အလင်းရောင်ကိုဆော့ကစားခြင်း ဟုူိးအရင်ခေတ်က ကင်မရာနဲ့ဆော့ကစားဘို့ဆိုတာ အတော်လေးကို ငွေကုန်ကြေးကျ များတဲ့အလုပ်ဖြစ်ပါတယ်။ အဲတော့လဲ ဓါတ်ပုံရိုက်တယ်ဆိုတာ ငွေကြေးတတ်နိုင်သူ ဝါသနာကြီးလွန်းသူနှင့် အသက်မွေးဝမ်းကျောင်းပြုသူများသာ ဆောင်ရွက်နိုင်တဲ့ ပညာရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကင်မရာ တစ်လုံးရှိရမယ်။ ဒီကင်မရာကို ကိုယ်လိုရာခိုင်းစေနိုင်တဲ့အတတ်ပညာရှိရမယ်။ ဓါတ်ပုံရိုက်ပြီဆိုကတည်းက ဖလင်ထည့်ရမယ်။ တစ်လိပ်လုံးမကုန်မချင်း ရို်က်ရမယ်။ ပြီးရင်ဖလင်ဆေးရမယ်။ ကူးရမယ်။ ပျက်သည်ဖြစ်စေကောင်းသည်ဖြစ်စေ ကူးပြီးမှာသာအဖြေပေါ်တော့ ငွေအများကြီးကုန်ပြီးမှ ကိုယ့်လိုချင်တဲပုံလေးတစ်ပုံရပါတယ်။ နောက်တစ်ချက်က အချိန်အများကြီးစောင့်ရတာပါဘဲ။ နောက်ပိုင်း အော်တိုဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာပါတယ်။ ကို်ယ်တိုင် ဓါတ်ပုံပညာကို အများကြီးသိစရာမလိုဘဲ အဆင်သင့်လုပ်ပေးထားတာလေးကို ဆွဲသုံးလိုက်ရုံနဲ့ ပုံလေးတွေ လှတပတ ရလာနို်င်ပါတယ်။ ရိုက်ထားတာကို ချက်ခြင်းကြည့်လို့ရတယ်။ မကြိုက်ရင်ပြန်ဖျက်လို့ရတယ်။ “မှတ်တမ်းပြား” […]