yiwaiNovember 21, 20131min2662
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


သူရႆဝါMay 20, 20105min1410
“မီးသင့်နှင်းဆီပွင့်ချပ်များ” ငယ်ဘဝအိပ်မက်မျိုးနဲ့ ဒီနှင်းဆီကိုမှ ပျိုးခဲ့သူ မိုက်မဲမှုကို တံခွန်ထူလို့ ရိုဇီရေ . . . နင်ဟာ မျက်လှည့်ဆရာရဲ့ မှော်အကျီ င်္တစ်ထည်ဖြစ်တယ် . . . ။ “ဒီနှင်းဆီလေးကို ငါ့အရေပြားပေါ် စိုက်ခဲ့ပါတယ်” စိုက်ခဲ့မိသည်။ တစ်ခုခုမှန်မှာပေါ့ဟု တွေးမိသော အချိန်သည် တစ်ခုခုမှားနေမှန်းသိရ၏နှင့် တစ်နာရီတည်းကျသည်။ တစ်မိနစ်ထဲကျသည်။ တစ်စက္ကန့်ထဲကျသည်။ မိမိကိုယ်ကို ပြုတ်ကျလာမှန်းသိမှ နင်လွှတ်ချလိုက်မှန်း သိတယ်။ ဘယ်နေရာ ရောက်နေမှန်းသိသည်။ ဘယ်နေရာ ရောက်ခဲ့မှန်း မသိခဲ့သည်ကိုလည်း သိသည်။ ရိုဇီရေ . . . ။ ဘာအသံမှမပေးကြဘဲ ဆူညံသံတွေကို ကြားရသည်။ နင်ထွက်သွားသည်။ နင်ပြန်သွားသည်။ နင်ရှောင်သွားသည်။ နင် ကိုယ်လွတ်ရုန်းသွားသည်။ တစ်ခုခုမှ မဟုတ်ပါ။ တစ်ခုခုလည်း […]


သူရႆဝါApril 30, 20101min1985
ကျွန်တော်၊ သူမနှင့် ဧပရယ်လ် မိုးတိမ်များ “အခိုက်အတန့်” “ချစ်တယ် ချစ်တယ်” ဟု ကျွန်တော် မကြားအောင် သူမ ပြောသည်။ သို့သော် … ကျွန်တော် ကြားလိုက်ပါသည်။ အသံမထွက်စေဘဲ နှုတ်ခမ်းလှုပ်ရုံမျှ ပြောခြင်းဖြစ်သဖြင့် “နားနှင့်ဆတ်ဆတ်ကြားသည်” ဟု မပြောနိုင် သော်လည်း “ရင်နှင့်ဆတ်ဆတ်” ကြားပါသည်။ ကျွန်တော့် ချစ်ရသူလေးသည် မည်မျှ ရယ်စရာကောင်းလိုက်ပါသလဲ … ကျွန်တော့်အနားကပ်၍ ကျွန်တော် မကြားအောင် “ချစ်တယ်” ဟု ပြောသည်တဲ့။ နောက်ပြီး … ထိုသို့ ပြောသောနေရာကလည်း တော်တော်ကို ကဗျာမဆန်လှသော နေရာတစ်ခု ဖြစ်နေပြန်သည်။ ထားပါ … အရေးမကြီးလှသော ကိစ္စဖြစ်ပါသည်။ အရေးကြီးသည်က ကျွန်တော့် စိတ်ကိစ္စဖြစ်သည်။ သူမ၏ ဝန်ခံစကားကို ကြားကြားချင်း ကျွန်တော့် […]