ရင်ဖြင့် ကောင်းသားလို. တွေးရင်းနဲ. လျှောက်လာလိုက်တာ ရှေ.ခပ်လှမ်းလှမ်းမှာ ရွာတခုကို လှမ်းမြင်သတဲ့။ ဒါနဲ. အားတက်ပြီး ရွာကအိမ်တအိမ်မှာ ရေလေးတပေါက်လောက် တောင်းသောက်ပြီး အမောဖြေမှလို. တယောက်တည်း ရေရွတ်ပြီး ရွာဆီကို လျှောက်လာတာပေါ့။ အဲ.. ရွာမရောက်ခင် ထူးခြားတာ တခုကို သူမြင်တာမို. အတော်စိတ်ဝင်စားမိတာပေါ့။  အိမ်လေးတလုံးဟာ ရွာနဲ. ခပ်လှမ်းလှမ်းမှာ တကွဲတပြား သီးခြားရှိနေတာမို. ဘာကြောင့်ပါလိမ်.လို. နဂိုရှိရင်းစပ်စုချင်စိတ်ကို တားမရတာမို. ရွာကိုမသွားတော.ပဲ အဲဒီ့ ရွာပြင်က အိမ်ဆီ […]


hmeeApril 14, 20111min1906
ကျွန်မ မိဘများသည် တကယ့်ကို တောမှာမွေး တောမှာကြီး တောမှာပဲ ခေါင်းချမည်.သူတွေပါ။ ဒါပေမဲ့ တောအရပ်မှာ နေသော်လည်း ဗဟုသုတကတော့ဖြင့် တကယ်ကို ပြည့်စုံသူပါ။ အဖေရော အမေပါ စာဖတ်အား အရမ်းကောင်းပါတယ်။ အဲ ..အဖေကတော့ မှတ်သားတတ်တဲ့စိတ် ပိုကြီးတယ်။ ကျွန်မတို.လည်း ဒီစာအုပ်၊ ဒီစာကို ဖတ်ပေမဲ့ အဖေ.လို တော. ပြန်ပြီး မပြောနိုင် မပြောတတ်ဘူး။ စာတိုပေစလေးတွေ  ကဗျာတိုလေးတွေကို  တခါတလေ  ကိုယ်ကအစလောက်သိလို. အဖေ.ကို မေးရင်ဖြင့် အစအဆုံး ရွတ်ပြတတ်တယ်။  တောအရပ် ဖြစ်လို. နေ.ခင်းနေ.လည် အားလပ်ချိန်များမှာ ဖြင့် အိမ်အောက် တန်းလျှားမှာ အဖေက အရှေ.ဖက်တန်းလျှား အမေက အနောက်ဖက် တန်းလျှား မှာ လဲလျှောင်းရင်း စာဖတ်နေတာကို ငယ်ငယ်ကတည်း ကနေ […]


hmeeApril 11, 20111min35716
ကျွန်မ အရင်တခါက ယာထဲထမင်းပို.တဲ့ အကြောင်းရေးဖူးပါတယ်။ အခုတခါတော့ လယ်ထဲ ထမင်းပို.တဲ့အကြောင်းပါ။ ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ခင်အချိန်ပိုင်းလေးမှာ ရွာမှာပြန်နေပါတယ်။ အစ်ကိုကြီးကတော့  ဘွဲ.ရပြီးလို. အစိုးရအလုပ်မှာ ဝင်ရောက်သွားလို.  ငှာနစုမှုးအရာနဲ. နယ်မြို.တမြို.မှာ တာဝန်ထမ်းဆောင်နေပါတယ်။  မောင်လေးနဲ. ညီမလေးကတော. မြို.မှာ ကျောင်းတက်နေချိန်မို. အိမ်မှာ အဖေ၊အမေနဲ.ကျွန်မ သုံးယောက်ပဲရှိတာမို. ကျွန်မပဲ ကလေးလုပ်နေတယ်။ ငယ်ငယ်ကတည်းက အမြဲခွဲနေရတဲ့ အချိန်ကများပြီး အတူနေရတဲ့အချိန်က တော်တော်နည်းပါတယ်။  မိုးတွင်းအခါမှာ ကျောင်းဖွင့်တာမို. မြို.မှာပဲ အနေများပြီး တောဓလေ့ကို တကယ်ကို အပေါ်ယံလောက်သာရှပ်သိပြီး ထဲထဲဝင်ဝင် သိပ်မသိလှပါဘူး။ ဒါပေမဲ့ မိဘလက်ငုတ်လက်ရင်း အလုပ်မို. သံယောဇဉ်လည်း ရှိသမို. ကြုံကြိုက်တိုင်း သိချင်တာလေးတွေတော့  အမြဲမေးမိတယ်။ မိန်းခလေးမို. အနီးကပ် အမေနဲ.နေတာ များလို. အမေ့ကို […]


hmeeApril 6, 20111min1908
ဒီနှစ်ဟာ အတော်ကို ထူးခြားတဲ့ နှစ်ဖြစ်ပါတယ်ဆိုတာ သတိထားမိပါသလား။ ကျွန်မတို. ကြုံလေ့ကြုံထ မရှိတဲ့ date လေးမျိုးကို တွေ.ရှိနေရပါတယ်။  “၁” ဂဏန်းသမားတွေ စိုးမိုးတဲ့……၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ တွေ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ.ကတော့ သူငယ်ချင်းတို.ရဲ. မွေးသက္ကရာဇ်ရဲ. နောက်ဆုံးနှစ်လုံးကို ခုရောက်ရှိနေတဲ့  အသက်နဲ.ပေါင်းလိုက်မယ်ဆိုရင် “၁၁၁” ကိုရမှာဖြစ်ပါတယ်၊ လူတိုင်းအတွက်မှန်နေတာဖြစ်ပါတယ်။ ( ဥပမာ – ကျွန်မ အခုရောက်နေတဲ့အသက် ၂၁ ၊မွေးတာက ၉ဝ …နှစ်ခုပေါင်းတော. “၁၁၁” ပါ။ နှစ်ပေါင်း (၈၂၃ ) နှစ်မှာမှ တခါကြုံနိုင်တဲ့ ဒီနှစ်ကို money bag year လို. ခေါ်ပါတယ်တဲ့။ ပြီးခဲ့တဲ့ January မှာ စနေ […]


hmeeApril 6, 20111min26419
လူသားတိုင်း အသက်ရှင် နေထိုင်ရပ်တည်ဖို.အတွက်  အသက်မွေးဝမ်းကျောင်း တခုကိုတော့ဖြင့် မဖြစ်မနေ လုပ်ကိုင်ကြပါတယ်။  တချို.ကတော့ သမာအာဇီဝနဲ. စီးပွားရှာသလို တချို.ကတော့ ဝိသမလောဘနဲ. ရှာကြပါတယ်။ သမာအာဇီဝနဲ. စီးပွားရှာတိုင်းလည်း မိမိရဲ.ပင်ကိုယ် စိတ်ဓါတ်မကောင်းလျှင် ကောင်းသော်အသက်မွေးခြင်းလို. မဆိုနိုင်ပါဘူးလို. ကျွန်မကတော့ ယူဆမိပါတယ်။ မိမိရဲ. အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ရန်အတွက် မိမိကိုယ်တိုင်သာ ကြိုးစားရမှာ မလွဲပါဘူး။  ကျွန်မလည်း ဘွဲ.လေးတခုရတော.ဖြင့် ကျောင်းသားဆိုပြီး မိဘပိုက်ဆံ လက်ဖြန်.တောင်းလို. မရတော.တာနဲ. ဝင်ငွေရမဲ. အလုပ်တခုလောက် လုပ်ဖို. စဉ်းစားရပြီပေါ့။ ဘယ်လိုအလုပ်လုပ်ရမလဲလို. စဉ်းစားရတာရယ် မဖြစ်နိုင်ဘူး၊ အင်း…ငါနဲ.တော. ရမယ်မထင်ဘူး  စသည်ဖြင့် တွေးလိုက် ကိုယ်.ဖာသာပြန်ငြင်းလိုက်နဲ. ခေါင်းတွေပူပြီး တခါတခါ ခေါင်းကမီးခိုးတောင် ထွက်ပြီလား ထင်မိပါတယ်။  ဘယ်အလုပ်ကများ ရေရှည်အတွက် ကောင်းလဲလို.  တိုင်ပင်တော.လည်း  အကြံပေးတာကို […]


hmeeMarch 28, 20111min2628
တောအရပ် တောဒေသမှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရာမှာ ကျွမ်းကျင်မှုနဲ. အကင်းပါးမှုဟာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။ ဘယ်လိုရာသီဥတုမှာ ဘယ်လိုသီးနှံ စိုက်ရမယ်ဆိုတာရယ် အပင်ကြီးထွားပြီး အောင်မြင်တဲ့ အသီးများများနှင့် အထွက်တိုးဖို. ဆိုတာရယ်မှာ ကျွမ်းကျင်မှုက အဓိကကျပါတယ်။ ဓါးမဦးချ ဒီအလုပ်ပဲ နှစ်စဉ်လုပ်ကိုင်တာမို. လူတိုင်းကျွမ်းကျင် မှာပဲလို. တရားသေ ပြောလို.က မရပါဘူး။ မှတ်သားတတ်တဲ့စိတ် လေ့လာတတ်တဲ့ဉာဉ်နဲ. အကင်းပါးဖို.လည်း မဖြစ်မနေ လိုအပ်လှပါတယ်။ အို.. ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လုပ်လာတာပဲလို. လှေနံဓါးထစ် ယူဆကာ တိုးတက်လာတဲ့ ခောတ်ကို လစ်လျှုမရှု.သင့်ဘူးလေ။  ဘယ်လိုအမျိုးအစားကို သုံးရင် သီးနှံပိုထွက်တယ် ဆိုတာကိုလည်း မျက်ရှည်မပြတ်အောင် လေ့လာရပါတယ်။ ဒါ့အပြင် တောင်သူတွေ အဓိက ဂရုစိုက်ရတာကတော့ ရာသီဥတုဖြစ်ပြီး ပေါ့ဆလို.ကိုမရတာပါ။  တောင်ယာအလုပ်ကို လုပ်ကိုင်ပြီ ဆိုတဲ့အခါ ရာသီဥတုနဲ. […]


hmeeMarch 23, 20111min1252
  မြန်မာပြည်သူ ပြည်သားတိုင်း မြို.ရွာ ကျေးလက်မကျန် ပျော်ကြတာ နှစ်သစ်ကူးတဲ့ သင်္ကြန်မှာပါ။ ရေပက်ခံ မထွက်ဘူးဖူးလို.  ပြောနိုင်ပေမဲ့  ရေပက်တော့ ခံဖူးကြမှာပါ။ ဒါမှမဟုတ် ပျော်တတ်လို. ပျော်နေသူတွေကို ကြည့်ပြီး နဲနဲလေးတော့ အပျော်ကူးပြီး ပြုံးတော့ပြုံးမိမှာ  မလွဲနိုင်ဘူးနော်။ ကျွန်မအတွက်တော. တောသင်္ကြန်ရော မြို.သင်္ကြန်ပါ နှစ်ခုစလုံး ပါဝင်နွှဲပျော်ဖူးပါတယ်။  ကလေးဘဝက ကလေးလိုပျော် လူငယ်ဘဝမှာတော. လူငယ်ဘာဝပျော်ခဲ့ပြီး လူလတ်ပိုင်းရောက်တော့လည်း ခံစားချက် တမျိုးပြောင်းလာပြီး ပျော်တာပေါ့။ ဒါပေမဲ. သေချာတာကတော့ ငယ်ငယ်က တောမှာ ပျော်ခဲ့တာကတော့ အပျော်ဆုံးပါပဲ။ လူတိုင်းလည်းသိကြမှာပါ  သင်္ကြန် တတွင်းလုံး ပျော်ပြီး နှစ်ဆန်းတရက်နေ့မှာတော. ကုသိုလ်ယူကြတယ်လေ။  ဒါပေမဲ့ အမြဲတမ်းတော. မဟုတ်နိုင်ဘူးနော်  တခါတရံ အခွင့်အရေး ကြုံလာတဲ့အခါ ရတဲ့အခွင့်အရေးကို လက်မလွှတ်ချင်တာနဲ. အစဉ်အမြဲ […]


hmeeMarch 22, 20111min2338
လူတိုင်းလူတိုင်းမှာ တခု သို.မဟုတ် တခုထက်ပိုသော အမှတ်တရတွေ ရှိကြမှာပါလို. ကျွန်မပြောရင် ကျွန်မ မလွန်ပါဘူးနော်။ မရှိပါဘူးလို. ကို.ကိုယ်ပြန်ပြောမိရင် သေချာပြန်စဉ်းစားကြည့်ပါလို. အကြံပေးချင်ပါတယ်။ မိမိ သတိမထားမိတဲ့ အမှတ်တမဲ့ ဖြစ်သွားတဲ. အမှတ်ရစရာလေးတွေ အနည်းဆုံးတခုလောက်တော. ရှိကောင်းရှိခဲ့မှာပါ။  ကျွန်မမှာတော. ခံစားလွယ်လို.ပဲလား ဒါမှမဟုတ် မိမိအတွက်အသစ်အဆန်း အထူးအဆန်းဆို အမြဲအလိုလို မှတ်မိတတ်လို.လား အတိအကျ မပြောတတ်ပေမဲ့ တကယ်ကို အမှတ်ရစရာတွေ များနေတာပါ။ ကျွန်မတို.ရွာမှ စာသင်ကျောင်းဟာ   ဟို..အရင် ကျွန်မတို. ငယ်စဉ်က အခုလို အလယ်တန်းကျောင်းမဟုတ်ပါဘူး။ မူလတန်းကျောင်းကလေးသာ ဖြစ်ပါတယ်။ ဒါကြောင်မို. ပညာဆက်သင်မဲ့ ကလေးတွေမှာ မြို.က အထက်တန်းကျောင်းမှာ ကျောင်းဖွင့်ချိန်တချိန်လုံး မြို.မှာနေ မြို.မှာပဲ စာသင်ရတာပေါ့။ အိမ်ဝယ်နိုင်သူများက မြို.မှာ အိမ်ဝယ်ပြီး သားသမီးကို ကျောင်းထားသလို […]


hmeeMarch 21, 20111min24313
တောအရပ်မှာ တောင်သူမိဘ နှစ်ပါးမှ မွေးဖွားလာခဲ့ပေမဲ့ မြို.မှာကျောင်းတက်ပြီး   ဘွဲ.လေးတခုရတော့ ထိုက်သင့်တဲ့အလုပ်လေး ဝင်လုပ်ပြီး မြို.မှာပျော်ကာ မြို.မှာပဲ အနေများလာပါတယ်။ တနှစ်တခါတောင် မိဘထံကို ပြန်မရောက်ဖြစ်တော့ပါဘူး။ မရောက်တာလည်း အတော်ကြာပြီမို. နောက်လာမည့် သီတင်းကျွတ်တော့ မိဘတွေကိုလည်း ကန်တော့ချင် မတွေ.ရတာ ကြာပြီဖြစ်တဲ့ အမျိုးတွေနဲ.လည်း တွေ.ချင်လို. ပြန်ဖြစ်အောင်ပြန်ပြီး ရက်အတော်ကြာကြာ နေဖြစ်အောင်ကို နေလိုက်မယ်လို. အားခဲထားခဲ့ပါတယ်။ ကျွန်မတို. မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ    မြန်မာလူမျိုးတိုင်း သီတင်းကျွတ်မှာ အသက်အရွယ်ကြီးသူ မိဘဆွေမျိုး၊ လေးစားရတဲ့သူတွေကို ကန်တော့ကြပါတယ်။ ကျွန်မတို.ရွာမှာလည်း အဲဒီလိုလည်း ကန်တော့တဲ့အပြင် ရွာမှာရှိတဲ့ အသက်အရွယ် တော်တော်ကြီးတဲ့ အဖိုး၊အဖွားတွေကို မိမိနဲ.ဆွေမျိုး မတော်သော်လည်း သီတင်းကျွတ်လပြည့်ညမှာ တအိမ်တက် တအိမ်ဆင်း လိုက်လံကန်တော့ကြတယ်။ တောရွာထုံးစံအတိုင်း မနက်၊ […]


hmeeMarch 18, 20111min1414
ဒီတခါတော့ ရယ်ရတာမဟုတ်ပါဘူး ရင်တုန်ခဲ့ရတာပါ။ မြို.မှာကျောင်းတက် မြို.မှာပဲ အနေများလို. ရွာမှာမပျော်တော့ပါဘူး။ ဒါကြောင့် ရွာကိုလည်း တနှစ်ထက်တနှစ် အရောက်နည်းလာပါတယ်။ ကျောင်းပြီးလို. ဘွဲ.တခုရ ပြီးတော့အလုပ်ရှာ အလုပ်ရတော့ အလုပ်မှာအောင်မြင်ချင်တဲ့ စိတ်နဲ.ကြိုးစားရလို. ရွာကိုမပြန်နိုင်တဲ့အတွက် ဘုရားပွဲနဲ. ဝေးနေတာပေါ့။အဲ  တနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖို. အခွင့်ကြုံလာပါတယ်။ အလုပ်လည်း အဆင်ပြေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီထင်လို. မိဘရင်ကို စုန်ကန်ပြီး ချစ်ချစ်ကြီးနဲ. လက်တွဲဖို. ဆုံးဖြတ်ပြီး မင်္ဂလာဆောင်ပွဲကို မြို.မှာ ကျင်းပပါတယ်။ မင်္ဂလာပွဲပြီးလို.  မိဘတွေနဲ. ဆွေမျိုးတွေ ရွာပြန်ဖို. ပြင်ကြ ဆင်ကြတယ်လေ။ ကျွန်တော်တို. နှစ်ယောက်လည်း အလုပ်က ခွင့်ရက်ကြာကြာ မရတာရယ်  နောက် ၄ ရက်ကြာမှာ ဘုရားပွဲရှိတာမို. မြို.သားအစစ် ကျွန်တော့်ချစ်ချစ်ကို  ရွာဘုရား ပွဲနွှဲစေချင်တဲ့ […]