“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းနှစ်) “တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းနှစ်) နေ့စဉ် ကျနော်လမ်းလျှောက်တဲ့လမ်းမှာ ဒီထန်းပင်လေးကရှိနေပါတယ်။ အဲတော့ကြုံတိုင်းသတိရတိုင်းခလုပ်နှိပ်လို့လက်ဆော့ဖြစ်နေမိပါတယ်။ ရိုက်ဖြစ်ပြန်ရင်လဲ စက္ကန့်မိနစ်လောက်သာခြားပြီး တစ်နေရာထဲကို ထပ်ခါထပ်ခါရိုက်မိပါတယ်။ အဲတော့ နည်းနည်းလေးဘဲ ကွဲပြားတော့ တူသလိုလို မတူသလိုလို။ ဒါပေမယ့်သေချာကြည့်တော့ မှာ မတူခြားနားတဲ့အလှလေးတွေကို မြင်ရပါတယ်။ နောက်ကျနော်ရိုက်ထားတဲ့ပုံလေးတွေက အရပ်သဘောနဲ့လူပြိန်းကြည့်ကြည့်ရင် တော့လှနေမှာပါ။ ကျနော်ကလဲလက်ဆော့ထားတာကိုးဗျ။ အဲတော့ တတ်သိတဲ့ပညာရှင်များက ကျနော်လိုအပ်ချက်တွေကို အားမနာတမ်းထောက်ပြစေချင်ပါတယ်။ ဒါက တကယ့် စိတ်ရင်းအမှန်နဲ့ပြောပြတာပါ။ ပိုလှတဲ့ ပိုသေသပ်တဲ့ ပိုပြီးကောင်းမွန်တဲ့ပုံလေးတွေ ကျနော်ရိုက်တတ်လာအောင် ဝိုင်းကူညီပေးစေလိုပါတယ်။           အမှတ်စဉ်တစ်ကနေ 24ထိက (3-12-2011)နေ့ မနက်စောစောရယ် နေ့လည်ပိုင်းရယ်မှာရို်က်တဲ့ပုံ။ အမှတ်စဉ် 25ကနေ […]


“နေရာအနှံ့က ထန်းရိပ်ညိုကို ပြန်လည်ဖော်ထုတ်ခြင်း” ဟိုတစ်လောက ကျောက်ဆည်ဘက်ကိုရောက်တော့ ရှင်ပင်ဆပ်သွားကိုဆက်ဝင်ဖြစ်ပါတယ်။ လမ်းဘေးဝဲယာမှာ ရင့်မှည့်စပြုနေတဲ့ကောက်ပင်တွေ မြင်တော့ ဆင်းပြီးဓါတ်ပုံရိုက်ပါတယ်။ နောက်မှမြင်မိတာကတော့ အဝေးကထန်းပင်အုပ်စု။ လယ်ကွင်းအဝါရောင် စိမ်းညို့မှောင်ထန်းပင် သဘာဝရဲ့အလှတွေပါဘဲ။ အဲဒီထန်းပင်တွေမြင်တော့ နေရာအနှံ့မှာတွေ့ဘူးတဲ့ ကိုယ်လက်ဆော့ခဲ့ဘူးတဲ့ ထန်းပင်လေးတွေကိုသတိမိတော့ပြန်ရှာမိပါတယ်။ ကျောက်ဆည်ကအပြန် မြစ်ငယ်တံတားကိုဖြတ်ရပြန်ပါတယ်။ မြစ်ငယ်တံတားအနောက်ဘက်ဓါတ်ဆီဆိုင်အလွန်မှာစစ်ကိုင်း တံတားဦးဘက်ကိုသွားတဲ့ လမ်းအသစ်လေးရှိပါတယ်။ တစ်ရက် အဲဒီလမ်းကပြန်လာတာကိုအမှတ်ရမိပါတယ်။ အဲဒိလမ်းဘေးကလယ်ကွင်းတွေထဲမှာထန်းပင်တွေရှိတယ်။ အဲဒီလမ်းတစ်နေရာရောက်ရင် စစ်ကိုင်းတံတားအသစ်က ကုန်းကြီးတွေကို မြင်ရတဲ့နေရာ လေးရှိပါတယ်။ စစ်ကိုင်းဘက်ရွှေကြက်ကျဘုရားကိုလဲမြင်နိုင်ပါတယ်။ ကြုံရင်ဝင်ကြည့်စေချင်ပါတယ်။ ကျနော်တို့မန်းလေးကျုံးပါတ်ပါတ်လည်မှာဆိုရင်လဲနန်းမြို့ရိုးပေါ်မှာထန်းပင်တွေရှိပါတယ်။ အနောက်ဘက်ကျုံးမှာလဲရှိသလို တောင်ဘက်ကျုံးမှာလဲရှိပါတယ်။ ဒီထန်းပင်တွေက နန်းတွင်း အတွင်းဘက်မြို့ရိုးပေါ်မှာပေါက်နေပြီး ကျနော်ထက်အသက်ကြီးပါတယ်။. ကျနော်ကလေးဘဝမှာဒီအပင်တွေက အရွယ်ရောက်နေပါပြီ။ ထန်းပင်ပုံတွေစုပြီးတင်မယ်လို့စဉ်းစားလိုက်တော့ြပြီးခဲ့တဲ့ဇွန်လတုံးကပြင်ဦးလွင်သွားတဲ့လမ်း အုန်းချောကအပြန်မှာ စိမ်းမြနေတဲ့လယ်ကွင်းတွေကြားထဲမှာ အထီးကျန်သလိုမတ်မတ်ကြီးရပ်နေတဲ့ထန်းပင်ကြီးကိုသွားသတိရမိပါတယ်။                                                            သူ့နောက်ဘက်မှာတော့ ဘော်ငွေရောင်တိမ်တိုက်ကြီးကလဲရှိနေပြန်ပါတယ်။                                                                                                                                                                           ဒီထန်းပင်လေးက မေမြို့ပန်းဈေးတန်းနဲ့သိပ်မနီးမဝေးနေရာလေး အတက်လမ်းဘက်မှာရှိတာပါ။   လူ့စိတ်ဆိုတာက အခက်သားလားဗျာ။ […]


“ထန်းရိပ်ညိုညို (ကျောက်တော် တောင်သမန် အဝေးလှမ်းတော့ ဆားတောင်) မြန်မာပြည်အထက်ပိုင်းနေရာတော်တော်များများမှာ ကျနော်မြင်ဘူးတာတော့ ထန်းပင်လေးတွေပါဘဲ။ တစ်ချို့က တစ်ပင်တည်း တစ်ချို့ကအုပ်စုလိုက် တစ်ချိုက သုံးလေးပင်တွဲ။ ထန်းရွက်ကစိမ်းစိမ်း ပင်စည်က မဲမဲ ဒါပေမယ့်ကျနော်တို့ကတော့ ထန်းရိပ်ညိုညိုလို့ပဲ အမည်ပေးလိုက်ကြပါတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြည်တည်း သီချင်းမှာပါတဲ့ “ ထန်းပင်ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်မောင်ရယ် မြရင်တို့ရွာ ရိုးရာဇာတိနွယ် “ လို့ရေးဖွဲ့ခဲ့သလို၊ ရှေးစာဆိုရှင်ကြီး ဝန်ကြီးပဒေသရာဇာရဲ့ “ထန်းတက်သမား “ကဗျာကနေ အဆိုတော်ကိုမင်းနောင်သီဆို လိုက်တော့ အင်မတန်ကျော်ကြားတဲ့ သီချင်းဖြစ်သွားခဲ့ပြန်ပါတယ်။ “နွေဦးကာလ မြူထသောအခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ” ဆိုတဲ့ကဗျာလေးကို ကျနော်တို့ဆယ်တန်းကျောင်းသားမှာ သင်ကြားရတော့ ထန်းပင်ဆိုတာလေးက  အတွေးထဲမှာ ရောက်နေခဲ့ပြန်ပါလေရော။ေ     1 ရေတံခွန်တောင်ကိုသွားတဲ့လမ်း အောင်ပင်လယ်မှာ တွေ့ရတဲ့ထန်းပင်စုစု ကျနော်ပြီးခဲ့တဲ့သင်္ကြန်တွင်းညနေစောင်းမှာ […]


“မှောက်ချည် လှန်ချည်” တစ်ခါ တစ်ခါ ပျင်းရိနေတဲ့အခါ အိပ်ယာပေါ်မှာ မှောက်ချည်လှန်ချည်နဲ့နေရင် အတော်လေးကို အရသာရှိပါတယ်။ တစ်ရက်ခပ်ပျင်းပျင်းရှိတာနဲ့………………………………………….               ကိုပေါက်လက်ဆောင် ပုံစာတွဲ (23-11-2011)


“သုံးပန်လှ တောင်သမန်” တောင်သမန်အင်းရဲ့အလှကို နွေအလှ မိုးအလှ ဆောင်းအလှ ဆိုပြီးသုံးပန်လှလို့တင်စားခဲ့ကြဘူးပါတယ်။ မိုးရာသီမှာ အင်းကြီးတစ်ခုလုံးရေတွေပြည့်မောက် လှိုင်းတွေက ဘောင်ဘင်ခတ်။ တံတားပေါ်လမ်းလျှောက်ရင်တောင်မှ လှိုင်းပုတ်တော့ လှုပ်ပဲ့ပဲ့ အသဲယားစရာ။ နွေမှာဆိုရင်တော့အင်းအလယ်လောက်မှာဘဲရေရှိ။ နံဘေးမှာတော့ စိုက်ခင်းတွေဖြစ်လို့ပေါ့။ ဆောင်းဆိုရင်တော့အင်းကြီးတစ်ခုလုံးစိုက်ခင်းတွေဖြစ်လို့။ နှင်းမူံ့(တကယ်တော့ မြူမူံ)ကြားမှာ မြင်ရချက်ကလွမ်းစရာ။ အဲဒီမြင်ကွင်းက တောင်သမန်းအင်းကြီး ရေလှောင်ကန်ဘဝကိုမရောက်သေးခင်ကပေါ့၊ နိုဝင်ဘာဆောင်းဦးတစ်ရက်တောင်သမန်ဘက်အရောက် သစ်ပင်နှစ်ပင်ကြားမှာလှေကလေးမြင်တော့ မရိုက်ဘူးသေးတဲ့ပုံစံလေးနဲ့ရို်က်ကြည့်မိပါတယ်။ ခါတိုင်းလက်ဆော့မယ်ဆိုရင်ကိုယ့်ရှေ့မှာဘာမှ မရှိအောင်ထားပြီး ရိုက်တာကိုး။ ဒီတစ်ခါတော့ အပင်ကြားကနေမြင်ရတဲ့ လှေကလေးတစ်စင်း၊ ထွန်လက်စ ယာခင်း။ စိမ်းစိုနေတဲ့ ကောက်ပင် မြင်ရတာအေးချမ်းပါတယ်။ မုးိတွင်းကာလဖြစ်တဲ့ ဩဂုတ်လတစ်ရက်မှာတော့ ကောင်းကင်ကလဲမိုးတိမ်တွေနဲ့အုံ့မိူင်း။ မြင်မြင်ရာနေရာမှာလဲရေအပြည့်။ အင်းကြီးတစ်ခုလုံးကလဲရေအပြည့်။ ဗိုက်တင်းလို့ဝနေတဲ့လူတစ်ယောက်ကိုမြင်ရသလိုပါဘဲ။ အရင်က ကွင်းပြင်ကြားမှာရှိနေတဲ့ဘုရားလေးကလဲရေထဲမှာ။ ဖုံထူထူမြေလမ်းလေးဘေး သူ့အောက်မှာစားသောက်ဆိုင်ခန်းလေးတွေကို ဆွဲသွင်းထားတတ်တဲ့မယ်ဇယ်ပင်ကြီးအောက်မှာတော့ ရေအပြည့်။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ ညစ်ပတ်တယ်ထင်လို့ရေဆင်းချိုးနေတဲ့မယ်ဇင်ပင်ကြီးကလဲအရွက်ဖားဖား။ အရင်တုံးကတော့ လယ်ခင်းတွေကြားမှာရှိလို့ […]


“မန်းလေးလမ်းဘေးက ပုရစ်ကြော်” ပြီးခဲ့တဲ့ရက်က မန်းလေးသူမန်းလေးသားများအကြိုက် မမေ့နိုင်တဲ့ပုရစ်ကြော်အကြောင်း တင်ပေးလိုက်ပါတယ်။ စာသက်သက်ကြောင့် ပုရစ်ပုံလေးတွေကို မြင်ချင်သူများရယ်၊ ပုရစ်ကြော်ကို မမြင်ဘူးတွေကလဲ မြင်ချင်ပါတယ်ဆိုတာနဲ့ မန်းလေး ပုရစ်ကြော်အများဆုံးရောင်းချပေးနေတဲ့ 24-25လမ်းကြား 85လမ်း၊ ရေကြည်ဓမ္မာရုံရှေ့မှာ ရှိနေတဲ့ ပုရစ်ဆို်င်များကို တင်ပေးလိုက်ပါတယ်။ အနီးကပ် ပုရစ်ကြော် စားချင်စရာလေးပါ။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (14-11-2011)


“စွယ်တော်လမ်း” ကျနော်ငယ်ငယ်တုံးကနေခဲ့တဲ့အိမ်ကလေးရဲ့အဝင်ပေါက်မှာ စွယ်တော်ပင်လေးနှစ်ပင်ရှိပါတယ်။ ဆောင်းဝင်စပြုပြီးဆိုရင်ဒီအပင်က အပွင့်လေးတွေဝေလာပါတယ်။ စစခြင်းမရမ်းရောင်နောက်တော့ ရက်ရင့်လေ အပွင့်လေးတွေက အရောင်ဖျော့လေပါဘဲ။ စွယ်တော်ကအနံ့တော့ မမွှေးပါဘူး။ နောက်တော့ ဒီအိမ်လေးမှာမနေတော့ စွယ်တော်နဲ့ဝေးသွားပါတယ်။ ကျနော်တို့ လူပျိုပေါက်မရောက်ခင်မှာ ဆရာတက္ကသိုလ်ဘုန်းနို်င်ကြောင့် ဒီစွယ်တော်က လူငယ်တွေကြားမှာ အချစ်ရဲ့သင်္ကေတလေးဖြစ်လို့လာပြန်ပါတယ်။ “နှစ်လွှာပေါင်းမှ တစ်ရွက်” လို့ ဆရာက ညွှန်းလိုက်တော့ ချစ်သူတွေအတွက် လှပသော သင်္ကေတလေးဖြစ်သွားပါတယ်။ နောက်ကျနော်တို့ခေတ်က စက်မူ့တက္ကသိုလ်တက်မယ်ဆိုရင် ရန်ကုန်ကိုသွားရပါတယ်။ အဲဒီခေတ်အခေါ်တော့ အာအိုင်တီ ပေါ့။ အဲဒီကျောင်းထဲမှာလဲ စွယ်တော်ပင်တွေရှိပါသတဲ့။ ချစ်သူ့လမ်းလေးဆိုတဲ့နေရာမှာလဲ ဒီအပင်လေးတွေရှိတယ်လို့ အဲဒီကျောင်းတက်နေတဲ့သူငယ်ချင်းတွေက ပြောကြပါတယ်။ နောက်တော့လဲ ကျနော်နဲ့ဒီစွယ်တော် ဝေးသွားပြန်တော့ မေ့မေ့ပျောက်ပျောက်။ ပြီးခဲ့တဲ ဇူလိုင်လက ရန်ကုန်ရောက်တော့ စွယ်တော်ဘုရားဘက်ကိုမနက်မနက်လမ်းလျှောက်သွားတော့ ဒီစွယ်တော်ပင်တွေကို တွေ့ရပြန်ရော။ ဖြစ်ချင်တော့ အပင်တစ်ပင်မှာ တစ်ပွင့်ထဲပေါက်နေတဲ့စွယ်တော်အဖြူလေးကိုမြင်ရတော့ ထူးထူးဆန်းဆန်း။ မန်းလေးမှာ […]


“အင်းဝမြို့ဟောင်းကကျောင်းတော်ကြီး” ပြီးခဲ့တဲ့ ဥပုဒ်အလုပ်ပိတ်ရက် သွားစရာနေရာစဉ်းစားတော့ မရောက်တာကြာတဲ့အင်းဝမြို့ကို သွားဘို့စိတ်ကူးပေါ်လာပါတယ်။ အရင်က သိပ်မကျယ်တဲ့လမ်းက အခု ကွန်ကရစ်လမ်းကြီးဖြစ်လို့။ အသွားလမ်းအပြန်လမ်းသတ်သတ်စီ။ လမ်းပေါ်လဲရောက်ရော မြို့ထဲမှာ ထိန်းချုပ်လို့ဆိုင်ကယ်မောင်းနေရာကနေ စိတ်ရှိသလောက် လွှတ်စီးလို့ရတဲ့လမ်းမပေါ်ရောက်တော့ စိတ်တွေတောင်ပေါ့ပါးသွားပါတယ်။ အင်းဝမြို့ထဲကိုဝင်လာရင်းလမ်းအကွေ့လဲရောက်ရှေးဟောင်းနဲ့ပြန်လည်ပြင်ဆင်ထားတာတွေရေနေတဲ့ စေတီပုထိုးတွေကိုတွေ့ရပါတယ်။ အဲဒါနဲ့ မဟာမုနိဆိုတဲ့ ရွှေတွေဝင်းအိနေတဲ့ဘုရားကိုဝင်ဖူးပြီးလို့ အပြင်ဘက်လှမ်းအကြည့်မှာ ပြိုပျက်နေတာကို တပိုင်းတစပြင်ထားတဲ့ကျောင်းကြီးကိုတွေ့ရပါတယ်။ကျောင်းဝိုင်းကြိးကတော့ ကျယ့်ပြန်သလို့ ကျောင်းတော်ကြီးကလဲကြီးမားလှပါတယ်၊ ဒါပေမယ့်ခြုံနွယ်ပိတ်ပေါင်းတွေအပြည့်နဲ့ပါ။ သေချာသာရှင်းထားမယ်ဆိုရင် နိုင်ငံခြားသားများအထဲထိဝင်ပြီးလေ့လာနိုင်မယ်လို့ထင်မိပါတယ်။ ဒီထက်ပို့ပြီး မှတ်တမ်းတင်ချင်ပေမယ့် နေပူတာရယ် ပါလာတဲ့အဖော်တွေက မယ်နုအုဌ်ကျောင်းကိုဘဲဦးတင်ချင်နေတာကြောင့် စိတ်တိုင်းကျမရိုက်ခဲ့ရပါဘူး။ ကျနော်လဲဒီအဆောက်အဦကြီး က ဘာလဲဆိုတာကျနော်မသိပါဘူး။ မြင်ရတဲ့မြင်ကွင်းကတော့ မင်းကွန်းက ပုထိုးတော်ကြီးက အုဌ်ဖိနပ်ကြီးကိုတွေ့ရသလို ကိုယ်က သူ့အောက်မှာပြားပြားဝပ်သွားသလိုခံစားရပါတယ်။ ပြန်ရောက်မှမေးကြည့်တော့ ညောင်ရမ်းမင်းတရားကြီးရဲ့ကောင်းမူ့ကျောင်းတော်ကြီးလို့ အမည်တွင်တယ်ဆိုတာကိုသိရပါတယ်။ အပြန်မှာထပ်ရိုက်မယ်စိတ်ကူးတော့ အဲဒီဘုရားမှာလူတွေကားတွေပြည့်နေပါတယ်။ ရုပ်ရှင်ရိုက်နေတာပါ။ ည ရွာထဲဝင်ကြည့်တော့ ကိုစိန်သော့ရဲ့ ဓါတ်ပုံအမှတ်(2)မှာဒီပုံလေးမြင်ရပါတယ်။ […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(16)” (အင်းလေးကန်ထဲ ဝဲလည်လည်) ခေါင်တိုင်လှေဆိပ်ကိုရောက်တော့ လှေဧည့်ကြိုက ကျနော်တို့စီးရမယ့်လှေဆီကိုလိုက်ပို့ပေးပါတယ်။ နောက်ပြန်ရောက်မှ လှေသမားကိုဘဲ လှေခရှင်းလို်က်ပါလိုလဲပြောပါတယ်။ အဲဒါနဲ့ အိပဲ့ပဲ့ လှုပ်စိစိ လှေပေါ်ကိုတက်ဘို့ပြင်ကြပါတယ်။ လှေအဆင်းမြင်းအတက်ခက်တယ်ဆိုတာကို ဒုတိယအကြိမ်ကြုံရပြန်ပါပြီ။ ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့သုံးလလောက်က ရွာထဲကမိတ်ဆွေများနဲ့သံလျှင်ကျောက်တန်းရေလယ်ဘုရားကိုသွားဖူးတုံးကပါ။ အဲဒီတုန်းကတော့ သိုင်းသိုင်းဝိုင်းဝိုင်း တစ်စုတစ်ဝေး တပျော်တပါး။ အခုတော့ မဒမ်ပေါက်နဲ့နှစ်ယောက် ထဲ။ ဒါကြောင့်အတူသွားခဲ့ဘူးတဲ့မိတ်ဆွေတွေများပါရင်ဘယ်လောက်ကောင်းလိုက်မလဲလို့တမ်းတမိပါတယ်။ လှေသမားကလှေကိုထိန်းထားပေးတဲ့အပြင်လှိူင်းမပုတ်တော့ သိပ်မခက်။ ကျွန်တော်တို့အတွက် ကျောမှီပါတဲ့သစ်သားထိုင်ခုံနှစ်လုံးချပေးထားပါတယ်။ ကျနော်တို့သွားရမယ့်ခရီးက အင်းရေပြင် အကျယ် 11 မိုင်ရှိပါသတဲ့။ ဘယ်ကစသွားချင်လဲမေးတော့ ခင်ဗျားအဆင်ပြေသလို အစီအစဉ်တကျပို့ပေးပါလို့ဘဲပြောလိုက်ရပါတယ်။ ကိုယ်မှ မရောက်ဘူးတာနော်။ မဒမ်ပေါက်ကတော့ ရောက်ဘူူးပါတယ်။ ဒါနဲ့လမ်းမရှိတဲ့လမ်းကိုသွားဘို့အတွက် ခရီးစလိုက်ပါတယ်။ ဗေဒါပင်တွေဒိုက်ပင်တွေကြားထဲ့ လမ်းကျဉ်းကျဉ်းလေးထဲကို ဦးတည်ပြီး အင်ဂျင်စက်ကိုနူးိလို့ လှေစအထွက်မှာ လက်ကိုအားကိုးပြီးလှော်နေတဲ့လှေဦးမှာကလေးတစ်ယောက်က အကျအနထိုင်နေတာကို မြင်လိုက်ရပါတယ်။ အရိပ်ကလေးတွေရေထဲကျနေတာကို အမိအရ […]


ကျနော်မြင်ဘူး ကြည့်ဘူးတဲ့စာအုပ်လေး တအုပ်ထဲမှာ အင်းဝ။စစ်ကိုင်း၊မန်းလေး၊အမရပူရ (မန်းလေးသားကလူတွေက တောင်မြို့လို့ဘဲခေါ်ပါတယ်)နဲ့မေမြို့(အခုတော့ ပြင်ဦးလွင်)မြို့အကြောင်း ရေးထားတာတွေ ပါ ပါတယ်။ (ဘိုလိုရေးထားတော့ လုံးစေ့ပါတ်စေ့တော့နားမလည်ပါဘူး) အဲဒီထဲမှာ ဓါတ်ပုံတွေလဲပါ ပါတတယ်။ ရိုက်ချက်တွေက ကျနော်အခုရိုက်တဲ့ပုံတွေထက်အများကြီးသာတာပေါ့။ အဲဒီထဲမှာ အမရပူရခေတ်က အဆောက်အဦကြီး နှစ်ခုပုံပါ ပါတယ်။ ငွေတိုက်ရယ် မှတ်တမ်းတို်က်ရယ်ပေါ့။ အဲဒီတုံးကတော့အမှတ်တမဲ့ပါ။ တကူးတကလဲသွားမကြည့်ဖြစ်ပါဘူး။ လွန်ခဲ့သောဆယ်နှစ်လောက်က သင်္ကြန်တွင်းရက်တစ်ရက် မိတ်ဆွေတစ်ယောက်ကို အဲဒီဘက်လိုက်အပို့ ဓါတ်ပုံထဲမှာမြင်ခဲ့တဲ့ အဆောက်အဦကြီးကို ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ဘွားကနဲ့မြင်လိုက်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရပါတယ်။ ဒါပေမယ့် အဲဒီတုံး ကျနော်မှာကင်မရာ ဆိုတာမရှိတော့ နှလုံးသားနဲ့ဘဲမှတ်တမ်းတင်ခဲ့ပါတယ်။ ကင်မရာရှိလာပြန်တော့ လဲ မသွားဖြစ်။ အခုရက်မှာတော့ အောင်မြင်စွာ မှတ်တမ်းတင်ခဲ့နိုင်ပါတယ်။ ဒါကတော့အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံပါ။ ငွေတိုက်ကိုဘေးတိုက်မြင်ရတဲ့ပုံလေးပါ(မပြုမပြင်ထားတော့ တိုက်ကအရောင်တွေပြောင်းနေပါတယ်။) အဆောက်အဦးတစ်ခုလုံးမြင်ရတဲ့ပုံလေးပါ။   မြောက်ဘက်အနီးကပ်မြင်ရတဲ့ပုံ ထုထည်ကြီးကြီး အနီးကပ်ကပ်(မြောက်ဘက်အောက်ခြေကနေရိုက်ထားတာပါ) […]


မန်းလေးကျုံးဘေးမှာ ထနောင်းပင်တွေများပါတယ်။ အဝါရောင်ပင်စည် အစိမ်းရောင်အရွက်တွေနဲ့အေးမြတဲ့အရိပ်ကိုပေးပါတယ်။ ထူးခြားတာက အပင်ရဲ့ပုံသဏ္ဍန်ပါဘဲ။ အပင်တစ်ပင်နဲ့တပင် လုံးဝမတူတတ်ပါဘူး။ ပင်စည်ကနေအကိုင်းအခက်တွေဖြာထွက်နေပုံက ကဗျာဆန်လို့လှပါ ပါတယ်။ အခုခေတ်လိုပြောရင် ပါဖော့်မင်းကောင်းကောင်းပေးထားတယ်။ အင်စတော်လေးရှင်းလဲကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒီထနောင်းပင်ကို အရင်တစ်ခါက တင်ဘူးပါတယ်။ နေရာတူပေမယ့် ပုံမတူပါဘူး။ ပထမတစ်ခါတင်တော့ ရွာထဲက မြင်သူများက တိမ်ပြာပြာနောက်ခံနဲ့ဆိုပိုလှမယ်လို့ အကြံပေးကြတာနဲ့ အခုထပ်တင်ပေးလိုက်ပါတယ် နောက် ကျုံးရေပြင်ကို မေးတင်လို့စိတ်ကောက်ပြီး လှဲနေတဲ့ ထနောင်းပင်ကိုပါ မမြင်ဘူးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။ စိတ်ကောက်နေတဲ့ ထနောင်းပင်ကို မြင်ဘူးရင်တော့ ခွင့်လွှတ်နော်လို့ဘဲပြောချင်ပါတယ်။ ဒီပုံလေးကတော့ လောလောဆယ်ရိုက်ခဲ့တဲ့ပုံလေးပါ။ ဒါကတော့ အရင်တုံးက ရိုက်ထားတဲ့ပုံ။ အကိုင်းအခက်တွေဖြာထွက်နေတာက လှပ၊ တုပလို့ မမှီနိုင်သလိုပါဘဲ။ အကိုင်းလေးတွေဖြာထွက်နေပုံကတော့……………. အပေါ်အဖျားပိုင်းလေးကပ်ရိုက်ထားတာပါ။ ထနောင်းပင်အင်စတော်လေးရှင်း…………… ဒါကတော့အနောက်ဘက်ယိမ်းနေတဲ့အကိုင်းပေါ့။ လှပစွာဖြာထွက် အပေါ်ပိုင်းဘဲမြင်ရတာလေ။ ဒါကတော့နောက်ဘက်ကတစ်ခြမ်း တစ်ပင်လုံးကို မြင်ရတဲ့ပုံ […]


မိုးရာသီရဲ့ နေ့တစ်နေ့ မိုးတိမ်တွေရှိပေမယ့်ကောင်းကင်ကတော့ အပြာရောင်အောက်ခံမှာ ဖြူလွတဲ့တိမ်တစ်ချို့လွင့်လို့ပေါ့။ အဲဒီကနော တောင်ဘက်ကိုဆက်အသွားမှာ ကန်တော်ကြီးအလည်ခေါင်လောက်က မီနီဂေါက်ကွင်းကနေ မြောက်ဘက်ကိုကြည့်ရင် ဒီမြင်ကွင်းကို သေချာပေါက်တွေ့နိုင်ပါတယ်။ တောင်ဘက်ကနေမြောက်ဘက်ကို နည်းနည်းလေးရွှေ့ကြည့်တာနဲ့ မတူကွဲပြားတာလေးကို သွားမြင်လိုက်ရပါတယ်။ ကန်တော်ကြီးမြောက်ဘက်ခြမ်းကိုလှမ်းမြင်ရတာလေးတွေပေါ့ တောင်ဘက်ခြမ်းကိုကြည့်တော့ ဗေဒါပင်စိမ်းမြကြားကနေကြည့်ရင် လှပတဲ့တိမ်တောင်တွေရယ် လှိူင်းထတဲ့ရေပြင်ရယ် မြင်ရတာ ဇိမ်ခံလှေကလေးက ရေလယ်မှာ ဗေဒါပင်က ကမ်းစပ်မှာ ဟော ဘဲကလေးတွေကရော…………………… စိမ်းမှောင်နေတဲ့ဗေဒါတော အားပါးတရ ဒီဗေဒါပင်တွေအောက်မှာငါးတွေအောင်းနေသလို မြွေတွေလဲရှိတတ်ပါတယ်။ အပင်က ကွက်ပြီးခြောက်နေလိုက်တာ အရှေ့ဘက်က ဗေဒါတွေကတော့ ထွားကျိုင်းလို့စိမ်းစို


အခုတော့ တိမ်ညိုတွေဘယ်ရောက်သွားပါလိမ့် သိပ်အလှကြီးတော့ မဟုတ်ပါဘူး ခဏလေးအတွင်းမှာပြောင်းလဲသွားတဲ့ တိမ်လေးတွေကို မှတ်တမ်းတင်ရင်။ လူတွေရဲ့စိတ်လဲတိမ်လိုပါဘဲ ခုဖြူလိုက် ခုပြာလိုက်။ နောက်ဆုံးတော့လဲ တ်မ်ညိုတွေဖုံးအုပ်သွားသလို သာမန်လူသားတစ်ယောက်ဖြစ်တဲ့ကျနော်လဲ……………………..