ဟိုနေ့က “အဖေလား..အမေလား…ဆုံးမပေးပါ” ဆိုတဲ့ ပို့စ်နဲ့ ပို့စ်အောက်က ကွန်မန့်တွေကို ဖတ်အပြီးမှာ ကျွန်မခေါင်းထဲကို “ယဉ်ကျေးမှု” ဆိုတဲ့ စကားလုံးက ဝင်ရောက်လာခဲ့ပါတယ်။ “ယဉ်ကျေးမှု” ရဲ့ အဓိပ္ပာယ်ကို ကျွန်မစသိခဲ့တာ ရှစ်တန်းနှစ်လောက်မှာပါ။ “ယဉ်ကျေးမှုဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းတည်ရှိခဲ့သော အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဂီတ၊ အနုပညာ အားလုံးပါဝင်သည်” လို့ သင်ကြားခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဦးမင်းနိုင်ရဲ့ မြန်မာမှုဆိုတဲ့စာထဲက အကြောင်းအရာတစ်ခုကိုလည်း သတိရမိပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ထိန်းသိမ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို ခေတ်နဲ့လိုက်လျောညီထွေစွာ ပယ်ဖျက်သင့်တဲ့ယဉ်ကျေးမှုလည်း ရှိပါတယ်တဲ့။ ဥပမာအားဖြင့် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်တဲ့အတွက် ဒီအလေ့ကို ပယ်ဖျက်ရမှာဖြစ်ပေမယ့် အသားမှာစွဲအောင်ထိုးတဲ့ ဆေးမင်ကြောင်ဆေးဖော်စပ်နည်းကိုတော့ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်တဲ့။   အဲဒီနောက်တော့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို အတိအကျသိချင်တဲ့အတွက် ထပ်ရှာကြည့်လိုက်တဲ့အခါ ဖွင့်ဆိုချက်အမျိုးမျိုးကို […]


အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။   ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ […]


မနေ့က နယ်က ဆရာမတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ဆရာမဆိုပေမယ့်လည်း ငါးတန်းကနေ ကိုးတန်းအထိ စာသင်ပေးလာတဲ့အပြင် အိမ်နီးနားချင်းပါဖြစ်နေတော့ ဆရာနဲ့တပည့်တင်မကဘဲ အဒေါ်နဲ့တူမလို ဖြစ်နေပါတယ်။ ပြီးတော့ ဆရာမရဲ့ တူ၊ တူမတွေနဲ့လည်း ရွယ်တူလိုဖြစ်နေတော့ သူတို့ခေါ်တဲ့အတိုင်း တီလေးလို့ပဲ ခေါ်ဖြစ်ပါတယ်။   တီလေးက အထက်တန်းကျောင်းက အလယ်တန်းပြဆရာမပါ။ ငါးတန်းစတက်ကတည်းက ညနေကျူရှင်က ပြန်လာတာနဲ့ ရေချိုး၊ ထမင်းစားပြီး ခြောက်နာရီခွဲလောက်ဆိုရင် တီလေးတို့အိမ်မှာ စာသွားကျက်ပါတယ်။ သင်သမျှစာတွေအလွတ်ရေး၊ အလွတ်တွက်နဲ့ ည ကိုးနာရီလောက်မှ ပြန်လာရပါတယ်။ သင်သမျှစာကို အကုန်သင်တာတင်မကဘူး၊ supplement တို့၊ Guardian တို့ထဲက စာတွေကိုပါ ဖြေခိုင်း၊ စာမေးပွဲနီးရင် သင်ပြီးသမျှစာတွေကို revision ပြန်လုပ် နဲ့ အခြေခံကောင်းကောင်း ရခဲ့ပါတယ်။ မေးခွန်းဆိုတာ ဝေလာဝေးလို့ တစ်လတစ်လ […]


ဟိုတလောက မမနောဖြူလေးရေးတဲ့ ဆယ်တန်းအောင်ရင် ဘာလုပ်ကြမလဲ  ပို့စ်တွေကို ဖတ်ပြီးကတည်းက ရေးချင်နေတာ။ ခုမှပဲ ရေးဖြစ်တော့တယ်။   အခု ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီးလို့ အမှတ်တွေတောင် ထုတ်လို့ရနေတဲ့အချိန်မှာ ကလေးတွေ ဘာတက္ကသိုလ်တွေ ရွေးမှာလဲဆိုတာ အရမ်းစိတ်ဝင်စားမိပါတယ်။   ဆေးကျောင်းက အခုဆို ထက်ဝက်လျှော့ချပြီး ခေါ်မှာဆိုတော့ အမှတ် ၅၀ဝ နားမနီးလို့ကတော့ မသေချာဘူးပဲ။ အဲဒီထက်ဝက်မှာလည်း တကယ်တက်ချင်စိတ်ရှိတဲ့သူတွေပဲ လျှောက်ပါစေလို့ ဆုတောင်းမိပါတယ်။ နို့မို့ဆို လျှောက်ပြီးမှ မတက်ဖြစ်တော့ရင် ကပ်ပြီးပြုတ်ကျန်ခဲ့တဲ့သူတွေအတွက် ရင်နာဖို့ကောင်းပါတယ်။   နောက် GTC တွေကိုလည်း YTU အဖြစ်နဲ့ အမှတ် ၄၅ဝ ကျော်တဲ့သူတွေသာ ခေါ်မယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါကိုတော့ သေသေချာချာ သိချင်သား။ ရန်ကုန်မှာပဲ အရင်တုန်းက RIT လိုမျိုး […]


မမနောရဲ့ ပို့စ်အောက်မှာ ကွန်မန့်ရေးနေရင်းနဲ့ ရှည်သွားလို့ ပို့စ်သက်သက် တင်လိုက်ပါတယ်။   ကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလိုပဲ ဆိုရမှာပေါ့..   ဆုံးသွားတာကို တကယ်စိတ်မကောင်းပါဘူး..ဒီလို နေ့မြင်ညပျောက်ဖြစ်ပြီး ကလေးတွေချည်းပဲ ကျန်ခဲ့တာ တကယ်ကို ကိုယ်ချင်းစာမိပါတယ်။   ကားသမားတွေကိုယ်တိုင်က စည်းကမ်းမရှိသလို ကားစီးတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာကြပါဘူး။ မီးပွိုင့်မှာ လူတင်တယ်ဆိုတာ တက်တဲ့သူရှိလို့ တင်တာပါ။ မီးပွိုင့်က တားစီးတယ်ဆိုတာကလည်း ရပ်ပေးတဲ့ကားရှိလို့ တားစီးကြတာပါ။   မီးပွိုင့်မှာ ကားမရပ်လိုက်နဲ့.ဆင်းလို့ရလားလို့ မေးကြတဲ့လူများပါတယ် (ကျွန်မကိုယ်တိုင် အပါအဝင်ပါ)။ လှည်းတန်းမှာ ဒီလောက်လူတွေများတာ…မျဉ်းကျားက လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…ကားတွေရပ်မပေးလို့ မပြောနဲ့… ရပ်တာမရပ်တာ သူ့အလုပ်၊ မျဉ်းကျားက သွားကူးရမှာက ကိုယ့်အလုပ်။   လှည်းတန်းမီးပွိုင့်မှာ လူတွေ […]


မနေ့က Channel 7 က Hot Ride ဆိုတဲ့ အစီအစဉ်တစ်ခုကို ကြည့်လိုက်ရတယ်။ ဘာအဓိပ္ပာယ်နဲ့ ပေးထားတာလည်း မသိပေမယ့် ကား showroom တစ်ခုက ကားတွေကို ရိုက်ပြထားတာပါ။   ထုံးစံအတိုင်း မော်ဒယ်တွေက sexy ပုံတွေပါပဲ။ တော်တော်လည်း စိတ်ပျက်မိသွားတယ်။ ကားကြော်ငြာတာနဲ့ sexy post နဲ့ ဘာဆိုင်သလဲပေါ့။ နိုင်ငံခြားက Car Show တွေကို တုပြီး လုပ်တာလား။ ယဉ်ကျေးမှုက တစ်ခြားစီပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးထင်ပါတယ်။ ကားနဲ့ sexy post နဲ့ လားလားမျှမသက်ဆိုင်ပါ။ ကားဝယ်တဲ့သူတွေကလည်း ကားကောင်းတာမကောင်းတာကို ကြည့်မှာလား။ ဒီမော်ဒယ်တွေကို ကြည့်မှာလား။ ကားဝယ်အောင်ဆွဲဆောင်တဲ့ နည်းလမ်းလား။ ကျွန်မ ဉာဏ်မမီဘူး […]


ဟိုတလောက မြေနီကုန်းကနေ လှည်းတန်းကို ပြန်လာတော့  ၄၈ အထူးကားကို အဆင်သင့်တွေ့လိုက်တာနဲ့ပဲ တက်စီးလိုက်တယ်။ တက်ပြီးခါမှ ခုံမှရှိရဲ့လားလို့ စိတ်ပူသွားမိသေးတယ်။ ခုံရှိလားဆိုတော့ စပယ်ယာက ရှေ့မှာရှိတယ်ဆိုပြီး လူကြီးတစ်ယောက်က ဘေးတိုးပေးတယ်။ ဒရိုင်ဘာနောက်ဘက်ကပ်ရပ် သုံးယောက်ခုံမှ ဝင်ထိုင်လိုက်တယ်။ ရှေ့ကိုလည်း မြင်နေရတာပေါ့။ ဟံသာဝတီအဝိုင်းကိုရောက်တော့ ယာဉ်ထိန်းရဲတစ်ယောက်က တားတယ်။ စပယ်ယာက ပိုက်ဆံကို လက်ထဲထည့်ပေးလိုက်တယ်။ (အဲဒါကို ကျွန်မ နားမလည်တာ အတော်ကြာပြီ။ တွေ့တွေ့နေရတယ်။ ခဏခဏပဲ။ ဘာအတွက်ပေးတာလဲပေါ့။ အပြစ်တစ်ခုခုရှိလို့ လာဘ်ထိုးတဲ့ သဘောလားလို့  တွေ့းမိတယ်။ ဘယ်သူ့ကိုမှလည်း မမေးဖြစ်ဘူး။) အခုလည်း အဲဒီလိုတွေ့တော့ ကျွန်မလည်း စဉ်းစားမိပြန်ရော။ ဘာအပြစ်ရှိလို့လဲပေါ့။ အဲဒီအချိန်မှာပဲ နောက်စပယ်ယာတစ်ယောက်က ပိုက်ဆံပေးလိုက်တဲ့သူကို မေးလိုက်တယ်။ ဘာလို့ တားတာလဲတဲ့။ ဟိုက ပြန်မဖြေဘူး။ သူလည်း သိပုံမပေါ်ဘူး။ […]