အောင်မြင်တဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်ကျောင်းသားဘဝထဲကလုံ့ လစိုက်ကြိုးစားရမှာ
ပါ။ပထမ အရေးကြီးဆုံးကတော့အတန်းစဉ် နားလည်တတ်ကျွမ်းစွာ စာမေးပွဲအောင်ရမှာပေါ့။ပေါ့ပေါ့နေပြီး စာမေးပွဲတပွဲထိုးအောင်ရင်လည်းဘဝမှာအရေးပါအရာရောက်တဲ့လူငယ်တွေဖြစ်နိုင်မယ်မထင်ပါ။
ကျောင်းသားဘဝမှာ.ပုံမှန်အချိန် စာဖတ်ခြင်း(Regularity)၊ကျက်မှတ်ခြင်းကိုထပ်ခါထပ်ခါလုပ်မယ်
(Repetition)၊စာများကိုပြန်လည်စစ်ဆေး၊ဆန်းစစ်မယ်(Recall)ဆိုတဲ့ 3R ကိုလက်တွေ့ လုပ်ဆောင်
ရင် စာမေးပွဲဆိုတာ ဘဝမှာဆူးညှောင့်ခလုတ်သေးသေးလေးပါ။
ခေတ်တွေဘယ်လို ပြောင်းပြောင်း၊ဒီမိုကရေစီခေတ်၊အစိုးရသစ်နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ
မပြောင်းလဲနိုင်သေးတာတွေအများကြီးထဲက တစ်ခုကမကြာမီလာတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး
ပါ။တခြားမြို့ တွေ၊ရွာတွေက ကျောင်းတွေတော့ ထဲထဲဝင်မသိပေမယ့် ကိုယ်သိထားတဲ့ စိတ်ပျက်မိတာလေး
တော့ရင်ဖွင့်ပြောပြချင်မိတယ်။
လာမည့် မတ်လ(၁၂)ရက်နေ့ မှာ စတင်ဖြေကြားတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဒီနှစ်လဲ
စာခိုးပွဲကြီး ရယ်လို့ ထပ်ခေါ်ရအုံးမယ်ထင်တယ်ဗျာ။စစ်သမျှစာမေးပွဲတိုင်း နှစ်စဉ်လိုလို ခိုးကူးနေကြတဲ့
ကျောင်းသားတွေ၊ခိုးကူးနေတဲ့ကျောင်းသားတွေကို အားပေးနေတဲ့ မိဘနဲ့ ကျောင်းကဆရာ၊ဆရာမတွေ နှစ်စဉ် စိတ်ပျက်ပျက်နဲ့ တွေ့ လာရတာ နာကျဉ်းလာပီဗျာ။
အဲဒီထဲမှာအဆိုးဆုံးအနေနဲ့ က စာဖြေခန်းတွေကိုအပိုင်ဝယ်သလို ဝယ်လို့ ရနေခြင်းပါ။ဘယ်လူကြီးရဲ့ သား
သမီးနဲ့ ဘယ်ကသူဌေးသူကြွယ်သားသမီးတွေဖြေမှာမို့ ပါလို့ ကြားခဲ့၊မြင်ခဲ့ရတာလဲ မနည်းတော့ဘူးလေ။
မိတ္တူချုံပြီးသားစာအုပ်လေးတွေလဲ ရောင်းနေ၊ဝယ်နေလိုက်ကြတာဗျာ၊အလကားပေးနေတယ်ထင်ရပါတယ်။
အရိုးသားဆုံးနဲ့ အသန့် ရှင်းဆုံးဖြေကြပါဗျ။မအောင်လဲ နောက်တစ်နှစ်ကြိုးစားပေါ့ဗျာ။လွယ်လွယ်ရတဲ့ အ
လွယ်လမ်းမှာ အနာဂတ်ရဲ့ ကလေးသူငယ်တွေ ကျွန်တော်တို့ ဘယ်လို ဆွဲထုတ်ကြမလဲ။
ဘဝလမ်းမှာ တဆင့်တက်လှမ်းစရာခုံလေးဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းမှာ စာခိုးချဖြေတယ်။အောင်သွားတယ်။
ဆရာဝန်တွေဖြစ်သွားတယ်၊အင်ဂျင်နီယာတွေဖြစ်တယ်၊ကျောင်းဆရာတွေဖြစ်တယ်။
ခုလိုပြောလိုက်လို့ အံ့သြသွားတယ်မဟုတ်လားဗျာ။မယုံမရှိပါနဲ့ ဗျာ ဆယ်တန်းအဆင့်လေးကဘဲ စာခိုးကူး
တတ်တဲ့ ကျောင်းသားတွေက ဆေးတက္ကသိုလ်ရောက်တော့လဲဆက်ပြီးခိုးချပါတယ်(ဆေးတက္ကသိုလ်ရဲ့ အိမ်
သာအများစုမှာ micro စာရွက်တွေနဲ့ ပြည့်နေတယ်)ကျနော့်ကိုယ်တွေ့ ပါ။
အင်ဂျင်နီယာလုပ်မယ့် GTI ကျောင်းသားတွေစာခိုးချတယ်။ဆရာဆရာမအသစ်တွေ entrance ဖြေတော့
ကူးချတယ်၊မရနိုင်မှာစိုးလို့ အိမ်တွေဆီ အထုပ်အပိုးနဲ့ လိုက်ရတော့တယ်။
အဲဒီတော့ ကျနော်တို့  ဘာဆက်လုပ်ရင်ကောင်းမလဲဗျာ။စာခိုးချနေသူတွေကို ဆက်ပြီး အားပေးနေမယ်ဆို
ရင်တော့ ကျနော်တို့ တိုင်းပြည် မှောက်ရချည့်ဗျာ။
ယနေ့ ချိန်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုတော့မယ့် ကျောင်းသားလေးတွေကို ကျနော်က လက်ဆောင်ပေး
ချင်မိတယ်။
ဘဝဆိုတာက ခဏတာဘဲဖြစ်ပါတယ်။ကိုယ့်လိပ်ပြာကိုယ်သန့် ရှင်းစေချင်တယ်။ငယ်ရွယ်စဉ်မှာရှိတဲ့နုနယ်တဲ့
စိတ်ထားဟာ နောင်မိမိရောက်နေတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်လျောညီထွေသော ရင့်ကျက်မှုဖြစ်နေသင့်တယ်။
ယခုဖြေဆိုတော့မယ့် စာမေးပွဲကြီးအပါအဝင်၊နောင်ဆက်ရှိလာအုံးမယ့် ဘဝစာမေးပွဲများကို သန့် ရှင်းစွာဖြေ
ဆိုကြရင်းနဲ့ ဘဝရဲ့ အမြင့်တစ်နေရာမှာ ကျနော်တို့ ဆုံကြမယ်ဗျာ။

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။