တောဓလေ့…မမေ့နိုင်ပါ…

hmeeMarch 28, 20111min1658

တောအရပ် တောဒေသမှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရာမှာ ကျွမ်းကျင်မှုနဲ. အကင်းပါးမှုဟာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။ ဘယ်လိုရာသီဥတုမှာ ဘယ်လိုသီးနှံ စိုက်ရမယ်ဆိုတာရယ် အပင်ကြီးထွားပြီး အောင်မြင်တဲ့ အသီးများများနှင့် အထွက်တိုးဖို. ဆိုတာရယ်မှာ ကျွမ်းကျင်မှုက အဓိကကျပါတယ်။ ဓါးမဦးချ ဒီအလုပ်ပဲ နှစ်စဉ်လုပ်ကိုင်တာမို. လူတိုင်းကျွမ်းကျင် မှာပဲလို. တရားသေ ပြောလို.က မရပါဘူး။ မှတ်သားတတ်တဲ့စိတ် လေ့လာတတ်တဲ့ဉာဉ်နဲ. အကင်းပါးဖို.လည်း မဖြစ်မနေ လိုအပ်လှပါတယ်။ အို.. ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လုပ်လာတာပဲလို. လှေနံဓါးထစ် ယူဆကာ တိုးတက်လာတဲ့ ခောတ်ကို လစ်လျှုမရှု.သင့်ဘူးလေ။  ဘယ်လိုအမျိုးအစားကို သုံးရင် သီးနှံပိုထွက်တယ် ဆိုတာကိုလည်း မျက်ရှည်မပြတ်အောင် လေ့လာရပါတယ်။ ဒါ့အပြင် တောင်သူတွေ အဓိက ဂရုစိုက်ရတာကတော့ ရာသီဥတုဖြစ်ပြီး ပေါ့ဆလို.ကိုမရတာပါ။  တောင်ယာအလုပ်ကို လုပ်ကိုင်ပြီ ဆိုတဲ့အခါ ရာသီဥတုနဲ. ပတ်သက်ပြီး အမှတ်အသားလည်း ထားရပါတယ်။ မနှစ်ကတော့ မိုးနည်းပေမဲ့ ဒီနှစ်တော့များလည်းများပြီး မိုးဦးစောမလား နောက်ကျမလား စသည်ဖြင့် ကြိုသိမှ ထွန်ရေးစောရမလား နောက်နည်းနည်း ဆုတ်သင့်သလား ဆုံးဖြတ်ပြီး ကြိုလုပ်သင့်လျှင်လုပ် နောက်ကျမှလို. တွက်လျှင်လည်း  နောက်ကျအောင်စောင့်ပြီး  လုပ်ကိုင်ကြရတာပါ။

ကျွန်မတို. အရပ်ဒေသက အညာလည်းမကျ အောက်ပြည်လည်း မဟုတ်တဲ့ မြေလတ်ဒေသ ဖြစ်တဲ့အတွက် လယ်ရောယာပါ စိုက်ပျိုးလို.ရပါတယ်။ လယ်မြေမှာတော. မိုးတွင်းမှာ စပါးစိုက်ပြီး  ဆောင်းမှာ ပဲစိုက်သည့်အတွက် တနှစ်မှာ နှစ်သီးစားပဲ စိုက်လို.ရပေမဲ့ ယာကတော့ သုံးသီးစားပါ။ အဲဒီလိုသုံးသီးစားမို.  ထွန်ရေးလည်းစောစော စပြီးလုပ်ကိုင်ပါတယ်။  မိုးဦးမှာ အစေ့ထုတ်ပြောင်း စိုက်ပြီး နောက်ကျရင်တော့ ခရမ်းချဉ်တို. ပဲတို.စိုက်လေ.ရှိပါတယ်။ မိုးမကျခင်  ရာသီဥတုကို တွက်ပြီး ထယ်ရေးစပြင်ပါတယ်။ ကျွန်မအထင် ၅လပိုင်း ကုန်ခါနီးလောက်  ဖြစ်မယ်ထင်ပါတယ်။ ထယ်ထိုးမယ်ဆိုရင် အလုပ်သမားတွေက မနက်အစောကြီး စထွက်ရလို. မနက်စာ စားသွားလေ့ မရှိပဲ လယ်ပိုင်ရှင်မှ မနက်စာကို ယာခင်းထဲအထိ လိုက်ပို.ပေးရတာပါ။ ထမင်းစားခဏနား တဲ့အခါ နွားတွေလည်း ခဏအနားရတာမို. ကျွန်မကတော့ တချက်ခုတ်နှစ်ချက်ပြတ်များ စီစဉ်ထားသလားလို. တခါတခါ အတွေးခေါင်မိပါတယ်။

ကျွန်မတို. မိဘတွေပိုင်တဲ့ ယာခင်းတွေဟာ စစ်တောင်းမြစ်အရှေ.ဘက်ကမ်း ရိုးမတောင်ခြေနား မှာရှိလို. ရွာနဲ. အတော်လေးကို ဝေးပြီး ခြေလျှင်လျှောက်သွားလျှင် တနာရီပျော.ပျော.လောက် လျှောက်မှရောက်လို. တချို.အလုပ်သမားတွေက  ကျွန်မတို.ယာ အလုပ်ကို သိပ်မလိုက်ချင် မလုပ်ချင်ကြပါဘူး။  အဲဒီလို ဝေးလို.လည်း အလုပ်ဝင်ချိန် အချိန်မှီဖို.  တခြားယာမှ အလုပ်သမားတွေထက် အိပ်ရာမှ နဲနဲလေးစောထပြီး အိမ်မှ ခပ်စောစော စထွက်ရလို. မလုပ်ချင်ကြတာပါ။ အလုပ်သိမ်းပြန်တဲ. အခါမှာလည်း အလုပ်တက်ချိန်ခြင်း တူတာတောင်မှ လမ်းလျှောက်ရတာဝေးလို. အိမ်ကို တခြားသူများထက် နောက်ကျပြီးမှ ရောက်တာလည်း ပါပါတယ်။  နောက်တနေ.လိုမျိုး ထယ်စထိုးမယ်ဆို ဒီနေ.လိုည ကတည်းက လူလိုက်ခေါ် လိုက်အကြောင်းကြားတာကို အမေကလုပ်ပါတယ်။ ဟဲ့  ဘယ်သူရေ မနက်ကျ တို.လယ်မှာ ထယ်ထိုးမယ် နင်လိုက်နိုင်မလား  စသည်ဖြင့် လိုက်ပြောတဲ့အခါ  လိုက်မည်.သူကလည်း လိုက်ပါ့မယ် ကတိရလို. ကိုယ်လိုချင်တဲ့ အရေအတွက်ရရင်ဖြင့် မနက်ဖြန် ထယ်စထိုးဖို. သေချာသွားပါပြီ။ တခါတရံမှာတော. အားလုံးသေသေချာချာ စီစဉ်ပေမဲ့ ကိုရွှေမိုးက ညဘက်မှ ရွာပြီး ပွဲဖျက်ရင်တော့ဖြင့်  မနက်အစောထကာ ထယ်မထိုးဖြစ်ကြောင်း လိုက်လံအကြောင်းကြားပြီး  နောက်နေ.ကိုရွှေ.ရတတ်ပါတယ်။ မိုးရွာထားတယ်ဆို ထယ်ကထိုးမရတော.ပါဘူး။ ရွှံတွေဟာ ထယ်မှာကပ်သလို နွားလည်း ရုံးရတာ မသက်သာလှ သလို လုပ်ငန်းလည်း မတွင်လို.ပါ။

ရာသီဥတုလည်း အဆင်ပြေသလို အလုပ်သမားလည်း ရပြီမို. မနက်အစော ယာထဲကို မသွားခင် နွားတွေကို အစာကျွေး လူတွေလည်း လိုအပ်တာတွေပြင်ဆင်ရပါတယ်။ အမေလည်း အလုပ်သမားတွေ ရောက်နေသံ ကြားရင်ဖြင် အိပ်ရာက ထပြီး ထမင်းပို.ဖို. စပြီးချက်ရတာပေါ့။  ကျွန်မတို.ကတော့ နွားအော်သံ နွားကိုငေါက်နေတဲ့ လူသံတေ ွကြားနေပေမဲ့ အမေ့ရဲ. အိပ်ရာထဖို. နိုးသံမကြားမခြင်း အိပ်ရာထဲမှာ  နှပ်နေပါသေးတယ်။  ဒါပေမဲ. သိပ်အကြာကြီးတော့ ဆက်အိပ်ခွင့်မရပါဘူး။ ဘာလို.လည်းဆိုတော. ကျောင်းကလည်း မဖွင့်သေး အိမ်မှာလည်း အသုံးမဝင် နဲ.မို.  အလုပ်တန်ဖိုး သိအောင်  ယာထဲကို ထမင်းပို.တဲ့ တာဝန်ပေးအပ်ထားလို.ပါ။ ကျွန်မ မိဘတွေဟာ စည်းစနစ်ကြီးသူမို. သားသမီးကို အလိုလိုက်သင့်မှ အလိုလိုက်သလို မသင့်တော်တာဆိုလည်း  ထိထိရောက်ရောက် ဆုံးမတတ်ပါတယ်။ မြို.မှာ ကျောင်းထားတာမို. တောအလုပ် မလုပ်ခိုင်းရက်ဘူးလို. တခြားသော မိဘတွေလို  မတွေးတောသလို မခိုင်းပဲလည်း မထားပါဘူး။ အလုပ်တန်ဖိုး သိအောင် ငွေတန်ဖိုးသိအောင် ပြောပြ သင်ပြသလို  လက်တွေ.လည်း လုပ်ခိုင်းပြီး မိဘတွေ ပင်ပန်းတာကို ကိုယ်တိုင်မြင်စေ နားလည်စေပါတယ်။ ငါတို. ဒီလိုပင်ပန်းလို. နင်တို.ဘဝတွေ မပင်ပန်းအောင် မြို.မှာ ကျောင်းထားတာဟဲ. လို.များ သိအောင် လက်တွေ.ဝင်ရောက် ကွင်းဆင်း ပင်ပန်းစေပြီးမှ ပညာပေးသလားတောင် မသိပါဘူး။  ဒါကြောင့် နိုင်တဲ့ တာဝန်ဖြစ်တဲ့ ထမင်းပို.ခြင်း အလုပ်ကို ကျောင်းမဖွင့်ခင် အချိန်လေးမှာ လုပ်ခိုင်းပါတယ်။ အဲဒီလို ထမင်းပို.ခဲ.ရလို.လည်း  အခုလို ပြန်အမှတ်ရစရာလေး တခုရှိခဲ့တာပေါ့။

အိပ်ရာက ထပြီး မျက်နှာသစ် မနက်စာစားပြီး  အမေပြင်ပေးထားတဲ. အလုပ်သမားတွေ အတွက် ထမင်းခြင်းကို ညီအမ နှစ်ယောက်ပို.ရမှာပါ။ တောအရပ်ဆိုတော. ချိုင့်နဲ.မပို.ပါဘူး။ အလုပ်ကြမ်းသမားတွေမို. အများကြီး စားနိုင်လို. တကယ်ကို အများကြီးပို.ရတာဖြစ်လို. ဒန်အိုး ခပ်ကြီးကြီးတွေနဲ. ထည့်ရတာပါ။ ရေနွေးကြမ်းကလည်း အမောပြေ သောက်တာမို. ရေနွေးအိုးကလည်း အကြီးကြီးပါ။  ကြိမ်ခြင်း အကြီးကြီးထဲမှာ အောက်ဆုံးက ထမင်းအိုး သူ.အပေါ်က ဟင်းအိုးနဲ. အသုတ်အိုး စသည်ဖြင့် ဆင်.ပြီးထည်.ထားတာပါ။ ပြီးတော. ထမင်းထည့်စားဖို. ပန်းကန်ပြား ရေနွေးသောက်ဖို. အကြမ်းခွက် ဇွန်း လိုအပ်တာတွေ အကုန်ထည်.ထားတာပြီး အဲဒီကြိမ်ခြင်းကို ဝါးလုံးတလုံးကို သပ်လျှိုထည်.ပြီး နေရာမရွေ.အောင် နှီးနဲ့တခါတည်း တုပ်ပေးထားပါတယ်။ ရေနွေးကြမ်းအိုးပူပူ ကိုလည်း နှတ်သီးမှ ရေနွေးတွေ ထွက်ကျပြီး အပူလောင်မှာစိုးလို. နှတ်သီးအဝကို ပြောင်းဖူးအရိုး အဖျားပိုင်းနဲ.ဆို.ပြီး  ကြိမ်ခြင်းချည်ထားတဲ့ ဝါးလုံးမှာ ကပ်ချည်ပေးပါတယ်။  အားလုံးပြီးတဲ့ အခါ ကျွန်မညီမက အရှေ့ကထမ်း ကျွန်မက အနောက်ကထမ်းပြီး ထမင်းပို.သွားရပါတယ်။

ယာကိုရောက်ဖို. မြစ်ကိုလည်း ဖြတ်ရပြီး သဲသောင်ကိုလည်း ကျော်ရပါသေးတယ်။ မြစ်ကတော့ နွေရာသီမို. ရေကလည်းနဲနေတဲ့ အတွက် ဒီအတိုင်း ခြေလျှင်ဖြတ်ကူးလို. ရပါတယ်။ အိမ်ကနေထွက်လာ မြစ်ကိုဖြတ် သဲသောင်ကိုရုံးရတာ အရမ်းခြေကုန်ပြီး မောပါတယ်။ ထမ်းရတာလည်း လေးလို. လမ်းမှာလည်း တောင်းကိုချပြီး ခဏခဏနားရပါတယ်။ ငယ်ကလည်းငယ်သေးတော. ကစားချင်စိတ်က မပျောက်သေးတာမို. ခြင်းချထားတုန်း လမ်းတလျှောက် နှစ်ယောက်သား ကစားပါသေးတယ်။  ယာကလည်း ဝေးတာမို. လမ်းတလျှောက် မောလို.နားလိုက် ကစားလိုက်နဲ. ရောက်သွားလေ. ရှိပါတယ်။ တရက်ကတော. နှစ်ယောက်သား  ကစားတာ အဆော.လွန်ပြီး ခြင်းကို တိုက်မိတဲ့အတွက် ထမင်းခြင်းကြီး မှောက်ပြီး ထမင်းတွေမှောက်ကုန်တာပေါ့။ အဲ.ဒီနေ.ကတော. ဟင်းကို တလုံးချိုင့်ထဲ ထည်.ပေးတာမို.  မှောက်မှောက်ခြင်း ဟင်းချိုင့်ကို ကမန်းကတန်း ကောက်လိုက်လို ဟင်းကတော. မမှောက်ပေမဲ. ထမင်းတွေကတော. မြေကြီးပေါ် အပုံလိုက် ကျကုန်တယ်လေ။ ဒီအချိန်မှ အိမ်ပြန်ပြောပြီး ထမင်းပြန်ချက်ရင်လည်း ထမင်းစားချိန် လင့်မှာရယ်  ထမင်းတောင်းမှောက်အောင် ကဲရသလားဆိုပြီး အမေ့တုတ်နဲ. တင်ပါးမိတ်ဆက်မှာပဲ ဆိုတာရယ် မပြောပဲသိလို. နှစ်ယောက်သား တိုင်ပင်ပြီး ထမင်းတွေ ပြန်ကောက်ထည်.တာပေါ့။  ပြီးတော. ထမင်းခြင်းကို ထမ်းပြီး ခပ်တည်တည် ထမင်းပို.ခဲ့တယ်လေ။ အရင်နေ.တွေကတော.  သူတို.နဲ. ထမင်းအတူစားရတာ ပျော်လို. အမေကလည်း  အပိုထည်.ပေးမှန်းလည်း သိလို.   အမြဲ ထမင်း ဝင်စားပေမဲ. ဒီနေ့တော. ကိုယ့်အပြစ်နဲ.ကိုယ်မို. ထမင်းစားဖို. ခေါ်တာတောင်မှ  မစားရဲလို. ခပ်လှမ်းလှမ်းမှာ သွားနေပါတယ်။ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘယ်အချိန်သိမလဲလို. လန်.နေတာလည်း ပါပါတယ်။ ထမင်းစားလို. ပြီးသွားပေမဲ့ တယောက်မှ ဘာမှ မပြောလို.  သက်ပြင်းအသာလေး ခိုးချပြီး  ပစ္ဓည်းတွေ ကောက်သိမ်းပြီး နှစ်ယောက်သား အိမ်ပြန်လာရင်း ဘယ်သူ.မှ မပြောကြေး လုပ်ပြီး ခပ်တည်တည် နေခဲ့တာပေါ့။

နောက်တော်တော် ကြာတော့မှ ဒီအကြောင်းကို ပြောပြတော့ အဲဒီအချိန်တုန်းက ထယ်ထိုးတဲ့ သူတွေထဲမှာပါတဲ့ ဦးလေးက အေး  ထင်တော့ထင်သား ထမင်းစားရတာ သဲပါသလို တကျိကျိနဲ. ဘယ်သူမှ ဘာမှမပြောလို. ငါလည်းမပြောတော့ပဲ ဆာဆာနဲ.စားလိုက်တာဟ ထမင်းတောင်း မှောက်တာသာ အမသိလို.ကတော.  နင်တို.ကျောပြင် ဗျောတင်မှာဟေ ဆိုပြီး တဟားဟား ရီပါတော.တယ်။ ကြာခဲပြီဆိုပေမဲ့  တိုက်တိုက်ဆိုင်ဆိုင် သတိရမိတဲ့ အခါတိုင်း မနေ.တနေ. ကလိုမျိုး ထင်မိပြီး အမြဲပြုံးမိပါသေးတယ်။  ကျွန်မ အတွက်ကတော. တကယ်ကို မမေ့ရက် မမေ.နိုင်စရာ အဖြစ်လေးပါတဲ့ တောဓလေ.  လယ်ထဲ ထမင်းပို.ခြင်းလေး ဖြစ်ခဲ.ပါတော.တယ်။

8 comments

  • bigcat

    March 29, 2011 at 3:31 am

    ဖတ်ရတာ ဗိုက်တောင်ဆာလာသဗျို့။ ဒါနဲ့ လယ်နဲ့ယာ ဘယ်လိုကွာပါသလဲ။ ကျေးဇူးတင်ပါသည်။

  • ယောလေး

    March 29, 2011 at 3:40 am

    လယ်ဆိုတာက လယ်ကွက်ထဲမှာ မိုးရွာတဲ့ရေနဲ့စိုက်ရင်စိုက်တယ်၊မဟုတ်ရင် ချောင်းထဲမြောင်းထဲ မြစ်ထဲက ရေကိုရေစုတ်စက်နဲ့တင်ပြီးစိုက်တယ် လယ်ကွက်ပေါ့ဗျာ….. ယာ ကတော့ တောင်စောင်းကမ်းပါးတွေမှာ မိုးဦးကျချိန်မှာ စိုက်တယ်…. သူကရေသိပ်မလိုဘူး ဒီအတိုင်း ကျဲထားတာ ပေါင်းထိုးပေးပေါင်းသင်ပေးရတယ်…. ယာထဲမှာ ပဲသီးတို့ ပြောင်းဖူးတို့ အစရှိသဖြင့် ကြားညှပ်စိုက်ပျိုးကြတယ်….ဟုတ်လားတော့ မသိဘူး ….ပြောတော့ပြောကြည့်တာပဲ…

  • eros

    March 29, 2011 at 3:41 am

    လယ်ဆိုတာ စပါးစိုက်တာ၊ ယာဆိုတာ ပဲ၊ ပြောင်းဖူး၊ ဝါ စတာတွေ စိုက်တာ။

  • maungmoenyo

    March 29, 2011 at 3:49 am

    နွေရောက်တိုင်းအဖေတို့က မောင်မိုးညိုတို့ညီအကိုတွေကို ရန်ကုန်ပြည်ကားလမ်းနဘေးက အိုးသည်ကုန်း/ကျွဲတလင်းဆိုတဲ့ရွာကိုပို့ပြီး ဆွေမျိုးတွေနဲ့နီးစပ်စေပါတယ်။ နေ့လည်နေ့ခင်းလယ်ကသင်းစပ်ကဝါးကွပ်ပြစ်ကျဲကျဲပေါ်လက်တင် တရေးတမောကျရင်း၊ တချက်ချက်သုတ်ကနဲတိုက်လာတဲ့ လေပြေလေးရဲ့ အရသာ၊ နောက်ချေးနဲသင်းနေတဲ့ နလှည်းတပို့ ကရနံ့ တွေ၊ ပြီးတော့ တဂွက်ဂွက်အော်မြည်တဲ့ ရေဘဲ၊ ပုရစ်တွေရဲ့ အသံတွေ….ဘာနဲ့မှလဲမရတဲ့ အရသာတွေပါလားနော်…။ ခုချိန် aircon ခန်းထဲကဆိုဖာပေါ်ထိုင်ရင်းတီဗွီ ကိုဇိမ်ခံ ဘယ်လောက်ဘဲကြည့်ကြည့်၊ အရင်က ဒို့ရွာမှာပျင်းကြောဆွဲခဲ့တာတွေ တိတ်တခိုး လွမ်းဆဲပါနော်…။

  • hmee

    March 29, 2011 at 8:27 am

    ကိုကြောင်ကြီးရေ လယ်နဲ.ယာ ကွာတာကတော. လယ်မှာစိုက်တဲ့စပါးက ရေလိုလို. ရေလှောင်ရန်အတွက် လယ်မှာ ကမ်းသင်းရိုးဆိုတာရှိပါတယ်။ ယာမှာတော. ပြောင်း၊ ပဲ တို. စိုက်လို. ရေမလိုတဲ့ အတွက် တကွက်နဲ. တကွက်ကြားမှာ ကမ်းသင်းရိုးမရှိပဲ တမျှော်တခေါ် ပြင်ကျယ်ကြီးပါ။ ဒါ.အပြင် လယ်မြေထက် ယာမြေက ဈေးပိုကြီးပါတယ်။

  • kai

    March 29, 2011 at 8:39 am

    သာမန် လယ်ထဲသွားတဲ့အလုပ်ချိန်က မနက်ဘယ်နနာရီလောက်ပါလိမ့်..။
    အလုပ်သိမ်းတော့ကော..။
    စုစုပေါင်း..တရက်အလုပ်ချိန် ..အကြမ်းဖျင်းသိချင်မိပါတယ်..။ အဆင်ပြေရင် ရေးပြပါဦး..။

    ဟင်းကရော.. ဘာဟင်းများစားကြပါသလည်း..။ တယောက်ကိုယ်တာ ဘယ်လောက်ရသလဲလို့..။ 🙂

  • MaMa

    March 29, 2011 at 2:20 pm

    မှီရေ မှီတို့ရွာက ညောင်ခါးရှည်ရွာနဲ့နီးလား။ သိမ်ဇရပ်နဲ့နီးလား။

  • hmee

    March 30, 2011 at 9:15 am

    @ ကိုခိုင်ရေ နောင်ရေးတဲ့အခါမှာ အလျှင်းသင့်သလို ထည့်ရေးပေးပါမယ်။ တောဓလေ့မသိသူတွေ ဗဟုသုတရအောင်လို.ပါ။ ဟီး.. ပြောသာပြောတာ အချို. အကြောင်းအရာတွေက အတိအကျ သိပ်မသိသေးလို. မားသားကြီးနဲ. ကြုံတဲ.အခါ သေသေချာချာ စုံအောင်မေးပြီးမှ ရေးနိုင်မယ်ထင်တယ်။ @ မမရေ မှီ. ဇာတိက မန္တလေးတိုင်းကပါ။ စစ်တောင်းမြစ်ဆို အားလုံးသိတာမို. စစ်တောင်းမြစ်လို. ရေးပေမဲ့ တကယ်တော့ ပေါင်းလောင်းလို.ခေါ်တဲ့ စစ်တောင်းမြစ် အစပါ။

Leave a Reply