လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တဲ့အချက်နဲ့တိုင်းတာရမှာ ( ဗန်းမော်တင်အောင် ) —- — —– ကဗျာခေါင်းစဉ်ကို ထပ်ခါထပ်ခါ ဆို ငါတို့ဟာ ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ လူငယ် အိပ်မက်ဖူးတွေ ပွင့်လာဖို့ မှော်ဆရာလို ပါးတွေဖောင်းလုမန်းမှုတ်နေစရာမလို ကိုယ့်အစွမ်းကိုယ့်ဇနဲ့အနာဂတ်သစ်ကမာ္ဘဖန်တီးပစ်နိုင်စွမ်းရှိတာ လောကလေဆန်ကို ခပ်ကြမ်းကြမ်းထိုးခွဲမယ့် ငါတို့ အရွယ်…လူငယ် ဟေ့….. ကိုယ်ပိုင်ဆိုင်ရာ ရင်ဘတ်တစ်စုံစီပေါ်မှာ ယုံကြည်ချက်တွေ ကိုယ်စီခိုင်မြဲစွာထိုးစိုက် ဟေး………….ကောင်းကင် ငါတို့လာတယ် ငါတို့လာခဲ့တယ် ပွက်ပွက်ထနေတဲ့ သွေးတွေကို တဂျုံးဂျုံးမောင်းနှင်ရင်း ဟေး………မည်းညစ်ညိုပုပ်နေတဲ့ကောင်းကင် သင့်ကို ခပ်မိုက်မိုက် တိုက်ချပစ်ဖို့ ငါတို့လာတယ် ငါတို့ လာခဲ့တယ် ၊၊ လူငယ်ဘဝဆိုတာ အသည်းကွဲလွမ်းဆွေးဖို့ သက်သက်မဟုတ်ကြောင်း အလွမ်းသီချင်းတွေချည်း သီကြွေးဟစ်အော်ဖို့မဟုတ်ကြောင်း ငါတို့ဟာ ကိုယ့်သမိုင်းကိုယ် အခမ်းနားဆုံးထွင်းထုလို့ သက်သေပြကြမှာ ဘယ်သူမပေးဘဲ […]