ကိုထွေး Friday, July 02, 2010 ဧရာဝတီ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အပတ်စဉ် ဂျာနယ်များတွင် နိုင်ငံရေးပါတီ သတင်းများကို တင်းကျပ်နေသဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးကို ပြန်လည် သုံးသပ်မည်ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဆိုသည်။ မှတ်ပုံတင်ပြီးသော နိုင်ငံရေး ပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက် စာတမ်းများ ထုတ်ဝေ ရန် ခွင့်ပြုချက် ရရှိထားသော်လည်း ငွေကြေး အခက်အခဲကြောင့် ပါတီနှင့် ပတ်သက်သော သတင်းများကို ပြည်သူများ သိရှိရန် အတွက် အပတ်စဉ်ထုတ် ဂျာနယ်များကို အားကိုး နေရကြောင်း သိရသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက စာပေစိစစ်ရေး၏ ဖြတ်တောက်မှုများအတွက် ပါတီအနေဖြင့် […]


kaiJune 28, 20101min1652
ဗွိုက်စ်ဂျာနယ် (Monday, June 28 – July 4, 2010)စာမျက်နှာ ၁၃ က “၂၀၁၃ ခုနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ အကြီးဆုံးဝယ်သူဖြစ်ရန် တရုတ်မှန်း” ဆိုတဲ့ သတင်းနဲ့ပါတ်သက်ပြီး မရှင်းလို့ပါ။ အဲဒီမှာ အောက်ကအတိုင်းရေးထားပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀၀၉-၂၀၁ဝ ခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရသည်။ ရုတ်တရက်ဖတ်ကြည့်ရင်..အဲဒါ မတ်နဲ့ဧပြီ၂လထဲနဲ့ ၂.၅၃ ဘီလီယံဖိုးတင်ပို ့တယ်ဆိုတဲ့သဘောသက်ရောက်နေတာမို့ ဟုတ်မဟုတ်သိသူတွေ ဖြေစေချင်တာပါပဲ။ […]


wailynnooJune 27, 20101min1344
မြန်မာ စစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာ အမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN) တို့၏ အကူအညီဖြင့် ဂျပန် နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင် ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၎င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net) တွင် တိုက်ရိုက် ထုတ်လွှင့် တင်ဆက် ပေးသွားမည် ဖြစ်ပါသည်။ မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရှုံး နေမှုများ၊ အထူးသဖြင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ […]


wailynnooJune 18, 20101min962
ဘူးသီးတောင်၊မောင်တော မြေပြိုမှု တွင် လူဦးရေ ငါးရာခန် ့အိုးမဲအိမ်မဲ့ ဖြစ်သွားခဲ့ရပြီး ထိုဒေသ သို ့အကူအညီ ပေးရန် သွားရောက်မည့် NGO များ အား ကန် သန် ့ထားသည်။ ပခုက္ခူ နှင့် မြိုင်တွင် လည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု များရှိပြီး နေအိမ် အချို ့ပျက်စီး ခဲ့သည်။ ဟိန်းခိုင်ထွန်း၊ နာဂစ် ဒေသ တွင် အကူအညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင် နေသည့် အစိုးရ မဟုတ် သော အဖွဲ ့အစည်း တစ်ခု မှာ ထိုဒေသ သို ့သွားရောက် ကူညီရန် တင်ပြထားသော် လည်း ပြည်ထဲရေး ဝန်ကြီး ဌာန […]


wailynnooJune 15, 20101min1112
မလေးရှားနိုင်ငံ အခြေစိုက် ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia မှ လာမည့် အရှေ့တောင် အာရှနိုင်ငံများသို့ ခရီးစဉ်တိုးချဲ့မှု အစီအစဉ်အရ ဇူလိုင်လတွင် ကွာလာလန်ပူ မှ ရန်ကုန်သို့  လေကြောင်းခရီးစဉ်သစ် စတင် ပျံသန်းမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ပထမဆုံး ခရီးစဉ် ကို ဇူလိုင် ၂ဝ တွင် စတင်မည်ဖြစ်ပြီး ခရီးစဉ်သစ်ကို အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ၂၉ ရင်းဂစ် (၈.၈ ဒေါ်လာ ဝန်းကျင်) ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။ အဆိုပါ လေကြောင်း ခရီးစဉ်သစ်အတွက် ခရီးသည် ၁၈ဝ ဦး လိုက်ပါစီးနင်နိုင်သော Airbus A320 လေယဉ်များဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း AirAsia ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် […]


wailynnooJune 14, 20101min1956
ရန်ကုန်တိုင်း အပါအဝင် နယ်မြို ့များ ရှိ အခြေခံပညာအဆင့် ကျောင်းသားများ သည် ပညာသင် ၂၀၁၀-၁၁ ပညာသင်နှစ်တွင် ချမှတ်လိုက်သော မူများအရ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား များ အနေဖြင့် ပညာသင်ကြားမှု စရိတ်မတတ် နိုင်သောကြောင့် ကျောင်းပညာသင်ကြားရေး မှ စောစီးစွာ ထွက်ခွာရသူများ ရှိသည် ဟု စုံစမ်း သိရှိရသည်။ ယမန်နေ ့က အခြေခံပညာ အထက်တန်း ဆယ်တန်း အောင်စာရင်း ထွက်ချိန်တွင် ကျရှုံးခဲ့သူများ က ‘ကျွန်တော်တော့ နောက် နှစ် ပြန်တက် ဖို ့အစီအစဉ် မရှိ တော့ ဘူး ၊ကျူရှင် လည်း မယူနိုင် ဘူး၊မီးစက် ဖို းလည်း မတတ် နိုင်ဘူး ဟု […]


wailynnooJune 13, 20101min981
မြန်မာနိုင်ငံတွင် မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်ပေးနေခြင်းကို ၂၀၁ဝပြည့်နှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ ထပ်မံတိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းကဲ့သို့ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးခြင်းနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို တရားဥပဒေနှင့်အညီ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင်မဲ့ဆိုင်ကယ်များ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရာတွင် ဆိုင်ကယ်၏ပိုင်ရှင်ဖြစ်သူက ဆိုင်ကယ်အား ပြန်လည်ရယူလိုကြောင်း လျှောက်ထားနိုင်သည်ဟု သိရသည်။ ယင်းသို့ လျှောက်ထားလာမှု အပေါ်တွင် ဆိုင်ကယ်၏ တန်ဖိုးနှင့်ကျသင့်သည့်  အခွန်ငွေများကို ပေးဆောင် စေပြီးမှသာ တရားဝင်မှတ်ပုံတင် […]


wailynnooJune 12, 20101min720
မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ည ၈ နာရီအချိန် ထုတ်လွှင့်ခဲ့သည့် သတင်း အစီအစဉ်တွင် ဖော်ပြခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆-၄-၂၀၀ရ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား  သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် မြန်မာနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သည့်နှင့်အညီ အခြားကမ္ဘာနိုင်ငံများနှင့် […]


wailynnooJune 9, 20101min1205
ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင်  ကျသင့်သည့် ယာဉ်စီးခငွေကို ပုံးထဲသို့ ကိုယ်တိုင် ထည့်သွင်းစီးနင်းရသည့် စနစ်ကိုပါရမီ ၂၃၂ ယာဉ်လိုင်းတစ်လိုင်းတွင်သာ ခရီးသည်များ အလေ့အကျင့် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက် ပေးထားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ”ယာဉ်ပေါ်တက်လာတာနဲ့ ကျသင့်ငွေကို ပုံးထဲထည့်တဲ့ စနစ်နဲ့ အလေ့အကျင့် လေးဖြစ်သွားအောင် စမ်းသပ် စီစဉ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ခရီးသည်တင်ယာဉ် တွေမှာ ယာဉ်နောက်လိုက်မလိုပေမယ့် ဒီမှာတော့ယာဉ်တစ်စီးကို တစ်ယောက်မက လိုအပ်နေတာတွေ့ ရပါတယ်။ အဲဒါတွေကို တဖြည်းဖြည်းနဲ့ လျော့နည်းသွားအောင်ရယ် ခရီးသည်တွေ အလေ့အကျင့်တွေ ဖြစ်အောင်ရယ် ၂၃၂ ယာဉ်လိုင်းတစ်လိုင်းမှာရှိတဲ့ အစီး ၂ဝ လုံးမှာ ပိုက်ဆံပုံးတွေ တပ်ဆင်ပြီး ဆောင်ရွက်စေခဲ့တာပါ။ […]


wailynnooJune 8, 20101min720
ဇွန် လ ၂ ရက်နေ့နံနက် အစောပိုင်းက ရဟန်းဘွဲ့အမည် ဦးတိလောက (ခ) နိူင်လင်းဦး သည်မြဝတီ ကုန်သွယ်ရေးဇုံရှိစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရကြောင်းကြားသိရသည်။ သက်ဆိုင်ရာ နယ်မြေခံထောက်လှမ်းရေးများနှင့်ရဲ များမှ မြဝတီရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးရာတွင် နိုင်ငံရေးဆိုင်ရာစာရွက်စာတမ်းများ၊” မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ “ စတစ်ကာများ၊ နှင့် ကွန်ပြူတာလက်တော့တလုံး ဖမ်းဆီးမိကြောင်းကြားသိရသည်။ ဦးတိလောက ( ခ ) နိုင်လင်းဦးမှာ ရဟန်းဝါ ( ရ )ဝါ၊ အသက် ( ၂ရ )နှစ်ရှိပြီး အဖဦးစောဝင်း အမိ ဒေါ်ရင်ဌေး တို့မှ ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဿလင်ကျေးရွာအုပ်စု တွင်နေထိုင် ကြောင်း သိရသည်။ ဦးတိလောက သည် မြန်မာ ပြည်ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ရန် မဲဆောက်မြို […]


wailynnooJune 5, 20101min832
ရန်ကုန်မြို့ရဲ့ မြေညီထပ်မှာနေသူတွေဟာ နောက်ဖေးလမ်းကြားရဲ့ အနံ့မျိုးစုံကို ခံစားရပါတယ်။ အနံ့စုံတာလဲမပြောနဲ့လေ တိုက်တစ်တိုက်မှာ 7ထပ်ရှိပြီး နှစ်ခန်းတွဲဆိုတော့ 14ခန်း နောက်တိုက်က 14ခန်း 28 ခန်းရဲ့ စားကြွှင်းစားကျန်အမှိုက်အားလုံးကို စွန့်ပစ်တဲ့နေရာလေ။ ပစ်တာလည်းမပြောနဲ့လေ အမှိုက်ကတစ်ခါပစ် တစ်ရာနှစ်ရာဆိုတော့…. မြောင်းကလည်းရေအသွားအလာကောင်းအောင် အမြဲမဖော်နိုင်ဘူး တစ်ခါဖော် ငါးရာတစ်ထောင်ဆိုတော့…. ဒီကြားထဲ တီကောင်တူးသူတွေကလည်း အနံ့ထွက်အောင်လာလာဆွသေးတယ်။ အေးလေတစ်ပိဿာ 2500 ဆိုတော့…. ဒီလိုနဲ့ဘဲ အော်ပြောဖို့ တစ်ခုကျန်ခဲ့တယ် မြောင်းဖော်ပြီးခါစ အနံ့ကအဆိုးဆုံးဘဲ…


susunosukiMay 15, 20101min520
အရူးတွေဟာ သူတို့ရထားတဲ့ဘဝကို သူတို့ နားမလည်ကြဘူး။ ဒီတော့သူတို့ဟာမိမိဘာသာ လုပ်ဆောင်ရမှာတွေကို ကြောက်နေကြတယ်။ မကြာခဏ ဆိုသလိုသူတို့ဟာ ဝမ်းနည်းနေတတ်ကြတယ်။ လူတော်တွေကတော့ သူတို့ကိုယ်သူတို့နားလည်ကြတယ်။ ဒါပေမယ့် သူတို့ဘဝပြင်ပ ကောင်းကျိုးချမ်းသာတွေကို နားမလည်ကြဘူး။ သူတို့ဟာသူတို့ကိုယ်သူတို့ အတော်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်မှုတွေ နဲ့သာ အလုပ်များနေတတ်ကြတယ်။ ပညာရှိတွေကတော့ ဘဝရဲ့အတ္တတည်ရာ ခဏတာကို သိနားလည်ကြတယ်။ သူတို့ဟာဘဝရဲ့အင်အားကြီးသော ပူစီပေါင်းတွေထဲမှာ လုပ်ဆောင်သင့်သည်များကို ဆောင်ရွက်နေကြတယ်။ သူတို့ဟာဘဝ ပူစီပေါင်းများ ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြတယ်။ ဒီပူစီပေါင်းတွေ မကြာမှီပျောက်သွားမှာကို လည်း သိကြတယ်။ Xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ […]


susunosukiMay 3, 20101min972
မနေ့ညက မင်းရောက်မလာဘူး။ ငါစောင့်နေသေးတယ်။မင်းရောက်မလာဘူး။ အရင်နေ့က မင်းနဲ့တွေ့ခွင့်ရတယ်။အဲဒီနေ့တုန်းက ငါ့ရဲ့အိပ်ရာဝင်ချိန်ဟာ အကြောင်းတစ်ခုခု နဲ့ စိုလက်တောက်ပနေခဲ့တယ်ဆို အဲဒီအကြောင်းက မင်းပေါ့။ မင်းဟာ ငါ့ရဲ့အိပ်ရာဝင်တေးဖြစ်တယ်။မင်းဟာ ငါ့အိမ်မက်တွေရဲ့ သိုက်စောင့်တစ်ယောက်။ မင်းဟာ ငါ့ရဲ့ မိုးသောက်မှာ အသာတကြည်နိုးထစေတဲ့ ရောဒ့်သီချင်းတစ်ပုဒ် ဖြစ်တယ်။ မင်းဟာ ငါ့ရဲ့ အလိုအပ်ဆုံးတစ်စုံတစ်ရာပါ……..။ ငါကိုယ့်ငါမင်းမရှိလည်းဖြစ်ပါတယ်လို့ အားတင်းပြီး အိမ်ပြန်လမ်းကိုစတင်လိုက်တော့ ငါ့ခြေထောက်တွေက လေးလံနေတယ်။ စိတ်ညစ်တဲ့အခါတိုင်း ပျော်တဲ့အခါတိုင်း တီးခတ်လေ့ရှိတဲ့ဂစ်တာ အိုလေးက ဒီညတော့ငါ့ကို မဆွဲဆောင်နိုင်ရှာဘူး။ တခြားလုပ်စရာလည်းမရှိ စာအုပ်လည်းမဖတ်ချင်လို့ ဂစ်တာကိုပဲကောက်ကိုင်လိုက်မိတယ်။ `ဟိုအရင်လို ပျော်ရွှင်ချင်များ ရာထောင်ချီတိမ်တွေရဲ့ကြား မျောလွင့်နေခရီးရှည်များနဲ့ ရာသီတွေဖြတ်သန်းခဲ့ကြxxx…… ဆက်တီးလို့မရတော့ပါဘူး။ဂစ်တာလေးလဲသွားတော့ ချောင်ကို။ ငါမရတော့ပါဘူး။ စကော်ပီယမ်သီချင်းလိုပဲ I lose control b’coz you babe…… ဒီညကမင်းကိုတွေ့ခွင့်မရတဲ့ညပါ