တစ်ကြိမ်လောက်ပါပဲ…
တစ်ကြိမ်လောက်ပါပဲ…
အဖေ လို့ အားရပါးရလေး ပြန်ခေါ်ပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
အဖေ့လက်မောင်းကိုကိုင်ပြီး ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
အဖေနင်းတဲ့စက်ဘီးနောက်က ခဏလေး လိုက်ပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
အဖေ့လက်ရာ ငါးရံ့ဆန်လှော်ဟင်းပူပူလေး နည်းနည်းစားပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
သူချက်ကိုယ်ချက်နဲ့ မီးဖိုခန်းမှာ ဟင်းလုချက်ပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
ဟင်းချက်ရင်းနဲ့ အမေ့အကြောင်း တိုးတိုးလေး ပြောပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
ငါ့သမီးပြန်လာပြီ ဆိုတဲ့ အသံလေး ကြားပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
ညဘက်စကားပြောရင်းနဲ့ နင်းပေးပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
အဖေဝတ်နေကျ ဂျာစီအကျီတစ်ထည်လောက် ဝယ်ပေးပါရစေ…
တစ်ကြိမ်လောက်ပါပဲ…
…….
တစ်ကြိမ်လောက်ပါပဲ….
……….
တစ်ကြိမ်တွေများနေပြီ ထင်ပါရဲ့…
မရနိုင်တာကိုမှ လိုချင်မိတာပါ…
နောင်တတွေ အပုံအပင်နဲ့မို့
သံသရာမှာ ပြန်ဆုံဖြစ်ရင်…
ခွင့်လွှတ်ပေးပါ အဖေ….။ ။
36 comments
P chogyi
July 31, 2012 at 12:45 pm
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား
ကွေကွင်းနောက်ဆုံးဖြစ်ရ၏
မွန်မွန်
August 1, 2012 at 3:42 pm
တရားနဲ့ဖြေပေမယ့်လည်း တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ အပြင်းအထန် လွမ်းမိပါတယ်….
aye.kk
July 31, 2012 at 1:06 pm
မွန်မွန်ရေ…
ရင်ထဲမှာခံစားရလောက်အောင်ပါ…။
တကယ်ကိုခံစားသွားရပါတယ်ကွယ်။။
မဟာရာဇာ အံစာတုံး
July 31, 2012 at 1:28 pm
ကဗျာကို ဖတ်ရင်း …
ကဗျာထဲက သမီးလေး နေရာက ခံစားရင်း ..
ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားမိပါရဲ့ဗျာ …….
တကယ်ပါပဲ …. :- |
မွန်မွန်
August 1, 2012 at 3:44 pm
အန်တီအေးနဲ့ ကိုအံရေ…
မွန်မွန့်နေရာက ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်…
မမ အညာသူ
July 31, 2012 at 1:36 pm
တစ်ကြ်ိမ်လောက်ပါပဲ………
ဖေဖေပြောနေကျပုံပြင်လေးကိုနားထောင်ချင်ပါသေးတယ်………
ချစ်သမီးလပြည့်နေ့အမှီအပြေးလေးလာခဲ့………..မယ်……..
snow white
July 31, 2012 at 1:56 pm
စိတ်တောင်မကောင်းပါဘူး ။ဖတ်ပြီးတော့ အိမ်ပြန်ရောက်မှဘဲ အဖေကို တစ်ကြိမ်လောက်ပါပဲ အဖေပိုက်ဆံပျက်နေလို့ မုန့်ဖိုးနည်းနည်းပေးပါအုံးအဖေ။။
မွန်မွန်
August 1, 2012 at 3:49 pm
ညာ နဲ့ စနိုးရေ… ဘာပဲဖြစ်ဖြစ် အဖေနဲ့အတူတူနေနေရတာ ကံကောင်းခြင်းတစ်ခုပါနော်…
surmi
July 31, 2012 at 2:19 pm
ကျုပ်သားသမီးတွေများဒီလိုတမ်းတနေမှာလားလို ့တွေးမိသေးတယ်
အိမ်ပြန်ချင်စိတ်တောင်ဖြစ်မိပါရဲ ့
အဝေးရောက်ဖခင်နေရာကခံစားခဲ ့ရပါတယ်
မွန်မွန်
August 1, 2012 at 3:50 pm
ဘယ့်နှယ်ပြောပါလိမ့် ကိုဆာမိရယ်… မိဘအရိပ်လောက် အေးမြတာမှ မရှိတာ… အဖေဆိုတဲ့ အားကိုးရာကို တမ်းတကြတာပေါ့… ခဏတာဆိုရင်သာ မသိသာပေမယ့်.. တစ်သက်တာ ပြန်မရနိုင်တော့တဲ့အခါမှာတော့ တကယ်ကို တစ်ကြိမ်လောက်ပဲ ပြန်လိုချင်မိတာပါ…
ko khin kha
July 31, 2012 at 3:57 pm
တစ်ကြိမ်လောက်ပါပဲ….
……….
တစ်ကြိမ်တွေများနေပြီ ထင်ပါရဲ့…
မရနိုင်တာကိုမှ လိုချင်မိတာပါ…
နောင်တတွေ အပုံအပင်နဲ့မို့
သံသရာမှာ ပြန်ဆုံဖြစ်ရင်…
ခွင့်လွှတ်ပေးပါ အဖေ….။ ။
မမွန်မွန်ရေ တစ်ကြိမ်တွေများပေမယ့် အကြိမ်ကြိမ်သာတွေဆုံစေဖို့
ဆန္ဒပြုပေးပါတယ်။
မွန်မွန်
August 1, 2012 at 3:57 pm
ဆန္ဒနဲ့ တစ်ထပ်တည်းကျပါရစေရှင်..
နွယ်ပင်
July 31, 2012 at 4:25 pm
ကဗျာလေးကို ဖတ်ရင်း ထပ်တူခံစားပေးသွားပါတယ်နော် …
mamanoyar
July 31, 2012 at 4:34 pm
မွန်မွန်ရေ ကဗျာလေးကိုဖတ်ပြီး တကယ့်ကိုခံစားလိုက်ရပါတယ်
မွန်မွန်
August 1, 2012 at 3:58 pm
မနွယ်ပင် နဲ့ နိုရာရေ.. ထပ်တူခံစားပေးတဲ့အတွက် ကျေးဇူးပါနော်…
ကိုပေါက်(မန္တလေး)
July 31, 2012 at 5:15 pm
တစ်ကြိမ်လောက်ပါဘဲ
ကရုဏဒေါသောနဲ့အပြောမာမာလေး
ကလေးဘဝကလို ဆူလိုက်စမ်းပါအဖေ
မွန်မွန်
August 1, 2012 at 4:00 pm
လေးပေါက်ရေ… ဖတ်ပြီးတော့ မျက်ရည်ကျမတတ်ပါပဲ..
မှတ်မှတ်ရရ အဖေက တစ်ခါပဲ ရိုက်ဖူးတယ်… တစ်ခါကတော့ စိတ်ဆိုးပြီး remote နဲ့ ကောက်ပေါက်ဖူးတယ်…
အဲဒီလို ဆူမယ်ဆိုရင်တောင် တစ်ကြိမ်လောက်လေးပဲဖြစ်ဖြစ် ပြန်လိုချင်မိပါတယ်…
MaMa
July 31, 2012 at 6:23 pm
မွန်မွန့်စာကိုဖတ်ပြီး မျက်ရည်တောင် ကျချင်တယ်။
ငယ်ငယ်က အဖေနဲ့အမေက နယ်မှာနေပြီး မောင်နှမတွေချည်းပဲ ရန်ကုန်မှာ ကျောင်းလာတက်ရတော့….
တခါတလေ အဖေရန်ကုန်လာတဲ့အခါ…….
ကျောင်းလာကြိုပြီး လွယ်အိတ်လွယ်ပေးတာ၊
လက်ဆွဲပြီး လမ်းလျှောက်ရတာ၊
ရုပ်ရှင်တွေ ဇာတ်တွေ လိုက်ပြတာ၊
မုန့်တွေလိုက်ဝယ်ကျွေးတာ၊
လိုချင်တာမှန်သမျှ ဘာပဲပူဆာပူဆာ ဝယ်ပေးတာတွေကို သတိရမိသွားတယ်။ [:-((]
ီ
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
မွန်မွန်
August 1, 2012 at 4:14 pm
အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အားကျမိပါတယ် မမရေ.. မွန်မွန်ကတော့ စဉ်းစားလိုက်တိုင်း နောင်တတွေက ပိုများနေသလိုပဲ…
မောင်ပေ
July 31, 2012 at 9:53 pm
မွန်မွန်ရေ
တစ်ကယ်ကို ဟက်ထိမိတဲ့ ကဗျာတစ်ပုဒ်ပါဘဲ
မောင်ပေ့ အဖေဆုံးတာ ၁၅နှစ်ပြည့်အတွက် ဩဂုတ်လထဲမှာ ကောင်းမှုလုပ်တော့မှာပါ
အဖေဆုံးချိန်က ကလေးသာသာ ဘာမှ မသိနားမလည်သေးလို ့၊ ငိုတောင် မငိုဖြစ်ခဲ့တာတွေ
သိနားလည်ချိန်ကြမှ အရမ်းခံစားရတယ်
မွန်မွန်
August 1, 2012 at 4:18 pm
၁၅ နှစ်တောင် ရှိသွားပြီလား.. ကိုယ်ချင်းစာပါတယ် ကပေရေ… ကလေးဘဝကတည်းက အဖေကို ဆုံးရှုံးခဲ့တာဆိုတော့ တကယ်ကို စိတ်မကောင်းပါဘူး.. မွန်မွန့်အဖေဆုံးတာလည်း မေ ၃၁ က သုံးနှစ်ပြည့်ခဲ့ပါတယ်။ ကိုပေတို့ပြုတဲ့ကောင်းမှုကို ကိုပေ့အဖေ သိရှိခံစားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်…
သန်းထွဋ်ဦး
July 31, 2012 at 10:16 pm
မမဝေဝေ ငါးဆန်လှော်ဟင်းလေး ချက်ပေးနေပါ၏နောက် တာပါ. မွန်မွန်ရေ
မွန်မွန်
August 1, 2012 at 4:21 pm
တကယ်စားချင်နေတာနော်… 🙂
အတိသဌ္ဇနာဂရ
August 3, 2012 at 1:13 pm
မွန်မွန်ရေ မမဝေဝေပို ့စ်တွင် အားပါးတရ သုံးဆောင်နိုင်ပါ၏။
YE YINT HLAING
August 1, 2012 at 9:47 am
မမွန်မွန်ရေ — ဖတ်ပီး ထိသွားတယ်ဗျာ !” ညဘက်စကားပြောရင်းနဲ့ နင်းပေးပါရစေ…တဲ့ ” ကျွန်တော် လည်း ငယ်ငယ် က အဖေ့ ကို ညတိုင်း လိုလို နင်းပေးခဲ့တယ်လေ —
kyeemite
August 1, 2012 at 1:46 pm
မွန်မွန်ရေ..ကိုယ်ချင်းစာနာမိပါတယ်…
တစ်ကြိမ်လောက်ပါပဲ…
တစ်ကြိမ်လောက်ပါပဲ…
တစ်ကြိမ်လောက်ပါပဲ…အော် ..အကြိမ်ပေါင်းများစွာ
ပြန်လည်ဆုံတွေ့ရပါစေဗျာ…
မွန်မွန်
August 3, 2012 at 12:33 pm
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်…
amatmin
August 1, 2012 at 3:59 pm
ဒေါ်မွန်မွန်ရေ..
မနေ့တည်းက အရင်ဆုံးဖတ်သွားပါတယ်ဗျ.
ပထမဆုံးလက်မလေးလဲ ထောင်သွားခဲ့ပါတယ်..
အခုသဂျီးရဲ့ ချစ်မေမေ ပို့စ်ကို ဖတ်ပီး..
သတိရလိုက်လို့ လာပြန်ပြောတာပါ..
ကျနော်တော့ ခင်ဗျားခံစားမှုတွေ ဖတ်လိုက်မိတိုင်း
ကြောက်ကြောက်နေတတ်တယ်ဗျာ..
အချိန်မှီ ပြင်ဆင်ဖို့အတွက် သတိတွေပေးနေသလို မို့.. ..
ကြိုးစားနေပါတယ်ဗျ..
ကျနော် အဖေ့ကို ပြောပုံဆိုပေါက်တွေကတော့
ရွာထဲက တချို့မိတ်ဆွေတွေ သိနေပါ့ .. 🙁
မွန်မွန်
August 3, 2012 at 12:37 pm
ကိုအမတ်မင်းရေ…
အရင်ဆုံးဖတ်သွားတဲ့အတွက်ရော၊ ပထမဆုံးလက်မလေးအတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်ရှင်… ပြင်ဆင်ဖို့ကြိုးစားနေတဲ့အတွက်လည်း ဝမ်းသာပါတယ်… မွန်မွန်လည်း ရှိစဉ်တုန်းက ပြစ်မှားစော်ကားခဲ့တာတွေ အများကြီးပါ.. မရှိတော့မှ နောင်တရပြီး တမ်းတနေပေမယ့်လည်း ဘာမှလုပ်လို့မရတော့ဘူးဆိုတော့ နောက်လူတွေကို မွန်မွန့်လို ဖြစ်မှာစိုးလို့ ခံစားချက်လည်းပါတဲ့ ဒီလိုကဗျာလေးတွေကို ရေးဖြစ်သွားတာပါ… ဒီရက်ပိုင်းတော့ အဖေ့ကို အရမ်းလွမ်းနေမိတာလည်း ပါတာပေါ့… အဖေနဲ့ပတ်သက်တာလေးတွေကို အချိန်ရရင် ထပ်ရေးဖို့ စဉ်းစားထားပါတယ်… တစ်ခါတစ်လေမှာ မိဘတွေကလည်း သားသမီးတွေ ပြစ်မှားအောင် လုပ်တတ်ကြတယ်… 🙂
shwe kyi
August 1, 2012 at 4:27 pm
ကိုအမတ်ပြောသလိုပဲ သတိပေးနေသလိုပဲမို့.. ပြင်စရာရှိတာပြင်ရမယ်။
ခံစားသွားပါတယ် နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေကိုခံစားမိသွားပါတယ်။
ကိုပေရေကြားရတာစိတ်မကောင်းပါဘူး 15 နှစ်တောင်ပြည့်ပြီတဲ့လား။
မွန်မွန်
August 3, 2012 at 12:38 pm
အစ်မရွှေကြည်ရေ…
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ခံစားမိသွားတယ် ဆိုတဲ့အတွက် ဝမ်းလည်းသာ၊ ကျေးဇူးလည်းတင်ပါတယ်နော်…
အလင်းဆက်
August 1, 2012 at 6:44 pm
မွန်မွန်…ရေ..
တကယ့်ကို..ထိမိ တဲ ့ကဗျာပါပဲ..။
အဲဒီလို ကဗျာလေးတွေ…ကို ကျွန်တော်…ချစ်တယ်..။
မွန်မွန်
August 3, 2012 at 12:39 pm
ကဗျာလေးကို အားပေးတဲ့အတွက် ကျေးဇူးပါ မုဆိုးကျော်ကြီးရှင့်… 🙂
pooch
August 2, 2012 at 12:00 am
မွန်မွန်ရေ ဘဝတူတွေပါ။ ခွဲသွားတာ နှစ် ၂ဝ နီးပါး ရှိတော့မယ်။ ခုနေပြန်စဉ်းစားရင်တောင် ခပ်ဝါးဝါး အတိတ်မှာ မျက်ရည်ကျခဲ့ဖူးတာတော့ မှတ်မိနေပါတယ်။
Crystalline
August 2, 2012 at 10:32 am
မွန်မွန်ရယ်..ဘဝတူမို့ထပ်တူခံစားရပါတယ်..ကိုယ့်အဖေဆုံးတုန်းကတော့ ကိုယ်က သိပ်မသိတတ်သေးတဲ့ အရွယ်ဆိုတော့ဝမ်းနည်းရကောင်းမှန်းမသိခဲ့ဘူးလေ..
မွန်မွန်
August 3, 2012 at 12:43 pm
မပု နဲ့ crystalline ရေ…
ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေဆုံးရှုံးခဲ့ရတာအတွက် ကိုယ်ချင်းစာမိပါတယ်.. အကောင်းဘက်က တွေးကြည့်ရင်တော့ မသိသေးတဲ့အရွယ်ဆိုတော့ အရမ်းမခံစားရဘူးပေါ့နော်… သိတတ်လာလေ ပိုခံစားရလေပေါ့…