အရက်ကို မကြိုက်ပဲ သောက်ဖြစ်နေသူများ နှင့် အင်တာဗျူးခြင်း။

black chawApril 9, 20121min26847

ဒီပို့စ် တင်ကာနီး ဆရာမကြီး TTNU ရဲ့ အရက်ကို ကြိုက်လို့ သောက်တဲ့သူ ဆိုတဲ့ ပို့စ်လေးကို အရင်ဖတ်ဖြစ်တယ်ဆိုတာ ဝန်ခံပါရစေ။
သို့သော်လည်း ပျော်စေချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ အရက်သောက်တဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ ဆရာမကြီး ခွင့်လွှတ်ပေးပါလို့
တပည့် ဘလက်ချောက အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။
ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီခန့်မှာ ကိုကြီးမိုက် ဖုန်းဆက်လာပါတယ်။ သူတို့ အဖွဲ့အနေနဲ့ ရန်ကင်းစင်တာ နားက NICE မှာ ရောက်နေကြပါပြီတဲ့။ ကျွန်တော်ကလည်း ဒါမျိးဆို သွားချင်တဲ့ စိတ်က ထိန်းမရသိမ်းမရ။ လေဒီဘလက်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရသည်နှင့် ဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းလို ရန်ကင်းစင်တာနားက NICE သို့ အပြင်းချီတက်ခဲ့ပါသည်။ ဟိုရောက်တော့ ညနေ ၄ နာရီ ခွဲခန့်။ ရက်ဒ်လေဘယ် အကြီးတစ်လုံး ပြောင်နေလေပြီ။ ကျွန်တော် ရောက်တော့ ရက်ဒ် လေဘယ် အကြီးတစ်လုံး ထပ်မှာပြီး သောက်စားပြောဆို ကြပါတော့သည်။ သို့နှင့် ကိုကြီးမိုက်က သဘာဝလေပြေညှင်းအရသာလေးနှင့် စကော့တလန်စမ်းရေလေးကို မြုံ့ချင်သည်ဟု အဆိုပြုလာသဖြင့် မြကျွန်းသာ အပန်းဖြေစခန်းနှင့် မျက်နှာချင်းဆိုင် အင်းလျားသို့ စခန်းပြောင်းရွှေ့ စတည်းချလိုက်ကြပါတော့သည်။ သောက်ရင်းစားရင်း အပျော်သဘော အင်တာဗျူးလုပ်ထားတာလေးတွေနှင့် ပြောကြဆိုကြသည်များကို အပျော်သဘော ပြန်တင်ပြပေးချင်ပါသည်။ အားလုံး စိတ်လွတ်ကိုယ်လွတ်ဖြင့် ပျော်ပျော်ပါးပါး ပြောကြဆိုကြတာလေးတွေကို စိတ်ဆိုးစရာများ ပါလာခဲ့သော် ကျွန်တော်၏ အသုံးမကျမှုဟုသာ မှတ်ယူပြီး ပျော်ပျော်ပါးပါး ဖတ်ကြည့်ပေးကြပါဦးလို့…။

ဘလက်ချော ; ကိုဖက်တီးကက် အနေနဲ့ မန္တလေးဂဇက်ကို ဘယ်လိုစပြီး ဝင်ဖြစ်ခဲ့တာလဲ ဆိုတာလေး

FattyCat ; ဒီလိုဗျာ ကျွန်တော့် ရုံးက Purchaser တစ်ယောက်က ကျွန်တော့်ကို အဲဒီဆိုက်ကို ဖတ်ကြည့်ပေ့ါနော် Update News လေးတွေဘာလေးတွေ ရှိတယ်ဆိုလို့ ကျွန်တော်က အဲလို News လေးတွေ ဖတ်တာ၊ ဖတ်ရင်းနဲ့မှ တော်တော်ကြာပြီဗျ ကျွန်တော် ၂၀၀၉ လောက်ကတည်းကို က ဖတ်နေတာ ဒါပေမယ့် ကျွန်တော် ရဂျစ်စတာလည်းမလုပ်ဘူး၊ ဝင်လည်းမကြည့်ဘူး။ အဲ့ဒီမှာမှ ကျွန်တော် ဝင်ကြည့်ပြီးတော့မှ အလှူမလုပ်ခင်တစ်ပတ်လောက်မှာ ကိုအောင်တိုက် (ရွှေတိုက်စိုး) နဲ့ ကိုသူရနဲ့ ကျွန်တော်တို့ ခင်ပြီးတော့ ချက်ရွမ်း တွေဘာတွေလုပ်ကြတယ်။ ဒီ ဂရု(ပ်) ထဲမှာ ကျွန်တော် ဝင်လာတယ်ပေါ့နော်။ ပြီးတော့မှ အဲဒီမှာ ကျွန်တော် အရင်ဆုံးသိတာ အီးတုန်း။ ကျွန်တော်အလှူလှူမယ်ဆိုပြီး အီးတုန်းကို ဖုန်းဆက်တယ်။ အဲဒီတော့ ကျွန်တော့်ဆီ ပထမဆုံးတွေ့ဖူးတဲ့ ရွာသားက အီးတီ။ ကျွန်တော့်ရုံးအထိရောက်လာပြီးတော့ အလှူငွေလာကောက် သွားတယ်။ အဲဒီအထိ ကျွန်တော် အေးဆေးပဲ။ နောက် ပထမဆုံးအလှူလုပ်မယ့်နေ့မှာ ကျွန်တော် မှီအောင်လာတယ်။ ကျွန်တော် အဲဒီနေ့က တော်တော်လည်း အလုပ်ရှပ်နေတယ်။ အဲဒီတော့မှ ကိုတိုက်နဲ့ သူရတို့နဲ့ ခင်သွားတာ။ အပြင်မှာ အဲဒီတော့မှ စတွေ့ဘူးပြီးတော့ နောက်နေ့ကျတော့ သူငယ်ချင်းအရင်းအချာကြီးတွေလိုဖြစ်သွားပြီးတော့ အဲ့ကနေစပြီးတော့ ကျွန်တော်က ပို့စ်လေးလည်း စတင်ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော် နာဂစ်တုန်းက ကျွန်တော် ဖီး ထဲသွားခဲ့တဲ့ အကြောင်းတွေ ကျွန်တော်ရေးတယ်။ နောက်မှ ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြန်မာပြည်မှာ အခုအချိန်အထိ ကွန်ပျူတာတွေမှာသုံးနေတဲ့ ကော်ပီရိုက် မဟုတ်တဲ့ ကိစ္စကို ကျွန်တော်က ကော်ပီရိုက်သုံးတဲ့ ကုမ္ပဏီကိုရောက်သွားတဲ့ အခါကျတော့ ကျွန်တော်က ကော်ပီရိုက်ကို မျက်နှာချင်းဆိုင်ကြီး မြင်လိုက်ရတယ်။ အဲဒီလို မြင်လိုက်ရတော့ ဒါကိုကျွန်တော် ဘယ်လို ဆော့လ်ဖ် လုပ်မလဲ ဆိုတာကို ကျွန်တော့်ဖာသာ စဉ်းစားရင်းနဲ့ အဲဒီအကြောင်းတွေကို ကျွန်တော်ပို့စ် တင်တယ်။ ဒါပေမယ့် နည်းပညာနဲ့ ပတ်သက်တဲ့ ပို့စ် ဖြစ်တဲ့အတွက် ကျွန်တော်က အရမ်းကြီးအားပေးလိမ့်မယ်လို့ မမျှော်လင့်ဘူး။ အကုန်လုံးတော်တော်များများဝိုင်းပြီး အားပေးလိုက်ကြတယ် အဲဒီပို့စ်ကြီးက။ အဲဒါနဲ့ ကျွန်တော် ဖီးလ်တွေတက်ပြီးတော့ နောက်ဆုံး ကျွန်တော် ကိုအောင်တိုက်ကြီးကို (ဟဲဟဲ) စုံထောက်ကြီးဖြစ်စေချင်တာ (အားရပါးရရယ်ပါတယ်ခင်ဗျာ)

ရွှေတိုက်စိုး ; ဟဲ့ဘာလဲဟယ်။
ဘလက်ချော ; ခင်ဗျား ခုနပြောသွားတယ်။ အီးတုန်း နော်။ သူ့ နာမည်က အီးတုန်းလား အိတုန်လား။ အဲဒါလေးကို ကျွန်တော် သိချင်ပါတယ်ဗျာ။

ဖက်တီးကက် အဲဒီကိစ္စကို ကျွန်တော် မေးဘူးတယ်ဗျ။ ကျွန်တော်က မေးလိုက်တော့ နင့်နာမည်က အီးတီအိုအန်န်အီး အီတုန်း။ သူက အင်္ဂလိပ်နာမည် ဘောလုံးသမားရှိတယ် အီတိုးကလည်း အီးတီအိုအို အီတိုး။ အဲဒီတော့ နင့်နာမည်က ဘာလဲ။ အီတုန်းလား အီးတုန်းလား အိတုန်လား။ ကြိုက်သလိုခေါ်တဲ့။ အဲဒီနာမည်နဲ့ ပတ်သက်ရင် သူ့မှာ အကြောင်းပြချက်ပေါ့နော် ဘက်ဂရောင်းစတိုရီလေးရှိတယ်တဲ့။ အဲဒီအတွက် ကြိုက်သလိုခေါ်လို့ရတယ် ဒါပေမယ့် အသံထွက်အမှန်ကို သူမပြောဘူး။ ကျွန်တော်က မိန်းကလေးလည်း ဖြစ်တယ်။ ကိုယ်နဲ့လည်း ခင်နေတာဖြစ်တဲ့အတွက် အီးတုန်းလို့ မခေါ်ပဲနဲ့ အီတုန်းလို့ ခေါ်တယ်။

အမတ်မင်း ; ဒါဆိုရင် အီးတုန်းလို့မခေါ်ပဲနဲ့ ဆိုတော့ အီးတုန်းလို့ခေါ်ရင် ပိုပြီး ပနံသင့်တယ်လို့ ထင်တယ်ပေါ့။
ဖက်တီးကက် ; အဲဒီလိုတော့ မဟုတ်ဘူးလေ (ဟားဟားဟား)

ဘလက်ချော ; ကျွန်တော်ဝင်ကာစတုန်းက အီးတုန်းဆိုတဲ့ နာမည်ကိုခေါ်ဘူးတယ်ဗျ။ အဲဒီတုန်းက လူတွေကသူတို့စားချင်တဲ့ ဟာကို အသံထွက်တယ်လို့ ပြန်ပြောဘူးတယ်ဗျ။ (ဝိုင်းရယ်ကြပါသည်)

ကဲ ကျွန်တော် ပြောချင်တာက ဒီမှာရှိတဲ့ ရွာသားရှစ်ယောက်ရဲ့ မန်းဂဇက်လွှတ်တော်ကနေ အီးတုန်းကို အီးတုန်းလို့ ခေါ်ဖို့အတွက် တရားဝင် အတည်ပြုမယ်နော်။

ကိုကြီးမိုက် ; ခင်ဗျား ကျွန်တော်ပြောပြမယ်။ အီးတုန်းကို အီးတုန်းလို့ပဲ ခေါ်မယ်။

ကမ်းကြီး ; ရွှီ (လက်ခေါက်ထမှုတ်ပါတယ်ခင်ဗျာ)

ရွှေတိုက်စိုး အီးတုန်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ အီးတုန်းဆိုတာ အီးလိုပဲ အမြဲတမ်း ရှူတဲ့လူက နံတယ်။ ဟုတ်တယ်နော်။ အသံကြားတာနဲ့ ရွံတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဘာလဲဆိုတော့ အီးဆိုတာ လူတွေက စွန့်မပစ်လို့မရတဲ့အရာ လူတိုင်းက စွန့်ပစ်ရမယ်။ အီးနဲ့ မကင်းဘူး။ ဒါပေမယ့် သူ့ကို ရွံကြောက်ကြီးဖြစ်နေရမယ်။

ဘလက်ချော ; တရားဝင်ပြောတယ်နော်။
ရွှေတိုက်စိုး ; တရားဝင်ပြောပါတယ်။

သူရဇော် ; လေးဘလက် လေးဘလက်။ ကျွန်တော် သူရဇော်ပြောပါရစေ။
အီးတုန်းဆိုတဲ့နာမည်က အီးနဲ့ တီအိုအန်န်အီးနဲ့ ပေါင်းရင် အီးတုန်းပဲ ကျွန်တော်တို့ နားလည်ထားပါတယ်။

ဘလက်ချော း ကဲ ကျွန်တော်တို့ မန္တလေးဂဇက် လွှတ်တော်ကနေ အီးတုန်းလို့ခေါ်မလား အီတုန်းလို့ခေါ်မလား အိတုန်လို့ ခေါ်မလားဆိုတဲ့ ပြသနာကို အခု တစ်ခါတည်း မဲခွဲ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ကဲ ကိုအမတ်မင်းလေး ပြောပါဦးခင်ဗျာ။

အမတ်မင်း ; ကျွန်တော်အမတ်မင်းက ဒီပလိုမက်တစ်အရသော်လည်းကောင်း၊ ကာချာ အရသော်လည်းကောင်း၊ အီးတုန်းကို အီးတုန်းလို့ မြင်ပေမယ့် ယဉ်ကျေးမှုအရ ကျွန်တော် အိတုန်ပဲ ခေါ်တယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ရွာသားရှစ်ယောက်ရှိတဲ့အချိန်မှာ ခုနှစ်ယောက်က အီးတုန်းလို့ အဆိုတင်မှတော့ ကျွန်တော်က လွှတ်တော်အမတ်ပီပီ ငြင်းစရာအကြောင်း ကိုမရှိဘူး။ အဲဒီတော့ အီးတုန်းသည် အီးတုန်းပဲ ဖြစ်ရမယ်။

ရွှေတိုက်စိုး ; ဒါပဲပေါ့။ လွှတ်တော်အမတ်ဆိုတာ အဲဒါပဲ။ ဘာလာလာ ခေါင်းငြိမ့်တာ။

ထိုနေ့က မန်းဂဇက်၏ ပထမဆုံးလွှတ်တော်သို့ တက်ရောက်ကြသူများမှာ ကိုကြီးမိုက်၊ ကိုဘလက်ချော၊ ကိုအမတ်မင်း၊ ကိုဖက်တီးကက်၊ ကိုကမ်းကြီး၊ ကိုရွှေတိုက်စိုး၊ ကိုသူရဇော်၊ ကိုအာဂ တို့ ရှစ်ယောက်ဖြစ်ပြီး ပထမဆုံးအဆိုအဖြစ် ရွာသူလေးတစ်ဦးဖြစ်သည့် etone အား အီးတုန်းဟုသာ အသံထွက်ခေါ်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အပျော်သဘော အင်တာဗျူးထားတာလေးတွေကို ပြန်ရေးထားခြင်းဖြစ်ပါသည်။
နောက်ပို့စ်တစ်ခုတွင် ရွှေတိုက်စိုး နှင့် အထူးအင်တာဗျူးအား ဖေါ်ပြပေးသွားမည်ဖြစ်ပါကြောင်း စောင့်မျှော် ရှောင်ရှား ဖတ်ရှုကြရန် ကြိုတင် သတိပေး ကြော်ငြာထိုးလိုက်ပါသည် ခင်ဗျာ။
ထိုနေ့က ဂစ်တာငှားပြီး သီချင်းများလည်း ဆိုဖြစ်ခဲ့ကြပါတယ်။ ရွှေတိုက်စိုးရဲ့ အကကောင်းပုံကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ သင်္ကြန် ကျွန်တော် ရန်ကုန်မှာ မရှိပါဘူးခင်ဗျာ။ ရေကြည်မယ်ထင်တဲ့နေရာ မျက်နုမယ်ထင်တဲ့နေရာ ရှာဖွေ နားခိုမည်ဖြစ်ပါကြောင်း…။
ချိုပေါ့ကျ (၉) ကို ပုဂံမြေ မှာ ရေးမှာဖြစ်ပါကြောင်း။
ဗရမ်းဗတာတွေ ဗျူးတဲ့
အင်တာဗျူးဆရာ ဘလက်။

47 comments

  • water-melon

    April 9, 2012 at 10:30 am

    တညီတညွတ်ထဲခေါ်လိုက်ပါတယ်
    အီးတုံးတဲ့
    ဖတ်သွားပါတယ် တိုတိုဘလက်ရေ 😀

  • FattyCat

    April 9, 2012 at 10:34 am

    ဦးဘလက်ရေ….
    ပုဂံမသွားခင် အဝကိုဖွခဲ့တာပဲနော်…
    ဒီနေ့ ဒီပိုစ့်ကို မျှော်လင့်ပြီးသာပါ…ဒါပေမယ့် ဒီတော့ပစ်နဲ့စဖွင့်မယ်လို့တော့ ထင်မထားမိဘူးဗျာ…
    ကျွန်တော်လစ်ပြီဗျို့…ဝှီး…………..

  • R Ga

    April 9, 2012 at 10:35 am

    တော်သေးတာပေါ့ လေးဘလက်လေဘယ်အဲ မှားလို့ လေးဘလက်ချောရယ် သားမူးမူးနဲ့ ဘာတွေဖြေ မိမှန်း မသိတာတွေ ရေးပြီးမတင်လို့…။ တကယ်ကို ကျေးဇူးတင်မိတယ်။

  • Shwe Tike Soe

    April 9, 2012 at 10:38 am

    ဦးဘလက်ကြီး အာပေးသွားတယ်ဗျို…. အဲဒီနေ.က အရမ်းပျော်ရပါတယ်…. အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ.. 😀

  • သူရဇော်

    April 9, 2012 at 10:45 am

    အဲဒီနေ့လေးကို မေ့ရမှာမဟုတ်ပါဘူး….. အားလုံးသီချင်းတွေဆိုခဲ့ကြရတယ်လေ…….. ပျော်ဖို့လဲကောင်းတယ်….. ဟီး လေးဘလက်ကြီးရေ လက်မကြီးထောင်သွားပါတယ်ခင်ည..
    မအိတုံ မလာခင် လစ်ပီ……………………ဝှီးးးးးးးးးးးးးးးးးး

  • ဖားသက်ပြင်း

    April 9, 2012 at 10:57 am

    ဒါမိုး ပိုစ့်တွေကိုတော့ဖြင့် …

    ပြန်ခါနီးမို့
    ငရံ့ပြာလူး
    တီကောင်ဆားပက်
    ငိုချင်လက်တို့
    မစားရအညှော်ခံ
    မစီးရတဲ့ ရထား
    မမီတဲ့ စပျစ်
    အောင်မယ်ငီး…
    ချဉ်ထှာအေ..

    😀

    စိတ်နာနာနဲ့ ..ကိုယ့်ဟာကိုယ် ၈ကိုယ်ခွဲပြီး
    ဘရန်ဒီတလုံး ဖြိုဖို့ …ရဲရဲဂျီး အာမခံပါဂျောင်း…

    p.s
    မဟာသင်္ကြန်ပိုစ့်များကိုလည်း အလုပ်ရှုပ်နေတဲ့ကြားကနေ
    ဒိုင်ခံ မီးဒုတ်ရှို့မှာ ဖြစ်ပါဂျောင်း…

    ဟီး…

    ဒက်ဂလောက် ..ဒက်ဂလောက်…

  • htoosan

    April 9, 2012 at 11:13 am

    မနီးမဝေးက အကဲခတ်ကြည့်နေမှ ဖြစ်မယ်ထင်တယ်…. 😀

  • etone

    April 9, 2012 at 11:15 am

    etone အကြောင့် အသံအမျိုးမျိုးထွက်ရင်း ကျွန်မလည်း … နာမည်အမျိုးမျိုး ရခဲ့ပြီပေါ့ …. ။
    ကိုချောကလက်ကြီး စဝင်ခါစက …အီးတုံးဆိုလို့ …… နောက်ချင်ချင်နဲ့ …. ကိုယ်စားချင်တဲ့ဟာကို အသံထွက်ခေါ်သည်လို့ .. စခဲ့ဘူးတယ် … ။ နာမည်ခေါ်တဲ့ အပေါ်မှာ … ဘယ်လိုမှ သဘောမထားပါဘူး .. ပျော်စေ ပြက်စေ .. ခေါ်ချင်သလို ခေါ်ပေါ့နော် ….. ။ ကိုယ်တိုင်ကလည်း အသံထွက်သေချာမှ မပြောဖြစ်ခဲ့တာလေ … ။

    နိုင်ငံခြားသား နာမည်တွေကိုရေးချပြီး အသံထွက်တဲ့နေရာမှာ … ကျွန်မတို့လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်ထွက်ချင်သလိုထွက်ခဲ့ဖူးလို့ပါ 😀
    ဥပမာ ကျွန်မတို့ဆီလာတဲ့ technician ပေ့ါနော် ..သူ့နာမည် Bajohr ပါ … ကိုင်း … ဘယ်လို အသံထွက်ကြမလဲဟင် … ဘိုင်ယာလို့ထွက်သူက ထွက် ၊ ဘိုင်ရောထွက်သူက ထွက် ဘက်ဂျဝါလို့ ထွက်သူကထွက်နဲ့ … သူတည်းတဲ့ ဟိုတည်မှာကတည်းက အသံထွက်ကို အမှန် မထွက်နိုင်ဘူးလေ … ။ တကယ့် အသံထွက်က … ဘယောလ်ပါတဲ့လေ .. အဟီး … သူက ဂျာမန်လူမျိုးမို့ j နဲ့ yက အသံထွက်တူသတဲ့ 😛

    ကျွန်မနာမည်ရဲ့ အသံထွက်ကတော့ …. ဘယ်သူမှ ထင်မထားတဲ့ …. အသံထွက်ပါပဲ … အယ်တိုနီမ်ပါ … ။ 에또님ပါပဲ … ။ တစ်လုံးချင်းစီမှာတော့ သူ့အဓိပါ္ပယ်ဆီပေါ့လေ … ဒါက .. ထားပါတော့ … ။

    etone ကို … အီတုန်းပဲခေါ်ခေါ် ၊ အိတုန်ပဲ ခေါ်ခေါ် ၊ အီးတုံးပဲခေါ်ခေါ် … အီးဒုံးပဲခေါ်ခေါ် (ဒါက 77ခေါ်တာ) …ပြသနာမရှိပါဘူး … ။ ကြိုက်သလို ဆက်ခေါ်နိုင်ပါတယ် …. ။ အီးတုံးလို့ ခေါ်ခံရတာ … ပထမဆုံး ချစ်ချစ်က နောက်ပြီးခေါ်တာပါ … ။ အိမ်မှာ ဘယ်သူကမှ မချစ်ပဲ .. ဂျီကျလွန်းလို့ … မဖြစ်သာလို့သာ ဗိုက်ထဲသိမ်းရတယ် …. အခွင့်သာတာနဲ့ ..စွန့်ချင်တဲ့ အဓိပ္ပါယ်ဆိုပြီး သူက နောက်ရင်း … e လို့ခေါ်ရာကနေ .. အကျင့်စွဲသွားပြီ ….အခုဆိုလျှင်တောင် …. သူကခေါ်လည်း e ၊ ကိုယ့်ဘာသာကိုယ် နာမ်စားသုံးလဲ e ပဲ ဖြစ်နေပါပြီ … ။

    ကျွန်မနာမည် ပဟေဌိကို အဖြေညှိရင်း ပျော်ရတယ်ဆိုလို့ … ဝမ်းသာပါတယ် .. အဲ့ဒီနေ့ကမလာပဲ … ပို့စ်စာဖတ်သူတွေလဲ ပျော်နိုင် ၊ ရယ်နိုင်ကြပါစေ … :mrgreen:

    (ဒီလိုမှန်းသိလျှင် … အဲ့နေ့က ဆေးရုံကိုလိုက်သွားပြီး … မရရအောင်လိုက်ခေါ်ပါတယ် … သူများချစ်ချစ်မရှိတာနဲ့ … သူများအတင်း ပြောကြတယ် … လူဆိုုးဂျီးဒွေ … 😆 )

  • ဗိုက်ကလေး

    April 9, 2012 at 11:21 am

    ဒီလူကြီးတွေ
    မကြီးမငယ်မိုက်တာနဲ ့ ကြီးမှမိုက်တဲ့လူနဲ ့..နေ ့ခင်းကြောင်တောင် အရက်အကြောင်းပြောလိုက်
    အီးအကြောင်းပြောလိုက်နဲ ့ တယ်ဆိုးကြသဗျာ

  • TTNU

    April 9, 2012 at 11:22 am

    (ကိုကြီးမိုက်၊ ကိုဘလက်ချော၊ ကိုအမတ်မင်း၊ ကိုဖက်တီးကက်၊
    ကိုကမ်းကြီး၊ ကိုရွှေတိုက်စိုး၊ ကိုသူရဇော်၊ ကိုအာဂ တို့ ရှစ်ယောက်ဖြစ်ပြီး) လို့ ကိုချောက ဖော်ထုတ်ထားပါတယ်။

    ရက်လေဘယ်လ် အကြီး(၂)လုံး တောင်ကုန်အောင်သောက်နိုင်ကြတယ်ပေါ့။
    (၈)ယောက်ကိုနှစ်ပုလင်းဆိုတော့ တစ်ပုလင်း(၄)ယောက်သောက်တာပဲ။
    အဲဒီတော့ တစ်ယောက်ကို လေးပုံတစ်ပုံသောက်တယ်ဆိုကြပါစို့။

    ရှင်တို့နော်… ဟွန်း … သိကြားမင်းကြီးလာရင် တိုက်စရာမကျန်တော့ဘူး။ 👿

    • သူရဇော်

      April 9, 2012 at 11:26 am

      အဲဒါ သတင်းအမှားကြီးပါ Redlable 2 x 2 ပါခင်ည

      • ဖားသက်ပြင်း

        April 9, 2012 at 11:37 am

        ထင်သားဘဲ…
        ဟွန့် …

        ဝမ်းလီတာ ၁ပုလင်း ၁၂ပက်
        ၂ပုလင်း ၂၄ပက်
        ၂၄ ကို ၈နဲ့ စားရင် တယောက် ၃ပက်နှုန်းပဲဆိုတော့ …
        ဘယ်နည်းနဲ့မှ အာဆွတ်အံ့ မထင် …

        သများက ဖော်ပြပါ စာရင်းရဲ့၂ဆမဟုတ် ..
        ၃ဆ လောက်တောင် ထင်ထားတာ ..

    • Shwe Tike Soe

      April 9, 2012 at 1:09 pm

      နှစ်လုံးဆိုတာ ဆိုင်မှာသောက်တာပါ………. ပါဆယ်ဆွဲတဲ့ တစ်လုံး စာရင်းထဲတောင်မထည့်သေးဘူး.. ဟိဟိ

  • Rose Minn

    April 9, 2012 at 11:29 am

    ကြည့်စမ်း ကြည့်စမ်း သူတို့တွေ့ဆုံ ပွဲက တုံ့ကို ဋီကာချဲ့တယ်ပေါ့လေ။ တုံရေ ခလုတ်မတိုက်ဘူးလား။

  • အမတ်ဒိန်

    April 9, 2012 at 11:58 am

    ဒီလူကြီး ဂယ်ရေးလိုက်တာပဲကိုး.. ဗရမ်းဗတာ ပီသပါပေ့ဗျာ.. 🙂
    မအိ်တုန်..များဖတ်ဖြစ်ခဲ့ရင် ချစ်သောမျက်စိဖြင့် ရှူကြည့်ပြီး.လူပြောချင်စရာလေး.
    ကိုယ့်နာမည်အတွက်.ဂုဏ်ယူလိုက်ပါခင်ဗျာ လို့.. 😛
    အပျော်မှ တကယ်ကြီးကိုအပျော်သက်သက်ပါဗျာ….

    • Shwe Tike Soe

      April 9, 2012 at 1:10 pm

      အမယ်ပြောတုန်းကပြောပြီး ဒါ မျက်နှာချိုသွေးဒါပေါ့လေ…… ဟွန်… ရဘူး စိတ်ဆိုးဒယ်တဲ့ မအိတုံက ခိခိခိ

    • etone

      April 9, 2012 at 2:13 pm

      ဟီးဟီး .. လေးပေါက်ခေါ်တာကမှ … သူများနဲ့မတူတာနော် ….. ။ 😛

      ဦးဘလက်ရေ … တခြား အင်တာဗျူးတွေလည်း လုပ်ပါဗျို့ .. မိတိုက်နဲ့ အုပ်ထိန်းသူ တွေ့ဆုံခန်းတို့ .. .ဦးမိုက်ကြီး ….တစ်ယောက် ဘယ်လိုချိန်းတွေ့ခဲ့သလဲ ဆိုတာတို့လေ .. ဟိဟိ … 😀

  • Thel Nu Aye

    April 9, 2012 at 1:03 pm

    ဦးဘလက်တို့ကတော့ အသံများဖမ်းလာတာလားဟင်။ အများကြီးကို အကုန်မှတ်မိ တယ်။ သောက်ထားတယ်ဆို။ IQ တော်တော်မြင့်ပုံရတယ်။ မူးတာကသတ်သတ်၊ မှတ်တာကသတ်သတ်။ တော်ပါပေ့။

  • manawphyulay

    April 9, 2012 at 1:15 pm

    ဒါတောင် ရက်ဒ်လေဘယ် အကြီးတစ်လုံး ပြောင်နေလေပြီ။ ဆိုသလို တစ်ပုလင်းပဲ ပြောင်သေးလို့နော် အများကြီးများ ပြောင်လို့ကတော့ တစ်ရွာလုံးရဲ့အင်တာဗျူးလာမယ်ထင်တယ် စောင့်မျှော်ကြည့်တာပေါ့နော်….

  • Shwe Tike Soe

    April 9, 2012 at 1:16 pm

    အော်ငါ့နှယ့် လူသိရှင်ကြား ရပ်ကျော်ရွာကျော် ဒီတစ်ခါပဲ အရက်သောက်ရတယ်.. ရှက်ထာအေ….
    ဒါနဲ. ဦးတို.ကိုကိုတို.ညီကလေးတို.ရေ……. ဘယ်နေ.သွားကြအုံးမလဲ….. ခိခိခိ 😛

  • blackchaw

    April 9, 2012 at 1:19 pm

    မသဲနုအေးရေ။
    ကိုယ့်လစ်မစ်လေးနဲ့ကိုယ် ကောင်းနေပြီဆိုရင် ရပ်ထားလိုက်တာ
    ဝါရင့် အရက်သောက်သူတွေရဲ့ ထုံးစံပါ။
    ကျွန်တော် ကလည်း ဝါရင့်အရက်သောက်သူ ဆိုတော့
    အစောကြီးကတည်း က ရပ်ထားပြီး ဖုန်းလေးနဲ့ အင်တာဗျူးလုပ်နေလိုက်တာပါ။
    ဒီပို့စ်ထဲမှာပါတဲ့ စကားတွေအားလုံးကို ဖုန်းနဲ့ အသံဖမ်းထားတာပါ။
    အားလုံးကိုလည်း ကြိုပြီး ခွင့်တောင်းထားပါတယ်။
    ဗျူးထားတာတော်တော်များတယ်။
    ရွှေတိုက်စိုးနဲ့ အင်တာဗျူးကတော့
    ကျွန်တော်တောင် နားထောင်ရင်း သူ့ဘဝလေးကို
    စာနာစိတ်လေး ဝင်သွားမိပါတယ်။
    သူ့ညီမလေး အကြောင်းပါတယ်။
    သူ့အုပ်ထိန်းသူ အကြောင်းပါတယ်။
    သူ့အမေ နဲ့ သူ့ အကြောင်းပါတယ်။
    တီဗီ ဘယ်လိုကြည့်ခဲ့ရတယ်ဆိုတာလည်းပါတယ်။
    ကျွန်တော်ထင်တယ်။
    သူက အဲဒီနေ့က ကျွန်တော့်လိုပဲ သိတ်မမူးဘူးလို့ ထင်တယ်။
    ပြောသွားတာလေးတွေက တော်တော်ပြည့်ပြည့်စုံစုံနဲ့ မိုက်တယ်ပေါ့ဗျာ။
    ပြန်ရေးရတာ ပျင်းနေလို့ အေးအေးဆေးဆေးမှပဲ တင်တော့မယ်ဗျို့။
    နောက်ထပ် ရွာထဲက အပျိုကြီးတစ်ယောက် အပျိုကြီးဖြစ်သင့် မဖြစ်သင့် ဆိုတဲ့
    အဆိုလေးလည်း ဝိုင်းဆွေးနွေးထားတာလေး အသံဖမ်းထားပါသေးတယ်။
    ကိုကြီးမိုက်ကြီး ဒီအရွယ်ကြီးကြမှ ရည်းဇားဦးနဲ့ ရွှေတိဂုံဘုရားမှာ
    အဖြူရောင်ချိန်းတွေ့ခြင်းလုပ်ကြတယ် ဆိုတာလည်း
    ဖတ်ချင်ဖတ်ရမယ်ဗျာ။
    အဲဒါ…။
    😛
    ဒီပို့စ်လေးထဲမှာ အီးတုန်းအကြောင်းဆွေးနွေးထားတာကို
    ညီမငယ် အီးတုန်းက စိတ်မဆိုးတဲ့အတွက် ကျေးဇူးတင်ကြောင်းလေး
    လေးလေးစားစား ပြောပါရစေခင်ဗျာ။ 😛

    • အမတ်ဒိန်

      April 9, 2012 at 1:32 pm

      ကိုဘလက်..
      ကျနော်လည်း မမူးခဲ့ပါ ခင်ဗျာ.. 🙂
      အကို ပြောသလိုပဲ ရွှေတိုက်စိုး ဘဝကိုကြားပြီး..
      မှတ်မှတ်ထင်ထင် လေးခံစားလိုက်ရပါတယ်..
      ဒါနဲ့ ဖုန်းလေးတချက် ဝင်လာလိုက်တိုင်း အကုန်လုံးငြိမ်ပေးနေလိုက်ကြတာကတော့..
      အသောက်သမားချင်း နားလည်မှုခေါ်မလား..
      သူများအိမ်ထောင်ရေးကို တုတ်နဲ့မထိုးမိအောင်ရှောင်တယ်လို့..
      ပြောကြမလားပဲ.. 🙂 🙂

    • ဖားသက်ပြင်း

      April 9, 2012 at 1:59 pm

      အောင်မယ်ငီး
      ချိုသောက်ပီး ရီကော့လုပ်သတဲ့ ..အရပ်ကတို့ရဲ့…
      ရွာ့ ရွှေပေါက်တူး … ယမကာ ဝိုင်းမှာပါ လက်စွမ်းပြ တူးဆွသကိုး …
      😀

      သိပ်ကြောက်တွားဘီ …
      ရီကော်ဒါတွေဘာတွေ ပါမလာအောင်…
      သင်နှင့် ရမ်ပုလင်းကိုသာ ဝင်ခွင့်ပြုမည်…
      စာချိတ်ရတော့အံ့…

      အာဟိ..

  • blackchaw

    April 9, 2012 at 1:25 pm

    ရွှေတိုက်စိုး ရေ။
    ညီလေး အင်တာဗျူးကို
    ပို့စ်တင်ရင် ခွင့်ပြုပါသလား။
    တရားဝင် ခွင့်တောင်းတာပါ။ 😛
    (အမှန်ကတော့ ချည်လိုက်တာပါ။ အာဟိ)

    ကိုကြီးမိုက်ကြီးရေ။
    အစ်ကို့ရဲ့
    ရွှေတိဂုံဘုရားပေါ်က အဖြူရောင်ချိန်းတွေ့ခြင်းဆိုတဲ့
    ဇာတ်လမ်းလေး ပို့စ်တင်ရင် ခွင့်ပြုမပြု။ 😛

    ဖက်တီးကက်ကြီး။
    နင်က ဘော်ဒီဝိတ် ဘယ်နှစ်ပေါင်ရှိပြီး
    မဒမ်ဖက်တီးကက် က ဘော်ဒီဝိတ်ဘယ်နှစ်ပေါင် ရှိတယ်ဆိုတဲ့
    အင်တာဗျူးလေး ခွင့် ပြုမပြု။
    တရားဝင် ပြောကြပါဗျို့။
    😛

    • Thel Nu Aye

      April 9, 2012 at 2:29 pm

      တင်ပါဗျိုး။ တင်ပေးပါ။ စပ်စု အဲလေ ပါဝင်ခံစားရအောင်လို့ပါ။

  • blackchaw

    April 9, 2012 at 1:38 pm

    အော် အမတ်ဒိန် ဆိုတာ အမတ်မင်းကိုး။
    တတ်လည်းတတ်နိုင်ပါပေ့။
    အဲဒီနေ့က အမူးဆုံးကတော့ အိုဘားမားဆိုတဲ့
    ဖက်တီးကက်တို့ သူငယ်ချင်းလေးပါဗျာ။
    တစ်ခါတည်းကို အလည်းထိုးခံလိုက်ရသလို အိပ်နေတော့တာပါ။
    အဲဒီနေ့က မမူးဆုံးက ကိုယ်ရယ် ရွှေတိုက်ရယ် အမတ်မင်းရယ်
    ကိုယ့်အထင်မမှားဘူးဆိုရင် ဖက်တီးကက်လည်း သိတ်မမူးဘူးပဲဗျ။
    ကျန်တဲ့လူတွေကတော့ နည်းနည်းလေးဆို နည်းနည်းလေးလောက် မူးနေကြတာလားလို့။
    (အထင်)
    😛

    • သူရဇော်

      April 9, 2012 at 2:34 pm

      လေးလေးအထင်မှားပါတယ်ခင်ည…… ကျွန်တော်ရယ် ကိုမက်ရယ် ကိုဖက်ရယ် မမူးလို့ ဆီထပ်လောင်းဖို့စဉ်းစားရင်း အိမ်ပြန်ရောက်သွားကြသူတွေပါခင်ည

    • R Ga

      April 10, 2012 at 10:04 am

      ဝေ့ လေး ဘလက်လေဘယ်ကြီး အဲဒီနေ့က ကျွန်တော် မမူးဘူးနော် ဂေ့။ အန်လည်း မအန်ဘူး အိပ်လည်း မအိပ်ဘူး။ ဟိုတောင် မူးမဲမ ခေါ်လို့ကျွန်တော် ဖိနပ်မပါပဲ ဘယ်ကိုလမ်းလျောက်မိ မှန်းမသိတာရယ်။ ဂီတာ ဘယ်အချိန်သွားငှားတယ်ဆိုတာ မသိတာရယ်။ လေးကြီးမိုက်ကြီး ရေထဲ ပြုတ်ကျမလို ဖြစ်တာကို မသိလိုက်တာရယ်။ ရွှေတိုက် ဘယ်အချိန်ထက တယ်ဆိုတာကိုမသိတာရယ်။ သူဘဝအကြောင်းဘာတွေပြောသွားတယ် ဆိုတာ မသိတာရယ်။ ကျွန်တော် ဘာတွေ ဖြေမိတယ်ဆိုတာ ကိုမသိတာရယ်။ ဘယ်သူက ဂီတာ တီးပြီး ဘာတွေဆိုနေတယ်ဆိုတာ မသိတော့တာရယ်။ အိမ်ကိုဘယ်လိုပြန်ရောက်သလဲဆိုတာ မသိတော့တာရယ်။ စသဖြင့် ဒီလောက်ပဲဖြစ်မသိခဲ့တာပါ ဂျ…..ပြောသားပဲ ကျွန်တော်မမူးပါဝူး ချို နေမှပဲ……။

  • kyeemite

    April 9, 2012 at 1:46 pm

    မနောက်ပါနဲ့ကိုဘလက်ကြီးရာ..
    ဂေဇက်ကိုမဒမ်မိုက်လည်း ကလေးတွေနဲ့အတူ
    ဝင်ဝင်ဖတ်တယ်ဗျ…တော်ကြာ ကျုပ်နဲ့နောင်ဂျိန်ပလေးနေရလိမ့်မယ်
    ဂလောက်ဖေါ်ဖွရရင်ကျေနပ်တော့နော်..ဟီး

  • blackchaw

    April 9, 2012 at 1:52 pm

    အော် မဖွရပါဘူး ဗျာ။
    ဟိုနေ့ကတော့ ရေးပစ်လိုက်စမ်းဘာ ဆိုပြီး
    လက်သီးလက်မောင်းတန်း ကြွေးကျော်ခဲ့တဲ့ တို့ ကိုကြီးမိုက်ကြီး ရဲ့
    ရဲရင့်မှုကို ပြန်မြင်ယောင်နေမိပါတယ်။
    အသံကတော့ ပြန်ကြားယောင်စရာမလိုပဲ
    ဖမ်းထားမိတော့ အရှင်လတ်လတ်ကြီးပါ။
    မရေးနဲ့ ဆို မရေးပါဘူး အစ်ကိုရယ်။
    အေးဆေးပါ။ ဟေးဟေး။
    :mrgreen:

  • blackchaw

    April 9, 2012 at 2:10 pm

    အောင်မငှီး။
    ချိုသောက်စရာလား ဂီဂီရယ်။
    သောက်ပြီးရင် ကိုယ်က ကားမောင်းရဦးမှာမို့
    ကောင်းတယ်ဆိုရုံသောက်ထားတာပါ။
    ဒါတောင် စသောက်တုန်းက ကိုယ်က ကျွဲသောက်နွားသောက်
    နိကစ်တာပါ။
    အင်တာဗျူးကလည်း ခိုးဖမ်းထားတာ မဟုတ်ရပါဘူးဗျာ။
    တစ်ယောက်တစ်လှည့် စီ ဗျူးထားတာပါ။
    စာနယ်ဇင်းက ကလေးမလေးတွေလို ပါးစပ်နား ဖုန်းထိုးပေးပြီး ဗျူးထားတာပါ။
    ဂယ်ပါဗျာ။ ယုံပါ။
    မြန်မာပြည်သာ ပြန်လာခဲ့ပါ။
    ဘယ်လိုတွေ အင်တာဗျူးထားတာလဲဆိုတာ အဲဒီတော့မှ ကြည့်။
    :mrgreen:

  • kyeemite

    April 9, 2012 at 2:22 pm

    ဒီလိုဘဲဗျ..မဒမ်မိုက်ကွယ်ရာရောက်ရင်
    ကျုပ်သတ္တိတွေကြွနေပေမဲ့…မဒမ်မိုက်ရှေ့ရောက်တာနဲ့
    ဟီး..သတ္တိတွေက ကျုပ်ဆီကထွက်ပြေးရော…
    အဲနေ့ကလည်း မိရွှေတိုက် နဲ့ တူရဇော် ခွက်ကမ်းပေးတိုင်း
    မငြင်းတမ်းသောက်ပစ်တာ တော်တော်စိုက်သွားတယ်ဗျို့..နောက်ဆို
    အဲနျစ်ယောက်ကိုသတိထားရမယ်..
    အိမ်တိုင်ရာရောက် လိုက်ပို့ ပေးတာကျေးကျေးပါ ကိုဘလက်လေဘယ်..

    • သူရဇော်

      April 9, 2012 at 2:37 pm

      ြံကီးသူကိုရိုသေ…… ငယ်သူကိုလေးစားဆိုတဲ့စကားအရ ကျွန်တော်သူရဇော် လေးကြီးမိုက်ကြီးကို ခွက်ကမ်းပေးမိခြင်း သက်သက်ပါခင်ည……..

  • အရင့်ရောင်

    April 9, 2012 at 2:39 pm

    ကြီးမိုက်က အဲဂလိုလားဟင်………

  • mocho

    April 9, 2012 at 4:41 pm

    ဥိးဘလက်ရဲ့ အင်တာဗျုး အခန်းဆက် တွေကို တီးတိုင်း တွေလိုပဲ မျှော်နေပါတယ်ဗျို့။

  • Mလုလင်

    April 9, 2012 at 4:46 pm

    စိတ်နာဒယ် ….. ၈ ….. ယောက်လုံးကို နာဒယ်…. ဒါဗြဲ ….

    • အမတ်ဒိန်

      April 9, 2012 at 5:00 pm

      ကိုလုလင်ရယ် ..ကိုယ့်ဘာသာပြန်နာရမှာဗျ..
      ဘယ်နှယ့်ဗျာ မဒမ်လုလင်ကိုများ သွားလေရာကို ခေါ်ရတယ်လို့..
      ဒီပုံအတိုင်းသာ ဆိုရင်ဖြင့် နောင်လည်းအခါခါ စိတ်နာရဦးမှာပဲ.. 🙂
      ကနေ့ တော့မန့်လိုက်ရတာ ငွေတရာနားကပ်ပါပေါ့လား.. 😛 😛

      • Mလုလင်

        April 9, 2012 at 8:23 pm

        သူငယ်ချင်း မင်ဂါဆောင် နဲ့ တိုက်သွားလို့ ပါဗျာ …. ရွာသူတွေ နဲ့ တောင် တွေ့လိုက်သေး။ သူရဇော် များ .. မင်ဂါဆောင် ထဲ ဝင် မျက်နှာပြ ပြီးတာ နဲ့ စားတောင် မစားနိုင် ဘူး Yankin Centre ကို တန်းပြေး ဆိုပဲ ….. ဗျ …

  • အရင့်ရောင်

    April 9, 2012 at 4:55 pm

    အရက်ကလွဲရင် အကုန်စိတ်နာဒယ်………….
    ဒါပျဲ……………

  • pooch

    April 9, 2012 at 10:23 pm

    ကိုဘလက် ရဲ့ အခန်းဆက် အင်တာဗျုးကို မျှော်နေပါတယ်။ ဒီရက်ပိုင်း သွားမယ်ဆိုတဲ့ နေရာ မသွားဖြစ်လိုက်ပါဘူး ။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ။ ဒါကြောင့်မို့ အိမ်မှာပဲ သင်္ကြန်ရက်များကို ကုန်ဆုံး ရမှာ ဖြစ်တဲ့အတွက် ရေးနိုင်သမျှ များများလေးသာ ရေးတင်ကြပါ။ အားရပါးရ အားပေးပါ့မယ်။

    ဒါနဲ့ ကိုဘလက် သင်္ကြန်ကို ပုဂံမှာ ကုန်ဆုံးမှာ ဆိုတော့ မနာလိုလိုက်တာ ။ သွားကြပါ သွားကြပါ သွားနိုင်သူတွေ သွားကြပါ။ လေဒီဘလက်ကိုလည်း သတိရကြောင်း စကားပါးလိုက်ပါတယ်။ အပြန်ကြုံရင် လည်း မန ္တလေး လည်း ဝင်သွားပါအုန်း ။ ထိုးမုန့်လေး လက်ဆောင်ပါးလိုက်ချင်လို့ပါ။

    ကျမကတော့ တုန်တုန့်ကို တုန်တုန်လို့ပဲ တွေ့စထဲက ခေါ်ခဲ့တာပါ။ အီတုန်းလို့ အသံထွက်မယ်ပဲ ထင်ခဲ့တာ အယ်တိုနီမ် တဲ့ အဆန်းလေးပဲ ။ ခုလို ကိုဘလက် ရဲ့ တူးဖော်မှုကနေ ရွာထဲက စိတ်ဝင်စားစရာ နာမည်လေးတခုရဲ့ တကယ့် အစစ်အမှန်ကို သိလိုက်ရတဲ့ အတွက် ဝမ်းသာပါတယ်။

    နောက်ဆက်ရန်တွေလည်း မျှော်နေပါတယ်။ 😀

  • ဦးဦးပါလေရာ

    April 9, 2012 at 10:53 pm

    အဲဒီတော့ ကိုဘလက်ကိုရော ဘယ်သူက ပြန်ဗျူးခဲ့သေးလဲ…။
    ပြန်ဖေါ်ကြလေ…။
    ဒါမှ လူစုံတော့မပေါ့…. 😀

    • R Ga

      April 10, 2012 at 12:17 pm

      ကျွန်တော်တို့ပြန် ဗျူးတာတော့ မဟုတ်ဘူး။ လေးဘလက်ကို တော့ နည်းနည်း စနည်း နာခဲ့တယ်။ အဲဒီနေ့ က တိုက်တိုက် ဆိုင်ဆိုင် လေးဘလက် အတွက်အရေးကြီး ကိစ္စကြီးကိုဖြတ် ပြီ းကျွန်တော်တို့ကို လာတွေ့ အဲ လာဗျူး တယ် ဆိုရင်ပိုမှန်မလားတော့ မသိဘူး။ အဲဒီ အရေး ကြီး ကိစ္စဆိုတာ က အခြားတော့မဟုတ်ဘူး။ လေးဘလက် ယောက်ခမကြီး ကိစ္စလို့သိရတယ်။ ဒါပေမဲ့ ဘာကိစ္စလည်းဆိုတာကတော့….မပြောတော့ပါဘူး။
      လွန်တာရှိရင် ဝန်တာမိ ပါ ဆရာ ဘလက်ေ၇..။

  • ကြောင်ကြီး

    April 10, 2012 at 9:12 am

    အီးဒုံးလို့ခေါ်ဂျပါ…။

  • Khaing Khaing

    April 10, 2012 at 10:51 am

    လေးဘလက်ရေ အဲနေ့က လေးဘလက်ကိုတွေ့ချင်လို့ မီးစောင့်နေတယ် ဒါပေသည့် လေးဘလက်က ရောက်မလာဘူးဗျာ …… ဖုန်းထဲကတော့ လှမ်းအားပေးသံကြားလိုက်ရတယ် ကျေးဇူးပါနော် ….. အဘိုးကြီး တွေနော် ကဲလဲကဲသေးတယ် သူများအတင်းတွေကြောတယ် လူဇိုးတွေ …….. ကန်ဘောင်မှာ အလံထောင် နေတာဘယ်သူတွေလဲ ကြည့်လိုက်တော့ အမလေးလေး ရွှေခွက်တွေနဲ့ နေအကျမှာ လေလှလှလေး တွေကို အာနေတဲ့ ဂေဇက်ရွာသားတွေဖြစ်နေတာကို …………

    တိုင်ပြောမယ် တိုင်ပြောမယ် တို့မမနဲ့တွေ့ရင် တို့မမကို ခေါက်ခေါက်ပြီးကွယ် လျှောက်လျှောက်သောက်တယ် ……….

  • blackchaw

    April 10, 2012 at 11:21 am

    ပြောဖို့ကျန်သွားတယ်ဗျာ။
    အရက်သောက်ပြီး ကဗျာရွတ်လို့
    ကဗျာကို စော်ကားတယ် မထင်စေချင်ပါဘူး။
    အဲဒီနေ့က ကဗျာလည်း ရွတ်ကြပါသေးတယ်။
    မော်ဒန်ကဗျာဆရာ ကမ်းကြီး က သူ့ရဲ့
    ကိုယ်တိုင်ရေး ကဗျာလေး တစ်ပုဒ်ကို ထန်တွေ မာန်တွေနဲ့
    ရွတ်သွားလိုက်တာများ
    ဝိုင်းတော်သားအားလုံး ငြိမ်ကျသွားစေပါတယ်။
    ပြီးတော့ လက်ခုတ်တွေ တဖြောင်းဖြောင်းတီးကြ။
    ကဗျာရွတ်သူကမ်းကြီး ကိုယ်တိုင်က လက်ခေါက်မှုတ်ပြီး
    ကဗျာရွတ်ခြင်းမှာ ပျော်မွေ့လို့။
    ကျွန်တော်က ကိုမင်းကိုနိုင်ရဲ့ မရှိခဏ ကဗျာကို
    မာန်တွေထန်တွေထည့်ပြီး တတ်သလောက်မှတ်သလောက်
    ရွတ်ဆိုပါတယ်။
    ပြီးသွားတော့ လက်ခုတ်တွေ တဖြောင်းဖြောင်းနဲ့
    ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်းဟာ ပိုအသက်ဝင်လာခဲ့။
    ရဲဘော် ဘလက်၊ ကိုမင်းကိုနိုင် ကဗျာကို ခံစားလို့မဝသေးလို့
    နောက်တစ်ခေါက်ထပ်ရွတ်ပြပါဆိုလို့
    ရွတ်ပြရပါသေးတယ်။
    ကိုကြီးမိုက်ဆိုတာ အဲဒီလို လူကြီးဗျ။
    နောက်ထပ် ကျွန်တော်ရွတ်ခဲ့တဲ့ ကဗျာက
    မြင်ကတည်း က ရင်ထဲက စွဲခဲ့တယ် မဏိစန္ဒာ ဆိုတဲ့
    အရိန္ဒမာသိပါတယ် ကဗျာ။
    မောင်စိန်ဝင်းကြီးရေးခဲ့တာပေါ့။
    နားထောင်လို့ ကောင်းမကောင်းတော့ မသိ။
    အားလုံးက လက်ခုတ်တီးပြီး မြှောက်ပေးကြတော့
    ကျွန်တော်လည်း ကျေနပ်လို့။
    ဆိုတော့
    ကျွန်တော်တို့ တတွေ တွေ့ဆုံခြင်းဟာ
    အရက်သောက်ခြင်း တစ်ခုတည်းအတွက်မဟုတ်ပါဘူး။
    အဲဒီထက် ပိုတဲ့ အဓိပ္ပါယ် တော့ ရှိနေသေးတယ်ဆိုတာ
    ပြောပြချင်တာပါ။
    ရွှေတိုက်စိုး က ဝိုင်ဝိုင်းရဲ့
    တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဆိုတဲ့
    သီချင်းကိုဆိုရင် အားလုံး သံပြိုင်လိုက်ဆိုလို့။
    သူရဇော်က ၈/၈၂ အင်းလျား ကိုဆိုတဲ့အခါ
    အားလုံးက သီဆိုနေမယ် မင်းဖို့ သီချင်းတွေ
    ဆိုပြီး လိုက်အော်လို့။
    ထူးထူးခြားခြား သတိပြုမိတာက
    ဂစ်တာတီးပြီး ဆိုနေတဲ့ သူရဇော် က
    သီဆိုနေမယ် မင်းဖို့ သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ
    ဆိုတဲ့ နေရာရောက်ရင်
    သီဆိုနေမယ် မင်းဖို့ သီချင်းတွေ တစ်ညလုံးပဲ ရှေ့က လမ်းမပေါ်မှာလေ လို့
    ဆိုတဲ့အသံကို ပီပီသသ ကြားတော့
    မွန်းအောင် ကြီး ဆိုခဲ့တဲ့ သီချင်းကို ဒီကလေးတွေ ကြားဘူးကြမယ် မဟုတ်ဘူး
    ဆိုတဲ့အတွေးနဲ့ ဘာကိုလွမ်းမှန်းမသိ ဘာကိုနှမြောမှန်းမသိ လွမ်းမိ နှမြောမိနေပြန်ပါတယ်။
    ကျွန်တော်ကတော့ ခေတ်ဆွေးအဘိုးကြီးဆိုတော့ ကိုသန်းနိုင်ရဲ့
    လေယဉ်ပျံလက်မှတ်ရပြီ ငပလီကို ဆိုတဲ့ သီချင်းနဲ့
    ကိုစိုးပိုင်ကြီးရဲ့ အချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာကို ဆိုပါတယ်။
    ကိုကြီးမိုက်ကြီးမျက်နှာမှာ ကျေကျေနပ်နပ်ကြီးနဲ့ ပြုံးပြုံးကြီးဖြစ်သွားတာ
    သတိပြုမိပါတယ်။ အော် သူ့ခေတ်က သီချင်းတွေကိုး နော့။
    ဆိုတော့
    ရန်ကုန်ကကောင်တွေကွာ
    အရက်လေး တစ်ခါ စုသောက်ကြပါတယ်
    ရေးလိုက်တာမပြီးတော့ဘူး လို့တော့ မထင်ကြပါနဲ့ ခင်ဗျာ။
    မျှဝေခံစားတယ်လို့ မှတ်ပေးပါ။
    :mrgreen:

  • Khaing Khaing

    April 10, 2012 at 11:45 am

    လေးဘလက် တူရက အဲဒါမီးကိုစောင်းဆိုတာ မီးမပါလို့ သူကစောင့်နေမယ်လို့ကြောတာနေမှာ ……. အမလေး မနာလိုလိုက်တာနော် ….တူတို့တွေ ပျော်နေကြတယ် …….

Leave a Reply