အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ် ခရိုင်တရားရုံးသည် နောက်ကျောထိခိုက်ဒဏ်ရာဖြင့် အလုပ်သမား သက်သာခံစားဂွင့် ရယူထားသူ အစိုးရစာတိုက် အလုပ်သမားတဦးအား ဘော့စတွန်မာရသွန် အပါအဝင် ခရီးရှည်အပြေးပြိုင်ပွဲပေါင်း ရှစ်ဆယ်ကျော် ဝင်ရောက်ယှဉ်ပြိုင်ထားသီဂို တွေ့ရှိယသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် လိမ်ညာအသုံးချမှု အပြစ်ရှိဂျောင်း ဆုံးဖြတ်လိုက်သီ။ 😡 Myers အား (၅၅နှစ်) အချက်အလက် လိမ်ညာမှုဖြင့်လည်း အပြစ်ရှိဂျောင်း ဆုံးဖြတ်ထားပြီး အများဆုံး ၁၅နှစ် ထောင်ဒဏ် ကျခံဖွယ်ရာရှိသီ။ ဂျူလိုင်လ ၂၅ရက်နေ့တွင် စီရင်ဂျက်ချရန် စီစဉ်ထားသီ။ ကျောနောက်ပိုင်း နာကျင်မှုကြောင့် စာပို့ဂျင်း မလုပ်နိုင်ဒေါ့ဂျောင်း မေလ ၂၀၀၉ခုနှစ်တွင် တင်ပြအရေးဆိုဂဲ့သဖြင့် သူမအား စာသယ်ပို့အလုပ်မှ ပိုမိုသက်သာသော တာဝန်သို့ ရွှေ့ပြောင်းပေးဂဲ့ရသီ။ Myers တယောက် သုံးမျိုးစုံ ထရိုင်သလွန်အားဂစားနည်း အပါအဝင် အပြေးပြိုင်ပွဲများတွင် […]


ဆေးမသောက်မှီနဲ့ ဆေးသောက်ပီးဆိုပြီး အခြေအနေကွာပုံ နှိုင်းယှဉ်ဒဲ့ စဂါးရှိဒယ်။ မြန်မာ့နိုင်ငံရေးမှာလည်း ၁၉၈၈ခုနှစ်ကစလို့ ဆေးသုံးကြိမ် တိုက်ခဲ့ပြီးသွားဘီ။ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ဂျားဖြတ်ရွေးကောက်ပွဲ အဆင့်အတန်းဒွေဂ တရုတ်ဆေးအဆင့်ရှိဒယ်၊ ၂၀၁ဝရွေးဂေါက်ပွဲဂဒေါ့ အများသိဒဲ့အတိုင်း အင်ဂျီး..။ ဒီဒေါ့ သိပ်မဆိုးဒဲ့ ဆေးနှစ်ကြိမ်သောက်စဉ် ဖြစ်ပေါ်ဂဲ့ဒဲ့ ကိုယ်ခံအားနဲ့စပ်လျဉ်းလို့ ခံဈားမိဒါလေးဂို ဝေမျှဂျင်ဒယ်။ အတိုက်အခံပါတီ အန်အယ်လ်ဒီရော အာနာရပါတီ ကြံ့ဖွတ်တွေပါ အောက်ခြေရပ်ကျေးများအထိဆင်းပြီး ပါတီစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေဂျဘီ။ မဖြစ်မနေရှိရမည့် ရွေးကောက်ပွဲအင်္ဂါရပ်များအား အနိမ့်ဆုံး ပြည့်မှီဂဲ့ဒဲ့ ရွေးကောက်ပွဲနှစ်ခုဂို ခြုံငုံသုံးသပ်လိုက်ရင် ပြည်သူအများရဲ့ နိုင်ငံရေးရေဂျိန်ဂို တွေ့နိုင်ဒယ်။ မိတ်ဆွေများမှာ ပိုမိုတိကျခိုင်မာဒဲ့ အချက်အလက်များရှိဘာဂ ထောက်ပြဝေဖန် ဆွေးနွေးပေးဂျဘာ။ နိုင်ငံရေးဂေါင်းဆောင်မှု ပုဂ္ဂိုလ်ပိုင်းအပေါ် မဲဆန္ဒရှင် သဘောထား ပြောင်းလဲမှု သိပ်မရှိသေးဘူး။ ဘာတခုမှ ဖြစ်မြောက်အောင် […]


ဒီဂနေ့ အင်တာနက်မှာ သမဒရုန်း အင်တာနက် စာမျက်နှာအကြောင်းနဲ့ အထူးအစည်းအဝေး ဒါ့ပုံသတင်း ဖတ်ရဒယ်။ သမဒဂျီးဂ ဝံကျီးအဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ဝံကျီးဂျုပ်များဂို အာဝါဒရိုက်နေဒဲ့ပုံနဲ့ဘာ။ သူ့ဖာသာသူ အားယားနေလို့ မိန့်ခွန်းချွေဒါ ကိစ္စမရှိပါဘူး သို့သော် မျက်စိထဲ အမြင်မတော်ဒါဂလေးဂိုဒေါ့ ပြောဂျင်ဒယ်။ အယင်ဇုံး သမဒဂျီးဂနေစရရင် သူထိုင်နေဒဲ့ပုံကြည့်အုံး.. ဖင်လျှောကျဒေါ့မယ်..တော်သေးဒါပေါ့ ခြေထောက် ကယ်နေလို့။ ထိုင်ခုံအရွယ် ကြီးလွန်းဒယ်၊ တဂယ် အလုပ်ဖြစ်တဲ့ အစည်းအဝေးခန်းမ ထိုင်ခုံများနဲ့မတူဘူး။ ကွန်းဖရင့်ဒွေမှာ နိုင်ငံတဂါကိုယ်စားလှယ်ဆိုသူများ အပေါ်ယံသဘော လျောက်လေပွားနေဒါနဲ့ ပိုတူဒယ်။ သမဒနဲ့ ဝံကျီး၊ ဝံလေးများ ဆွေးနွေးပွဲဆိုဒါ အလုပ်သဘော အပြန်အလှန် ညှိနှိုင်းတာ ဖြစ်ရမယ်။ သမဒဂျီး အလိုဒေါ်အတိုင်း လိုက်ပေးနေရဒဲ့ ပုံစံမျိုး မဖြစ်ရဘူး။ နို့မိုရင် ဘာပြုလို့ တိုင်းနဲ့ပြည်နယ် ဝံကျီးချုပ်ရာထူးဒွေ […]


ဖွဒယ်လို့ဒေါ့ မထင်ဂျပါနဲ့…ဒီနေ့ ဧရာဝတီဆိုက်မှာ ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်အဖွဲ့ဂို ဆွီဒင်အခြေစိုက်အဖွဲ့ လာရောက်တွေ့ဆုံတဲ့ သဒင်းဓာတ်ပုံများ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ပါဒယ်။ ၈၈မျိုးဆက်အဖွဲ့ဆိုတာ ဒေါ်စုပြီးရင် အားအကိုးရဆုံးဖြစ်လို့ အခုလို နိုင်ငံတဂါ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဂျဒဲ့အခါဒိုင်း ၈၈အရေးတော်ပုံကို တွေ့ကြုံဂဲ့ဖူးသူ တဦးအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူ ရပါဒယ်။ အရင့်အရင် ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ရုံးဂန်းမရှိလို့ အဖွဲ့ခေါင်းဆောင်များ နေအိမ်များမှာ တွေ့ဆုံရတာထက်စာရင် အများကြီး အခြေအနေ တိုးတက်လာပါဒယ်။ တခုပြောဂျင်ဒါ ရုံးခန်းအလယ်တည့်တည့်မှာ ဘုရားစင်ရှိနေဒါပါ။ နိုင်ငံရေးနဲ့ ဘာသာရေး သီးခြားစီခွဲထုတ်ရမှာ ဖြစ်လို့ မသင့်တော် ထင်ပါဒယ်။ အထူးသဖြင့် နိုင်ငံခြားသားများနဲ့ တွေ့ဒဲ့အခါ ပိုသတိထားရပါမယ်။ သူတို့ အမြင်မှာ ဘာသာရေး အရောင်အသွေး ရှိနေဒယ်လို့ မခံစားမိစေလိုပါ။ ၈၈အဖွဲ့ဆိုဒါ လစ်ဘရယ် […]


ဒုတိယသမဒဂျီး ဦးတင်အောင်မြင့်ဦး (ခ) ဗိုလ်ရှစ်လုံး အနားယူသွားဂျောင်းသဒင်းမှန်ရင် အပြောင်းအလဲသိပ် မြန်လွန်နေဒယ်။ ကြေငြာသလို ကျန်းမာရေးကြောင့် မဖြစ်နိုင်ဘာ၊ မဟုတ်မှလွဲယော သမဒဂျီး နဲ့ ဘွားဒေါ်ဂျီးတို့ နှစ်ကိုယ်ဂျား သဘောတူချက် တခုခုရှိထားဒါဂို လက်မခံနိုင်လို့လား သို့တည်းမဟုတ် ကုတ်ခြာကာချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ မတည့်မခွဲ့ဖြစ်သလား။ ပထမဟာ ပိုဖြစ်နိုင်ပုံရဒယ်။ အခုသဒင်း မတိုင်မှီလေးဒင် သမဒအကျန်ပေး ဦးကိုကိုလှိုင်ဂနေ သမဒဂျီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မဝင်ဒေါ့ဘူးလို့ လေသံပစ်လိုက်တယ်။ အတည်ပြောဒါထက် ဒုသမဒ ဦးရှစ်လုံးဘက်တော်သားဒွေဂို ချွေးသိပ်တာ ဖြစ်မယ်ထင်ဒယ်။ မင်းတို့ဆြာဂျီးနားသလို ငါလည်းမကြာဂင် နားဒေါ့မှာ ဒေါမကီးဂျနဲ့လို့ အဓိပါယ်ကောက်ရင် ရနိုင်ဒယ်။ တပ်ရှုပ်ကျီးနဲ့ ဒုတပ်ရှုပ်ကျီးဒို့ဂ တပည့်ကျော်ပဲလှော် ဗိုလ်ရှစ်လုံးဂို မုန်းဘီထင်၏။ သူ့နေယာ ဘယ်ဒူယူမလဲ.. စစ်သားဒုသမဒဖြစ်ရမှာမို့ ဗိုလ်ပြုတ်များအစား လက်ရှိစစ်သားထဲဂ ဗိုလ်ရှုပ်တယောက် […]


ဒုသမဒ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်သွားဂျောင်း၊ စစ်တပိုင်းအစိုးမရအဖွဲ့အတွင်း တယူသန် ဂေါင်းမာဂိုဏ်းနဲ့ ပျော့ပျော့လေးနံဒဲ့ ကြောင်ချီးဂိုဏ်း အာပြိုင်နေဂျောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး နောက်တဆင့်ဂို အစိုးမရဘက်မှ ဒုတိယသမဒ ဦးဆောင်ရန်ရှိကြောင်း၊ အစိုးမရဝံကျီးအဖွဲ့ အပြောင်းအလဲလည်းရှိနိုင်ဂျောင်း အတည်မပြုနိုင်ဒဲ့ သတင်းများထွက်နေဒယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိ လုပ်ကြံမှုသာရှိတတ်လို့ ဦးသိန်းစိန်အစိုးမရ၏ နိုင်ငံရေးအကွက်ရွှေ့မှုအဖြစ် သုံးသပ်ကြည့်ဘာမယ်။ နိုင်ငံတဂါမှပေးမည့် အကူအညီများရဖို့ဆိုရင် စစ်တပိုင်းအစိုးမရအတွင်း ဝံကျီးနေရာ အပြောင်းအလဲလုပ်ရမှာ သေဂျာသလောက် ရှိပါဒယ်။ ဦးသိန်းစိန်နဲ့ဒေါ်စု ဘယ်နည်းဘယ်ပုံ အပေးအယူလုပ်မှာလည်းအပေါ် မူတည်ပြီး လာမည့်အစိုးမရအဖွဲ့ရဲ့ ပုံသဏ္ဍာန်ဂို မြင်ရပါလိမ့်မည်။ ဒေါ်စုကိုယ်တိုင်ရော အစိုးမရအဖွဲ့ တာဝန်ပေးဂဲ့ရင် ယူမှာလား၊ ဘယ်အဆင့်ဆိုရင် ယူသင့်သလဲ။ ဒီလိုအချိန်မျိုးမှာ ဒုတိယသမဒသတင်း ထွက်လာဒါ တိုက်ဆိုင်မှု တခုထက် ပိုဂေါင်းပိုနိုင်ဒယ်။ ဒုတိယသမဒဂျီး ဒေါ်အောင်ဆန်းစုကြည်များ ဖြစ်လေမလား။ ဟုတ်ခဲ့ရင် ဒေါ်စု […]


ရာဟူးသတင်းမှာ ဒီနေ့ဖတ်ရဒဲ့ သတင်းတိုလေးပါ။ အကယ်၍များ သွားနှုတ်ဖို့ရှိဒယ်ဆိုရင် ရည်းစားဟောင်း သွားဆရာဝန်ဆီ မသွားဒါ အကောင်းဆုံး ဖြစ်ပါလိမ့်မည်ဒဲ့။ ပိုလန်လူမျိုး သွားဆရာဝန်မ သူနဲ့ပြတ်စဲသွားတာ ရက်ပိုင်းပဲရှိသေးဒဲ့ ရီးဇားဟောင်းရဲ့ သွားအကုန်လုံးဂို နှုတ်ပစ်လိုက်လို့ ထောင်သုံးနှစ်ကျခံရမည့် စီရင်ချက်နဲ့ ရင်ဆိုင်နေရပါဒယ်။ 👿 ကျမလည်း ဆရာဝန်ကောင်းတဦး ပီသစွာ ကိုယ်ပိုင်ခံစားချက် မပါဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ဂိုမြင်ရလိုက်ချိန်မှာ ‘အဲဒီ့ခွေးမျိုးရဲ့ သွားဒွေအားလုံး နှုတ်ပစ်မယ်ဆိုဒဲ့အတွေး’ ပေါ်ခဲ့ဒယ်လို့ Anna Mackowiak – ၃၄နှစ် က ပြောသည်။ သူတို့ဂျင်း ပြတ်စဲပြီး ရက်ပိုင်းအကြာ Marek Olszewski, ၄၅နှစ်ဟာ ရည်းဇားဟောင်းရဲ့ သွားဆေးခန်းဂို သွားကိုက်တာပြဖို့ ရောက်သွားဂဲ့သည်။ အချစ်ဟောင်းဂလေးဂ သူ့ကိုထုံဆေး အပြင်းစားပေး တံခါးသော့ပိတ်ပြီး သွားများအားလုံးကို တထိုင်ထဲ နှုတ်ပစ်ခဲ့သည်။ […]


အန်အယ်လ်ဒီပါတီ လွှတ်တော်တက်တော့မယ်ဆိုပဲ..။ ပြည်သူ့မျက်နှာထောက်လို့ဒဲ့.. လွှတ်တော်တွင်းဂ အတိုက်အခံ အမတ်တချို့ဂလည်း တောင်းပန်တာလည်းပါသဒဲ့..။ ကြံ့ဖွတ်အမတ်တွေဂတော့ သောက်ဂရု စိုက်ပုံတောင် မရဘူး။ လေးဖက်ထောက်ဝင်ဂျပေါ့ကွာ.. ပြီးတော့အရှက်ပြေပြောအုံး.. ငါတို့ဒူးဂေါင်းမာ မမာ စမ်းကြည့်ဒါလို့..။ ကျမ်းကျိန်ဒဲ့အခါလည်း မျက်နှာကို ပြုံးပြုံးလေးထားပြ.. တီဗွီမှာ တဦးချင်းမျက်နှာတွေကို အနီးကပ်ရိုက်ပြမှာ..။ အယင်ဂတော့ စစ်အစိုးရဂို စကားအမျိုးမျိုး ပြောင်းလဲပြောလို့ ဆိတ်လစေ့လို့ခေါ်ဂဲ့ဒါ အခု ဝဋ်ပြန်လည်ပြီထင်၏။ အားလုံးသူ့စိတ်ကြိုက် လုပ်နေပြီပဲဟာ ပါတီအမည်ဂို ဘွားဒေါ်ပါတီလို့သာ ပြောင်းလိုက်ပါတော့။ အန်အယ်လ်ဒီဆိုဒါ သမိုင်းမှာ ကျန်ဂဲ့ဘာပြီ။ တကယ် ရှိယောရှိဂဲ့ယဲ့လားတောင် မသေချာဘူး။ ဒေါ်စုမှာ လူထုထောက်ခံမှု ဆက်ရှိနေမှာဖြစ်လို့ ဘေးလူများ ဝေဖန်ယုံဂလွဲ ဘာမှမတတ်နိုင်ပါ။ ဖြေတွေးရရင်ဒေါ့ အမေရိကန်နဲ့ အီးယူအဖွဲ့ဂနေ ဘာဂတိပြုချက်တွေ ရထားလဲ.. ရှိထားပါဇေလို့ ဆုတောင်းပါဒယ်။ တင်လက်စနဲ့ မထူးဘူး.. […]


တနေ့ဂ အင်တာနက်သတင်းတခုမှာ ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း ဝံကျီးငါးယောက် အပြောင်းအလဲလုပ်မယ် ဖတ်လိုက်ရဒယ်။ နောက်တနေ့ကျတော့ အဲဒီဆိုက်က ပြန်ဖြုတ်လိုက်တယ်တဲ့။ ဗွိုက်စ်သတင်းဂျာနယ်မှာ စက်မှုဝန်ကျီး ဦးစိုးသိန်းကို ဝန်ကျီးအဖွဲ့ အပြောင်းအလဲ ရှိနိုင်မလားမေးဒေါ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ ရှိတတ်ပါဒယ်လို့ မယုတ်မလွန်ဖြေတယ်။ ဝန်ကျီးအဖွဲ့ အပြောင်းအလဲ သတင်းထွက်နေတာကြာပြီ။ သဘောထားတင်းမာတဲ့ ဝန်ကျီးအမည်တွေလည်း ထွက်ထားဒယ်။ ဦးသိန်းစိန် ဂျပန်ခရီးမှာ အန်အယ်လ်ဒီကို ဝန်ကျီးနေရာတချို့ ပေးမယ်လို့ သတင်းထွက်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ဟုတ်ခဲ့ရင်ဆိုပြီး မစားရဝခမန်း တွေးကြည့်ပါမယ်။ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်လာခဲ့ရင် အံ့ဩဇရာ မရှိပါ။ နောက်ဆုံးထွက်လာတဲ့ ဝန်ကျီးငါးဦး စာရင်းမှာ ပြန်ကြားရေး ဦးကျော်ဆန်း၊ စီးပွားရေး ဦးဝင်းမြင့်၊ ဟိုတယ်ခရီး ဦးတင့်ဆန်း၊ လျှပ်စစ် ဦးဇော်မင်း၊ စက်မှု […]


ဂျာမနီနိုင်ငံ စတူးဂတ်မြို့မှာ ယနေ့ပြုလုပ်တဲ့ ပိုရှေးပြိုင်ကားတင်းနစ် ဂရင်းပရီ နောက်ဆုံးဗိုလ်လုပွဲမှာ ကမာ္ဘ့အဆင့်တစ် တင်းနစ်မယ် ဘီလာရပ်စ်နိုင်ငံသူ ဗစ်တိုးရီးယား အဇာရန်ကာကို ဦးကြောင်ကြီးရည်းဇား ကမာ္ဘအဆင့်နှစ်တင်းနစ်မယ် ရှာရာပိုဗာ ၆-၁ ၆-၄ နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါဒယ်။ ရွာထဲဂ ကြေးမုံဂျီးအမျိုး တရုတ်နိုင်ငံသူ နလီဂတော့ အုပ်စုအဆင့်မှာတင် ပြုတ်ကျန်ရစ်ခဲ့ပါဒယ်။ ကြေးမုံဂျီးရေ အမြင်မှန် ရပါဒေါ့ကွယ်..။ 🙄 ကြောင်ကြီး ပို့သတဲ့မေတ္တာနဲ့ အနိုင်ရသွားတဲ့ ရှာရာပိုဗာဂလေးဟာ ပထမဆုငွေ ဒေါ်လာခုနှစ်သိန်းလေးသောင်းအပြင် ဒေါ်လာတသိန်းရှစ်ထောင်တန် (msrp price) ပိုရှေးပြိုင်ကား Porsche 911 Carrera S Cabriolet ကိုပါရရှိသွားပါပြီ။ ကြောင်ကြီးလည်း ဝမ်းသာလွန်းလို့ အိမ်ဂပို့ပေးတဲ့ ငါးပိထောင်းနဲ့ ကြက်ဥဟက်ဘွိုင်ကို ရေနဲ့မျှောချပြီးစားရင်း အောင်ပွဲခံနေပါဒယ်။ 😎


စကားပြောရင် သေချာပေါက် မဖြစ်နိင်တာနဲ့ ကိုယ်ပြောဂျင်ဒါကို အလေးအနက် ပြုလေ့ရှိပါဒယ်။ ဥပမာ – ကမာ္ဘလည်တာရပ်မှ နင့်ကိုငါမုန်းမယ်၊ ပင်လယ်ရေ မခန်းသရွှေ့ချစ်တယ်။ တခါတလေ ကိုယ့်ပတ်ဝန်းကျင်က အရာတွေနဲ့ အပျော်ကိုးကားပြောတယ်။ ဥပမာ – သဂျီး သက်သတ်လွတ်စားမှ၊ တရုတ်ကြီး ဝက်သားမစားလျင်၊ မြန်မာပြည် ဒီမိုကရေစီ ရတဲ့နေ…။ အဲဒီထဲဂမှ မဖြစ်နိုင်ထင်တဲ့ အရာတခု ဖြစ်လို့လာဂဲ့ပါပြီ..။ ဒါကြောင့် ယတိပြတ် မပြောဂေးလို့ never say never die အင်္ဂလိပ်စကားပုံ ရှိထားခဲ့ဒါဘာ။ တရုတ်မှတရုတ်ဆိုပြီး မာန်တက်နေဒဲ့ ကြေးမုံဂျီးဒို့လည်း သတိပြုဇရာဘာ..။ ရာဟူးသတင်းမှာ ဂလိုဆိုဘာဒယ်။ တရုတ်အားဂဇားသမားများ လန်ဒန်အိုလံပစ် မတိုင်ခင် ပြည်တွင်းဖြစ် ဝက်သား၊ အမဲသား၊ သိုးသားတွေကို မစားရလို့ အမိန့်ထုတ်တယ်။ ဆေးစစ်တဲ့အခါ တားမြစ်ထားတဲ့ […]


ဒီနေ့ဧပြီ၂၃ရက်နေ့ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေး ပြန်စနေပြီ။ ငါးရက်ပဲ ကြာမယ်ပြောတယ်။ အန်အယ်လ်ဒီ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မပါသေးဘူး။ ရခိုင်တိုးတက်ရေးပါတီက ကျမ်းကျိန်တဲ့ စကားလုံး အသုံးအနှုန်း ပြင်ပေးဖို့ အဆိုတင်မယ်ပြောတယ်။ ကြံ့ဖွတ်နဲ့စစ်ဗိုလ် အများစု ချုပ်ကိုင်ထားတဲ့ လွှတ်တော်က ဘယ်လိုတုံ့ပြန်မှာလည်း ကြည့်ရမယ်။ အန်အယ်လ်ဒီ လွှတ်တော်တက်မတက် အခုအချိန်အထိ ပြသနာ မရှိသေးပါ။ အစည်းအဝေးဖိတ်စာရတော့ မျှော်လင့်မထား အံ့ဩမိကြောင်း အန်အယ်လ်ဒီကိုယ်တိုင် ထုတ်ဖော်ပြောဖူးလို့ စစ်တပိုင်း အစိုးမရဘက်က သွေးတိုးစမ်းလိုက်တာ ဖြစ်ဖို့များတယ်။ ရွေးကောက်ပွဲ ဥပဒေမှာကြ အသုံးအနှုန်းကို ပြင်ပေးရင် လွှတ်တော်ထဲမှာလည်း ပြင်မပေးနိုင်စရာ မရှိပါ။ အခုအချိန်အထိ နှစ်ဖက်စလုံး မိမိတို့လိုလားချက်များကို ကမ်းလှမ်းထားတဲ့ အဆင့်ဖြစ်နေတယ်။ နိုင်ငံတကာ အစိုးရများ စိုးရိမ်ပူပန်မှု သိပ်မပြဘူး။ တကယ်လည်း နိုင်ငံရေး ကစားနေကြတာပဲ […]


မြန်မာစကားမှာရှိတယ်၊ နှုတ်တရာ စာတလုံးတဲ့၊ ပါးစပ်က စကားအခွန်းပေါင်း များစွာထက် စာနဲ့ပေနဲ့ ရေးသားတာ အပုံကြီးသာတယ် တရားဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါလည်း မြန်မာပြည်မှမဟုတ် ခေတ်သစ် ကမာ္ဘမှာ ဒီအတိုင်းပဲသွားတယ်။ ပြောတာ အပြောပဲရှိတယ်.. ခိုင်လုံမှုအားနည်းတယ်။ ပြသနာဖြစ်လာတဲ့အခါ ဒီလိုပါ ဟိုလိုပါနဲ့ ရှောင်ထွက်သွားလို့ရတယ်။ ဒါကြောင့်ပဲ ရှေ့နေရှေ့ရပ် စာချုပ်စာတမ်း ရုံးကန္နား ဥပဒေများ ထွန်းကားလာတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ ဗိုလ်ချုပ် စောမောင်ပြောစကား မြောင်းထဲရောက်တာ စာနဲ့ပေနဲ့ မထုတ်ပြန်ခဲ့လို့၊ ၁၉၉ဝ ရွေးကောက်ပွဲ ဥပဒေမှာ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ စကားလုံး အတိအကျ မပါခဲ့ပါဆိုတဲ့ ဆင်ခြေနဲ့ အနိုင်ရပါတီ အာဏာမရ၊ လွှတ်တော်မတက်ရတဲ့ ရွေးကောက်ပွဲအဖြစ် ကမာ္ဘမှာ ရှားရှားပါပါး ဖြစ်ရပ်မှတ်တမ်း ဝင်ခဲ့တယ်။ […]