“ယောမင်းကြီး ရဲ့ ကျောင်းအိုအို”   ကြာနီကန်ုကို နာရေးသွားပို့တိုင်း ရွှေကျင်ဘက်ကို သွားတိုင်း မတ္တရာဘက်ကိုသွားတိုင်း မန်းလေးတောင်ရဲ့အနောက်ဘက်လမ်းကနေ အမြဲဖြတ်သွားရပါတယ်။ မန်းလေးတောင်မှာလည်း ဘိုးဘွားရိပ်သာရှိပါတယ်။ ဒါပေမယ့် အမြဲသာဖြတ်သွားနေတယ် ဘိုးဘွားရိ်ပ်သာရဲ့မြောက်ဘက်မှာရှိတဲ့ အဆောက်အဦ ဝါဝါကြီးကို အမှတ်တမဲ့ပါဘဲ။ ထုကြီးထည်ကြီးနဲ့ ကျောင်းကြီးမှန်းသိပေမယ့် တစ်ခါမှဝင်ကြည့်ဘို့သတိမရခဲ့မိတာလဲအမှန်။ တစ်ရက် 85လမ်း 12လမ်းကကျောင်းအိုကြီးကိုလဲ တင်လိုက်ရော ရန်ကုန်ရောက်ညီငယ်တစ်ဦးက ယောမင်းကြီးကျောင်းကိုလဲတင်သင့်တယ်လို့ ပြောလာပါတယ်။ ဒီယောမင်းကြီးကျောင်းကတော့ သမိုင်းသုတေသနဌာနက စောင့်ရှောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လဲအပျက်အစီးနည်းနည်းဘဲရှိတာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ ရေကန်ကြီးတစ်ကန်ကိုတွေ့ရပါတယ်။ ဗန္တုလဦးဆိုင် ကောင်းမူ့ဆိုပြီး စာတန်းကြီးထိုးထားပါတယ်။ မန်းလေးမြို့ရဲ့ ဘုရားကျောင်းကန်တွေမှာ ဦးဆိုင်ရဲ့ လှူဒါန်းထားတာတွေကို နေရာတော်တော်များများမှာတွေ့ရပါတယ်။ ဘာဘဲပြောပြော ဒီလိုသမိုင်းဝင်ရှေးက ကျောင်းအိုများကို ကမ္ဘာလှည့်ခရီးသည်တွေကို ပြသင့်တဲ့နေရာ လူအများသွားရောက်လေ့လာသင့်တဲ့နေရာထင်လို့ တင်ပေးလိုက်ပါတယ်။     ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (15-1-12) […]


  “ဇာတ်လမ်းကောင်းတွေကို သိမ်းထားတဲ့အင်းလျား………..” (အပိုင်းနှစ်) ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ အင်းလျားကို ပိုသွားချင်ပါတယ်။ ခရစ်စမတ်နေ့က ကိုချောတင်ပေးတဲ့ပုံတွေကို ကြည့်မိတော့ ရောဂါက ပိုရင့်လာသလိုပါဘဲ။ အဲဒါနဲ့မနက်ငါးနာရီလောက်အိပ်ယာထ။ ဘတ်စကားမှတ်တိုင်ပြေး။ အင်းလျားကိုသွားချင်ရင်ဘယ်နားမှာဆင်းရလဲမေးတော့ ကုက္ကုိုင်းမှာဆင်းလို့ပြောပါတယ်။ ကျနော်က မြောက်ဥက္ကလာဘက်က လမ်းဝမှတ်တိုင်က တက်လာတာကိုးဗျ။ ညကမေးထားတာက ကားခက ငါးဆယ်ဘဲပေးရတယ်လို့ပြောထားတော့ ရာတန်ထုတ်ပေးလိုက်တာ ကားဆရာက လူကိုကြည့်ပြီး အထူးကား 200 လို့ပြောပါတယ်။ နောက်ကျော်သွားမှာစိုးလို့ ကုက္ကိုင်းရောက်ရင်ပြောနော်လို့မှာတော့ ဘယ်ရွာကလာလဲမသိဘူးလို့ပြောလိုက်သံကြားလိုက်ရသလို။ အဲဒါနဲ့ကုက္ကိုင်းရောက်တော့ဆင်းလိုက်ပါတယ်။ အခုရောက်နေတာအင်းလျားကန်အရှေ့ဖက်ဆိုတော့ အနောက်ဆင်းတဲ့လမ်းအတို်င်း ခပ်သွက်သွက်လေးလျောက်လို်က်ပါတယ်။ သွက်ဆိုလမ်းမပေါ်မှာ ကျနော်တစ်ယောက်ထည်းရယ်ဗျာ။ နောက်မှသိတာ ကျနော်သွားနေတာ တက္ကသိုလ်ရိ်ပ်သာလမ်း။ ဘယ်ရမလဲ လမ်းမှာတွေ့သမျခလုပ်နှိပ်သွားတော့ ရောက်တတ်ရာရာဆိုတဲ့ပုံးလေတွေရသပေါ့။ ဒါနဲ့လမ်းကွေ့ရမယ့်နေရာလဲရောက်ရော လမ်းလျောက်နေသူတွေကိုမေးရတာပေါ့ အင်းလျားကန် ကိုသွားမှာဆိုတော့ သူတို့ သွားတဲ့မြောက်ဘက်ကိုချိုးလိုက်လို့ပြောတာနဲ့ နေအထွက်အမှီကိုရောက်အောင် အမြန်ပြေးရပါတယ်။ တော်ပါသေးရဲ့ နေအထွက်ကိုမှီလိုက်ပါတယ်။ ရောက်တာနဲ့ […]


ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး) ရန်ကုန်မှာရောက်ခဲ့သမျှနေရာလေးတွေက အမှတ်တရပေါ့ ။ ထိခို်က်နစ်နာလိုစိတ်မရှိပါ။ မြင်မြင်သမျှ တွေ့သမျှလေးတွေကို စာနာမူ့နဲ့ယှဉ်လို့တင်ပေးလိုက်ပါတယ် ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (10-1-2011)      


    “မန္တလေး ရှေးရှေးက စားသောက်ဆိုင်”   “မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့ မန်းလေးအကြောင်း ကို ရေးတဲ့အခါ  မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ ပါလာပါတယ်။ အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့ သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့ နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။ အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ အမှတ်ရနိုင်ပါစေ………….   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (2-1-12)      


“နံနက်ခင်းစိတ်ရွှင်(အပိုင်းခြောက်)” (ဆောင် မပီ့ တပီ နံနက်ခင်း) ဆောင်းဝင်စ ဒီဇင်ဘာလဆန်းရက်များမှာ နှင်းကကျချင်သလို မကျချင်သလို။ ကျနော်ငယ်စဉ်ဖြတ်သန်းခဲ့ရတဲ့မန္တလေးဆောင်းရက်များမှာတော့ နှင်းမူံတွေ ပိန်းပိတ်သော ဝိုးတဝါးရက်များစွာကို ကြုံတွေ့ခဲရသလို အေးချမ်းသောဆောင်းရက်များကို လဲ ဖြတ်သန်းခဲ့ရပါတယ်။ 2000ခုနှစ်နောက်ပိုင်းဆောင်းရက်များကတော့ ဆောင်းမပီသတဲ့ ဆောင်းတွေဘဲဖြစ်လို့နေခဲ့ပါတယ်။ နှင်းနည်းနည်းလေးကျမလိုုလို အရောင်ပြတဲ့တစ်ရက် တကယ်လဲဓါတ်ပုံတွေရိုက်မယ်လုပ်ရော နှင်းမကျဘဲ အလင်းရောင်လေးတွေလက်လာခဲ့ပါတယ်။ အဲဒီနေ့ကပုံတော်တော်များများကို စွယ်တော်လမ်းအမည်နဲ့တင်ခဲ့ဘူးပါတယ်။ နေ့တိုင်းလမ်းလျောက် ထွက်တဲ့အခါ ကင်မရာပါတဲ့ရက်တွေမှာ လက်ဆော့ဖြစ်ပါတယ်။ အဲတော့ နောက်ရက်တွေမှာ မြင်ရတဲ့နံနက်ခင်းတွေနဲ့ပေါင်းလို့ပြန်တင်ပေးလိုက်ပါတယ်။ မနက်အာရုံတက်ရောက်တိုင်း ဆရာမြို့မငြိမ်းရေးပြီး ဦးအံ့ကြီးသီဆိုခဲ့တဲ့  “လူချွန်လူကောင်း”သီချင်းထဲက မနက်ခင်းစိတ်ရွှင်ဆိုတဲ့စာသားလေးအတိုင်း နံနက်ခင်းပုံလေးတွေကို မြင်ရသူတို်င်းစိတ်ရွှင်ပါစေလို့ ရည်ရွယ်ပြီးကျက်သရေရှိသောပုံလေးများကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (31-12-2011)  


“ဘိုးဘိုးကြီးနန်းရှိတဲ့မန်းတောင်တော်”     “ မန္တလေးဘိုးဘိုးကြီးနန်းရှိတဲ့မန်းလေးတောင်အတက်လမ်းကလေး….က”   မန်းလေးမြို့သူမြို့သူမြို့သားနဲ့ မန်းလေးဘိုးဘိုးကြီးကခွဲခြားမရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဆိုင်ကယ်လေးဝယ်ဝယ် ကားလေးဘဲရရ ဘိုးဘိုးကြီးပြလိုက်ရမှ စိတ်အေးပါတယ်။ ဆိုင်ကယ်မှန်ထောင်မှာ၊ကားမှာ ဘိုးဘိုးကြီးနန်းကစွန့်လိုက်တဲ့ အဝတ်စလေးချည်နှောင်ထားမှ အန္တရာယ်ကင်းတယ်ထင်ကြပါတယ်။ ဟောကလေးတွေရှင်ပြုပြီဆိုရင်လဲ မောင်ရင်လေးကိုပြလိုက်ရမှ ကိစ္စပြီးမြောက်တယ်လို့ ယုံကြည်ကြပါတယ်။ အရင်ကတော့ ကျနော်လဲ ဒီဘိုးဘိုးကြီးနန်းကိုဖြတ်သွားပေမယ့် အမှတ်တမဲ့။ ကျနော်တို့တောင်တက်တဲ့နေ့က ကျနော်အဖော်ကောင်းလေးကိုဘိုးဘိုးကြီးနန်းကလူတွေက နုတ်ဆက်တာမြင်တော့ ကျနော်လဲ လက်ဆော့လိုက်ပါတယ်။ ယုံတာမယုံတာအပထား ဗဟုသုတသဘောမြင်ဘူးစေလိုတဲ့သဘောပေါ့။   အဲဒီကနေတက်သွားရင်းလမ်းမှာ မြင်ရတဲ့မြင်ကွင်းလေးတွေက သာယာပါတယ်။ ဟိုအရင်နှစ်များဆီက မန်းလေးတောင်ကို မြင်ရရင်စိတ်မချမ်းသာပါဘူး။ ခြောက်သယောင်းပြီးတောင်ကတုံးလိုဖြစ်နေလို့ပါ။ အခုများမှာတော့ စိမ်းစိမ်းစိုစိုသာသာယာယာ အများမြင်သာအောင်လက်ဆော့ခဲ့သမျှကိုတင်ပြလိုက်ရပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (29-12-2011)          


“ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း”           “ မန်းလေးတောင်တော်အပေါ်ဆင့်ကမြင်ကွင်း” အခုနောက်ပိုင်းမှာ မန်းလေးတောင်ပေါ်ကို တက်တယ်ဆိုရင် ဆိုင်ကယ်နဲ့တက်တာများပါတယ်။ 2011 နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ခြင်္သေ့ကြီးနှစ်ကောင်ဘက်ကနေ တောင်ပေါ်ကိုခြေလျင်တက်ခဲ့ပါသေးတယ်။ ဒီစောင်းတန်းကတော့ လူအတက်များတဲ့စောင်းတန်းဗျာဒိတ်ပေးဘုရားကိုတန်းရောက်ပါတယ်။ သိပ်မကြာခင်ရက်များက ကျနော် စန္ဒာမုနိနဲ့ကုသိုလ်တော်ကို အပြင်ဘက်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ အဲဒီမှာဘဲ ဒီစေတီတော်တွေနဲ့အရံစေတီတော်တွေကို အပေါ်စီးကနေ ဓါတ်ပုံရိုက်ချင်စိတ်တွေပေါ်လာပါတော့တယ်။ ဒါနဲ့ မန်းလေးတောင်ဘေးမှာနေတဲ့ ကောင်လေးတွေကိုမေးတော့ ဘိုးဘိုးကြီးနန်းက ခြေလျှင်တက်ရင် မြင်ကွင်းပို ကောင်းတယ်လို့ပြောတာနဲ့ စောင်းတန်းကနေ လမ်းလျောက်တက်ခဲ့ပါတယ်။ တစ်နေရာ ရောက်လိုက် ရပ်ကြည့်လိုက် လက်ဆော့လို်က်နဲ့ခရီးတော့ မတွင်ပါဘူး။ မြင်ရတဲ့မြင်ကွင်းတွေကတော ကျနော်စိတ်ကိုကျေနပ်စေပါတယ်။ ခက်တာက တောင်စောင်းမှာရှိတဲ့သစ်ပင်တွေက အတော်လေးသန်စွမ်းတော့ မြင်ကွင်းတွေကိုကွယ်နေပါတယ်။ အဲဒါနဲ့ဘဲ အဖော်ပါလာတဲ့ကောင်လေးပြတဲ့ ကျောက်တုံးကြားထဲက နေဝင်ရိုက်တော့ မှအဆင်ပြေပါတယ်။ ဒါပေမယ့် ချောင်ကြိုက်ကြတဲ့ […]


“စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း”     “စန္ဒာမုနိ……ကုသိုလ်တော်……..ဓါတ်တော်တိုုက်ပေါ်ကရူ့ခင်း” မန်းလေးမြို့မှာတရုပ်ပြည်ကစွယ်တော်ရောက်နေတဲ့ရက်တွေက မန်းလေးတောင်ခြေမှာ လူစည်ကားပါတယ်။ မန်းလေးတောင်ခြေနဲ့မနီးမဝေးမှာရှိတဲ့ အတုမရှိကျောင်းမှာ စွယ်တော်ကိန်းဝပ်တာကြောင့်ပါ။ စွယ်တော်ပြန်မကြွခင်ဥပုဒ်တစ်ရက်မှာတော့ မန်းလေးကျုံးပါတ်ပါတ်လည်က မြင်ကွင်းနဲ့ ပြအိုးတွေပစ္စင်တွေကိုမှတ်တမ်းတင်ရင်း မန်းလေးတောင်ခြေကိုရောက်သွားပါတယ်။ မန်းလေးတောင်ခြေရောက်တော့ အဲဒီမှာ ကိုယ့်နဲ့အလုပ်အတူလုပ်နေတဲ့ကောင်လေး ကိုတွေ့ပါတယ်။ သူတို့ကမန်းလေးတောင်ခြေမှာစားသောက်ဆိုင်ဖွင့်ထားတာပါ။ သူကိုတွေ့တော့ မန်းလေးတောင်ပေါ်ကနေပြီး စန္ဒာမုနိတို့ ကုသိုလ်တော်တို့ကို အပေါ်စီးကနေဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာပါတယ်။ သူကလဲမန်းလေေးတာင်နားမှာကြီးပြင်းသူဆိုတော့ ဘယ်နားကနေရိုက်ရင်ဘယ်လိုလှမယ်ဆိုတာကိုအတိအကျသိပါတယ်။ အဲဒါနဲ့သူဆိုင်မှာဖိနပ်တွေချွတ်။ မန်းလေးဘိုးဘိုးကြီးနန်းဘက်ကို ဖိနပ်မပါဘဲလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ စတက်တက်ခြင်းမှာတော့ စွယ်တော်တို်က် ဘုရားအဲဒီကနေဆက်တက်ရင်တော့ ဓါတ်တော်တိုက်ကိုရောက်ပါတယ်။ မန်းလေးတောင်ကို အဝေးကလှမ်းကြည့်တဲ့အခါ အရင်ဆုံးမြင်ရတာကတော့ ထူးခြားတဲ့ အပေါက်အကြီးကြီးတွေရှိနေတဲ့ အဆောက်အဦပါဘဲ။ မန်းလေးတောင်အလည်နားလောက်မှာရှိပါတယ်။ အဲဒီအဆောက်အဦကိုတော့ ဓါတ်တော်တိုက်လို့ခေါ်ပါတယ်။ တောင်ပေါ်တက်လိုက်တာ တော်တော်နဲ့အပေါ်မရောက်ပါဘူး။ အောက်ကြည့်လိုက် ကင်မရာလေးနဲ့လက်ဆော့လိုက် ငေးမောပြိး အလှအပတွေကိုခံစားလိုက်နဲ့မို့ပါ။ အပေါ်ရောက်လေလေ မြင်ကွင်းကလှလေလေ။ လူကဝတော့ ချွေးတွေအရမ်းထွက်ပါတယ်။ ဆောင်းဆိုတော့ ဂျာကင်အထူဝတ်လာတာမိတာလဲပါ […]


“ကြက်ညီနောင်ထဲက ရွှေကြက်ကျ”    4 အရှေ့ဘက်လှေကား အတက် ဒုတိယအဆင့်   “ကြက်ညီနောင်ထဲက ရွှေကြက်ယက်…………………..”   ရွှေကြက်ကျ နဲ့ရွှေကြက်ယက်ဆိုတာကတော့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာထင်ရှားတဲ့ဘုရားနှစ်ဆူဖြစ်ပြီး မန်းလေးဘက်ကမ်းမှာရှိပါတယ်။ ရွှေကြက်ကျက မြောက်ဘက် ရွှေကြက်ယက်ကတောင်ဘက်မှာရှိပါတယ်။ ရွှေကြက်ကျကတော့ မြစ်ကမ်းနဖူးမှာရှိလို့ လူအလာများပြီး မြင်ကွင်းတွေကလဲလှပ ပါတယ်။ ရွှေကြက်ကျဘုရားကိုလမ်းတောင်ဘက်စောင်းတန်းကအတက်များပါတယ်။ လှေဆိပ်ရှိတဲ့အရှေ့မြောက်ဘက်ကတော့ ဘုရားဖူးတွေအတက်နည်းပါတယ်၊ ဒီဘုရားအမြင့်ဆုံးမှာစေတီတစ်ဆူ အဲဒီအောက်တစ်ဆင့်မှာစေတီ နှစ်ဆူပေါင်းသုံးဆူရှိပါတယ်။ ဒီစေတီသုံးဆူနဲ့အရံစေတီကို အဝေးကဖူးမြင်ရတာ ထူးခြားတဲ့ အနေအထားရှိပါတယ်။ စေတီကိုတက်ရာမှာလဲ အဆင့်ဆင့်တက်သွားရင်သုံးဆင့်ရှိပါတယ်။ တစ်ဆင့်ထက်တစ်ဆင့်မြစ်ပြင်ကိုမြင်ရတဲ့အလှက မတူပါဘူး။ ရေကြီးချိန်မှာဆိုရင် ဒီဘုရားအောက်တည့်တည့်က ဝဲ က အတော်လေးလှပါပေမယ့် အန္တရာယ်လဲများပါတယ်။ သင်္ကြန်မိုးရုပ်ရှင်ထဲမှာ အဓိကဇာတ်ဝင်ခန်းတစ်ခန်းကို ဒီဘုရားလှေခါးအဆင်းမှာရိုက်သွားတာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ ဒီရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူ အနားက အကြိ်မ်ပေါင်းများစွာ ဖြတ်သွားပေမယ့် ဘုရားပေါါ်ကိုတော့ အမြဲမရောက်ဖြစ်ပါ။ […]


ဧရာ………ရေပြာကမ်းရိပ်   “ဧရာ ကမ်းရိပ်ညို…………………..”   အခုရက်ကတော့ ရွှေကြက်ယက်ကို နှစ်ရက်ဆက်တိုက်ရောက်။ ရိုက်လာတဲ့ပုံတွေကလည်းအများသား။ လှတာမလှတာအပထား ကိုယ်တိုင်တောင်ရောက်ခဲတဲ့နေရာဖြစ်တော့ မျှဝေချင်စိတ်တွေက တားမရဆီးမရ။ ဒီတော့လဲတစ်ရက်နှစ်ပုဒ် ရွှေကြက်ယက်ပုံတွေဘဲတင်မိပါတယ်။ လှတာမလှတာ အပထား မှတ်တမ်းလို့သာ သဘောထားစေချင်ပါတယ်။ အခုရက်ကတော့ ရွှေကြက်ယက်ပုံတွေဘဲတင်ဖြစ်မယ်ထင်ပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (27-12-2011)


“နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)” (မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း) “နံနက်ခင်းစိတ်ရွှင်(အပိုင်းငါး)” (မိုးဥတုမဟုတ်တဲ့မိုးနံနက်ခင်းနဲ့ ဆောင်းဝင်စနံနက်ခင်း)   ပုံမှန်ဆိုရင်သီတင်းကျွတ်နဲ့နီးနေတဲ့အောက်တိုဘာလဆိုတာ မိုးကုန်ပါပြီ။ ဒီနှစ်ကတော့ အောက်တိုဘာထဲမှတောင်မိုးရွာလို့ကောင်းတုန်းပါဘဲ။ မိုးကောင်းတဲ့နှစ်မှာမှ မိုးများတဲ့ ရှမ်းပြည်တောင်ပိုင်းကိုခရီးသွားရပါတယ်။ စက်တင်ဘာလ 30ရက်နေ့မှာ တောင်ကြီးကို အောင်ပန်းကနေပြန်အလာလမ်းမှာတောင်ကြီးမြို့အတက်လမ်းမှာ လှပတဲ့ရူ့ခင်းတွေရယ် ရေတံခွန်ရယ်မြင်ခဲ့ရပါတယ်။ နောက်နေ့တော့ တောင်ကြီး ကနေအေးသာယာသွားတဲ့လိုင်းကားကိုစီး။ လမ်းခုလတ်မှာဆင်းပြီး အခုမြင်ရတဲ့ပုံတွေလက်ဆော့ပါတယ်။ လမ်းမှာလူတစ်ယောက်မှ မရှိ။ တစ်ခါတစ်လေဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးတစ်လေ။ အရှိန်ပြင်းပြင်းနဲ့ဆင်းသွားတဲ့လိုင်းကားတွေဘဲ။ ပြန်ရောက်မှ တွေးပြီးကြောက်မိပါတယ်။ ဒါပေမယ်လဲ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေမြင်တော့ အမောကိုပြေလို့။   မန်လေးရောက်တော့လဲမိုးမကုန်သေးပါဘူး။ ဒီတော့လဲမနက်ခင်းလမ်းလျှောက်ရင်းလက်ဆော့။ ထူးထူးခြားခြားကြိုက်မိတဲ့ပုံလေးကတော့ နေထွက်လာတာင် အိမ်မပြန်ချင်သေးတဲ့လမင်းလေးပါ။ ပန်းနုရောင်ကောင်းကင်နဲ့လိုက်ဖက်လှပါတယ်။ လက့်ဆော့သမျှ တင် ကြည့်ဘို့သာပြင်ကြပေတော့ မိတ်ဆွေတို့ရေ……………………….   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။ (15-12-2011)


“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းတစ်)   မနက်လမ်းလျှောက်ထွက်အချိန်တိုင်းမှာ သာယာတဲ့ရူ့ခင်း အေးမြလတ်ဆတ်တဲ့လေ တိတ်ဆိတ်ငြိ်မ်သက်တဲ့ အရသာကိုခံစားရမိတိုင်း မြို့မဆရာငြိမ်းရဲ့ ကျော်ကြားတဲ့ လူချွန်လူကောင်းဆိုတဲ့သီချင်းလေးထဲက “နံက်ခင်းစိတ်ရွှင် လန်းကြစေအမြဲပင် ဥဩသံတွဲ့ နာပျော်စေချင်” ဆိုတဲ့စာသားလေးကိုသတိရမိပါတယ်။ ကျနော်နေ့စဉ်မနက်တိုင်းမှာ မန်းလေးကန်တော်ကြီးလို့ ခေါ်တဲ့ တက်သိမ်းအင်း ကန်ပါတ်လမ်းမှာလမ်းလျောက်လေ့ရှိပါတယ်။ 2010မှာ ကင်မရာလေး တစ်လုံးလက်ထဲရောက်လာတော့ အရုပ်အသစ်ရတဲ့ ကလေးတစ်ယောက်လို လက်ဆော့မိပါတယ်။ (မောင်ပုပြောခဲ့ဘူးသလိုခြောက်လုံးပြူးမရောက်တာတော်သေးတာပေါ့) လှပတဲ့မြင်ကွင်းတွေကလဲ လက်မဆော့ဘဲမနေနိုင်အောင်ဆွဲဆောင်ပါတယ်။ နောက်ရိုက်လာတဲ့ပုံလေးတွေကွန်ပြူတာထဲထည့်ကြည့်တဲ့အခါ အပြင်မှာ မလှဘူးထင်တဲ့ပုံလေးတွေက ဓါတ်ပုံထဲရောက်တော့ ပိုလှ၊ တစ်ချို့အပြင်မှာလှတာတွေကတကယ်ဓါတ်ပုံဘဝရောက်တော့ မလှဆိုတဲ့ သဘာဝကိုပြန်ရောက်တဲ့အခါ သဘာဝကပေးအပ်ထားတဲ့ မျက်ဝန်းအစုံရဲ့ တကယ့်အမြင်နဲ့ထပ်ဆင့်မှတ်တမ်းတင်ပေးတဲ့မှန်ဘီလူးတို့ရဲ့ခြားနားချက်တွေကိုလည်းတွေ့လာရပါတယ်။       အခုရက်မှာ လက်ဆော့ထားတဲ့များပြားလှတဲ့ပုံတွေကို သိမ်းဆည်းရင်း တူညီတဲ့နေရာလေးတွေမှာ ရာသီအမျိုးမျုးိမှာ မှတ်တမ်းတင်ခဲ့တာလေး တွေကို ပြန်လည်စုစည်းပြီးတင်ပြချင်စိတ်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ကင်မရာနဲ့ထိတွေ့စမှာလက်ဆော့ခဲ့တဲ့ပုံလေး တွေကို […]