အကျင်္ ီဟောင်းတစ်ထည်နဲ့ကျွန်တော်

နွေဦးAugust 24, 20121min2348

တကယ်တော့ ဒါဟာ ဒုက္ခ မဟုတ်ပါဘူး ။ ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စ လည်းမဟုတ်ပါဘူး ။အကျင်္ ီ တထည်ရဲ့ လမ်းဆုံးကို ဘယ်လို အဆုံးသတ်ပေးရကောင်းမလဲလို့ တွေးမိတာပါ ။
တွေးမိတဲ့အတိုင်း ကျွန်တော် အဆုံးသတ်ပေးလိုက်ပါပြီ…။
ပြောရရင်တော့ ဒီအကျင်္ ီ စဝယ်ပြီးကထဲက တခါမှတွေးထားမိခဲ့ဖူးဘူး ။ ဝယ်ပြီးစ အသစ် ပွဲနေပွဲသွား ခပ်ကြွားကြွားလေး ဝတ် ဟိုသွားဒီသွား မနားတမ်းလဲ ဝတ်ဖြစ်လေရဲ့ ။ တွေ့တဲ့သူတွေကလဲ ဒီအကျင်္ ီလေးကို ကောင်းတယ် မကောင်းဘူး အမျိုးမျိုး ပြောတတ်ကြတယ် ။ဒီလိုနဲ့ဘဲ ကြာလာတော့ အကျင်္ ီလေးက ဟောင်းလာတော့တာပါဘဲ ။ ဟောင်းလာတဲ့ အကျင်္ ီကို သိပ်မဝတ်ဖြစ်တော့ဘူး ။ဟိုနားဒီနား ထသွားထလာ လောက်တော့ တခါတရံ ဝတ်ဖြစ်သေးတယ်ပေါ့ ။
အကျင်္ ီအသစ်တွေ နောက်ထပ်နောက်ထပ် ဝယ်ဖြစ် ဝတ်ဖြစ် ဒီလိုဘဲ အသစ်အသစ်တွေက တဖြည်းဖြည်း ဟောင်းဟောင်းသွားကြတယ် ။ ဒါ့ကြောင့်လဲ အဝတ်ဘီဒိုထဲ အဝတ်ဟောင်းတွေနဲ့ ပြည့်လာတော့တာပေါ့ ။
ဒီနေ့တော့ မဝတ်ဖြစ်တာကြာလှပြီဖြစ်တဲ့ အကျင်္ ီတထည်ကို ထုတ်ကြည့်မိပြီး ရှည်ရှည်ဝေးဝေး အတွေးတွေ ရှည်သွားမိတယ် ။ အရမ်းကြီး မစုတ်ပြဲသေးတော့ အမှိုက်တောင်းထဲ ထည့်ပြီးလဲ မလွှင့်ပစ်ချင်ဘူး ။ မီးဖိုချောင်ထဲပို့ပြီး လက်နှီးစုတ် လက်ခု အဖြစ် သုံးရရင်ကောင်းမလားပေါ့ ။ဒီလောက်ထိလဲ ဒီအကျင်္ ီက စုတ်ပြတ်မနေ သေးဘူး ။ လက်နှီးစုတ်လုပ်ဖို့ကလဲ သူ့ထက် စုတ်နေတဲ့ စွပ်ကြယ်စုတ်တို့ ပုဆိုးစုတ်တို့ ကို သုံးဖို့ ထုတ်ထားပြီးပြီ ။
ကောင်းတာက မရှိတဲ့ အရပ် က နွမ်းပါးသူတွေ ဒုက္ခရောက်နေတဲ့ သူတွေကို ပေးသင့်တာပေါ့နော် ။ ဟောင်းနေပေမဲ့ အတိုင်းတာ တခုထိတော့ အသုံးဝင်မှာပါ ။နောက်ဆုံး လက်နှီးစုတ်ဖြစ်တဲ့ အချိန်ထိတော့ တန်ဘိုးတခု ဖြစ်နေဦးမှာမဟုတ်လား ။
ဒါပေမဲ့……
ကျွန်တော့်ရဲ့ အကျင်္ ီဟောင်းတထည်ကို မီးရှို့ ဖျက်ဆီး ပစ်လိုက်ပြီးအဆုံးသတ်လိုက်ပါတယ်…။

စာဖတ်သူ……
မီးရှို့ပြီး အဆုံးသတ်ပေးလိုက်တဲ့ ကျွန်တော့်ရဲ့ အကျင်္ ီလေးကို နှမျော သွားပါသလား ။
ဒီလို အကျင်္ ီ ကို အသုံးဝင်တဲ့ဆီ မပေးကမ်းဘဲ မီးရှို့လိုက်တဲ့ကျွန်တော့်ကို ဉာဏ်မရှိတဲ့ အရူးလို့ သတ်မှတ် ပါသလား ။
ကျွန်တော် ကျေနပ်စွာ ခံယူပါတယ် ။ ကျွန်တော် မီးရှို့လိုက်တဲ့ အကျင်္ ီတန်ဘိုးက မပြောပလောက်ပါဘူး ။
ဒီလောက်လေးအပေါ်မှာတောင် စာဖတ်သူက နှမျောတတ် ဒီလို မဆင်မခြင် လုပ်သူကို အရူးလို့ ဝေဖန်သတ်မှတ် လိုက်တယ်ဆို ကျွန်တော် ကြေနပ်ပါတယ် ။

အော်..ဒါထက်စကားမစပ် .. ဗ/… ကားတွေ ဖျက်သိမ်းဖို့ အပ်ရတော့မယ် ကြားတယ်ဗျာ..။

 

နွေဦး တွေးမိသလို ရေးမိပါသည် ။

8 comments

  • YE YINT HLAING

    August 24, 2012 at 4:38 pm

    အတွေးလေးပေးသွားတယ် ! မဝေဖန် မသတ်မှတ်ပါဘူးဗျာ ! ကာယကံ ရှင် တစ်ယောက်အနေ နဲ့ လုပ်သင့်လို့ လုပ်လိုက်တယ်လို့ မြင်ပါတယ် ။ စက်ပစ်စည်း တွေ အနေနဲ့ ကတော့ အိုမင်း ဟောင်းနွမ်းလာရင် စွန့်ပစ် ဖျက်စီးပြီး Raw Material အဖြစ်လုပ်သင့်ပြီး ပြန်လည်ကြိုချက် ပုံဖော် အသုံးပြုသင့်ပါတယ် ။ မဟုတ်ရင် လူ ကို ထိခိုက် အန်နရယ် ဖြစ်စေ သလို အခြားဆုံးရှုံးမှု တွေပါ ဖြစ်စေတယ်လေ !

    • နွေဦး

      August 24, 2012 at 4:51 pm

      ပြန်ဝတ်လို့ ရသေးတဲ့ အကျင်္ ီ ကိုတော့ လက်နှီးစုတ် မလုပ်သင့်ဘူးပေါ့ဗျာ..။
      နှစ်ပေါင်းများစွာ (စစ်ကြိုခေတ်ကထဲက)ပြုပြင်ပြီး သုံးလို့ရသလောက် သုံးခဲ့ကြတာပါ ။
      သူဌေးအိမ်ကတော့ နဲနဲ နွမ်းနေတဲ့ အကျင်္ ီကို လွှင့်ပစ်နိုင်ပေမဲ့ ဆင်းရဲသားအိမ်ကတော့ စုတ်ပြတ်နေတာတောင် ဖါထေး ဝတ်ကြရတာပါ ။
      တကယ်မချမ်းသာဘဲနဲ့ သူဌေးလို ဆီပြန်ဟင်းချဉ်းဘဲတော့ မဖြစ်နိုင်ပါဘူး ။
      ငပိရည် စားလို့ အန ္တရာယ် ဖြစ်မယ်ဆိုလဲ လောလောဆယ် ဗိုက်ပြည့်အောင်တော့ အရင်စားပြီး နောင်မှ ဆေးကုယူရမှာပါ ။

  • မောင်ပေ

    August 24, 2012 at 8:29 pm

    ကိုနွေဦးနေရာမှာ ကျွန်တော် ဆိုရင်တော့
    မဝတ်တော့တဲ့ အင်းကျီ ဘောင်းဘီ ပုဆိုးဟောင်းတွေကို လျှော်ဖွပ် မီးပူတိုက် စုထားပြီး
    နယ်စပ်နဲ ့တောင်တန်းသာသနာတော်ပြန် ့ပွားရေးအဖွဲ ့မှာ သွားလှူမိမှာပဲ…။
    အဲဒီမှာ… နယ်စပ်ဒေသတွေက မရှိဆင်းရဲသူများအတွက် ကိုယ်မဝတ်ဖြစ်တော့တဲ့ အဝတ်အဟောင်းတွေကို လှူလို ့ရပါတယ်။
    ဒါကတော့ ကိုနွေဦးစာကိုဖတ်အပြီး တွေးမိတာလေးပါ

  • padonmar

    August 24, 2012 at 9:16 pm

    ကိုနွေဦးရေ
    ကျမကတော့ ကပ်စေးနဲတယ်ပြောပြော စနစ်ကျတယ်ပြောပြော ဘယ်ပစ္စည်းကိုမှ ဒီတိုင်းမစွန့်ပစ်ရက်ဘူး။
    သူ့တန်ဖိုးရှိသလောက် အဆင့်ဆင့်သုံးပြီးမှ မြေဇာအထိဖြစ်စေချင်တယ်။
    ကောသလမင်းကြီးနဲ့ အရှင်အာနန္ဒာ အမေးအဖြေမှာ သင်္ကန်းတစ်ထည်ကို ဘယ်လိုသုံးသလဲဆိုတာကို
    သင်္ကန်းမှသည် အဆင့်ဆင့်သုံးပြီး နောက်ဆုံး နုတ်နုတ်စင်းပြီး နံရံမှာ မြေညက်နဲ့လိမ်းကျံသည်ထိ အသုံးပြုပါတယ်လို့ ဖြေကြားတာလေး သိပ်သဘောကျပါတယ်။
    ကိုနွေဦး ပေးချင်တဲ့ message မျိုး မိုချိုလည်း ရေးပေးဖူးတယ်။
    ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်ပြီး ချမ်းသာတဲ့ တိုင်းပြည်လို ကျင့်သုံးချင်တဲ့နေရာကျင့်သုံးဆိုတော့
    ဆင်းရဲသားက သုံးဖြုန်းနေသလိုပါပဲ.

  • kai

    August 25, 2012 at 3:19 am

    အော်..ဒါထက်စကားမစပ် .. ဗ/… ကားတွေ ဖျက်သိမ်းဖို့ အပ်ရတော့မယ် ကြားတယ်ဗျာ..။

    ကျုပ်အနေနဲ့ကတော့.. ကားဟောင်းတွေဖျက်သိမ်းပြီး.. တစစီလုပ်.. ရီဆိုင်ကယ်လုပ်လို့ရတာလုပ်.. လုပ်လို့မရတာ.. မြေမြုတ်တာမျိုးပိုကြိုက်ပါတယ်.
    ကားဟောင်းက. လူတွေနဲ့ပါတ်ဝန်းကျင်ကို တော်တော်ဒုက္ခပေးတာမို့ပါ..

    အဲဒီကားဟောင်းတွေကြောင့်.. ရန်ကုန်.မန္တလေးကလူတွေ..အဆုတ်ရောဂါဖြစ်နှုန်းတက်နေတာအပါအဝင်.. မျက်စိ.. အရေးပြားတွေထိခိုက်ပျက်စီးနေတာ.. အဲဒါကြောင့်.. အိမ်ထောင်စုတိုင်းရဲ့ ကျမ်းမာရေးဆေးကုစားရိပ်တက်နေတာ.. ရေတွက်လို့တောင်မရလောက်တဲ့ငွေပမာဏလို့ ထင်မိတယ်..

    ဆိုတော့..
    မှတ်မိသလောက်.. ဂျပန်မှာ.. ၅+နှစ် (ဒါမှမဟုတ်) ကီလို၁သိန်းပြည့်တဲ့ကားဟောင်းပစ်မယ်ဆို.. ယန်း ၄-၅သောင်းပေးရတယ်..
    ပစ်ခပေါ့…
    မြန်မာပြည်က.. အဲဒီကားတွေ… အလကားယူပြီး. နောက်ထပ်၅နှစ်(ဒါမှမဟုတ်) ကီလို၂သိန်းပြည့်တဲ့အထိစီး.. ပြီးမှ ရီဆိုင်ကယ်လုပ်ရင်.. အလုပ်အကိုင်အခွင့်အလန်းတွေ.. သိန်းချီပေါ်လာမယ်ထင်မိတယ်..

  • ရဲစည်

    August 25, 2012 at 6:13 am

    ရေးသူက
    ဖတ်သူကို
    တွေးစရာ ၂ခုခွဲပေးတော့ ဘယ်နောက် လိုက်ရမှန်း မသိဘူး
    ထူးပါဘူးလေ …. အင်္ကျီဘက်ဘဲ လိုက်တာ ကောင်းပါတယ်
    ဟိုကား ကိစ္စက မတွေးတတ်ဘူးရယ် …
    ဒီတော့ … ဒီလိုလေး တွေးမိပါကြောင်း
    ခက်တာက … လက်ထဲမလဲ ဒါမျိုးအင်္ကျီဟောင်းလေး ၄/၅ ထည်က ရှိနေလေတော့
    ဘာလုပ်ရမှန်းမသိတဲ့ အတွေးမျိုးဆိုတာ ပါဘဲ 🙁

  • pu ma

    August 25, 2012 at 7:24 am

    ကိုနွေဦးရယ်
    ဒါလေးများခေါင်းစားနေသေးတယ်၊ကားလောက်တော့မပြောဘူး
    အကီင်္ျဟောင်းတွေကိုဆန်အိတ်ခွံတခုထဲစုထည့်ပြီးရင်မြို့ပတ်ရထားပတ်စီးလိုက်
    အဲဒီမှာစွန့်သင့်တဲ့နေရာတွေတွေ့လာလိမ့်မယ်၊ရထားလမ်းဘေးမှာအမိုးအကာတောင်မလုံပဲ
    နေရတဲ့အကျီမရှိပဲနေရတဲ့လူဖြစ်ရှုံးတဲ့ကလေးတွေမှတပုံကြီး၊
    ပေးလိုက်ရင်ကျေးဇူးတင်လွန်းလို့သနားစရာလေးတွေကိုတွေ့လိမ့်မယ်
    အဲဒါချက်ချင်းပီတိဖြစ်စရာပါ၊ကိုယ့်မှာမလိုပေမဲ့သူတို့မှာတော့မရှိကြရှာဘူး
    ကျမကတော့အဲဒီလိုမျိုးလေးငါးခါလုပ်ဖူးတယ်၊အဲဒီကုသိုလ်ကအကျိုးပေးတယ်။ကျမနာဂစ်တုံးကလဲလှူဘူးတယ်
    နောက်ပိုင်းအမှတ်မထင်တွေ့ခဲ့တာလေးတွေကိုသတိထားပြီးလှူဖြစ်ခဲ့တာပါ။သူများလိုဓါတ်ပုံနဲ့တော့မှတ်တမ်းမတင်နိုင်ပါဘူး
    ကိုယ်တွေ့လေးကိုပြောပြတာပါ

  • mocho

    August 25, 2012 at 10:04 am

    ကိုနွေဦး ပေးချင်တဲ့ မတ်ဆေ့ချ် ကို ကျမ သဘောပေါက်မိပါတယ်။
    ကျမ တို့ ဆီမှာ ချဉ်ရည်ဟင်း နဲ့ ငါးပိရည်တောင် နပ်မမှန် နိုင်တဲ့ သူတွေ အများကြီး ရှိနေပါသေးတယ်။ အသုံးဝင်နေသေးတဲ့အရာတွေကို ဖျက်ဆီး ပစ်မဲ့ အစား တကယ်လိုအပ် နေတဲ့ သူတွေ ဆီ မှာ အသုံး ကျ နေစေချင်သေး တယ်။ နိုင်ငံရဲ့ ကျေးလတ် အစွန် အဖျားတွေ၊ မှာ ကိုယ့် ခြေထောက် ကို အား ကိုးပြီး သွားနေ ရသေးတဲ့ နေရာတွေ အများ ကြီး ရှိ နေပါသေးရဲ့ နဲ့ ကိုယ့် နိုင်ငံအတိုင်း အတာ နဲ့ စာရင် သိပ်ပြီး ဟောင်း နွမ်း နေတယ်လို့ ပြောလို့ မရ တဲ့ ကား အလတ်ကြီးတွေ ကို ဖျက်သိမ်း ပစ် မှာ ကိုတော့ နှမြောတာ အမှန်ပဲ။ စစ်ကျန် ခေတ်ထဲက ကားတွေ ကို နှစ် ၅ဝ လောက်လာ သုံးခဲ့ ပြီး ခဲ့ ပြီးမှ သိပ် မဟောင်းသေးတဲ့ ကားတွေ ကိုတော့ တတန်းတည်း ထား ပြီး ဖျက်သိမ်း ပစ် တာ ၊ တမျိုး ကြီး ပဲ။တ နိုင်ငံလုံး ပြည့် စုံ ချမ်းသာနေရင်တော့ တစ်မျိုး ပေါ့။
    ပိုစ့် နဲ့ မဆိုင် တာ ဆက် ပြောလိုက် အုံး မယ်။ အန်တီ ပုဒုမ္မာ ရဲ့ မှတ်ညာဏ်ကို ချီးကျူး မိပါတယ်။ ရေးခဲ့ တဲ့ သူနဲ့ အကြောင်း အရာတွေ ကို တွဲ မှတ်မိလို့ ။ မိုချို ဆိုရင် ကြိုက်တဲ့ ပိုစ့် တွေ ၊အကြောင်း အရာတွေ ၊ ကို မှတ်မိနေ ရင်တောင် ဘယ်သူရေး တယ်ဆိုတာ တွဲ ပြီး သိပ် မမှတ်မိဘူး။ အသက် သိပ် မကြီးသေး ပဲ မှတ်ညာဏ်တွေ သိပ် မကောင်းတော့ ဘူး။

Leave a Reply