နွေဦးJanuary 30, 20133min47965
ထမင်းစားတော့မယ်ဆို ဘာဟင်းလဲလို့ မေးမိတတ်တယ် အသားဟင်းမပါရင် မျက်နှာက သိပ်မကောင်း ဟိုတယောက်ကတော့ အသားဟင်းဆို ဝက်သားလား  အမဲသားလား ဘာအသားဟင်းမှ ထူးထူးခြားခြားမရှိရင်နေ ကြက်သားဟင်းကတော့ ဆိုင်တိုင်းရှိတတ်မြဲ ဟို အသားရှောင် ဒီ အသားရှောင် ရှောင်ကြတဲ့သူတွေ ပေမဲ့ ကြက်သားတော့ မရှောင်ကြဘူးလေ….။ အဲဒီကြက်တကောင် ကြက်သားဟင်းဖြစ်ဖို့ (ရန်ကုန်ကို) လာရတဲ့ခရီးမနီးဘူး အဲလိုဘဲ လမ်းမှာလဲ သက်သက်သာသာ လာခဲ့ရတာ မဟုတ်ပြန်ဘူး…. ခင်ဗျားတို့ ဟင်းပန်းကန်ထဲ ဘယ်လိုရောက်လာလဲ ဆိုတာ အကြမ်းဖျင်းလေးဘဲ ပြလိုက်ပါ့မယ်… ဈေးထဲ လည်လှီးသတ်နေတဲ့ ပုံတွေတော့ မြင်မကောင်းလို့ တင်မပေးတော့ပါဘူးဗျာ..                   ဒါလေးတွေ ကြည့်ပြီး အိမ်ပြန်ရောက်ရင် ကြက်သားဆီပြန်ဟင်းလား ဘူးသီးနဲ့ကြက်သားလား ကြက်သားနဲ့အာလူးခပ်စပ်စပ်လေး ချက်စားမလားပေါ့….   […]


နွေဦးNovember 27, 20121min1889
ကျွန်တော်တို့ အမြဲကြားနေ ဖတ်နေရတာတွေက “သင့်အလုပ်ရှင်ကို အဆင်ပြေအောင်ဆက်ဆံနည်း” “အထက်လူကြီးကို မပြောရသော စကားလုံးများ” စတာတွေဘဲ အတွေ့များပါတယ် ။ ဒါကကျွန်တော်တို့ဟာ အမြဲတန်း အောက်လက်ငယ်သားဘဲဖြစ်ရမယ်လို့ အတွေးဝင်စေပါတယ်။ တကယ်တော့ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်နဲ့ တချိန်မှာ လုပ်ငန်းရှင် ပိုင်ရှင် အထက်လူကြီးတယောက်  ဖြစ်ရမဲ့သူတွေပါ ။ ဒီတော့ ကျွန်တော်တို့အတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုပြောဆို ဆက်ဆံသင့်တယ်ဆိုတာ သိထားသင့်တဲ့ အကြောင်းပါ။အဲ…..တကယ်လို့ သင်ဟာ တသက်လုံး အလုပ်သမားတယောက် ဝန်ထမ်းတယောက် ဘဝကနေ တိုးတက် လွတ်မြောက်ဘို့ ရည်ရွယ်ချက်မရှိတော့ဘူး ဆိုရင်တော့ ဒီစာစုဟာ သင့်အတွက် အသုံးဝင်မှာ မဟုတ်လို့ ကြိုတင်တောင်းပန်ပါရစေ ။ တကယ်တော့ ဒါတွေဟာ ကျွန်တော့ရဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေ ပြောဆိုဆက်ဆံနေကြတဲ့အပေါ်မှာ သတိပြုမိပြီး ကောက်ချက်ချထားတာတွေပါ […]


နွေဦးNovember 15, 20122min1347
ရာဇဝင် စာတင်ပြောကြကြေးဆို ကျုပ်တို့သမိုင်းမှာ သူရဲကောင်းများစွာ ရှိခဲ့ပါတယ် ။ သတ္တိဂုဏ်ရောင် ထွန်းပြောင်သူထဲမတော့ နောင်ရိုးတိုက်ပွဲလို နောက်ပြန်မလှဲ့ကြေး ဖေါင်ဖျက်လို့ အနိုင်တိုက်ခဲ့တဲ့ ဘုရင့်နောင်ရဲ့သတ္တိကိုတော့ မြန်မာတွေ အသိပါဘဲ ။ သူ့ခေတ်သူ့အခါ သူသည်လည်း ဘုရင့်နောင်ပါ ဒီခေတ်မှာတော့ ငါသည်လည်း ဘုရင့်နောင်ပါဘဲ..။ စေတနာ စေတနာ အခါခါပြောပြီး ရသမျှအကုန်နှိုက်တတ်ကြတဲ့ လူရမ်းကားတသိုက်ကြောင့် မြစ်တစင်းပေါ်မှာ အလျှားလိုက်ကျောခင်းလို့ ယိုင်နဲ့နဲ့ တံတားတစင်း ငါဖြစ်ခဲ့တာပေါ့ ။ ငါမမွေးဖွားခင်ကတည်းက ငါ့ရဲ့အသွေးအသားတွေကို စုတ်ယူခဲ့ကြသလို ခုချိန်ထိလည်း ဖဲ့ယူစားသောက်နေကြဆဲပါ။ တကယ်လို့ သူတို့သာဖဲ့မစားခဲ့ရင် ရာဇဝင်မှာ ထွန်းပြောင်ခဲ့တဲ့ ဘုရင့်နောင်လို ငါလည်း နှစ်တရာလောက် ကြံ့ကြံ့ခံနိုင်ပါရဲ့ ။ ခုတော့ငါ့ဘဝ ဟိုလူရွှင်တော်တွေပြက်လုံးထုတ်သလို “ဖွင့်ပွဲကြီးက မြိုင်မြိုင်ဆိုင်ဆိုင်.. တံတားကြီးကို လှည့်ကြည့်လိုက်တော့ ယိုင်တိုင် ယိုင်တိုင်…” […]


နွေဦးNovember 12, 20122min49139
နေ့တိုင်းမဖြစ်မနေ သုံးနေကြပေမဲ့ ဘယ်လိုသုံးရမယ် ဘယ်လိုသုံးသင့်တယ် ဆိုပြီး ဘယ်သူ့ကိုမှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။ ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။ ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။   ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး […]


နွေဦးOctober 20, 20121min19511
ဘာပြောရမလဲ..လုပ်တဲ့သူတွေက လုပ်ပေးနေပါတယ်..။ ရည်ရွယ်ချက်လည်းကောင်းပါတယ်..။ အမြန်ဆုံးလဲ အကောင်အထည်ဖေါ်နေပါတယ်..။ ဒါကို အကောင်းမမြင်တဲ့သူတွေ အမျိုးမျိုးဝေဖန်လဲ လုပ်သင့်တယ်ထင်တာကို လုပ်နေကြတာပါဘဲ..။ ကောင်းလာမယ်မကောင်းလာဘူးဆိုတာ အသေအချာတော့ မပြောနိုင်ဘူးပေါ့..။ ခုဘဲကြည့်…… ဘယ်လိုနားလည်ပေးရမှာလဲ.. ကြိုးစားပြီးလုပ်ပေးနေတဲ့ သူတွေကိုမှအားမနာ.. ခပ်ဝေးဝေးတောင်မရောက်သေး.. မျက်စေ့အောက်မှာတင်ရှိနေသေးတာတောင်.. မျက်နှာပြောင်ပြောင် သူတို့မို့လုပ်ရက်တယ်.. အော်..အလုအယက်ဆိုင်ထွက်နေတဲ့သူတွေ ပြောပါတယ်… ဘယ်အချိန်မှာ ဘယ်သူတွေက ကူပြီး ဘယ်လိုခရီးကို ဘယ်တော့ရောက်လိမ့်မလဲ လို့…. နွေဦး..တွေးမိသလို ရေးကြည့်ပါသည်..။


နွေဦးOctober 1, 20121min1659
တွေ့တိုင်းတွေ့တိုင်း အကြောင်းရာ တခုမဟုတ်တခု ငြင်းနေရတဲ့သူငယ်ချင်းနဲ့ ဒီနေ့လဘက်ရည်တိုင်မှာ ထိုင်မိတော့လဲ အမြင်မတူတာကို ငြင်းကြရပြန်တာဘဲ ။ငြင်းလိုက်တိုင်းလဲ သူလဲမနိုင် ကိုယ်လဲ အရှုံးမပေးနဲ့ ဘယ်တော့မှ ပွဲမပြီး အဆုံးမသတ် ကြဘဲအချိန်ကုန်ကြရတယ် ။ လူတိုင်းငြင်းခုံတတ် ကြတာပါ ။သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာ အများဆုံးငြင်းခုံတတ်ကြပါတယ်။ အဓိကငြင်းခုံရတဲ့ အကြောင်းအရာတွေဟာ သူလဲသိ ကိုယ်လဲသိထားတဲ့ အကြောင်းတွေဖြစ်တတ်ပါတယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူတော့တာနဲ့ ငြင်းခုံမှုဟာ စတော့တာပါဘဲ ။ တယောက်ယောက်က အလျှော့ပေးလိုက်မှ ဒါမှမဟုတ် အခြား ပြောစရာအကြောင်းပြောင်းသွားတော့မှ ငြင်းခုံတာပြီးသွားတတ်တယ်။ နို့မဟုတ်လို့ကတော့ အချိန်ကုန်သွားတဲ့အထိ မပြီးမဆုံး ငြင်းခုံနေကြရမှာ ။ ဒီလို ငြင်းခုံတဲ့ အလေ့အထဟာ ဘယ်အချိန်ကစပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်တမ်းမတွေ့မိပေမဲ့ လူတွေရှိနေသ၍တော့ ငြင်းခုံမှု အငြင်းပါွးမှုတွေကတော့ အဆုံးမရှိ ဖြစ်နေကြအုံးမှာပါဘဲ။ ငြင်းခုံကြတဲ့ အကြောင်းပေါ်မှာ အခြေခံပြီး […]


နွေဦးAugust 24, 20121min1418
တကယ်တော့ ဒါဟာ ဒုက္ခ မဟုတ်ပါဘူး ။ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စ လည်းမဟုတ်ပါဘူး ။အကျင်္ ီ တထည်ရဲ့ လမ်းဆုံးကို ဘယ်လို အဆုံးသတ်ပေးရကောင်းမလဲလို့ တွေးမိတာပါ ။ တွေးမိတဲ့အတိုင်း ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ…။ ပြောရရင်တော့ ဒီအကျင်္ ီ စဝယ်ပြီးကထဲက တခါမှတွေးထားမိခဲ့ဖူးဘူး ။ ဝယ်ပြီးစ အသစ် ပွဲနေပွဲသွား ခပ်ကြွားကြွားလေး ဝတ် ဟိုသွားဒီသွား မနားတမ်းလဲ ဝတ်ဖြစ်လေရဲ့ ။ တွေ့တဲ့သူတွေကလဲ ဒီအကျင်္ ီလေးကို ကောင်းတယ် မကောင်းဘူး အမျိုးမျိုး ပြောတတ်ကြတယ် ။ဒီလိုနဲ့ဘဲ ကြာလာတော့ အကျင်္ ီလေးက ဟောင်းလာတော့တာပါဘဲ ။ ဟောင်းလာတဲ့ အကျင်္ ီကို သိပ်မဝတ်ဖြစ်တော့ဘူး ။ဟိုနားဒီနား ထသွားထလာ လောက်တော့ တခါတရံ […]


နွေဦးAugust 9, 20121min36123
ပြုံးပြလိုက်ပါ  ။ သင်ပြုံးပြလိုက်တဲ့ တုန့်ပြန်ချက်တွေ ကြည့်လိုက်ပါ ။သင်ကိုယ်တိုင် ကြေနပ်သွားမှာပါ။ပြုံးပြရတဲ့ အလုပ်က သင့်အတွက် မခက်ခဲပါဘူး ။ သင်ပြုံးပြတာကိုတွေ့မြင်ရတဲ့ သူတွေက ရရှိသွားတဲ့ ပျော်ရွှင်မှု က အဖိုးမဖြတ်နိုင်ပါဘူး ။ ၁။  ။သင့်ရဲ့ အပြုံးက ကူးစက်စေပါတယ် ။        သင်ပြုံးနေတာကို တစုံတယောက်က မြင်လိုက်ရင် သူပါ လိုက်ပြုံးလာတာတွေ့ရမှာပါ ။သင့်ရဲ့ အပြုံးနဲ့အတူ ပျော်ရွှင်မှုတွေကလဲ သူ့ဆီကို ကူးစက်သွားပါတယ် ။ ၂။   ။သင့် အပြုံးက လူတွေကို ဆွဲဆောင်မှု ရှိစေ လာတယ် ။         ပြုံးနေတဲ့ သင့်ကို မြင်ရတဲ့သူတွေက မှတ်မိလွယ်ကြတယ် ။မျက်မှောင်ကြုံ့နေတဲ့ သင့်ထက် ပြုံးနေတဲ့ သင့်ကို စိတ်ဝင်စားမှု ပိုများမှာပါ။ ၃။   […]