တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်ကောင်းကောင်းမနှံ့ရှာပေ၊ သို့သော် ခင်မင်ဖွင်ရာကောင်း၏။ ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း ၎င်းက ၎င်း၏ ထုံးစံအတိုင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု နှုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား . “ ကိုပီတာကြီးတစ်ယောက် မလာတာ အတော်ကြာပြီနော်” ဟု ပြောလိုက်ရာ ၎င်းက..“ဟုတ်ပါတယ်ကွာ၊ မင်းကို ငါသတိရနေလို့ မလာဖြစ်တာကွ” ဟု ကိုပီတာကြီးက ပြောလေ၏။ ထို့ကြောင့်ကျွန်ုပ်က .. “မဟုတ်သေးပါ ဘူး ကိုပီတာကြီးရယ်၊ သတိရရင်လာရမှာပေါ့” ဟု ပြောလိုက်လျှင် ကိုပီတာကြီးက .. “သတိရနေတယ်ဆိုတော့ မင်းဟာ ငါရဲ့အာရုံထဲမှာ ရှိနေပြီလေကွာ၊ လာဖို့မလိုတော့ပါဘူး၊ ကောင်းကောင်း သတိရမရတဲ့ အခါကျတော့ […]