ကြက်သားစားသလား…
ထမင်းစားတော့မယ်ဆို ဘာဟင်းလဲလို့ မေးမိတတ်တယ်
အသားဟင်းမပါရင် မျက်နှာက သိပ်မကောင်း
ဟိုတယောက်ကတော့ အသားဟင်းဆို ဝက်သားလား အမဲသားလား
ဘာအသားဟင်းမှ ထူးထူးခြားခြားမရှိရင်နေ ကြက်သားဟင်းကတော့ ဆိုင်တိုင်းရှိတတ်မြဲ
ဟို အသားရှောင် ဒီ အသားရှောင် ရှောင်ကြတဲ့သူတွေ ပေမဲ့ ကြက်သားတော့ မရှောင်ကြဘူးလေ….။
အဲဒီကြက်တကောင် ကြက်သားဟင်းဖြစ်ဖို့ (ရန်ကုန်ကို) လာရတဲ့ခရီးမနီးဘူး
အဲလိုဘဲ လမ်းမှာလဲ သက်သက်သာသာ လာခဲ့ရတာ မဟုတ်ပြန်ဘူး….
ခင်ဗျားတို့ ဟင်းပန်းကန်ထဲ ဘယ်လိုရောက်လာလဲ ဆိုတာ အကြမ်းဖျင်းလေးဘဲ ပြလိုက်ပါ့မယ်…
ဈေးထဲ လည်လှီးသတ်နေတဲ့ ပုံတွေတော့ မြင်မကောင်းလို့ တင်မပေးတော့ပါဘူးဗျာ..







သူ့အသက်တော့ လွတ်အောင်ရှောင်တယ်..


ဒါလေးတွေ ကြည့်ပြီး အိမ်ပြန်ရောက်ရင်
ကြက်သားဆီပြန်ဟင်းလား
ဘူးသီးနဲ့ကြက်သားလား
ကြက်သားနဲ့အာလူးခပ်စပ်စပ်လေး ချက်စားမလားပေါ့….
နွေဦး အတွေ့ပါ..။
65 comments
Ma Ei
January 30, 2013 at 1:33 pm
ကိုနွေဦးရေ…
အမဲ၊ဝက်မစားသူမို့ ကြက်သားလေးဘဲ စားစရာရှိပါတယ်…
ခုပုံတွေမြင်ရတော့ စားထားတဲ့ ကြက်အာလူးလေးက
ဗိုက်ထဲမှာ ခုလု၊ခုလု ဖြစ်နေသလိုဘဲ….
ရက်စက်ပါ့နော်…
နွေဦး
January 30, 2013 at 2:11 pm
C P ကြက်ဆို ဒီပုံထဲကလိုတော့ မဟုတ်ဘူးထင်ပါတယ်..
ဒါ့ကြောင့် CP ကြက်ကြော်ဘဲစားပေါ့ဗျာ…
မောင့်ကျက်သရေ ဂီ့
January 31, 2013 at 6:08 am
အမဲဝက် ဘာရို့မစားတာလဲဟင်င်င်
ကြက်ကဆလးတေငါးကလေးတေ ပိုသေပေးရတော့မှာပေါ့နော်
မိဂီတော့ ဘီယာတိုက် မာဆတ်ပေးပီးမွေးထားတဲ့
ကိုဘေးနွားကင်ယီးပဲစားတယ်
အကုသိုလ်နည်းတယ်လေ.
ခိခိ
:harr:
နွေဦး
January 31, 2013 at 10:14 am
ကိုဘေးနွား တကောင်ဘဲသေပေး…လူတွေအများကြီးစား ရတယ်…
လူတယောက်စားဖို့အတွက် ငါးလေး ပုဇွန်လေးတွေ အများကြီးသေရတာ..
အသက်နဲ့တွက်မယ်ဆို..ဆင်တို့ ဝေလငါးတို့ ပိုတောင်စားသင်းသေးတာပေါ့..။
ဦး ကျောက်ခဲ
January 30, 2013 at 1:40 pm
ဟုတ်ပါ့ ကိုနွေဦးရယ်
ကြက်ခြံတွေမှာ မသေမချင်းဇယ်စက်သလို အစာစားနေရတဲ့ကြက်ဘဝ…..
ဥ နှုန်းတက်အောင် ဆေးကြွေးထားလို့ တရစပ် ဥ နေရတဲ့ ကြက်မဘဝ….
ပရိသတ်ရင်ခုန်စေဖို့ ရန်ညှိုးမရှိပါပဲ ၂ကောင်သတ်ပြရတဲ့ တိုက်ကြက်ဖဘဝ….
နောက်ဘဝဆိုတာရှိရင် ကြက် မဖြစ်ပါရစေနဲ့…
:byae:
နွေဦး
January 30, 2013 at 2:08 pm
ဖိနပ်စီးတဲ့ ကြက်အကြောင်းတော့ မပါပါလား…..း((
P chogyi
January 30, 2013 at 3:55 pm
အဲဒီဘဝက ပိုတောင်ဆိုးဦးမယ်
ကိုနွေဦးရေးလက်စနဲ့
အဲဒီအကြောင်းပါဆက်ရေးပါလား။
နွေဦး
January 30, 2013 at 4:02 pm
ကုန်ကြမ်းရှာဖို့ အဖေါ်တော့ လိုက်ပေးဦး…(ပေါက်သင်ညိုတံဆိပ် မဟုတ်ပါ)။
ဦးကျောက်ပြန်လာတဲ့အခါမှ ကိုချိုကြီးကိုခေါ်မယ်လေ..ဒါ့ပုံလေးများရိုက်လို့ရအောင် ရွာထဲက ဒါ့သေဆရာများလဲ ခေါ်မှနော…။
ဦး ကျောက်ခဲ
January 31, 2013 at 6:09 am
ဟား… ချစ်ကိုကြီးနှစ်ယောက်တော့ မောင်ကျောက်ကို အချွန်နဲ့မပြီ…
သည်လိုလုပ်ပါ….
ကိုချိုကြီး နဲ့ ကိုနွေဦး ကုန်ကြမ်းရှာရင်…
မောင်ကျောက် အပေါက်စောင့်ပေးပါ့မယ်…
:harr:
နွေဦး
January 31, 2013 at 10:18 am
ဦးကျောက် ဘယ်အပေါက်များစောင့်မှာလဲ..
ကြားဖူးတာတော့ အားလုံးအတူတူဘဲတဲ့..
ကန့်လန့်များ မရှိပါဘူးတဲ့..
(အဲဒါစောင့်လို့ လူပြိုကြီးဖြစ်နေတာလား..)…ဟ ဟ။
Wow
January 30, 2013 at 2:02 pm
ကွန်ဆာဗေးတစ်ဂျီး.. ဟင့် သများမျိုမကျအောင်ပြောဒယ်… နောင်ဘယ်တော့မှစားဝူး :byae:
နွေဦး
January 30, 2013 at 2:15 pm
ဆောဒီးပါဗျာ.. နောင်ဆို သတ်သတ်လွတ်စားပါ..
သတ်သတ်လွတ် အကြော်မှာသုံးတဲ့ မြေပဲဆီ သန့်သန့်လေး ကို ဆီကြိတ်ဆုံထဲက ဆီစစ်ထဲမှာ ကျန်ခဲ့တဲ့ ပုရွက်ဆိတ် သေလေးတွေပုံကိုတော့ စိတ်စနောင့်စနင်းဖြစ်မှာစိုးလို့ မတင်ပြတော့ပါဘူး…း))
ရွာသူ jujuma .
January 30, 2013 at 2:03 pm
ဒါက ကြက်၊ဘဲဈေးက မြင်ကွင်းလေးတွေပဲ..
နေ့တိုင်းလိုလိုမြင်နေရတော့ ကြက်သားစားချင်စိတ်ကုန်လာတယ်…
တစ်ခါတစ်လေ မှသာ စားဖြစ်တော့တယ.်…
နွေဦး
January 30, 2013 at 2:19 pm
ဟုတ်ပါ့..
အသားစားရတာကြာလာတော့ အသီးအရွက် လေးတွေ စားသင့်ပြီ..
ကျွန်တော်တို့တိုင်းပြည်က သူများနိုင်ငံတွေထက်စာရင် အများကြီး ဈေးပေါပြီး သန့်နေသေးတာမို့ ကံကောင်းပါတယ်.။
weiwei
January 30, 2013 at 2:04 pm
ကျွန်မတို့ မြန်မာတွေက ကြက်သားတော်တော်ကြိုက်ကြတယ်။ ကလေး လူကြီးအားလုံး ကြက်သားဆိုရင် လူတိုင်းနှစ်နှစ်ခြိုက်ခြိုက်စားကြတယ်။ ကျွန်မတို့ငယ်ငယ်ကဆိုရင် တစ်လမှာ ၂၈ ရက်လောက်က ကြက်သားဟင်းပဲစားရပါတယ် (ကလေးတွေက ငါးမကြိုက်၊ လူကြီးတွေက ဝက်သား အမဲသားမစား) ဆိုတော့ အားလုံးညီတာ ကြက်သားတစ်မျိုးထဲပဲ ရှိလို့ပါ။
အခု ကြက်သားလျော့စားဖြစ်ပေမယ့် တစ်ပါတ်မှ တစ်ရက်လောက်တော့ ချက်ဖြစ်တယ်။
နွေဦး
January 30, 2013 at 2:22 pm
ကြက်သားနဲ့ အဟာရတန်ဖိုးတူတဲ့ ပဲ များများစားပေါ့..
ပဲ များများစားဖို့ တိုက်တွန်းတာပါ… ပဲများဖို့ မပြောပါ..း))
လူကလေး
January 30, 2013 at 2:08 pm
အဲဒါကြောင့် ကြက်သားထက် ဝက်သားကို ပိုကြိုက်တာ.. ဟဲဟဲ
:kwi:
နွေဦး
January 30, 2013 at 2:28 pm
ဝက်သားအကြောင်းကတော့ ဝက်သတ်ရုံမှာ သတ်နေတဲ့ပုံ လောက်နဲ့ မလုံလောက်ဘူး..
ဝက်တွေ သေခါနီးအော်တဲ့အသံတွေကိုပါ sound cloud နဲ့ တင်ပေးမှ အဆင်ပြေမှာမို့ ခဏတော့စောင့်ပါဦး…။
လူကလေး
January 31, 2013 at 2:02 pm
တော်ပါတော့ဗျာ.. ဝက်အကြောင်းလဲ မပြောပါနဲ့တော့ ..
ကြားတာနဲ့တင် … ခေါင်းကိုက်လာပြီ……………
……………. ……………… ………………….
ဪ.. စားလိုက်မှ ပဲပြေသွားတော့တယ်… ဟဲဟဲ..
:kwi:
နွေဦး
January 31, 2013 at 5:00 pm
ဒူးရင်းသီးများ မစားဖူးရင် နံတယ် နံတယ် နဲ့ …
စားပြီးတော့မှ တယ်မွှေး ဆိုဘဲ…။
အဲလို အဲလို ..ဝက်တွေ အိမ်အောက်မှာ မစင်လူး နေတာတွေ့ရင် စားရမှာ မရွံ့ဘူး..
စားကြည့်တော့မှ ဝက် အူချို ဆိုတာ တယ်ကောင်း…
ဆူး
January 30, 2013 at 2:25 pm
တနေ့က ခရီးထွက်တုန်းက ထုံးဘိုမြို့ ဆိပ်ကမ်းမှာ စက်လှေစောင့်နေတုန်း… လက်ခတ် တဲ့ လှေကလေး တစီးပေါ်က ဆင်းလာတဲ့ အဒေါ်ကြီး လက်ထဲမှာ ကြက်တွေ ပုံထဲကလို ဇောက်ထိုးကြီး ဆွဲလာတယ်။
မနက်ပိုင်း လူတွေတောင် အေးလွန်းလို့ အနွေးထည် ထူထူလေး ဝတ်ထားရတယ်။
အဲ့ဒီ အဒေါ်ကြီး ဇောက်ထိုးဆွဲပြီး ကိုင်ထားတာ လှေပေါ်က ဆင်းတော့ ရေစိုတာ မတွေ့ပေမဲ့ ကြက်ကလေးတွေ ခေါင်းတွေ ရေရွဲရွဲစိုနေတာ တွေ့တယ်။
ကြက်ကလေးတွေ ဇောက်ထိုးအနေအထား ရေစိုနေတာ ချမ်းနေတဲ့ ပုံက သိပ်သိသာတယ်.. ကုတ်ကုတ်လေး အမွေးတွေတောင် မထောင်နိုင်ဘူး ရေစိုပြီး ကပ်နေတယ်။ သနားဖို့ တော်တော် ကောင်းတယ်။ အမှတ်တမဲ့ မြင်မိတာလေး ဆိုပေမဲ့ တိုက်ဆိုင်လို့ သတိရသွားမိတယ်။
နွေဦး
January 30, 2013 at 2:37 pm
အဲဒီ ကြက်ကလေးတွေ ဆိုလို့..
အသားစားကြက်တွေဆို ကြက်သက်တမ်း ရက် ၄ဝ လောက်ဘဲ နေရရှာတာ..
ဘယ်လိုပြောမလဲ…. သက်တမ်းစေ့အောင်တောင်မနေရရှာဘူး..ပေါ့ ။
ဗမာကြက်တွေဆို အဲဒီအရွယ်က သားမခွဲသေးဘူး အတောင်အလက် မစုံသေးတဲ့အရွယ်ပါ ။
ဒါတွေ အသေအချာမသိကြတော့ အမဲသားတို့ ဝက်သားတို့ ဘာသားညာသား တွေသာရှောင်ကြတာ..
ကြက်သားကြတော့ လာထား ဘဲ..
ပြောရင်းနဲ့ သတိရသွားပြီ….
ဘီယာလေးနဲ့ ကြက်ကြော်လေးကတော့ လိုက်ပါတယ်ဗျာ…ဟိ။
ဆူး
January 31, 2013 at 10:16 am
နယ်မှာ နေတဲ့ လူတွေ ပြောတာ ထားဖူးတာကတော့ အသားစားကြက်တွေက မွေးပြီး တော်တော် ကြာတဲ့ အထိ အမွေး သိပ်မထွက်ပဲ ခြင်ကိုက်ရင်တောင် သေလို့ မွေးလို့ မရဘူး ပြောတာ ကြားဖူးတယ်။
ဗုံဗုံ
January 30, 2013 at 2:45 pm
ဟမ်မလေးးးးးးးးးးးးးးးးးး ဦးကြီး နွေဦးရဲ့ မစားနဲ့ဆို မစားတော့ပါဘူးတော့ မစားတော့ပါဘူးတော့ ကန်စွန်းရွက်နဲ့ ပဲဘဲ စားပါတော့မယ် တော့
နွေဦး
January 30, 2013 at 2:49 pm
ကန်စွန်းရွက်တင်မက
တို့တိုင်းပြည်မှာ ဟင်းသီးဟင်းရွက်တွေက ပေါမှပေါ…
ကျန်းမာရေးနဲ့လည်း ညီညွတ်လို့
များများစားသင့်ပါကြောင်း…
Mr. MarGa
January 30, 2013 at 3:05 pm
ဟင်းသီးဟင်းရွက်လဲ စား
ကြက်သားလဲ စား
မျှ စားပါတယ်ဗျ
နွေဦး
January 30, 2013 at 3:11 pm
အရင်ကတော့ ဟင်းသီးဟင်းရွက်နဲ့ အသား မျှစားရင် ခြိုးခြံ ချွေတာရာရောက်တယ်ပေါ့ဗျာ..
ခုတော့ ဟင်းသီးဟင်းရွက်တွေက ဈေးတွေကြီးလာတော့ ကုန်ကျစရိတ်က သိပ်မကွာတော့ဘူး
ဒါပေမဲ့ ဒီခေတ်ကတော့ အသားတွေ အဆီတွေက ကျန်းမာရေးအတွက် မကောင်းတော့လို့ ဟင်းသီးဟင်းရွက်ကို ဦးစာပေး စားသင့်ပါကြောင်း……။
kai
January 30, 2013 at 4:09 pm
အင်မတန်တန်ဖိုးရှိတဲ့.. သမိုင်းမှတ်တမ်း သတင်းပုံတွေပါ…
အဲလိုလေးတွေ..ကြည့်ချင်တာ…
ဆိုတော့..
တိရိစ္ဆာန်ကို.. ရက်ရက်စက်စက်..ဇောက်ထိုးဆွဲ.. လုပ်ချင်တာလုပ်နေကြတာက… ကမ္ဘာတန်းအမြင်မတော်ပါကြောင်း.. သိစေပါသတည်း..။ :harr:
How many chickens are killed each day for consumption in the us
wiki.answers.com › … › Birds › Chickens and Roosters
23.383 million chickens are killed each day in the U.S. for consumption. Improve answer … How many chickens killed in world each day for food? 23-27 million …
နွေဦး
January 30, 2013 at 4:15 pm
အဲဒီကိစ္စ ကို တိရစာ္ဆန် ညှင်းပန်းမှု ကာကွယ်ရေးအသင်းက ကန့်ကွက်ဖူးလို့ ဒီလိုတွေ သယ်တာ ဆွဲသွားတာတွေ့ရင် အရေးယူမယ်ဆိုပြီး အမိန့်စာ ထုတ်ခဲ့ဘူးတယ်..ဒါပေမဲ့ ဘယ်သူမှ မလိုက်နာကြသလို အရေးယူတာလည်းမကြားမိကြောင်း…
ခင်ခ
January 30, 2013 at 4:18 pm
CP ကုမ္မဏီမှာ သူငယ်ချင်းတစ်ယောက်လုပ်လို့ ခဏခဏ သွားလည်ဖူးပြီး သူတို့လုပ်ငန်းခွင်ထဲနဲ့ ရန်ကုန် ပုဇွန်တောင်က ကြက်ဘဲဒိုင်လည်း ခဏခဏ ရောက်ဖူးနေတော့ နွေဦးတင်ထားတဲ့ပုံတွေလို မြင်တွေ့ဖူး တယ်ဗျ။
ကြက်တွေ ဘဲတွေက အဲလို ခြေနှစ်ချောင်းက ကိုင်ပြီးဆွဲမှ တည်ငြိမ်စွာဖမ်းသွား သယ်သွားနိုင်တယ်ဆိုဘဲ။
ကမ္ဘာတန်းအမြင်မတော်ဆိုတော့ ကမ္ဘာမှာကော ဘယ်လိုဖမ်းလဲ သယ်လဲ သတ်လဲ သိချင်ပါ၏။
kai
January 31, 2013 at 3:50 am
ကမ္ဘာတန်းလည်း.. စက်ရုံထဲအဲလိုသတ်နေတာပါပဲ..။
အမြင်မတော်ဆိုတာက.. လူမြင်ကွင်းမှာ.. အဲလိုဆွဲမသွားရလို့ပြောတာပါ..ကိုကြီးခရယ်..။
လူမြင်ကွင်း.. ပါ့ဗလစ်မှာ..ရက်စက်ပြနေတော့..အဲဒါမြင်တဲ့ကလေးတွေ.. စိတ်နုနုမှာ.. စွဲသွားပြီး.. စိတ်ဓါတ်ကြမ်းတမ်းသွားနိုင်လို့.. ဖြစ်ပါတယ်.။ အဲဒါအဓိကပါ..
ယူအက်စ်မှာ..တရက် မြန်မာ့လူဦးရေတဝက်နှုန်းလောက်သတ်နေတာ( အကောင်၂၃သန်း) .. စက်နဲ့တွဲလောင်းဆွဲ.. အရိုးအသား.. အဆီ..ကလီစာ.. တစစီဆွဲထုတ်.. ဖျက်နေကြတာဗျို့…။
အဲဒါမှ.. သန့်ရှင်းပြီး.. အရသာရှိတဲ့အသား..အရွတ်.. ကလီစာခွဲနိုင်တာ..။ :kwi:
myanmarcitizen
January 30, 2013 at 5:35 pm
ကြက်ဘဲဈေးနားရောက်တာနဲ့ အဲ့ဒီနေရာရောက်မှန်းမျက်လုံးမဖွင့်ကြည့်ပဲသိနိုင်တယ်။ အနံ့ရတာကိုး။ အလုပ်ကိစ္စနဲ့ မကြာမကြာရောက်ဖြစ်တယ်။ တာမွေဈေးကနေ ချက်ကြီး (၃၈ ထင်သည်) စီးတော့ .. ဈေး
နားရောက်တော့ ကြက်တွေဝယ်ပြီးပြန်လာတဲ့သူတွေ ကားပေါ်တက်လာပြီး ကားပေါ်မှာကြက်တွေကို ရေ
ဖြန်းကြကြတော့ ကြက်တွေတောင်ပန်ခတ်လိုက်တာ တဖြန်းဖြန်း နဲ့ ဘေကလူတွေကို ရေတွေစဉ်ကုန်ရော
ဗျာ။
———————————————————————————————————-
ကြက်မှာ ဆွဲစရာ(လက်ကိုင်စရာ)အကောင်းဆုံးက ခြေထောက်ဖြစ်လို့ ခြေထောက်ကနေပဲဆွဲတာနေမှာပါ
အတောင်နှစ်ဘက်ကို လိမ်ပြီးယူလို့ရပေမဲ့လဲ အကောင်များရင်တော့ သိပ်အဆင်ပြေမယ်မထင်ဘူး။
နောက်တစ်နည်း မတ်တပ်ဖြစ်အောင် လည်ပင်းကနေဆွဲပြန်တော့လဲ ကြက်ခမျာ သိပ်ပြီးသက်သာလိမ့်
မယ်မထင်ဘူး ခြေထောက်ကဆွဲတာထက်တောင်ပိုဆိုးအုန်းမယ်။
စက်ဘီးနဲ့တင်တဲ့သူတွေကတော့ သေချာလေးလုပ်သင့်တယ်။ သူ့ခမျာ မသေခင်တောင် စက်ဘီးတာယာ နဲ့ခေါင်းနဲ့ထိမိအုန်းမယ်။
(အော် ကြက်ဘဝ ကြက်ဘဝ ဘယ်ကြက်မှ မလွယ်ပါလား)။
နွေဦး
January 31, 2013 at 10:31 am
(အော် ကြက်ဘဝ ကြက်ဘဝ ဘယ်ကြက်မှ မလွယ်ပါလား)။
တချို့ကြက်တွေက လိုင်စင် ရတော့မယ်လို့ ကြားမိသလားဘဲ…
Mobile
January 30, 2013 at 6:53 pm
ကျုပ်ကတော့ သက်သက်လွတ်အသားစားသမားဆိုဒေါ့ဂါ
ကြက်သားတော့မစားပါဘူးဗျာ ကျုပ်စားတဲ့ကြက်သားကလဲ ယခုပုံများထဲကလို
ရက်ရက်စက်စက်အကုသို မဖြစ်လောက်ဘူးထင်တာပါပဲ။
မဟာရာဇာ အံစာတုံး
January 30, 2013 at 7:29 pm
ဒီဟာတွေ မြင်တော့ …
ကြက်သား စားချင်စိတ် ကုန်သွားတယ် …
တကယ် .. တကယ် ..
အသက်ထက်ဆုံး မရှောင်ကြဉ်နိုင်တောင်မှ ..
နောက်ခါ ကြက်သား မြင်တိုင်း ဆင်ခြင် မိမှာပါပဲ ….
ခုလို … သံဝေဂ ပို့စ်လေးအတွက် ကျေးဇူးအထူးပါ ဦးနွေဦး ခင်ဗျာ …
မောင်ပေ
January 30, 2013 at 7:30 pm
ကိုနွေဦးရေ
ထူးမခြားနားပတ်ပျိုး လေးကို ဆိုပြချင်မိတယ်
“ စည်းကမ်းဆိုသည်မှာ လကွယ်ဟယ်ဟယ်ဟယ်
အိုဘာတဲ့…. ကျုပ်တို ့ဗမာ/မြန်မာ/ဘိရုမာ နိုင်ငံကြီးမှာလေ…
စည်းကမ်းဆိုသည်မှာ လကွယ်ဟယ်ဟယ်ဟယ်… ”
တော်ပါသေးရဲ ့၊ သည်နေ ့ကြက်သား မစားခဲ့လို ့
အရီးခင်လတ်
January 30, 2013 at 8:15 pm
ဟုတ်။
အခုဘဲ ရွာဟိုဘက်ခြမ်း က ကြက်သားကာလသားချက် ကို စားချင်ကြောင်းပြောမိခဲ့သေးတယ်။
😥
နွေဦး
January 31, 2013 at 10:50 am
ဟွန့်..စားချင်လို့ စားချင်ကြောင်း ပြောတာဘဲ..ဘာများဖြစ်မှာမို့လို့လဲ..
ကံကောင်းရင် ဟိုအဖွဲ့က ဦးဖိုးလူရဲ့ ကြက်နဲ့ချက်တဲ့ ကာလသားချက် လာပို့ရင် စားရအုံးမှာ..။
လူကလေး
January 31, 2013 at 2:34 pm
ဖိုးလူကြီးတို့ ကတော့ အိမ်ကြက်ပဲ သတ်ပြီး ချက်စားသကွာ..
နောက်နေ့ ချက်စားတဲ့ အခါ မင့်တို့ဆီ တစ်ခွက်ပို့ပါမယ်. . ကိုယ့်လူတို့ရယ်..
လုံမလေးမွန်မွန်
January 30, 2013 at 8:23 pm
မွန်မွန်ကတော့ အသားထက် ငါးကို ပိုကြိုက်ပါတယ်… အသားတွေကို ရှောင်ချင်ပေမယ့် ခွန်အားဖြစ်ဖို့အတွက်တော့ စားနေရပါသေးတယ်..
မွန်မွန့်အမေကတော့ အသားဆို ဘာအသားမှကို မစားတော့တာ ကြာပါပြီ။ အသက်က လေးဆယ်ကျော်ပဲရှိသေးတာ..အခုဆို ပုစွန်တောင် မစားတော့လို့ အိမ်ပြန်ရင် သားအမိနှစ်ယောက်သား ကိုယ်စားချင်တာ ကိုယ်စားဖြစ်တာ ကြာပါပြီ… ဒါပေမယ့် အမေ့ကို ကြည့်ရတာ အားမရှိသလို ခံစားရလို့ စိတ်တော့မကောင်းဘူး..အတင်းကျွေးတော့လည်း စားချင်စိတ်ကို မရှိတာတဲ့… ဘယ်လိုမှမတတ်နိုင်ဘူးဖြစ်နေတယ်…
နွေဦး
January 31, 2013 at 10:43 am
ခနာ္တကိုယ်ကို စောင့်ရှောက်ဖို့ ဆိုတာ ခနာ္တ ရထားတဲ့သူတိုင်း တာဝန်ရှိပါတယ် ။
အခြားသတ္တဝါတွေကို သနားငဲ့ညှာပြီး ကိုယ့်ခနာ္တ အတွက် ညှင်းပန်းသလိုဖြစ်ရင်
မြတ်စွာဘုရားဟောတဲ့ တရားတွေနဲ့ မညီသလို ကုသိုလ်လည်းမြစ်မယ်လို့ မထင်မိပါကြောင်း။
padonmar
January 30, 2013 at 11:54 pm
ဲမြန်မာပြည်မှာ တိရစာ္ဆန် ညှင်းပန်းမှု ကာကွယ်ရေးအသင်း ရှိတယ်လား။
…………..
ဒီမြင်ကွင်းတွေ တွေ့ဖူးနေပေမယ့် အမှတ်တမဲ့
ခုလိုတစ်စုတည်း ရိုက်ပြတော့ စားချင်စိတ်တောင် ကုန်ရော။
နွေဦး
January 31, 2013 at 10:28 am
တိရစာ္ဆန် ညှင်းပန်းမှုကာကွယ်ရေးအသင်းက အရင်အမဲဈေးမဖျက်ခင်က ၁၁၈လမ်းနဲ့ ဗိုလ်မင်းရောင် လမ်းထိပ်မှာရှိခဲ့ဖူးပါတယ်.။
ခုတော့ ရွာသာကြီးကို အမဲသတ်ရုံနဲ့အတူရွှေ့သွားပြီလို့ထင်ပါတယ် ။
မွေးမြူရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိတယ်လို့ ထင်တာဘဲ ။
အော်..ကျွန်တော်က ကြုံတွေ့ရတဲ့ ပုံလေးတွေကို စုစည်းပြီးတင်လိုက်မိတာ….
ကြက်သားမစားတော့တဲ့သူတွေများလာရင်..ကြက်ကုလားတွေ ဝိုင်းရိုက်ခံရမလားဘဲ…။
မိုက်ကယ်ဂျော်နီအောင်ပု
January 31, 2013 at 12:50 am
သတ်ခြင်သလိုသတ်ကြ သူ့အကြောင်းနဲ့သူ
နဲ့သူသေတယ်
သေခြင်သလိုသေကြ သူ့အကြောင်းနဲ့သူ
စားခြင်သလိုစား ကိုယ့်အကြောင်းနဲ့ကိုယ်
ငါစားမယ့်ကြက်ကိုကောင်းကောင်းသတ်ပါကွာဆိုတာလည်း အတ္တဘဲ
ငါစားမယ့်ကြက်က အသေဆိုးနဲ့သေတာပါလားလို့တွေးပူတာလည်း အတ္တဘဲ
ဒါက ကြက်မှမဟုတ်ပါဘူး
လူတွေစားတဲ့ တိရိစ္ဆာန်တွေအကုန်လုံးအသတ်ခံရပြီးမှ အစားခံရတယ်လို့ပြောနိုင်မလားဘဲ
ဂွတော့အကျသား
ကြည့်လည်းလုပ်ကြဦး
သတ်တဲ့လူကလည်း သူ့အလုပ်သူလုပ်ပြီးသတ်တယ်
သေရတဲ့ သတ္တဝါကလည်း သူ့ ကံ
စားလည်းစားသေးတယ် ပူပန်မှု့တွေနဲ့ဖြစ်နေကြဦးမယ်
နွေဦး
January 31, 2013 at 10:36 am
ဟုတ်ပါ့…
အဲလိုတွေးတော့လည်း ပုံတွေတင်လိုက်တဲ့ ကျုပ်လည်း
ကိုယ့်အလုပ် ကိုယ်လုပ် တာ ဆိုတော့ စားတာမစားတာ သနားတာ မသနား တာတွေဟာ
သူ့အတွေးနဲ့သူပါဘဲလို့ တွေးပြီးဖြေသာပါရဲ့ ။
DEPARKO DEPARKO
January 31, 2013 at 10:35 am
ကြက်သားတော့မစားဘူး ဟိုလေ မီနီမတ်ရှေ့မှာရောင်းတဲ့ကြက်ကျော်တော့စားတယ်
နွေဦး
January 31, 2013 at 10:53 am
မိနီမတ်ရှေ့က ကြက်ကြော်ဆိုတော်ပါသေးရဲ့..
အဲသည်ရှေ့မှာက……အင်း….
Crystalline
January 31, 2013 at 11:14 am
ကျမကတော့ စားလို့ရတဲ့အစာကိုစားရမယ်လို့ပဲခံယူထားတယ်..ခွေးသား.ကြောင်သား..မြွေသား..ဖွတ်.. ပုတတ် ကလွဲရင် အကုန်စားတယ်… အိမ်မှာမွေးတဲ့ကြက်လေးတွေ လတ်လတ် ဆတ်ဆတ်ချက်ရင်ပိုချိုတယ်..ကိုယ်ကိုယ်တိုင်မသတ်ရက်၊ မသတ်ရဲ၊ မခုတ်တတ်ပေမဲ့ သူများချက်ပြီးရင်တော့ စားရတာအရမ်းကောင်း…
နွေဦး
January 31, 2013 at 12:10 pm
“..ခွေးသား.ကြောင်သား..မြွေသား..ဖွတ်.. ပုတတ်”…..အဲဒါတွေကမှ ကြက်သားထက် ပိုအရသာရှိသေးတာ.
ကိုယ်တိုင်ရှာဖွေမစားတတ်လို့ သူများချက်ကျွေးရင်တော့ ကြိုက်သဗျ ..။
ဦးကြောင်ကြီး
January 31, 2013 at 11:35 am
အဲသလို ကြက်တွေကို တွဲလောင်းချိတ်တာမြင်တိုင်း စိတ်မကောင်းဖြစ်မိတယ်။ တိရစာ္ဆန် ညှင်းပန်းမှု ဥပဒေနဲ့ ညှိစွန်းပါတယ်။ ခြင်းထဲတောင်းထဲမှာ ကြပ်ကြပ်သိပ်သိပ် နာရီပေါင်းများစွာ ထည့်ထားတာလည်း ဥပဒေချိုးဖောက်တာပဲ။ လုပ်သူတွေက အောက်ခြေလူတန်းစားများလို့ ကြပ်မတ်ဖို့ မလွယ်ဆိုရင် သူတို့ကိုခိုင်းစေတဲ့ ဒိုင်တွေ စားသောက်ဆိုင်တွေကို အရေးယူသင့် ကန့်ကွက်တိုင်တန်းသင် ဆန္ဒပြသင့်တယ်။ မြန်မာပြည်မှာ တိရစာ္ဆန်ကာကွယ်ရေး လှုပ်ရှားမှုအသင်းတွေ အားနည်းနေတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ လူ့အခွင့်ရေး စတာတွေနည်းတူ တိရစာ္ဆန်ညှင်းပန်းနှိပ်စက်မှု တားဆီးရေးဟာလည်း ချိတ်ဆက်နေပါတယ်။
တလောက သတင်းမှာ ဂျမ်ဘိုကြက်ဥ (small, medium, large, extra large, jumbo ဆိုပြီး အရွယ်အစား ခွဲထားတယ်) တွေဥရတာ ကြက်မတွေ ပင်ပန်းလွန်းလို့ ဂျမ်ဘိုကြက်ဥ မဝယ်ကြဖို့ လှုံဆော်တာ ဖတ်လိုက်ရတယ်။ ပီကင်းဘဲလည်း ဒီသဘောပါပဲ။ မွေးထဲက မလှုပ်မယှက် နေမထိအောင် အစာအဝကြွေးပြီး လေးထောင့်ပုံးထဲ မွေးထားတယ်။ ကြေးမုံဂျီးတို့ အမျိုး ကူမြူနစ်တရုတ်ကြီး ရက်စက်ပုံများ ပြောပါတယ်…။
နွေဦး
January 31, 2013 at 12:16 pm
အင်း..အစားအသောက်ကို အရသာရှိအောင် ရက်ရက်စက်စက် လုပ်စားတတ်တာလည်း တရုတ်ကြီးများက ထိပ်ဆုံးကဘဲ..
မျောက်ဦးဏှောက် အစိမ်းစားတာများ မမြင်ရက်စရာပါဗျာ ။
တိမ်မည်း
January 31, 2013 at 12:22 pm
အလကားနေရင်းထိုင်ရင်း လူကို အကုသိုလ် ဖြစ်အောင် လုပ်နေတယ်……..
နွေဦး
January 31, 2013 at 12:29 pm
စားခဲ့သမျှ နောင်တ တရားလေးများရပြီး
သတိနဲ့ ဆင်ခြင် မေတ္တာ ပွါးမယ်ဆို
နေရင်းထိုင်ရင်းလည်း ကုသိုလ် ဖြစ်ပါတယ်…။
မြင်တာတွေကို မဆင်ခြင်နိုင်တဲ့အခါ အကုသိုလ် ဖြစ်ပါတယ် ။
မြင်တွေ့တာမှန်သမျှ သတိ နဲ့ ဆင်ခြင်မယ်ဆို ကုသိုလ် ဖြစ်ပါတယ် ။
Mon Kit
January 31, 2013 at 12:52 pm
ကြက်သားစား သလား ဆိုတော့ .. စားပါတယ်…
ဒါပေမဲ့ ခုတော့ဖြင့် မစားလိုတော့ပါပြီ…… :byae:
ငါးကိုဘဲ ပိုမို စားသုံးတော့မည်……
panpan
February 1, 2013 at 8:20 am
ပံ့သကူသားဆို ဈေးထဲကစားလို့ရတဲ့အသား အကုန်စားဘာဒယ်
သေပဲသေပီးနေပေ့ါ 🙄
အရှင်တော့ မသတ်ခိုင်းဘူး
အရှင်ဝယ်မှတို့၊ အရှင်ရောင်းတဲ့ဟာတို့ဆိုရင် ရှောင်ပါဒယ်
ရှင်နေတဲ့အကောင်ကို ကိုယ်စားချင်လို့ဝယ်မယ်ဆိုရင် ကိုယ်တိုင်မသတ်ရင်တောင် ကိုယ့်ပယောဂကြောင့်သေတယ်လို့တွေးပီး….. ဟင့် :byae:
kai
February 1, 2013 at 8:30 am
ဟင့်ဆိုပြီး.. မျက်ရည်တွေကျလာတော့လေ…
မျက်ရည်ဆုနမိလှိုင်းနဲ့မိပြီး.. ပိုးမွှားဗက်တီးရီးယား ၆၄၃ ကောင်သေတယ်တဲ့ဗျ..။
ပန်မမရဲ့.. ပယောဂကြောင့်.. သူတို့မှာ.. မိသားစုနဲ့ကွဲ..သေကွဲ..
ဟင့်.. :kwi:
panpan
February 1, 2013 at 8:53 am
ပိုးမွှားဘတ်တီးရီးယားဆိုတာ သတ္တဝါအဆင့်မရောက်သေးဘူးမလား သဂျီးရဲ့
သဂျီးပြောသလိုဆို ဆြာဝန်တွေ အပါယ်လားတော့မှာပေ့ါလို့…
padonmar
February 1, 2013 at 11:14 pm
ရောဂါပိုးမွှား ဘက်တီးရီးယား တွေဟာ ဗုဒ္ဓတရားတော်အရ သတ္တဝါလို့ အသိအမှတ်မပြုပါဘူး။
ကာမဘုံမှာ သတ္တဝါဆိုတာ စိတ်ဝိညာဏ် ပဓာနဖြစ်ပါတယ်။၎င်း စိတ်ဝိညာဏ်ဟာ တစ်ကိုယ်က နှစ်ကိုယ်မခွဲနိုင်။
ရောဂါပိုးတွေကတော့ သူ့အလိုလိုပွားလာတတ်တော့ သစ်ပင်တစ်ပင်တည်းက ခွဲစိုက်ရင် ပွားလာတဲ့ သစ်ပင်ရုပ်လို ရောဂါစွဲမယ့် ပုဂ္ဂိုလ်ရဲ့ အကုသိုလ်ကံအားလျော်စွာ ဥတုကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်လို့ ခေါ်ပါတယ်။
အကယ်၍အဲဒီပိုးတွေဟာ သန္ဒေတည်ပြီးမွေးတယ်၊သက်တမ်းလိုက်သေတယ်ဆိုရင် အသက်ပါဏလို့ ယူမယ်ဆိုရင် တော့ ပါဏာတိပါတကံထိုက်တယ်လို့ ယူအပ်ပါတယ်။
ပါဏာတိပါတကံဟာ သီလစတဲ့ ကုသိုလ်ဂုဏ်ရသူကှိ သတ်လျှင် အပြစ်ကြီး၍ ကုသိုလ်ဂုဏ်မရှိသူကို သတ်လျှင် အပြစ်ငယ်ပါတယ်။ဘာဂုဏ်မှမရှိတဲ့ ပိုးလေးတွေကိုသတ်တာ အပြစ်သေးငယ်ပါတယ်။
ပိုးသေတာကို အာရုံမထားပဲ ရောဂါပျောက်ရေးသာမျှော်ပြီး ဆေးပေးရင်၊ ပိုးတွေကို သတ္တဝါမဟုတ်လို့ အမှတ်ရှိရင် ပါဏာတိပါတကံမထိုက်ပါ။
(ဒေါက်တာ ဦးမြင့်ဆွေ အမေး -မဟာစည်ဆရာတောကြီး အဖြေ-ဘဝပြဿနာ စာအုပ်မှ)
ပန်ပန်လုပ်တာ ဆရာဝန်တွေ အပါယ်လားကုန်မှာကြောက်ပြီး ဆေးမကုတော့မှာစိုးလို့ ဘုတ်အုပ်ကြီးပြေးလှန်ပြီး ကူးပေးလိုက်ပါတယ်။
(ဆရာဝန်ဖက်က ရှေံနေလိုက်မယ်-ခရက်ဒစ်တူ ဒေါက်တာစိုးမင်း)
panpan
February 1, 2013 at 8:55 am
အပါယ်အကြောင်းပြောလော့ပါဘူး ဘွာတေး… ဘွာတေး
သဂျီးက ရှေ့ဖြစ်နောက်ဖြစ် မယုံဘူးဆိုပဲ
ပစ္စုပ္ပန်ဝါဒီဂျီးဆို….. :kwi:
kai
February 2, 2013 at 1:35 am
.. ရှေ့ဖြစ်နောက်ဖြစ် .. အဲဒီအယူ.. မယူတာပါကွယ်..
ရှေ့နောက်ဘဝရှိနိုင်တယ်ဆိုတာ.. အထောက်အထားနဲ့ ရေးဖူးပါတယ်..
ဆိုတော့..
ဒေါက်တာမမပြောတာမယုံနဲ့..။
စစ်သားတွေလည်း စစ်တိုက်လူသတ်ရင် ငရဲမလားဘူးပြောတာပဲ.. :kwi:..
ပါဏာတိပါတ အကြောင်း.. အောက်ကစာတန်းမှာဖတ်ကြည့်နော…။ စိတ်ဝင်စားရင်..
သီလပုံစံဖြည့်ကြပါ ( ပါဏာတိပါတာ – – – ) – Posted by ကိုငြိမ်းအေး on Oct 1, 2011
http://myanmargazette.net/70687
နွေဦး
February 1, 2013 at 10:38 am
ငယ်ငယ်က ကြားဖူးတာ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တယ်ဆိုလားဘဲ..
တခါတခါ မသေမရှင်တွေတွေ့ရင် မြန်မြန်သေအောင် ဝိုင်းသတ်ပေးရင် ငရဲမကြီးဘူးလို့ ကြားဖူးတယ်..
အဲလိုဆို
သူတို့တွေတိရစာ္ဆန်တွေ အဲဒီဘဝကမြန်မြန်လွတ်အောင် ကူညီရာလဲရောက်..
ကိုယ်တိုင်လဲ ဝမ်းဝအောင် ဆိုပြီး ရည်ရွယ်ပြီးစားရင်
ကုသိုလ်လဲရ ဝမ်းလဲ ဝ ..မဖြစ်ပေဘူးလား….။
padonmar
February 1, 2013 at 11:22 pm
ဦးနွေဦးရေ
မသေမရှင်တွေ့လို့ မြန်မြန်သေအာင် ဝိုင်းသတ်ပေးတာ ကူညီရာရောက်တယ်ဆိုတဲ့သူတွေကို
အကယ်၍များ သူကိုယ်တိုင် ကားတိုက်လို့ဖြစ်စေ လေဖြတ်လို့ဖြစ်စေ မသေမရှင်ဖြစ်နေတဲ့အခါ သတ်ပေးရမလားမေးကြည့်ပါ။
စိတ်ဓာတ်ကျနေတဲ့သူကလွဲရင် သတ္တဝါတိုင်း ရလာတဲ့ ဘဝကို မက်မောပါတယ်။
တကယ်သေချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။
နောက်ပြီး မသေမရှင်မှာ ရှင်နိုင်တဲ့ အခွင့်အလမ်းတွေလည်းရှိပါသေးတယ်။
အဲဒီစကားတွေ နားမယောင်လိုက်ပါနဲ့။
ပါဏာတိပါတာ ဝေရမဏိ-သူ့အသက်သတ်ခြင်းမှ ရှောင်တယ်ဆိုတာ ပဓာနက ကိုယ်ချင်းစာလို့ပါ။
နွေဦး
February 2, 2013 at 10:41 am
“စိတ်ဓာတ်ကျနေတဲ့သူကလွဲရင် သတ္တဝါတိုင်း ရလာတဲ့ ဘဝကို မက်မောပါတယ်”
တရားအလိုအရ ငါစွဲတာပေါ့..
ဒီဘဝ ဒီခန္ဓာ ကို မက်မောကြတာ ပုတုဇဉ်သဘာဝမို့ မငြင်းလိုပါဘူး..
သူတပါးရဲ့အသက်ကိုကိုယ်ထိလက်ရောက် သတ်မှ ပါဏာတိပါတ ကံ ဖြစ်တယ်ဆိုတာထက် မနောကံ နဲ့ ပြုလုပ်ရင်လဲ အကျိုူးတူ ကံမြောက်ပါတယ် ။
ဥပမာ လူတယောက် မသေခင်ဝေဒနာခံစားနေတာ တွေ့တဲ့အခါ သူခံစားနေရတာကို မကြည့်ရက်လို့ မြန်မြန်သေသွားရင် သူမခံစားရတော့ဘူးဆိုတဲ့ စေတနာစိတ်နဲ့ မြန်မြန်သေပါစေဆိုတဲ့ စိတ်ဖြစ်မိရင်ကော…မနောကံ မမြောက်ဘူးလား။ဒါကို စေတနာ စေတသိတ် အရင်းခံလို့ ကံမမြောက်ဘူးဆိုရင်.. စေတနာ အရင်းခံပြီး မသေမရှင် တွေကို သတ်ပေးတာလည်း ပါဏာတိပါတ ကံ မြောက်ဖို့မရှိပါဘူး..။
မနောကံဟာလည်း ကာယကံလိုဘဲ အကျိုးပေးတတ်လို့ စားရတဲ့အသားတွေဟာ ကြားသား မြင်သား ရည်ရွယ်တဲ့ အသားတွေကို ရှောင်ဖို့ တရားတော်ထဲမှာ တားမြစ်ထားတာရှိပါတယ်..။
ထားပါတော့လေ…ကျွန်တော် တရားသဘောတွေနဲ့ ငြင်းချက်မထုတ်ပါဘူး ။
ဘယ်အရာမဆို အစွန်းနှစ်ဖက်ကလွတ်အောင် တွေးကြည့်ဖို့ဘဲရည်ရွယ်ပါတယ်..။
ကျွန်တော်နားယောင်တဲ့အရွယ်က လွန်မြောက်ခဲ့ပါပြီ..။
ဒါထက် စကားမစပ်.. ဦးနွေဦး..လို့ဆိုလိုက်တော့ အမှန်နဲနဲတွန့်သွားပါတယ်..
ကျွန်တော်က စာပေါ် မှာ ၁၆နှစ်သားပါ.. ၆၁နှစ်မဖြစ်သေးပါခင်ဗျား..
ခင်လျှက်..
နွေဦး ။
etone
February 2, 2013 at 11:26 am
အန်ကယ်နွေဦးရေ … အဲ့လိုတွေ မြင်နေလျှင် ဘယ်လိုမှ စားမဝင်ဘူး … ။ မြင်နေတဲ့ အချိန် သနားစိတ်က .. စားချင်စိတ်ထက် ပိုနေတာကြောင့်လေ .. ။
ဈေးကသေပြီးသား အသားပဲ ဝယ်စားပါတယ် … လတ်လတ်ဆတ်ဆတ်သတ်ရောင်းပါတယ်ဆိုတဲ့ ..ဆိုင်တွေမှာ မဝယ်ပါဘူး … ဘယ်လိုမှ မြိုမကျနိုင်လို့ပါ ။ ကိုယ်တိုင် သတ်ပြီး ချက်စားဖို့ဆိုတာကတော့ … အိပ်မက်တောင် မမက်ခဲ့ဖူးဘူး … မလုပ်လည်း မလုပ်ရက်ပါဘူး ။
ဒါပေမယ့်လည်း တစ်ရက်နှစ်ရက်လောက်ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ ပြန်စား မိသွားတာပဲ .. အဟီး
ကြက်တွေ ဘဲတွေကို သတ်ဖို့အတွက် သယ်တဲ့အခါမှာ … ကောင်းကောင်းမွန်မွန်ပဲ သယ်စေချင်ပါတယ် ။ ခြေထောက်တွေ စုပြီး ဇောက်ထိုးဆွဲသွားတာမျိုးကတော့ … သတ်မယ့်အကောင်ဖြစ်လည်း .. မသေသေးခင်မို့ … သက်ရှိတိရိစာ္ဆန်ညှင်းပမ်းနှိပ်စက်မှုမျိုးမို့ … မနှစ်မြို့ပါဘူး ။ အရှင်သောမရဲ့ တရားခွေတွေကြည့်ရလျှင် .. လူက ဘာသားမှ မစားချင်လောက်အောင်ပါပဲ … တပတ်လောက် ရင်ခံနေတတ်တယ် .. ။
နွေဦး
February 2, 2013 at 12:12 pm
ပြန်တွေးကြည့်တော့ စိတ် သာလျှင် အဓိကဘဲပေါ့..
စားေနေတဲ့အချိန်မှာ သတိတဲ့အကြောင်းတွေတွေးမိရင် စားမဝင် ဖြစ်တတ်ပါတယ်..
သတိမထားဘဲ စားတဲ့အခါကြပြန်တော့ ..ဒီကြက်သားက လတ်လတ်ဆတ်ဆတ်မို့ တော်ချိုတာဘဲ.လို့စဉ်းစားမိတာမျိုးရှိတာပေါ့ ။
အဲဒီတော့ စားတဲ့သောက်တဲ့အချိန်မှာ တောင်တွေးမြောက်တွေး မတွေးဘဲ တရားသဘော တရားမှတ်ပြီး စားပါက အကျိုးနှစ်မျိုး ရနိုင်ပါကြောင်း..