ဆူးFebruary 3, 20111min1703
နဂါး မင်းကြီး အရုပ် ကျူးဟိုင် အမှတ်အသား ပုလဲရွက်ထားတဲ့ အမျိုးသမီး ရုပ်နဲ့ ပတ်သတ်တဲ့ ပါးစပ် ရာဇဝင်လေးတွေ ရှိပါတယ်။ နဂါးပြည်ကလာတဲ့ နဂါးမကလေးက နဂါးတိုင်းပြည်မှာ နေရတာပျင်းတာနဲ့ တခြားပုံပြင်တွေ နဲ့ ထပ်တူပါဘဲ လူ့ပြည်က လူတွေကို ရေပေါ်တက်ပြီးတော့ လာချောင်းပါတယ်။ တံငါသည် ရေလုပ်သား ဆင်းရဲသား သနားကမားလေးကို တွေ့ပြီး မြင်မြင်ချင်း ချစ်ခင် နှစ်သက် ဆုံမက်လိုတဲ့ အတွက် လူအသွင်ဖန်ဆင်းပြီးတော့ ချင်းကပ်ပါတယ်။ တံငါသည် လုလင်က သနားဂရုဏာသက်ပြီးတော့ စောင့်ရှောက်ဖို့ ခေါ်ထားလိုက်တယ် အိုးချင်းထား အိုးချင်းထိ ပြီး နှစ်ကိုယ်တူ ချစ်ကြိုက်သွားပြီး လင်မယား ဖြစ်သွားကြတာပေါ့။ အဲဒီ အချိန်မှာ နဂါးမင်းကြီးက သိသွားပြီး ဒေါသပုန်ထပါတယ်။ လူပြည်ကို လိုက်ခေါ်ခိုင်းတဲ့ အခါ […]


ဆူးFebruary 3, 20111min1503
တရုတ်နိုင်ငံ ဂွမ်းဒေါင်းမှာ ရှိတဲ့ ကျူးဟိုင်လို့ ခေါ်တဲ့ မြို့ကလေး ဖြစ်ပါတယ်။ ကျူး ဆိုတာကတော့ ပုလဲ ကို ခေါ်တာ ဖြစ်ပြီးတော့ ဟိုင် ဆိုတာတော့ ပင်လယ်ကြီးဖြစ်ပါတယ်။ ကျူးဟိုင်လို့ နာမည်ရတဲ့ မြို့ကလေး ဖြစ်ပါတယ်။ ကျူးဟိုင်ရဲ့ အထင်အရ အမှတ်အသားတခုကတော့ အမျိုးသမီး တယောက် ပုလဲလေးကို မထားတဲ့ အရုပ်ကလေး ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ် မြို့ကလေး ဖြစ်ပြီးတော့ ယခု အချိန်မှာ စည်ကားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ တရုတ်တွေ အဆို အရ ထိုမြို့ကလေးက လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်မှာ တဲအိမ်ကလေးတွေ မီးမှိန်မှိန်လေးတွေနဲ့ ဖြစ်နေရာကနေ အခုတော့ တိုက်ကြီးတွေ စည်ကားလှပပြီး ခရီးသွားတွေ အများအပြား ဝင်ထွက် သွားလာတဲ့ […]


ဆူးFebruary 2, 20111min27210
တခါတုန်းက အီတလီနိုင်ငံသူ အသိတယောက်ဆိုပါတော့ အလုပ်နဲ့ ပတ်သတ်ပြီး သိကြပြီး သူက အလုပ်ကိစ္စနဲ့ မြန်မာ ကို ခဏခဏ ရောက်ပေမဲ့ တခါမှ မလည်ဘူးဘူး ဆိုပြီး ပိတ်ရက်အလုပ်တွေ နားတော့ သူရှိစုမဲ့စု ပိုက်ဆံလေးတွေ စုပြီး ဒီကိုလာတယ်။ အမျိုးသမီး အချင်းချင်း ဆိုတော့ ဟိုနားဒီနား လိုက်ပြတယ်။ ဘုရားတို့ ဘာတို့ နေရာစုံအောင်တော့ ပြလိုက်တာဘဲ။ သူပြောတာနားလည်ပေမဲ့ သူနဲ့ ခွန့်တုံ့ပြန်ဖို့ ပြောနိုင်ဖို့ တော်တော် ခက်နေတယ်။ အီးမေးလောက်ဘဲ အမေး အဖြေ ပြန်တာဆိုတော့ အချိန်ရတာပေါ့။ ဒီလိုနဲ့ သွားလည်ပတ်ပြီး ကျိုက်ထီးရိုးကို လိုက်ပို့တယ်။ မသွားခင် အိမ်က မှာလိုက်တယ် ကားသမား နဲ့ စကားများ ရန်ဖြစ်တာမျိုး မဖြစ်စေနဲ့ မိန်းမတွေ ကြီးဘဲ […]


ဆူးJanuary 31, 20113min2277
တနေ့ အတွင်း တရုတ်ပြည်ထဲ တပတ်ပတ်ဖို့ မလွယ်ကူပေမဲ့ ဒီနေရာမှာတော့ တရုတ်ပြည်ထဲက အထင်ကရ နေရာတွေ အကုန်ရှိပါတယ်။ တရုတ်ထဲက နေရာတိုင်းတော့ သွားလည်ပတ်ဖို့ ခက်ခဲ ပါတယ်။ အခု အထင်ကရ နေရာတွေကို ကြည့်ပြီးတာနဲ့တင် စုံသွားပါတယ်။ အကျီငှားပြီး ဓါတ်ပုံ ရိုက်လို့ရတယ် တစုံကို ၁ဝယွမ် ပေးရပါတယ်။ တိဘက်က အဆောက်အအုံ နမူနာ ပုံစံငယ်ပါ။ တောရွာက အိမ်ပုံစံလေးတွေ ပါ။ ဘုံရဆင့် ဘုံကျောင်းပါ။ စစ်လင် ဆိုတဲ့ ကျောက်တုံးတွေ ရှိတဲ့ ဒေသ ဖြစ်ပါတယ်။ မြောင်လူမျိုးတွေ ဒေသ ပုံစံငယ်မှာ အနီးမှာ ရွာသူတွေက အဲဒီလိုဘဲ အမြဲရှိပါတယ်။ ဈေးဝယ်လို့လည်း ရပါတယ်။ လက်မှုပစ္စည်းလေးတွေ ရောင်းပါတယ်။ ယောင်မှားလို့တောင် မစီးမိစေနဲ့.. လူပင်ပန်းတာဘဲ […]


ဆူးJanuary 31, 20114min35010
ဝင်ဝင်ခြင်းမှာ မြင်ရတဲ့ မြင်ကွင်းပါဘဲ။ အမေရိကန် ကို သရုပ်ဖော်ပြတဲ့ မြင်ကွင်းပါ။ ဩစတေးလျှ က ဇတ်ရုံကြီးပေါ့။ ပီဇာ မျှော်စင်။ နိုင်းမြစ်ထဲက အကြီးဆုံး နိုင်ကာတာ ရေတံခွန်။ အိန္ဒိယ က တရ်မဟာ သချိုင်းကူကြီးပေါ့။ ပြင်သစ် အန်ကောဝပ် ကမာ္ဘ အမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ အဆောက်အဦး အဲဒီက နေဝင်သွားရင် အီဂျစ် သချိုင်းဂူထဲ ကို ရောက်တယ်။ အဲဒီ အပေါက်က ဝင်ရင် စတိတ်စင် ရှိတယ် ညနေပိုင်း အလင်းမရှိတဲ့ အချိန်မှာ မီးဆလိုက်တွေနဲ့ စတိတ်ရှိုးလုပ်ပေးတယ်။ အဲဒီနေ့က မိုးရွာနေလို့ သူတို့ ရှိုးပွဲကို အတွင်းဘက်မှာ လုပ်တာနဲ့ ဓါတ်ပုံ ရိုက်ရ အဆင်မပြေဘူး ဖြစ်သွားတယ်။ စတိတ်စင်ပုံပါ။ ရွှေတိဂုံ ပုံတူပါ။ […]


ဆူးJanuary 30, 20112min38719
ငါးကလေးများ ဝိုင်းတွတ်တာ ခံရမယ်။ ဟောကြည့်ပါအုန်း။ စစချင်း ကန်ထဲ ခြေထောက်ထည့်တဲ့ အချိန်မှာ အဲလို ဖြစ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ယားသလိုလို ဓါတ်လိုက်သလိုလို ခိုးလုခုလု ခံစားချက်တွေ ဖြစ်ကြတယ်။ ငါးတွေက အသေအလဲ ဝိုင်းတွယ်နေကြတာပါဘဲ။ ငါးတွေက အသုံးမကျတော့တဲ့ dead skin အရေပြား ကို စားတယ်လို့ ပြောပါတယ်။ ငါးတွေက တော်တော် ဗိုက်ဆာ နေသလိုပါဘဲ ကန်ထဲ ထည့်လိုက်ရင်ကို အကုန်စုပြုံပြီး ကို တွယ်တာ အချိန်မပြည့်ချင်း တော်တော် စားနိုင်တဲ့ ငါးတွေ။ စားစရာ အသားစတွေ အနည်းအများ ကွာပြီး လူကို စားကြသလား မသိဘူး။ ငါးတွေက ဘာကွာလဲတော့ မသိဘူး တနေရာနဲ့ တနေရာ ငါးအမျိုးအစား မတူကြဘူး […]


ဆူးJanuary 30, 20112min2139
ဟောင်ကောင် မှာတော့ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ လက်ဝါးရာများ ထားတဲ့ လမ်းကို ခရီးသွားမှာ အထူးတလည် သွားကြည့်ကြပါတယ်။ သွားကြည့်ရင်တော့ ကိုယ် သိတဲ့ သရုပ်ဆောင် တွေရဲ့ လက်ဝါးများ တွေ့မလားလို့ မျက်စိက လိုက်ရှာတာဘဲ။ လက်ဝါးရာများ ထားတဲ့ အချိန်မှာ သက်ရှိထင်ရှား မရှိတော့ရင်တော့ အဲဒီလို ပုံလေး လုပ်ထားပါတယ်။ ခရီးသွား ဧည့်သည်တွေ အမြင် ဆန်းစေရန် ထိုကဲ့သို လှေများ ခဏခဏ ဖြတ်မောင်းတာ တွေ့ပါတယ်။ ထိုကဲ့သို့ ဖြတ်မောင်းရင်တော့ ဓါတ်ပုံဝိုင်းရိုက်ရတာ အမောပါဘဲ။ ည အချိန် ဟောင်ကောင် ကျွန်းကတော့ မီးအရောင်လေးတွေနဲ့ တော်တော် လှပါတယ်။ လှလည်း လှသလို ခရီးသွား ဧည့်သည်တွေ သဘောကျအောင် ထိုလမ်းမပေါ်ကနေ ကြည့်ပြီး […]


ဆူးJanuary 29, 20111min2387
ခရီးထွက်တုန်းက ဟာသကလေး တခုပေါ့။ လေဆိပ်မှာ Boarding Ticket ဖြတ်နေတာ အဖွဲ့လိုက်ဆိုတော့ ကြာနေတာလည်းပါတယ်။ တန်းစီတဲ့ လိုင်း ၃ လိုင်းလောက် ရှိတာ လူ ၃ဝလောက်ကို ခွဲတန်းစီလိုက်ကြတယ်။ ဖြစ်ချင်တော့ ပစ္စည်းတွေ အများကြီး ဝယ်တဲ့ လူတွေပါတော့ သူများ ပေါင်အပိုနဲ့ ခွဲယူလို့ရအောင် ရှုပ်ရှက်ခတ်နေတာ။ အနောက်က တန်းစီနေတဲ့ ဘိုတွေကလည်း ကြာလို့ မျက်စိနောက်နေပြီ။ အဲဒီမှာ ရုရှား တယောင် ထင်တယ် အရပ်ရှည်ရှည် လူကောင်ထွားထွား မျက်နှာက ခပ်တင်းတင်း မျက်နှာ တခုလုံး ကျောက်ပေါက်ရာတွေလို ချိုင့်တွေ ကြီးဘဲ ပြောရရင်တော့ ကြည့်ရဆိုးတဲ့ ရုပ်ပိုင်ရှင်ပေါ့လေ။ အဲဒီ လူကြီးက လူကြီး ကို ရှာပြီး သွားတိုင်တယ်။ ပါးစပ်ကလည်း ပွစိပွစိ […]


ဆူးJanuary 27, 20112min2474
ဒီတခါ ဟောင်ကောင်ကို ခရီးထွက်ကြရအောင် Giant Buddha လို့ခေါ်တဲ့ တောင်ထိပ်မှာ သီတင်းသုံးနေတဲ့ ဂျပန်က ကမာကိုရာ ဘုရား ပုံစံနဲ့ တူတဲ့ မဟာယန ဘုရားကြီး တစ်ဆူ ဖြစ်ပါတယ်။ Lantau Island လမ်းတောင်း ကျွှန်း မှာ တည်ရှိပြီး အကြီးဆုံး ကျွှန်းလည်းဖြစ်ပါတယ်။ တောင်ပေါ် အထိ လမ်းလျှောက်ပြီး တက်နိုင်သလို ကားနဲ့လည်း တက်နိုင်ပါတယ်။ တောင်ပေါ်ကနေ ဘုရား ပုလ္လင် ခြေရင်း အထိကိုတော့ လှေကားနဲ့ တက်ရတာ ဖြစ်ပါတယ်။ ဘုရားကြီး ပုလ္လင်နားမှာ ရှိတဲ့ နတ်သမီးရုပ်တွေဖြစ်ပါတယ်။ အဝေးကြီးက ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။ ဘုရား အောက်တည့်တည့်က နေကြည့်ရင် ထိုကဲ့သို့ပါဘဲ နီးလွန်း ကြီးလွန်းလို့ သေချာ မကွဲတော့ဘူး […]


ဆူးJanuary 27, 20111min33218
ဟောင်ကောင်မှ လူတွေ တော်တော် များများက ဖုန်းရွှေ ကို အရမ်းယုံကြည်ကြပါတယ်။ အခု ပြထားတဲ့ တိုက်အပေါက်ပါတာကတော့ အလှ ဒီဇိုင်း ထွက်ထားတာ မဟုတ်ပါဘူး။ တောင်ပေါ်မှာ နေတဲ့ နဂါး ရေဆင်းသောက်ရင် မလွတ်မှာ စိုးလို့ အပေါက်ဖောက်ပေးထားတာ ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ တိုက်ကြီးတွေ တောင်နဲ့ အနီး တဝိုက် ကြီးမားတဲ့ တိုက်ကြီးတွေမှာ ဖောက်ထားတာ ဖြစ်ပါတယ်။ ထူးဆန်းတာက အဲဒီ နေရာတွေက အိမ်ခန်း သိပ်ဈေးကြီးတယ်လို့ ပြောတယ်။ ဖုန်းရွှေ ကိုက်လို့ အဲဒီ တိုက်ခန်းတွေမှာ နေတဲ့လူတွေက စီးပွား အရမ်းတိုးတက်ကြတယ်လို့ ယုံကြည်ကြတယ်။ ပထမ စစချင်း ဒီလို ဖောက်ဖြစ်သွားတာကတော့ Victoria Peak ဆိုတဲ့ တောင်နားမှာ ဆောက်တာ […]


ဆူးJanuary 25, 20113min48521
အစွန်းရောက် ကွန်မြူနစ် ဝါဒီတွေ ထွန်းကားတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒ သိသလောက်ကတော့ ဆင်းရဲသားတွေ ရှေ့တန်းတင် ပညာမတတ်သူတွေ ရှေ့တန်းက တင်တဲ့ ဝါဒ လို့ ပြောရမလားမသိဘူး။ ပညာတတ်တွေ ချမ်းသာသူတွေ ကြီးစိုးနေလို့ သူတို့ နိမ့်ကျနေတာ ဖြစ်ပြီး ဆင်းရဲတဲ့ လူလည်း ရာထူး အာဏာ ရသင့်တယ် ဆိုတဲ့ ဝါဒမျိုးဖြစ်ပါတယ်။ အတိအကျ အကိုးအကားနဲက မပြောနိုင်ပေမဲ့ သေချာတာတခုကတော့ ထိုအချိန်က လူ၈သန်း ရှိပါတယ် လူပေါင်း ၃.၅သန်း လောက်သေသွားတယ်လို့ ယူဆပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် ပိုပေါ့ အာဏာ ကြီးထွားတဲ့ အချိန် ၁၉၇၅ မှ ၁၉၇၉ အထိ ခမာနီတွေ လူသတ်မှုတွေ အကြီး အကျယ် ပြုလုပ်ခဲ့ပါတယ်။ မြို့မှာ […]


ဆူးJanuary 24, 201115min50022
မြန်မာပြည်မှ ယွန်းထည်များ တချိန်က နာမည်ကြီးပေမဲ့ ဗီယမ်နာမ် မှာ ယွန်းထည် ပစ္စည်းတွေကို ကြည့်မိတော့ စိတ်ထဲမှာ မနာလိုတောင် ဖြစ်မိတယ်။ ယွန်းထည်ပစ္စည်းတွေ တော်တော် လှပြီး ဆွဲဆောင်မှု ရှိတာ မြင်တွေ့ခဲ့တယ်။ မြန်မာပြည်က ယွန်းပညာရှင်တွေ လေ့လာပြီး မြန်မာယွန်းကို အဆင့်မြှင့်တင်ဖို့ အချိန်ရောက်ပြီလို့ ထင်မိတယ်။ ဗီယမ်နာမ် ယွန်းထည်ပစ္စည်းတွေ မြင်ဘူးတဲ့ လူတွေက မြန်မာယွန်းကို သိပ်သဘော ကျနိုင်ဖွယ်မရှိဘူးလို့ထင်တယ်။ အမှိုက် အစ ရွှေဖြစ်အောင် လုပ်တဲ့ နိုင်ငံ လို့ မြင်မိတယ်။ ဗီယမ်နာမ်တွေက လက်မှု ပညာ တော်တော် ထူးချွှန်ကြပါတယ်။ ဘဲဥ အခွံတွေကို အသုံးပြုပြီး ပန်းချီပညာနဲ့ ယွန်းပညာ ပေါင်းစပ်ပြီး လှပတဲ့ အသုံးအဆောင် ပစ္စည်းတွေ လုပ်ပါတယ်။ မုတ်ခွံတွေ […]


ဆူးJanuary 23, 20111min2086
တစ်ခါသော် ကျွန်ုပ်သည် ဒုလ္လဘရဟန်းဝတ်ခိုက် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးအား အလွန်တရာ ဖူးလိုသည့်ဆန္ဒကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့သို့ ရထားဖြင့် ခရီးထွက်ခဲ့လေသည်။ အခါကာလကား ဘုရားဖူးရာသီဖြစ်သဖြင့် ဘုရားပေါ်တွင် ရှိရှိသမျှ တည်းခိုဆောင်၊ ကျောင်း၊ ဇရပ်တန်ဆောင်း မှန်သမျှတို့တွင် လူများကား တိုးမပေါက်အောင်ပင် စည်ကားလျက်ရှိသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ အသိ မိတ်ဆွေဘုန်းကြီးတစ်ပါး လမ်းညွှန်လိုက်သော တန်ဆောင်းကြီးတစ်ခု၏ အပေါ်ထပ်တွင် သံဃာတော်များ တည်းခိုရာ အခန်းတစ်ခုတွင် တည်းခိုခွင့်ရရှိလိုက်လေသည်။ တန်ဆောင်ကြီးမှာ ၂ ထပ် ဆောင်ဖြစ်၍ အပေါ်ပိုင်းတွင် သံဃာတော်များ တည်းခိုရန်အတွက် တစ်ယောက်စာအခန်းငယ်လေးများ ၅ ခန်းခန့်ရှိပြီး အရှေ့ပိုင်း ဘုရားခန်းနှင့် ဧည့်ခန်းတွင် သီလရှင်ဆရာလေးများ လူပုဂ္ဂိုလ်များ တည်းခိုနေထိုင်ကြရလေသည်။ အောက်ထပ်တွင်တော့ ကွပ်ပျစ်များဆက်ကာခင်းထားပြီး လာရောက်တည်းခိုသမျှ ဧည့်သည်အပေါင်းတို့မှာ တန်းစီ၍ […]