အင်္ဂလိပ်စာ အရေးအဖတ်ပြော လစဉ် သင်တန်းရှိသည်။

thet htarApril 6, 20121min1237

အင်္ဂလိပ်စာ အရေးအဖတ်ပြော လစဉ် သင်တန်းရှိသည်။
IGCSE , IELTS နှင့် တစ်ဦးချင်း သီးသန့် စုံစမ်းနိုင်သည်။
အိ်မ်လိုက်သင်ပေးသည် ။

Phone : 095191496

7 comments

  • ငမျောက်

    April 6, 2012 at 12:34 pm

    သားတို့က အပြင်မှာ သင်စရာ လိုတော့ဘူး …
    ရွာထဲမှာ တီချယ်ကြီး ရှိဒယ် ..
    ဖရီး သင်ပေးဒါ …
    ပိုက်ပိုက် ပေးချရာ လိုဘူး ….

    ကွိ .. ကွိ .. ကွိ ..

  • jujuma

    April 6, 2012 at 1:01 pm

    ကလေးရော လူကြီးရော သင်ပေးတာလား..
    ကလေးမက လူကြီးမကြရော သင်လားဗျ…နောက်ထှာနော်..
    လိုအပ်ရင် call လိုက်ပါမည် ။

    • thet htar

      April 6, 2012 at 1:12 pm

      ကလေးလည်း သင်ပေးပါတယ် ။ လူကြီးလည်း သင်ပေးပါတယ် ။
      ကျေးဇူးတင်ပါတယ်။

      • ဖားသက်ပြင်း

        April 6, 2012 at 1:23 pm

        ဟုတ်ပါဘီ ဆြာမရယ်.. ကြော်ငြာတင်တာတော့ …
        ပရိုချင်း ကိုယ်ချင်းစာလို့ အပြစ် မပြောလိုပေမယ့် ….

        ပရိုရှုထောင့် ကကြည့်ပြီး ပြောရရင်…
        သင်ပေးမယ့် ဆြာမ ရဲ့ ပညာအရည်အချင်း
        သင်တန်းကြေး အချိန်ဇယား သင်ထောက်ကူပစ္စည်း
        စတဲ့ တကယ် သင်ယူချင်တဲ့လူ
        သိချင်တဲ့အချက်အလက်တွေကို တခုမှ မဖော်ပြထားဘဲ
        ဖုန်းပဲ ဆက်လိုက် ပါ ဆိုတာလေးကတော့
        နည်းနည်းလေး လွဲတယ် ထင့် … စေတနာနဲ့ပြောတာပါ..

        education ဆိုတာ service နော … service ဆိုတာ intangible thing
        အမှန်တကယ် သင်ကြည့်မှ ခံစားလို့ရမယ့် အရာ …..
        marketing အရပြောရရင် တနည်း အချိန် နဲ့ experience ကိုရောင်း တဲ့ ကိစ္စရပ်

        McGraw-Hill က ကြော်ငြာအဟောင်းလေး လက်ဆောင်ပေးချင်ရဲ့…
        i dun know who u r
        i dun know ur company
        i dun know yur company’s product
        i dun know ur company stands for
        i dun know ur company’s record
        i dun know ur company’s reputation
        now- what was it u want to sell me?

        ဒါလေးတွေ ကိုယ့်ဟာကိုယ် အမေးအဖြေလုပ်ကြည့်ပါဗျာ..
        အတိုချုပ်ပြောရရင် ကြော်ငြာမယ်ဆိုရင် why should i buy from u ?
        လေးပဲ ခြုံငုံနိုင်ပါစေ..

        ခင်တဲ့
        (ခင်ဗျားကတော့ ကျုပ်ကိုချဉ်မယ့်)
        ဂီ

  • TTNU

    April 6, 2012 at 2:21 pm

    မသက်ထားရေ…

    ဖားသက်ပြင်းပြောတာဟုတ်ပါတယ်။
    သူပြောတာစံနစ်ကျတယ်။ မချဉ်လိုက်နဲ့။ဒါမိတ်ဆွေကောင်းပဲ။

    ပြီးတော့ တီချာ ပို့စ်တွေ တင်ခါစက မောင်ပေ မန်းဖူးတယ်။
    ဆရာမကြီးခင်ဗျာတဲ့ သူကြီးမပြောပေမဲ့ အမုန်းခံပြောပါရစေတဲ့။
    ပို့စ်တစ်ခုဟာ စာလုံးရေ (၅၀၀)လောက်တော့ရှိသင့်ပါတယ်တဲ့။
    တီချာ (၃၇၉) လုံးလောက်ရေးမိတယ်ထင်ပါရဲ ့။
    ( Now we’re good friends,of course!)

    ဆိုတော့ မသက်ထားရဲ ့ကြော်ငြာက ဝါကျ(၃)ကြောင်း ဖုန်းနံပါတ်တစ်ခု
    ထဲနဲ့ ပို့စ်တစ်ခု အဖြစ်နေရာယူနေပါတယ်။ ဒီတော့ How to Write a Post
    မှာဖော်ပြထားသလိုပဲ

    (ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
    1. Writing Guidelines
    2. Learn-how-to-do-1
    3. Learn-how-to-do-2
    တောင်းပန်စာ၊ ကျေးဇူးတင်လွှာ၊ ကြော်ငြာ၊ တိုင်စာများ ကို ဖိုရမ်တွင် ရေးကြပါရန်။)

    ဒါတွေ မြင်မိ၊ဖတ်မိမယ်ထင်ပါတယ်။ စိတ်မဆိုးပါနဲ့။ Just a positive suggestion ဖြစ်တာမို့
    လက်ခံမယ်ယူဆပါတယ်။
    မေတ္တာဖြင့်
    တီချာနု

  • ကြောင်ကြီး

    April 7, 2012 at 10:42 pm

    ဒဂျီးမင်း ရှုဒေါင့်ဖက်ကနေ မတူတဲ့အမြင်နဲ့ ပေါဘမယ်..။ ဒီလိုကြော်ငြာမျိုး များများထည့်ဂျပါ။ စာတိုစာရှည် ပြသနာ ဖြစ်သင့်ပါ။ (များများကြော်ငြာမှ အခြားသူများလည်း လိုက်လာဂျပါမယ်၊ အဲဒီအခါကြမှ စည်းကမ်းကြပ်မတ်သင့်တယ်။) ဂေဇက် လူထုဆက်သွယ်ရေး မီဒီယာထိရောက်မှု ရှိမရှိ အခုလို ကြော်ငြာမျိုး အနည်းအများကနေ အကဲဖြတ်နိုင်တယ်။ နောင်တချိန်မှာ ဂေဇက်အတွက် ဝင်ငွေရေပေါက်ရလမ်း ဖြစ်လာနိုင်တယ်။ ကြော်ငြာကဏ္ဍသဘောမှာ အတိုအရှည်ထက် မမှန်မကန် မကြော်ငြာဖို့သာ လိုပါတယ်။ ကျန်တာ ကြော်ငြာရှင်များ အပိုင်းဖြစ်ပါတယ်။ ဘယ်သူမှန်း သိဖို့မလွယ်တဲ့ ဂျီမေးလ်လိပ်စာလိုမျိုးပေး ကြော်ငြာတာထက် (အပြစ်ပြောချင်း မဟုတ်ပါ) အခုလို တယ်လီဖုံးနံပါတ်ပေး (အစစ်ဖြစ်ခဲ့ရင်ပေါ့လေ) ထားတာ ဖတ်ရှုသူများ၊ ဆိုက်တာဝန်ခံများအတွက် ပိုရှင်းလင်း လွယ်ကူစေပါတယ်။ နောက်ထပ် ကြော်ငြာများကိုလည်း ဂေဇက်ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကော်မရှင်ခ လုံးဝ (လုံးဝ) ပေးရန်မလိုပါ။ အကယ်၍ သဂျီးမှ တားမြစ်ပြောဆိုခဲ့ရင် ပြန်ဆဲလိုက်ပါ။ ဖြစ်သမျှ တာဝန်ယူသည်။
    ပုံ
    ဦးကြောင်ကြီး
    မားကက်တင်း၊ ဆေးလ် အင်န် ပရိုမိုးရှင်း၊ အက်ဗာတိုက်ဆင်း၊ ဒစ်စထွီဗြူးရှင်း၊ ပတ်ဗလစ်ရီလေးရှင်း မန်နေဂျာချုပ်မှူးကြီး 😎

    • TTNU

      April 8, 2012 at 10:58 am

      ဦးကြောင်နော်…
      ဘာမှန်းကို မသိဘူး။ 👿

Leave a Reply