ခေတ်သစ် သိကြားနှင့် အသူရာ တိုက်ပွဲ

Mr. MarGaApril 3, 20121min24713

မြင်းမိုရ်တောင်ခြေရင်း ပင်လယ်ကသစ်ပင်အောက်တွင် အသူရာနတ်မင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။

အနီးတွင်ကား အသူရာတို့၏ မှူးကြီးမတ်ရာ သေနာပတိများသည် အသူရာနတ်မင်းကြီး၏ အရိပ်အကဲကိုကြည့်၍ ခေါင်းခြင်းရိုက်ကာ ဆွေးနွေးနေကြလေသည်။

ထိုသို့ အရေးတကြီး ခေါင်းချင်းရိုက်ကာ ဆွေးနွေးနေရခြင်းကား ယမန်နေ့က ကျင်းပခဲ့သော တာဝတိ  ံသာနတ်ပြည် လွှတ်တော်အတွက် ရွေးကောက်သော ရွေးကောက်ပွဲတွင်

အသူရာတို့သည် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲသောကြောင့်ပင်

အသူရာတို့၏ နတ်ပြည်ပြန်တက်ရန် လမ်းစကလေးမှာ နောက်တစ်ကြိမ် ပျောက်ပျက်ပြန်လေပြီ။

အသူရာတို့သည် ပင်လယ်ကသစ်ပွင့်လေတိုင်း နတ်ပြည်ကို သတိရလေသောကြောင့် အကြိမ်ကြိမ် စစ်မက်ယှဉ်ပြိုင်၍ နတ်ပြည်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းသော်လည်း နတ်ပြည် သမ္မတ ဦးမာဃ၏

တပ်တော်များကို မယှဉ်နိုင်သောကြောင့် အကြိမ်ကြိမ်ပင် အရေးနိမ့်ခဲ့လေသည်။

ထိုအတွက်ကြောင့် အသူရာတို့က စစ်မက်ယှဉ်ပြိုင်ခြင်း မပြုလိုတော့ဘဲ တရားမျှတစွာဖြင့် ရွေးကောက်ပွဲလုပ်၍ အရွေးခံနိုင်ရန် နတ်ပြည်သမ္မတ ဦးမာဃအား အရေးဆိုခဲ့သည်။

ဦးမာဃကလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်စေကာ ပါဝင်ယှဉ်ပြိုင်စေသည်။

အသူရာတို့ကား မိမိတို့အကြံ အောင်ချေပြီဟု ဝမ်းမြောက်ဝမ်းသာဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။

အောင်မြင်စေရန်လည်း နည်းမျိုးစုံ အသုံးပြု၍ ကြိုးပမ်းခဲ့ကြပေသည်။

မည်သို့ပင် ကြိုးပမ်းစေကာမူ သိကြားနှင့် အသူရာသည် အကွာကြီး ကွာခြားခဲ့ပေပြီ။

နတ်သူ နတ်သား အပေါင်းတို့သည် နည်းမျိုးစုံသုံး၍ အုပ်ချုပ်ခဲ့သော အသူရာတို့၏ နည်းလမ်းများကို အလိုမရှိကြတော့ပေ။

ထိုအတွက်ကြောင့် ဦးမာဃ ဦးဆောင်သော နတ်ပြည်အုပ်ချုပ်ရေးအဖွဲ့အား တစ်ခဲနက် ထောက်ခံအားပေး ရွေးချယ်ခဲ့ကြသည်။

နတ်ပြည်တွင် ခေတ်သစ်ပြောင်းလေပြီ။

ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းတို့သည် နတ်ပြည်၏အမှတ်အသားဖြစ်ပေပြီ။

အသူရာတို့ကား အရှုံးကို မကျေမနပ် လက်ခံကာ သူတို့၏ ဌာနေသို့ ပြန်လည် ထွက်ခွာသွားရပြန်လေသည်။

နောက်တစ်ကြိမ် ပင်လယ်ကသစ်ပွင့်ပြန်လျှင် သူတို့ ပြန်လာကြပေဦးမည်။

နည်းမျိုးစုံသုံးကာ အနိုင်ရရန် ကြိုးပမ်းကြလိမ့်ဦးမည်။

 

(ခံစားမိသလို ရေးထားတာပါ။ မကောင်းရင်တော့ ခွင့်လွှတ်ပါ။ ဆက်ကြိုးစားပါဦးမယ်။)

လေးစားစွာဖြင့်

ဦးမာဃ(ခေတ္တ လူ့ပြည်)

13 comments

  • kaung kin pyar

    April 3, 2012 at 3:33 pm

    ကောင်းပါတယ် ဦးမာဃရယ်…..။ နောက် ပင်လယ်ကသစ်ပွင့် ပွင့်ရင်လဲ တရားတဲ့သူများနိုင်ပါစေလို့ ဆုတောင်းမျှော်လင့်ရင်ခုန်……………

    • Mr. MarGa

      April 3, 2012 at 3:38 pm

      တရားကို နတ်စောင့်တယ်လေကွယ်
      အသူရာတွေ မစောင့်ပါဘူး

  • kaung kin pyar

    April 3, 2012 at 3:44 pm

    ကောသလအိပ်မက် ၁၁၆ ချက်ရှိသေးမဟုတ်လား ဦးမာဃရှင်…..။
    ဖွဟဲ့…လွဲပါစေ ဖယ်ပါစေ….ဒီပါးစပ်ပုပ်ကြီးနဲ့…. ။ အဲ…..လက်ပုပ်ကြီးနဲ့………။ ဒီတစ်ခုကိုတော့ တရားသဖြင့်ဖြစ်ပါစေလို့ တကယ်ကို မျှော်လင့်မိပါတယ်…..။

  • Mr. MarGa

    April 3, 2012 at 3:50 pm

    ဟဲ့ ကလေးမရဲ့
    ဘယ်က အချက်တစ်ရာထပ်တိုးလာတာတုံး
    ဆယ့်ခြောက်ချက်ထဲပါကွယ်
    မတိုးပါနဲ့
    ဆယ့်ခြောက်ချက်တောင် များနေတာကို

  • kaung kin pyar

    April 3, 2012 at 3:54 pm

    အဟီး….ဟုတ်သားတော့….။ ဒါပေမယ့် ဒီခေတ်မှာက မတရားလုပ်တာတွေ အားလုံးပေါင်းလိုက်ရင် ၁၀ဝ ကျော်တယ်ရှင့်…..။ ဒါတောင် မသိတာတွေ ပါသေးတယ်တော့……….။ ဖွဟဲ့….ဒါလဲ လက်ပုပ်ကြီးနော်…။ ၁၆ ချက်ပဲ ထားလိုက်ပါတော့မယ်…..။ ဘွာ…ဘွာ….။

    • Mr. MarGa

      April 3, 2012 at 4:02 pm

      အဲသလိုလေး လုပ်ပါကွယ်
      လူတွေကို မထိတ်သာ မလန့်သာနဲ့

  • ကိုရင်မောင်

    April 3, 2012 at 7:37 pm

    ဦးမာဃ…ဦးမာဃ ယူထားတာကအသူရာ့သမီး
    မတဲ့ တဲ့သူကလဲသူတို့နှစ်ယောက်
    အော်ဒါ့ထဲ့စကားမစပ်…အသူရာ့သမီးကတော်တော်
    ချောလား….

  • အံစာတုံး

    April 3, 2012 at 8:22 pm

    ဘိုးတော်သကြားရေ …
    ဒီရွာထဲမှာလည်း အသူရာ ရှိသနော် …
    အဲဒီ အသူရာ ကရော ဘိုးတော်သကြားရဲ့ ရန်သူတော်ကြီးလားဗျ …

    • Mr. MarGa

      April 18, 2012 at 10:23 am

      အင်းးးးးးးးးး
      ယောက္ခမနဲ့ သမက်က ဘယ်တုန်းက တည့်လို့လဲဗျာ

  • windtalker

    April 3, 2012 at 8:32 pm

    ဦးဦးမာဃ ခင်ဗျာ ။ မယားလေးယောက်ထဲ မှာ ဘယ်မယား အချစ်ဆုံးလဲ ဆိုတာ သိပါရစေဗျာ့။

    • Mr. MarGa

      April 18, 2012 at 10:26 am

      အကုန်လုံးကို ချစ်ပါတယ်ဗျာ
      အဲ
      အသူရာ့ သမီးကိုတော့ နည်းနည်းပိုတယ်
      (ဂေဇက်ထဲက အသူရာရဲ့ သမီးတွေမဟုတ်ဘူးနော်)

  • Khaing Khaing

    April 4, 2012 at 11:04 am

    ဦးမာဃရေ …. အားပေးသွားတယ်နော် ………. အသူရာတု့ိနောက်တစ်ကြိမ်ထပ်မပေါ်လာပါစေနဲ့ဗျာ …….

    • Mr. MarGa

      April 18, 2012 at 10:27 am

      ကျွန်တော်လဲ ဆုတောင်းနေပါတယ်။

Leave a Reply