bigbirdApril 15, 20111min28510
Here is a short story with a beautiful message… ဒါကတော့ အကြောင်းအရာလှပတဲ့ ခပ်တိုတိုပုံပြင်လေးတစ်ခုပါပဲ… Little girl and her fathre were crossing a bridge… ခလေးမလေး နဲ့သူမရဲ့ဖခင်ဖြစ်သူတို့ဟာ တံတားတစ်ခုကိုဖြတ်ကူးကြပါတယ်… The father was kind of scared so he asked his little daughter… ဖခင်ဖြစ်သူက စိုးရိမ်ပုံရပြီး သမီးလေးဖြစ်သူကို ပြောလိုက်ပါတယ်… “Sweetheart, please hold my hand so that you do’nt fall into the raver”.. သမီးလေး.အောက်ကရေထဲပြုတ်မကျရအောင် အဖေ့လက်ကိုကိုင်ထားနော်.. […]


bigbirdApril 15, 20111min32418
တစ်နှစ်မှ တစ်ခါဆိုတော့ ထိုင်းမှာရှိတဲ့ ကိုရင်လေးတွေ မနေနိုင်ဘူးဗျို့။ ဘုန်းကြီးကျောင်းရှေ့မှာ ရေ ထွက်ကစားနေကြပါတယ်။


bigbirdApril 14, 20111min21410
အသက်၃၄နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကို အစ္စလမ်ဘာသာစည်းကမ်းတင်းကျပ်ရေးရဲများက ၂၀ဝကျော်သော လူပရိတ်သတ်များ၏အရှေ့မှာ ကျိန်ဒဏ် ၉ ချက်အပစ်ပေးရိုက်ခဲ့တယ်လို့ အင်္ဂလန်သတင်းဝပ်ဆိုက်တစ်ခုဖြစ်တဲ့ daily mail မှာ ဖော်ပြပါရှိပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းရန်ပြုလုပ်နေဆဲအချိန်မှာ အခြားသော ယောက်ျားတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တယ်လို့ သက်သေအထောက်အထားမခိုင်လုံပဲ ယခုကဲ့သို့အပြစ်ပေးခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ၂၁ရာစုမှာ ယခုကဲ့သို့ အဖြစ်အပျက်များ ကျန်ရှိနေသေးတာဟာ အနောက်တိုင်းသားတွေအတွက် အံ့ဩစရာ ဖြစ်တယ်လို့လဲဆိုထားပါတယ်။ လာရောက်ကြသော ပရိတ်သတ်ကလဲ ဗီဒီယိုရိုက် မှက်တမ်းတင်ပြီး နာနာရိုက်ပေးရန် အော်ဟစ်အားပေးကြတယ်လို့ဆိုပါတယ်။ သူမ၏အိမ်တွင် သူစိမ်းအမျိုးသားတစ်ဦးတွေ့သည်ကို အကြောင်းပြုပြီး ကာမဆက်ဆံမှုရှိမရှိ မသေချာပဲ လူအများက သူမအား ဖမ်းစီးခေါ်ဆောင်ပြီး ရဲဆီသို့ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဥပဒေအရ ..အမြင့်ဆုံးကျိန်ဒဏ်မှာ ၉ချက်ဖြစ်ပြီး အနိမ့်ဆုံးမှာတော့ ၃ ချက်ဖြစ်ပါတယ်။


bigbirdApril 13, 20112min1823
မိဘကို အချိန်ရှိတုန်းပြန်လည်ကြည့်ရှုစောင့်ရှောက်ဖို့ မေ့နေသူတွေအတွက် သားသမီးကို တိရစာ္ဆန်တောင်မှ ဒီလောက်စိုးရိမ်ပူပန်ပြီးချစ်နေသေးရင် လူသားတွေအဖို့ အဘယ်သို့ဆိုအပ်တော့မည်နည်း။ တောင်ပံတောင်မှ ကောင်းကောင်းမစုံသေးခင် မိဘရင်ခွင်ခြေစုံကန်ထွက်လာတဲ့သားသမီးတွေ ဘယ်တော့များအဖေအမေတို့ဆီကိုပြန်လာပါ့မလဲလို ့ လည်ပင်းကြီးရှည်ထွက်မတက်အောင် နေ့စဉ်စောင့်မျှော်လျှက်ပါပဲ။ ပြန်လာခဲ့ရင်လဲ အစစအရာရာ အစဉ်ပြေနေတဲ့ ကောင်းသောပြန်လာခြင်းကိုပဲ အလိုရှိကြတဲ့သူတွေပါ။ ဒုက္ခရောက်ပြီးပြန်လာခဲ့ရင် သားသမီးတွေထက် ပိုပြီး သောကရောက်ကြရတဲ့သူတွေပါ။ ဒို့အတွက် ဘာတွေများပါလာမလဲဆိုတဲ့ မျော်လင့်ချက်တွေမထားကြပါဘူး။ သားသမီးမျက်နှာကိုမြင်တယ်ဆိုရင်ပဲ စမ်းရေကြည်ထဲက လဝန်းလေးကိုမြင်ရသလို အေးချမ်းပီတိဖြစ်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့ မိဘနှစ်ပါးရှိစဉ်ကာလမှာ လုပ်သင့်လုပ်ထိုက်ဆုံးဒါနဖြစ်တဲ့ မိဘနှစ်ပါးအား လုပ်ကျွေးပြုစုစောင့်ရှောက်ခြင်းကို လူတိုင်းပြုလုပ်သင့်ပါတယ်။ တစ်နေ့တစ်ချိန်ကျရင် ကိုယ်လဲ မိအိုဖအိုနေရာ ရောက်လာလိမ့်မယ်ဆိုတာ မေ့မထားသင့်ကြပါဘူး။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ ။ မိဘတွေက ကိုယ့်အပေါ်ထားရှိတဲ့ မေတ္တာကို သိတက်နားလည်အောင့်မေ့ပြီး မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလို့ ကုန်ကျသွားတဲ့ငွေကြေးတွေဟာ ကိုယ့်ဆီကို အစပေါင်းများစွာပိုပြီးပြန်ဝင်လာလိမ့်မယ်ဆိုတာ […]


bigbirdApril 10, 20111min53420
ထိုင်းနိုင်ငံတွင် တက်သစ်စအနုပညာရှင်တစ်ဦး၏ မိခင်ဖြစ်သူအား သက်ပြီးထွက်ပြေးသွားသူ မြန်မာနိုင်ငံသား ၂ ဦးထဲမှ တစ်ဦးအားဖမ်းဆီးရမိပြီးဟု ထိုင်းရဲများက သတင်းထုတ်ပြန်ပါသည်။ အသက်၃၄နှစ်အရွယ် မြန်မာနိုင်ငံသား အပ္ပဒူလာ ဆိုသူနှင့်အပေါင်းပါတို့သည် Sara ဆိုသူရုပ်ရှင်သရုပ်ဆောင်၏မိခင် အသက်၄၁နှစ်အရွယ်ရှိ အမျိုးသမီးကြီးအား ၎င်းနေအိမ်ရှိအိမ်သာအတွင်း သက်ဖြတ်ပြီးထွက်ပြေးသွားသည်ဟုဆိုပါသည်။ အဆိုပါအမှုအား ဖမ်းဆီးရရှိရန်အတွက် တစ်လနီးပါးကြာမြင့်ခဲ့သည်ဟု ရဲကပြောပါသည်။ ”’ ဟုတ်ပါတယ်..ကျွန်တော်တို့ပဲ သူ့ကိုသက်လိုက်တာပါ။ သွားတာက သူ့ကိုသက်ဖို့မဟုတ်ပါဘူး ။ သူ့ခင်ပွန်းကို သက်မလို့ပါ။ ကံဆိုးချင်တော့ သူက အရင်ဆင်းလာပြီး ကျွန်တော်တို့ကိုတွေ့တော့ အော်တာနဲ့သက်လိုက်ရတာပါ။ ကျွန်တော်တို့က သူ့တို့ရဲ့ သားသက်ရုံမှာ အလုပ်လုပ်ပါတယ်။သူ့ခင်ပွန်းကကျွန်တော်တို့ကို လခမှန်မှန်မပေးတဲ့အပြင် အမြဲတမ်းဆဲဆိုအော်ငေါက်ပါတယ်။ အလုပ်ထွက်မယ်ပြောတော့ ကျွန်တော်တို့ကို သေနတ်နဲ့လိုက်ပစ်ပါတယ်။အရမ်းစိတ်နာလို့သူ့ကိုသက်ဖို့ဆုံးဖြတ်ခဲ့တာပါ။”’ လို့ အပ္ပဒူလာဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့အဖေကတော့ လခမှန်မှန်မပေးပဲ သေနတ်နဲ့လိုက်ပစ်တာ မမှန်ကန်ပါဘူးလို ့ […]


bigbirdApril 10, 20111min2057
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာချ်စီမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆီမန်းချက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါဆီမန်းချက်ပွဲကို ဘုန်းကြီး ၁၁ပါးအပြင် ရသေ့ ၅ပါးတက်ရောက်ခဲ့ကြပါတယ်။ ရသေ့ တစ်ပါးဟာ မီးဖိုပေါ်မှာရှိတဲ့ အုန်းဆီအပါအဝင် အမျိုးပေါင်း၁၀၈မျိုးပါဝင်ချက်ပြုတ်ထားတဲ့ ဆီပူပူဒယ်အိုးကြီးထဲမှာ နာရီဝက်ကြာ ထိုင်ပြီးဂါထာရွတ်ဖက်ခဲ့တယ်လို့ဆိုပါတယ်။ ဒယ်အိုးထဲကထွက်လာပြီးသည့်နောက်မှာလဲ လာရောက်သောပရိတ်သတ်ထဲမှ တစ်ယောက်ကိုခေါ်၍ ငှက်ကြီးတောင်ဓါးရှည်ဖြင့် နောက်ကျောကိုခုတ်ပြခဲ့ရာ ထိုသူမှာ မည်သည့်ဒဏ်ရာမှ မရရှိဘူးဟု ဆိုပါတယ်။ အဆိုပါ ဆီမန်းချက်ပွဲ ပြုလုပ်နေချိန်တွင် လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှာသာယာနေရာမှ ဂါထာများ၏တန်ခိုးကြောင့်ဟုဆိုကာ ချက်ချင်းဆိုသလို မိုးအုံ့လေပြင်းတိုက်လာပြီး ပြန်လည်သာယာလာသည်ဟုဆိုပါတယ်။ အဆိုပါဆီမန်းချက်ပွဲကိုပြုလုပ်ရခြင်းမှာ အိုမင်းနေပြီးဖြစ်တဲ့ ကျောင်းအားပြန်လည်ပြုပြင်ရန်အတွက်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချို့ကတော့ နည်းတစ်မျိုးမျိုးသုံး၍ လိမ်လည်သည်ဟု ဆိုနေကြပါတယ်။ အဆိုပါသတင်၏အောက်တွင် ” ဖက်ရှုသူများ စဉ်းစားချင့်ချိန်၍ ယုံကြည်ပါရန်” ဟု ပူးတွဲပါရှိပါသည်ခင်ဗျာ။