၂၀၁ဝ ရွေးကောက်ပွဲနှင့်ပါတ်သက်သော အသံများကြားလိုပါရင်…..

kaiApril 10, 20101min1060

အခုပဲ ၂၀၁ဝ ထဲရောက်လို ့ပထမ ၃လ ကုန်ပါပြီ။ ၂၀၁ဝ ရွေးကောက်ပွဲ ဘယ်တော့လုပ်မလည်း။ ဘယ်နေ့လည်း မသိရသေးပါဘူး။ တချို့က အောက်တိုဘာဆိုပါတယ်။ တချို ့က ဒီဇင်ဘာတဲ့
၊ခုရက်ပိုင်း အာစီယန် ထိပ်သီး အစည်းအဝေးလာတက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲကော်မရှင်ကအဲဒီနေ့ရက်ကိုဆုံးဖြတ်မှာတဲ့။ မြန်မာ့ကိုယ်စားလှယ်ထိပ်သီးလည်း သိပုံမရပါဘူး။
ဆိုလိုတဲ့ သဘောက(စစ်တပ်ထုံးစံအတိုင်း) စစ်ဦးစီးချုပ်တယောက်ကပဲ သိနေပုံရပြီး သူကပဲ ဘယ်အချိန်မှာမှ ထုတ်ပြန်လိုက်မယ်ဆိုတာရော။ ဘာတွေဆက်လုပ်ရမှာရော သိထားနေပုံရပါတယ်။

ထားပါတော့..
အသံများဆိုရာမှာ နားထောင်ပုံနားထောင်နည်း….ဗမာတွေကိုအကြံပေးချင်တာလေးတွေ ရှိပါတယ်။
၂၀၁ဝ ရွေးကောက်ပွဲဟာ (ဘယ်အကြောင်းနဲ့မဆို)ရောက်ကိုရောက်လာမှာမို ့ ဘယ်လိုလုပ်ရမလဲ။ ဘာတွေဖြစ်လာမလဲ သိချင်သူတွေ လုပ်ရမှာတွေ တချို ့ကို ရေးပြချင်တာပါ။ လိုတာတွေရှိလည်း အောက်က ကွန်မန့်မှာဖြည့်သွားပေါ့နော..။

ပြည်တွင်းက အသံတွေ ကြားချင်တယ်ဆိုပါစို့။
မြန်မာပြည်တွင်းမှာ အပတ်စဉ်ထုတ်တဲ့ (နိုင်ငံရေးအဓိကထားရေးတဲ့ )ဗွိုက်စ်ဂျာနယ်စောင့်ကြည့်ဖတ်နိုင်ပါမယ်။ အဲဒီဂျာနယ်က မြန်မာပြည်တွင်းက လူသန်းဂဏ္ဍန်းလောက်ကို မီဒီယာအားဖြင့် သတင်းပေးနေနိုင်တယ်ထင်တာကိုး..။ ပုံနှိပ်မီဒီယာပေါ့။ အဲဒီဂျာနယ်ကို တတိယအင်အားစုဖက် နည်းနည်းအလေးပိုထားတယ်လို့ ပြောကြတာတွေရှိပါတယ်။
တတိယအင်အားစုဆိုတာက စစ်တပ်ကလည်းမဟုတ်။ အတိုက်အခံပြတ်ပြတ်သားသားလည်းမဟုတ်တဲ့ နေရာဆိုပါတော့။ ပညာရှင်အများစုပါဝင်ပြီး အီလိတွေလို့ ခေါ်ကြသူတွေရှိပါတယ်။
နောက်ဆုံးသတင်းတွေအရ သူတို့(တတိယအင်အားစု)က ပါတီဖွဲ ့ပြီးရွေးကောက်ပွဲဝင်မဲ့သဘောရှိပါတယ်။ ဒီလိုဆိုရင်တော့ ဗွိုက်စ်ရယ်။ လစ်ဗင်းကာလာမဂ္ဂဇင်းရယ်က နည်းနည်း အစွဲလေးတွေပါလာနိုင်ပါတယ်။ သိထားဖို ့ပါ။
http://www.myanmaregress.org/

နောက်ဖတ်သင့်တဲ့ဂျာနယ်တွေက Myanmar Journal,Weekly Eleven Journal,First Eleven Journal,Biweekly Eleven Journal,Premier Eleven Journalတု့ိ ဖြစ်ပါတယ်။ သူတု့ိအုပ်စုက အီလဲဗင်န်းမီဒီယာ အုပ်စုပါ။ အဲဒီအုပ်စုထုတ်တာတွေက လူထုဦးစိန်ဝင်းဆောင်းပါးတွေ ပါပါလာတတ်ပါတယ်။ သာမန်အားဖြင့်ကြည့်ရင် သူတို့ဟာ လက်ရှိအစိုးရဖက်ယိမ်းဟန်ရှိပြီး နည်းနည်းလက်စွမ်းထက်တဲ့ အုပ်စုလို့ခေါ်ရင်ရနိုင်ပါတယ်။ တတိယအင်အားစုတွေနဲ တော့ သိပ်အဆင်ပြေပုံမရပါဘူး။ တခါ ဂျာနယ်တွေမှာ အပြန်အလှန်လေးတွေ ရေးတာတွေ့ဖူးလို့ပါ။
http://www.weeklyeleven.com/

သာမန်တွေလိုလိုနဲ့ အဟောင်းတွေနှိုက်။ သတင်းတွေ ရှာစားတတ်ရင် ရမယ် ဆိုတဲ့ ဂျာနယ်တွေကတော့ ဦးမြတ်ခိုင်၊ ဦးဝင်းငြိမ်းတု့ိတွေရဲ့ ဂျာနယ်တွေဖြစ်ပါတယ်။ အချစ်။ လျှပ်တပြက်၊ အလင်းတန်း တွေပေါ့။

ဦးအောင်ကြီးနဲ့လည်း ဗျူးရင်ဗျူးမယ်။ တစညက ဦးခင်မောင်ကြီးနဲ့လည်း မေးရင်မေးမယ်။ ဦးနုသမီး၊ ဥိးကျော်ြိငမ်းသမီတွေနဲ့ ဗျူးမယ်။အခြေအနေပေးရင် ဗိုလ်ချပ်မှုးကြီးမြေး ကိုလည်း လိုက်ချောင်းနေချင်နေမဲ့ အဖွဲ ့ပေါ့။ အဲဒီဂျာနယ်တွေကနေ ဆယ်လီစ်ဘရိတ်တီလူတန်းစားတွေ။ မြန်မာပြည်တွင်းက အထက်တန်းအလွှာတွေ ဘာတွေစဉ်းစားပြင်ဆင်နေသလည်း မှန်းသိနိုင်မှာပါ။
ဥပမာ။  ။ ပြီးခဲ့တဲ့ လျှပ်တပြက်ဂျာနယ်မှာဆိုရင် စာပေစိစစ်ရေးရုံးက ညွှန်မှုးရဲ့ကဗျာကို ချွန်တွန်းလေးနဲ့ ထည့်ပေးလိုက်ပြီး အဲဒီကဗျာရေးတဲ့သူ ဘယ်သူဆိုတာပါ  အဲဒီတစောင်တည်းမှာတင် မသိမသာ ပြန်ပြလိုက်တဲ့ ဦးမြတ်ခိုင်ရဲ့ ဂျာနယ်လစ်အကွက်မျီုးတွေကြည့်နိုင်မှာပါ။ သဘောက စာပေစိစစ်ရေးညွှန်မှုးဟာ နောင်နှစ် ဒီအချိန်မှာ ရှိဖို ့သိပ်မသေချာဘူးဆိုတဲ့ “မှန်းဆချက်“ ရယူနိုင်မှာပေါ့။ ပါဝါတွေ ကျလာနေပြီပေါ့။
အဲဒီလို…အဲဒီလိုသတင်းတွေက အရကောက်နိုင်ဖို ့အင်မတန်အရေးကြီးပါတယ်။
http://www.snapshot-news.com/

နောက်တခုကတော့ ခုနှစ်ပိုင်း ရုတ်တရက်ကြီး မှိုတွေလိုထွက်လာကြတဲ့ ရေဒီယိုလိုင်း၊တီဗီတွေပါ။ ရေဒီယိုမှာ အက်ဖ်အမ်တွေဆိုပါတော့။ ရေဒီယိုဟာ ရန်ကုန်၊ မန္တလေးတွေမှာ လူအရမ်းနားထောင်ကြတာမို ့အဲဒါတွေရဲ့ဩဇာဟာ မသေးလှပါဘူး။ အဲဒါတွေသုံးပြီး ကြော်ငြာကြရင် ၊ ပါတီမဲဆွယ်ကြရင် တော်တော်ထိရောက်နိုင်တာမို ့အဲဒါတွေကိုလည်း စောင့်ကြည့်နားထောင်နိုင်ရင်တော ့တော်တော် ကောင်းလာပါပြီ။

နောက်ဆုံးကတော့ မြန်မာ့အလင်း၊ ကြေးမုံဆိုတဲ့ မြန်မာပြည်အာဏာပိုင်တွေရဲ့ ဘာတွေလုပ်မယ်၊ ဘာတွေဖြစ်မယ် မှန်းဆနိုင်တဲ့ ချောင်းကြည့်ပေါက်တွေပါ။
အဓိကဖြစ်တဲ့ သတင်းစာရဲ့ အဖုံး(ပထမ၊နောက်ဆုံး)စာမျက်နှာတွေမှာ ဘယ်သူတွေဘယ်လို နေရာယူထိုင်တယ်။လမ်းဘယ်လိုတန်စီ လျှောက်တယ်။ ပါတယ်။ မပါတော့ဘူး တွေနဲ့ သိနိုင်မှာတွေ ရှိပါတယ်။
အခုအုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ လျို ့ဝှက်အစည်းအဝေးတွေက အဓီကကျတဲ့အချက်တွေကို အဲဒီသတင်းစာတွေရဲ့ အဝါရောင်ရင့်ရင့်ဆောင်းပါးတွေမှာ ရိပ်ဖမ်းသံဖမ်း သိနိုင်ပါမယ်။

အသံတွေနားထောင်မယ်ဆိုရင်….
မြန်မာပြည်တွင်းအပိုင်းက လူသန်း၅ဝ ကျော်နေနေတာမို ့အရေးအကြီးဆုံးဖြစ်ပြီး မြန်မာပြည်ကို အဆုံးအဖြတ်ပေးမှာကလည်း ပြည်တွင်းကသာဖြစ်ပါတယ်။
အဲဒီ မီဒီယာတွေကတဆင့် လိုချင်တာတွေ ယူနိုင်ပါစေလို့ အကြံပေးလိုက်ပါတယ်။

ပြည်တွင်းပြီးတော့ ပြည်ပပေါ့။

ပြည်ပကတော့ သိပ်အရေးတကြီးတော့ မရှိလှပါဘူး။  ပြည်တွင်းမှာ ထုတ်ဖြန့်ပေးလို့မရတဲ့ အသံတွေကို တဆင့်လွှင့်ဖြန့်ပေးတဲ့ နေရာတွေကတော့ အရေးကြီးပါတယ်။ ဥပမာ ။ ။ပြီးခဲ့တဲ မတ်လ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ကို ဆုံးဖြတ်ချက်ကျသွားစေတဲ့ လူထုဥိးစိန်ဝင်းဆောင်းပါး ထည့်ပေးတဲ့ သတင်းဝက်ဘ်ဆိုက်ပါ။  သူ့ဆောင်းပါးကို မန္တလေးဂေဇက်မှာ ကော်ပီတင်တားတာကိုပြန်ဖတ်ကြည့်ပါ။

“ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ” ဟု ဆိုပါသည်…

ဆောင်းပါးဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းကွေ့နိုင်မယ်ထင်တာမို ့အမှတ်တရကို ကူတင်လိုက်တာပါ။  ဟံသာဝတီဦးဝင်းတင်ရဲ့ အာဘော်တွေ ထင်ဟတ်နေမယ်လို့ အဲဒီတုံးက (အထောက်အထားတချို ့နဲ့)ရေးထားလိုက်ပါတယ်။ မူရင်း မိုးမခ မီဒီယာပေါ့။ အမေရိက ဆန်ဖရန်အခြေစိုက်ဖြစ်ပါတယ်။
http://moemaka.com

နောက်တော့ ပြည်ပကလူတွေ သိကြမဲ့ (ပြည်တွင်းကလူတွေ တိုက်ရိုက်ဖတ်လို့မရတဲ့) ဝဘ်ဆိုက်တွေပါ။ အင်တာနက်က ဖတ်လို့မရအောင် ပိတ်ဆို့ထားတာခံရတာတွေပါ။
ဧရာဝတီ – http://www.irrawaddy.org/bur
http://www.mizzimaburmese.com

မာတိကာ


ခေတ်ပြီုင် – http://www.khitpyaing.org/

စတာတွေပါ။
အတိုက်အခံနဲ့ ပါတ်သက်တဲ့ ထူးခြားသတင်း။ ဆုံးဖြတ်ချက်တွေ တင်ပေးထားတဲ့ ဘလော့ဂ်တချို ့လည်းရှိပါတယ်။ တခါတည်း လိုချင်တာတွေ ဖတ်နိုင်အောင်အကုန်စုပေးထားတာက
http://drlunswe.blogspot.com/
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်ပါ။ သူကနေတခြားနေရာတွေကို လင့်ခ်ပေးထားတာမို ့တွစ်တာ( http://twitter.com/)လိုမျီု းဖြစ်ပြီး အင်မတန် နားလည်ရလွယ်ပါတယ်။
အချိန်ရရင်တော့ မြန်မာဖိုရမ်တွေ လိုက်ဖတ်နိုင်ပါတယ်။ ဖိုရမ်တွေဟာ မြန်မာလူငယ်၊လူရွယ်တွေ ဘာတွေစဉ်းစားဘာတွေလုပ်နေတယ် ပုံရိပ်ပေါ်လွင်လို့ပါ။
http://mmcpcommunity.net/
http://forums.nativemyanmar.net/
http://www.mysteryzillion.org
ပြည်တွင်နဲ့ အပြန်အလှန်ချိန်ဆဖို့အတွက်က မြန်မာပြည်ပြင်ပက အက်တစ်ဗစ်မီဒီယာတွေ ဖတ်ကြည့်ရင် သိတာတွေရှိပါမယ်။ အင်တာနက်ကနေ ကြည့်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေပေါ့။
ဒါတွေက ပြည်တွင်းကနေ မကြည့်နိုင်တာမို ့အီးမေးလ်တွေနဲ့ ပို ့ကြတဲ့ သတင်းတွေ၊ ဖိုရမ်မှာတင်တာတွေက ဖတ်မယ်ပေါ။

အသံနဲ့လွှင့်တာတွေမှာ ဘီဘီစီ။ ဗီအိုအေ။ အာအက်ဖ်အေ၊ တွေကအရေးကြီးပါတယ်။ လူသန်းပေါင်းများစွာကို သိကြားစေနို်င်ငာာကိုး..။
ရုပ်သံနဲ့လွှင့်တာမှာ နော်ဝေးက ချာနယ်ကိုမေ့ထားလို့မရပါဘူး မီဒီယာအားလုံးထဲမှာ ရုပ်သံက အစွမ်းဆုံးမဟုတ်ပါလား။
http://www.youtube.com/DVBtelevision
ကဲ..
ဘာတွေကျန်သေးပါသလဲ။ အောက်မှာ မှတ်ချက်လေးတွေ ရေးပေးကြစေလိုပါတယ်။