တရုတ်ကြီးပြောင်းဘီဗျို့.. Change

တိုင်းပြည်နဲ့ လူမျိုးအတွက် မစားရက်တဲ့ အသားဝက်

စကားပြောရင် သေချာပေါက် မဖြစ်နိင်တာနဲ့ ကိုယ်ပြောဂျင်ဒါကို အလေးအနက် ပြုလေ့ရှိပါဒယ်။ ဥပမာ – ကမာ္ဘလည်တာရပ်မှ နင့်ကိုငါမုန်းမယ်၊ ပင်လယ်ရေ မခန်းသရွှေ့ချစ်တယ်။ တခါတလေ ကိုယ့်ပတ်ဝန်းကျင်က အရာတွေနဲ့ အပျော်ကိုးကားပြောတယ်။ ဥပမာ – သဂျီး သက်သတ်လွတ်စားမှ၊ တရုတ်ကြီး ဝက်သားမစားလျင်၊ မြန်မာပြည် ဒီမိုကရေစီ ရတဲ့နေ…။ အဲဒီထဲဂမှ မဖြစ်နိုင်ထင်တဲ့ အရာတခု ဖြစ်လို့လာဂဲ့ပါပြီ..။ ဒါကြောင့် ယတိပြတ် မပြောဂေးလို့ never say never die အင်္ဂလိပ်စကားပုံ ရှိထားခဲ့ဒါဘာ။ တရုတ်မှတရုတ်ဆိုပြီး မာန်တက်နေဒဲ့ ကြေးမုံဂျီးဒို့လည်း သတိပြုဇရာဘာ..။ ရာဟူးသတင်းမှာ ဂလိုဆိုဘာဒယ်။
တရုတ်အားဂဇားသမားများ လန်ဒန်အိုလံပစ် မတိုင်ခင် ပြည်တွင်းဖြစ် ဝက်သား၊ အမဲသား၊ သိုးသားတွေကို မစားရလို့ အမိန့်ထုတ်တယ်။ ဆေးစစ်တဲ့အခါ တားမြစ်ထားတဲ့ အားတိုးဆေးတွေနဲ့ ငြိနေမှာစိုးလို့ပါ။ အဲဒီ့ အသားတွေအစား ထိပ်တန်းအားဂဇားသမားတွေ လိုအပ်တဲ့ အသားဓာတ်ကို ပရိုတင်းအမှုန့်၊ ငါးတို့ဂနေယူပြီး နောက်ထပ်အောင်ပွဲဆင်ဖို့ ကြိုးပမ်းနေဂျပါဒယ်။
တရုတ်ရေကူးသမား အနည်းဆုံး ၁၉၆ယောက်ဟာ အသားမစားဒါ ရက်၄ဝရှိပါပြီ။ နောင်ရက်ပေါင်းတရာဆိုရင် လန်ဒန်အိုလံပစ် စပါတော့မယ်။ ဥပဒေမဲ့ သို့မဟုတ် အလွန်အကျူး အားတိုးဆေးသင့် တိရိစာ္ဆန်အသားများနဲ့ တရုတ်အစားအစာတွေ နာမည်ပျက်ပါတယ်။ အာဏာပိုင်များ စိုးရိမ်တာ တားမြစ်ထားတဲ့ clenbuterol ဆိုတဲ့ ဒြပ်ပေါင်းကို အားဂဇားသမားများ မသိဘဲ စားမိမှာ စိုးလို့ပါ။ အဲဒီဒြပ်ပေါင်းကို တရုတ်ပြည်တွင်း ထုတ်လုပ်မှုမှာ တားမြစ်ထားပေမဲ့ မသန့်စင်တဲ့ ဝက်အသားတွေမှာတော့ တွေ့ရပါဒယ်။
ကာယဗလ လေ့ကျင့်ရာနဲ့ အဆီချဖို့စားတဲ့ အသားထုတ်ရာမှာသုံးတဲ့ clenbuterol ကို အားဂဇားသမားများ စွမ်းရည်မြင့်အောင်လဲ တလွဲအသုံးချနိုင်တယ်။ ၂၀၀၈ခုနှစ် အိုလံပစ် ရွှေတံဆိပ်ဆုရှင် တရုတ်ဂျူဒိုမယ် Tong Wen ကို ၂၀၁ဝခုနှစ်မှာ အဲဒီဒြပ်ပေါင်း ဆေးစစ်ရာမှာ တွေ့ရှိမှုနဲ့ ၂နှစ် ပိတ်ပင်ခဲ့ပါဒယ်။
ယခုနှစ်ဆန်းပိုင်းမှစလို့ အားဂဇားသမားများအား လေ့ကျင့်ကွင်းပြင်ပမှာ အသားမစားဖို့ တားမြစ်ထားတာလို့ တရုတ်မီဒီယာတွေမှာ ရေးပါဒယ်။ တရုတ်အမျိုးသား ရေကူးအသင်းဂတော့ အတည်ပြုချက် မပေးပါဘူး။ အာဏာပိုင်များဟာ လေ့ကျင့်ရေးရုံများထဲဂို အဲဒီဒြပ်ပေါင်းပါဝင်တဲ့ အစားအသောက်များ ခိုးဝင်မလာဇေဘို့ တင်းကျပ်စွာ အုပ်ချုပ်ထားပြီး အနီးအနားရှိ အသားငါး သီးနှံများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပါဒယ်။
အဝင်အထွက် တံခါးမှာ သော့တပ်ဆင်ထားပြီး ထမင်းဟင်းချက်သူများသာ ဝင်ခွင့်ရှိတာမို့ Jiangsu အားဂဇားဇုံ နယ်မြေမှာတော့ မီးဖိုဂျောင်ဟာ အလုံခြုံဇုံးနေရာ ဖြစ်လို့နေပါဒယ်။
Chinese Olympic athletes avoid pork over doping fears
AFP
Chinese athletes are swearing off meat ahead of the London Olympics out of fear that domestic pork, beef and lamb could contain substances banned under anti-doping rules, a report said Wednesday.
They are instead relying on protein powder and fish to meet the high protein needs of top-class athletes, the Yangtze Evening News reported, as China goes after another successful haul of medals.
At least 196 competitors under China’s National Aquatics Centre, which governs swimming, diving and other water sports, have been off meat for the past 40 days, the report said. The London Games are 100 days away.
China’s food production industry is notorious for frequent scandals involving producers who illegally or excessively use various additives in the raising of livestock.
Authorities are particularly concerned that athletes could unwittingly consume clenbuterol, which is banned for food production in China but has been found in contaminated pork.
Clenbuterol can speed up muscle-building and fat-burning to produce leaner meat but has also been used by athletes as a performance-enhancer. It is banned by the World Anti-Doping Agency.
China’s 2008 Olympic women’s judo gold medallist Tong Wen was banned in 2010 for two years for testing positive for the substance.
Chinese media reported earlier this year that national sports authorities had banned athletes from consuming meat outside of state training facilities.
Officials with the National Aquatics Centre and the sports ministry could not immediately be reached for comment.
Authorities have tightened supervision at training centres to ensure no clenbuterol-tainted food slips through and have launched checks of local produce near such centres, the Yangtze Evening News said.
“The kitchen is probably the most secure place at the Jiangsu province sports bureau… locks are installed on entry doors and only (kitchen) workers can enter,” it said.
Source: http://news.yahoo.com/chinese-olympics-athletes-hold-pork-054006141.html

11 comments

  • windtalker

    April 27, 2012 at 10:09 am

    တော်ပါသေးရဲ ့ဗျာ ။ တရုတ်မှာ အားကစားသမားမဖြစ်ရတာ တယ်ကံထူး တာပ ။ နို ့… ကြောင်သားအုန်းနို ့ချက် နဲ ့ထန်းပင်ကျရည် ချိုမွှေးလေး သုံးဆောင်ရမယ် မထင်ဘူး ။

  • Khaing Khaing

    April 27, 2012 at 10:47 am

    အသီးမှာ သရက် အသားမှာ ဝက်တဲ့ သရက်သီးသာမစားပဲနေနိုင်မယ် ဦးကြောင်ကြီးရေ ဝက်သားကတော့ ဘာပဲပစ်ပစ်ချားမှာပဲ ရုံးပိတ်ရက်ဆိုရင် ဝက်အူတွေကလိစာတွေမရမှာစိုးလို့ မနက်အစောကြီးကတည်းက ဈေးကိုပြေးရတယ် အဲသလိုကြိုက်တာ …….

    အဟီးးးးးးး မီးမီးကတူ့ကိုပြောဖူးတယ် အဲသည်လို “တရုတ်ကြီး ဝက်သားမစားလျင်၊ မြန်မာပြည် ဒီမိုကရေစီ ရတဲ့နေ…။” ဆိုရင် မောင့်ကိုမုန်းမယ်လို့ ……

  • ဗိုက်ကလေး

    April 27, 2012 at 11:20 am

    နာလဲ ပြောမယ်ဟေ့
    အူးကြောင်ဂျီး ငါးကြော်မစားတဲ့နေ ့ ဒီမိုကဒေစီပေးမယ် လို ့

  • အလင်းဆက်

    April 27, 2012 at 6:09 pm

    ဦးကြောင်က..
    သင့်ကို ကြောင်ပုစွန်စားသကဲ.့ သိ ု့….ဆိုတော့…
    ငါးကြော်တင်မက…
    လူသားပါ..စားချင်ပုံရတယ် ။ ( အဟိ ..နောက်ပြောင်လိုက်ပါပြီ ။)

    သတင်းလေး ဝေမျှပေးလို ့ ကျေးဇူးပါ ။

    • zarlay

      May 11, 2012 at 12:14 pm

      ဝက်သားကတော့ အကြိုက်ဆုံးဆိုတော့ မစားလို့တော့မဖြစ်ဘူးလေ

  • နေဝန်းနီ

    April 27, 2012 at 8:53 pm

    တယုတ်ကြီးပြောင်းပြီဆိုလို့ ဘယ်အပင်ပြောင်းတာလဲလို့ …..။ ပူတဲ့အချိန် ဝက်သားမစားချင်ပါဘူးဗျာ…။ ကျုပ်တို့ဆီမှာတော့ ဝက်နာကျနေလို့ ဝက်သံတောင်သိပ်မကြားရဘူးဗျ…။ ဈေးထဲမလဲ အနာသားတွေချည့်ပဲ ….။ ကျုပ်တောင် ဆီးကျောက်တည်နေတာ ဝက်သားနဲ့ ဗေဒါ ချက်စားရမယ်ဆိုတာ မစားရဲသေးဘူး….။

  • TTNU

    April 27, 2012 at 9:41 pm

    ကိုကြီးကြောင်ရေ..
    တီချာလည်း ဝက်သားမပါရင်
    ထမင်းစားမကောင်းပါ။
    သွေးတိုးရှိရက်နဲ့ ဝက်သားနဲ့ လမ်းမခွဲနိုင်သေးပါ။
    ဒါပေမဲ့… တုတ်ထိုးစားချင်ပေမဲ့ ဆိုင်တွေမှာညစ်ပတ်လို့
    မစားဖြစ်ခဲ့ပါ။
    ထမင်းဖိတ်ကျွေးတဲ့အိမ်ကဝက်သားမပါရင် တစ်ပန်းကန်ပဲစားပါတယ်။ 😆

  • Khin Latt

    April 27, 2012 at 9:53 pm

    ဟေ့ ကကြောင်ကြီး
    မြန်မာစကား မတတ်တဲ့ အဖွားကြီး လဲ မြန်မာပြည်မှာ သွားပြီး မြန်မာစကားတွေ ဖောင်ဖွဲ့ပြီး ပြောလာတာ ဖြစ်နိုင်/ မဖြစ်နိုင် ဖြေလိုက်စမ်းဘာာာာာာာာာာာ။
    မဖြေရင်တော့ အမြီး ကိုဆွဲပြီး အင်္ဂါဂြိုလ်ပေါ် ပစ်ပလိုက်မယ်။
    ဘာမှတ်လဲ။ ဟင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်းင်း။ 😀

    • ကြောင်ကြီး

      April 30, 2012 at 4:04 am

      ကကောင်ကြီး မအားဘူးဗျာ… ရှရာပိုဗာဂလေးနဲ့အတူ အောင်ပွဲခံနေဒယ်..။ မြန်မာစဂါး မတတ်တဲ့ အရီးလတ် မြန်မာပြည်သွား စကားဖောင်ဖွဲ့ခဲ့နိုင်ဒယ်ဆိုရင် တရုတ်မကြိုက်တဲ့ ကြောင်ကြီးအတွက် အများကြီးဂျီး အခွင့်အရေး ရှိသေးတာပေါ့။ ဖမ်းကွာ တရုတ်မတွေအားလုံးဂို…။ 😳

  • ဦးဦးပါလေရာ

    April 28, 2012 at 12:21 am

    မြန်မာပြည်က ဝက်သားတွေလဲ စစ်ဆေးကြည့်ဘို့ကောင်းတယ်…။
    အသားတိုး ဓါတုဟိုမုန်းတွေ အလွန်အကျွံပါရုံမက အခြားအဆိပ်ဖြစ်မယ့် ဓါတု/သတ္ထု တွေ ပါနေနိုင်တယ်။
    အင်း…. ဒီနေ့မှ အိမ်မှာလဲ ဝက်သားချက်ရတယ်လို့….

  • မှော်ဆရာ

    May 11, 2012 at 1:53 pm

    ရဲရဲတောက် စံချိန်တင်တဲ့ပိုစ့်ပါလားဟေ့
    -4 ဆိုတာကြီးပဲ
    ပြောရင်းဆိုရင်း ငါ့ဆီလဲလာပြီ …
    ကိုယ်ယောင်ဖျောက်မှ … အပ်ချလောင်း ….

Leave a Reply