တစ်ကြိမ်လောက်ပါပဲ… အဖေ လို့ အားရပါးရလေး ပြန်ခေါ်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်မောင်းကိုကိုင်ပြီး ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေနင်းတဲ့စက်ဘီးနောက်က ခဏလေး လိုက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေ့လက်ရာ ငါးရံ့ဆန်လှော်ဟင်းပူပူလေး နည်းနည်းစားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… သူချက်ကိုယ်ချက်နဲ့ မီးဖိုခန်းမှာ ဟင်းလုချက်ပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ဟင်းချက်ရင်းနဲ့ အမေ့အကြောင်း တိုးတိုးလေး ပြောပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ငါ့သမီးပြန်လာပြီ ဆိုတဲ့ အသံလေး ကြားပါရစေ…   တစ်ကြိမ်လောက်ပါပဲ… ညဘက်စကားပြောရင်းနဲ့ နင်းပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… အဖေဝတ်နေကျ ဂျာစီအကျီတစ်ထည်လောက် ဝယ်ပေးပါရစေ…   တစ်ကြိမ်လောက်ပါပဲ… …….   တစ်ကြိမ်လောက်ပါပဲ…. ……….   တစ်ကြိမ်တွေများနေပြီ ထင်ပါရဲ့… […]


မီးဖွင့်လိုက်တယ်ဆိုရင်ပဲ ဝုန်းကနဲခုန်ဆင်းပြီး ထွက်ပြေးသွားတာ ကြောင်တစ်ကောင်…Tom & Jerry များ ဆော့နေကြသလားမှတ်ရတယ်။ ထောင်ထားတဲ့ မှန်ကလည်း လဲကျလို့…စားပွဲပေါ်က ပစ္စည်းတွေကလည်း ပြန့်ကျဲလို့…နာရီကို ကြည့်လိုက်တော့ မနက်ငါးနာရီလောက် ရှိတော့မယ်… တော်တော်လေး ဆိုးလိုက်တဲ့ ကျွန်မနော်… ဘာဖြစ်တာလဲဆိုတာကို သေချာမစူးစမ်းဘဲ အဖေ့ကိုတောင် လှမ်းထင်လိုက်သေးတယ်…. ကျွန်မ စိတ်ထဲကို အဖေလို့ရောက်လာတာနဲ့ တစ်ပြိုင်နက် မျက်ရည်ကကျလာပြီ… ငိုနေလို့ မပြီးသေးပါဘူးဆိုပြီး ရေချိုး၊ သေချာတောင် မဖြည်ရသေးတဲ့ အထုတ်ကို ပြန်ဆွဲပြီး အဆောင်က ထွက်လာခဲ့တယ်။ မိုးကလည်း ဖွဲဖွဲလေး ကျလို့…။   ကားကို ဘယ်လိုငှားပြီး ကားဂိတ်ကို ဘယ်လိုဆင်းခဲ့တယ် ဆိုတာတောင် သတိမရတော့ပါဘူး။ စိတ်နဲ့ လူနဲ့လည်း မကပ်သလိုပဲ။ အိပ်မက်ထဲမှာပဲ လမ်းလျှောက်နေရတာလား…။ အိမ်ရောက်ရင် ကြုံရမယ့် မြင်ကွင်းကြီးကို […]


သတင်းဆိုးတစ်ခုက ကျွန်မကို စောင့်ကြိုနေခဲ့ပါတယ်…. အဆောင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အစ်မတစ်ယောက်က ဆီးပြောတယ်… “မွန်မွန် အိမ်ကို ဖုန်းဆက်ပြီးပြီလား…ညီမလေး အမေ ဖုန်းဆက်တယ်..အဖေ ဆုံးသွားပြီတဲ့”….. ကျွန်မ နားကြားများ မှားလိုက်သလား…. တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ရတဲ့ အဖေက အခုမရှိတော့ဘူးတဲ့လား… မဖြစ်နိုင်ပါဘူး… ကျွန်မထွက်လာတုန်းကတောင် အကောင်းကြီးရှိသေးတာကို… ဟိုလျှောက်ပြောဒီလျှောက်ပြောလေး နည်းနည်းပဲ ရှိတာ… မဖြစ်နိုင်ပါဘူး…   စမ်းချောင်းအိမ်ကလည်း ဖုန်းခေါ်ထားတယ်တဲ့… ချက်ချင်းပဲ ဖုန်းဆက်လိုက်တော့ ပထမဆုံးကြားလိုက်ရတာက “ဟဲ့…ဘယ်တွေလျှောက်သွားနေတာလဲ..တစ်နေ့လုံးလည်း မရှိဘူး… ကိုကြီးဆုံးသွားပြီ…မနက် ရှစ်နာရီခွဲလောက်ကတဲ့” …ဒါဆိုသေချာတယ်ပေါ့… အချိန်က ညနေခြောက်နာရီ…နောက်ဆုံးကားက ထွက်သွားပြီ။ တစ်ယောက်တည်း ဘယ်လိုပြန်ရမလဲ…။ နေဦး..အမေ့ကို ဆက်ကြည့်ရမယ်… စိတ်လေးကိုထိန်း၊ လေသံလေးကို ပြင်ပြီး.. “အမေ နေကောင်းလား…၊ အရမ်းငိုထားသေးလား… သမီး အခု ပြန်လာလို့ မရဘူး။ […]


“သွားပြီ”.. ကျွန်မရဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်သံပါ။ စူပုပ်နေတဲ့ မျက်နှာနဲ့ ဆောင့်နင်းထားတဲ့ ခြေသံတို့က ကျွန်မနဲ့ ကပ်ပါလာပါတယ်။ နောက်ဆုံးနှစ် ဒုတိယ နှစ်ဝက်ကို ပြန်တက်ဖို့ ရန်ကုန်ကို အပြန် အိမ်ကို နှုတ်ဆက်ခဲ့တဲ့ ပုံပေါ့။ တစ်သက်မမေ့တဲ့နေ့…၃၀.၅.၂၀၀၉…   ပထမနှစ်ဝက်ပြီးလို့ ကျောင်းနှစ်လပိတ်ခဲ့တဲ့ အချိန်မှာ အိမ်မှာ မနားဖြစ်ဘဲ ကိုးတန်းကျောင်းသားတစ်ယောက်နဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကို စာသင်ခဲ့ပါတယ်။ နှစ်လအတွင်း ပြီးနိုင်သမျှ ပြီးအောင် သင်ပေးခဲ့ရတာဆိုတော့ အချိန်လည်းပေးခဲ့ရပြီး တော်တော်လည်း ပင်ပန်းခဲ့ပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုမှာလည်း ေဒေတာသွင်းတဲ့နေရာမှာ ကူညီပေးခဲ့တာဆိုတော့ ကျွန်မရဲ့ ကျောင်းပိတ်ရက်က အေးအေးဆေးဆေးတော့ မရှိခဲ့ပါဘူး။ အားလုံးပေါင်းလိုက်တော့ နောက်ဆုံးမှာ ဝင်ငွေစုစုပေါင်း တစ်သိန်းရခဲ့ပါတယ်။   ပြဿနာက ဘယ်ကစလဲဆိုတော့ အမေက ကျွန်မရတဲ့ တစ်သိန်းကို အပြည့်မပေးပဲ […]


ဟိုနေ့က မိဘအကြောင်းဖတ်လိုက်ပြီးတော့ အဖေ့ကို လွမ်းနေမိတယ်။ တစ်ချိန်တည်းမှာပဲ အိမ်နားက အန်တီကြီးပြောပြတဲ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ခုကိုလည်း သတိရမိတယ်။   အဖေက မနက်ဘက်ဆိုရင် အစောကြီး နိုးနေတတ်ပါတယ်။ နိုးတာနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့က မုန့်ဟင်းခါးဆိုင်မှာ စကားသွားပြောနေတတ်ပါတယ်။   မွန်မွန်တို့ဒေးဒရဲမြို့မှာ ဒေးဒရဲတံတားဆိုတာ ရှိပါတယ်။ တံတားက မြို့ကို ဖြတ်ပြီး ဆောက်ထားသလိုပါပဲ။ ချဉ်းကပ်တံတားက မြို့ပေါ်ကို ဖြတ်သွားတာပါ။ မွန်မွန်တို့အိမ်က တံတားအောက်နားမှာရောက်နေတော့ တံတားပေါ်ကို မြင်နေရပါတယ်။ မြို့မှာတော့ အထင်ကရနေရာတစ်ခုလို ဖြစ်နေတာပေါ့။ ညနေဘက်ဆို လူငယ်လူကြီး စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ လမ်းလျှောက်ကြနဲ့ လေညင်းခံရင်း ပျော်စရာကောင်းပါတယ်။ မနက်ဘက်ဆိုရင်လည်း လမ်းလျှောက်ကြတဲ့ လူတွေ ရှိပါတယ်။ ပြီးတော့ အတွဲတွေလည်းရှိတာပေါ့နော်။  🙂   တစ်မနက်သားကျတော့ […]