အံ့ဖွယ်ကို ဖန်ဆင်းတတ်သူတွေထဲမှာဆိုရင် သဘာဝ တရားကြီးဟာ ပရော်ဖက်ဆာ ဒေါက်တာကြီးပါပဲ။ အခုလည်း ကြည့်ပါ။ မျောက်ရဲ့မျက်နှာ ပုံသဏ္ဍာန် ဖြစ်နေတဲ့ သစ်ခွပန်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ကွန်ပျူတာနဲ့ ပြုပြင် တည်းဖြတ်ထားတာ မဟုတ်ဘူး။ မျိုးစပ် ဖန်တီးယူထားတာ မဟုတ်ဘူး။ တကယ့် အစစ်အမှန် သဘာဝ တရားက ဖြစ်တည်လာတဲ့ အံ့ဖွယ် ပေါင်းစည်းမှု သရုပ်ပါပဲ။ ဒီအံ့ဖွယ် မျောက်မျက်နှာနဲ့တူတဲ့ သစ်ခွတွေကို အီကွေဒေါနဲ့ ပီရူးနိုင်ငံ အရှေ့တောင်ပိုင်း ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၀၀ဝ မှ ၂၀၀၀ဝ ကြားမှာ ရှိတဲ့ တိမ်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောများ အတွင်းမှာ တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဟိုရှေးရှေးတုန်းက လူအများဟာလည်း ဒီထူးထူးဆန်းဆန်း သစ်ခွပန်းတွေကို တွေ့မြင်ခဲ့ဖူးခြင်း မရှိခဲ့ကြပါဘူး။ […]