အရင်ကတော့ဒီလို လန်းဆန်းလှပခဲ့မှာပါ..

ကိုထီးရဲ့“ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်”ဆိုတဲ့

သီချင်းလေးပြန်နားထောင်မိတော့ နမ်းရှိုက်ခဲ့ဖူးတဲ့….

အကြွေပန်းလေးကိုသတိရသွားမိ ပြန်ပါတယ်…

 

“အကြွေပန်း”

ပန်းကလေးတစ်ပွင့်..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး.ပွင့်ဖတ်

ကလေးတစ်ချို့တောင်ကြေလို့..အိပ်ယာပေါ်ခြေပစ်လက်ပစ် လှဲလိုက်တုန်း အိပ်ယာနံဘေးမှာ

တွေ့တာပါ..အံ့တော့လည်းမအံ့သြမိပါဘူး..ခေါင်းရင်းရဲ့ခပ်လှမ်းလှမ်းလေးမှာက နှင်းဆီပန်း

ပေါင်းစုံတဲ့ ပန်းခြံကြီးရှိတာကိုး..တစ်နည်းနည်းနဲ့ ဒီနေရာရောက်နေဖို့ မခက်ဘူးလေ.ဒါကြောင့်

မအံ့သြမိပါဘူး..ဒါပေမယ့်ဘာရယ်မဟုတ်ဘဲ အသာကောက်ယူပြီး အမှတ်မထင်နမ်းကြည့်

လိုက်တယ်..အား..မွှေးလှချည်လားကွာ….

တော်တော်အံ့သြသွားတယ်..စောစောကမအံ့သြပေမယ့် ခုတော့တော်တော် အံ့သြသွားတယ်.

ရှုပ်သွားသလား..ဒီလို..ဒီလို..

ကျုပ်မှာက နှင်းဆီခြံကြီးရှိတယ်လေ..ကျုပ်ပဲရေလောင်းရတာ နေ့စဉ်ပေါ့..ပန်းတွေလည်းဝေ

နေအောင်ပွင့်နေတာပဲ..အပင်လေးတွေ ရှင်သန်လာအောင် ပြုစုရတယ် အရွက်အကိုင်းလေး

တွေ ပိုးမကိုက်အောင်စောင့်ရှောက်ရတယ်..အပွင့်လေးတွေ အင်အားရှိပြီး လှပအောင် မြေ

တောင်မြှောက်ပေး..မနားမနေပြုစုပေးရတယ်..အချိန်တန်တော့လည်း..ပန်းလှလေးတွေအင်

နဲ့ အားနဲ့ပွင့်လာကြတာပေါ့..ပန်းကလေးတွေ မေွးှမယ်ဆိုတာသိပါတယ်..နမ်းမကြည့်မိဘူး..

ခူးရင်လည်းရတာပေါ့..ခူးရကောင်းမှန်းကိုမသိခဲ့တာ..မစဉ်းစားခဲ့တာ..ခုတော့..ဘယ်သူခူး..

ဘယ်သူပန်..ဘယ်သူနွမ်းလို့ ပစ်ထားခဲ့မှန်းမသိဘူး..နှင်းဆီပန်းလေးတစ်ပွင့်ပါ..ဟုတ်ပါတယ်

ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး…အို…သိပ်မွှေးပါလားကွယ်……

အားလုံးကိုလေးစားခင်မင်တဲ့..

ကြီးမိုက်။

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)