အမှတ်တူ မိတ်ဆွေစစ်သူ

နာမ်နှိမ်ခံရတဲ့ ဘဝအတွက်

အခြွေအရံတွေ သွေးဆုံးသွားခဲ့သော်…

အစစ်အမှန်က အနှစ်ကျန်ရစ်လိမ့်မယ်

အလုံးစုံကိစ္စ ဆောင်ရွက်ပြီးစေတဲ့

မိတ်ဆွေစစ်ဆိုသော…အရာ

အမာရွတ်သစ္စာမို့ ပိုထင်းတယ်…

မတူညီသောမွေးရပ် တူညီသောသွေးသား

ကိုယ့်လက်သည်း ဆိတ်ခံရရင်

သူ့လက်သည်းနာတယ် ပြောတတ်တဲ့သူ…

ကိုယ်ကလည်းဆိုမယ်….

မေတ္တာက နှစ်ဖက်လွှမြှားထိပ်

အရှိန်တစ်ခုတည်းမှာ….

လေထုဖြတ်နှုန်း ထပ်တူနဲ့

ပန္နက်ရိုက် ဆုံမှတ်တွေကြား

ပစ်မှတ်တွေ နှစ်နားညီတယ်….။ ။

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • ဗိုက်ကလေး

    April 10, 2012 at 12:12 pm

    ကဗျာလေး ကောင်းတော့ ဘယ်ဒေါင့်ကဝင်ပြီး အာချောင်ရမှန်းမသိအောင်ပါပဲ..အဲတာ..
    အားပေးမဲ့လူမရှိဘူးထင်ပြီး ဆက်မရေးမှာချိုးလို ့ တစ်ဆယ်ဝင်ယူ..အဲလေ..အားပေးသွားပါတယ်ခင်ဂျ

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 8:20 pm

      ဖတ်သူရှိရင် ရေးသူရှိမှာပေါ့ဗျာ
      ကောင်းမကောင်း ကဗျာရေးသူက ဆုံးဖြတ်လို့ မရဘူး
      ဖတ်သူကသာ ဆုံးဖြတ်ရတာ
      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
      ကိုဗိုက်ကလေးရာ

  • Gipsy

    April 10, 2012 at 12:26 pm

    အခန်းကျဉ်းလေးထဲ
    ပြန့်ကျဲနေတဲ့ ဟမ်းဖုံး အစိတ်အပိုင်းများ
    ကော်ဖီတစ်ခွက်နဲ့ စီးကရက် တစ်လိပ်
    ထောင့်တစ်နေရာမှာ ခွေခေါက်မှီခိုနေရင်း
    အဟိ .. သများလဲ တစ်ချယ်…အဲလေ…
    တွေးနေမိတာ…..။

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 8:22 pm

      သွပ်ပြားကြေညာတယ် ထင်ပေါ့
      နောက်ဆုံး စာကြောင်းမှာ
      အဟိ

  • Aung Myae

    April 11, 2012 at 8:53 pm

    ကဲ…
    ဘာပဲပြောပြော ၁ဝ ရတယ်ကွ…:D

    • စေပိုင်ထွဋ် (ပုသိမ်)

      April 12, 2012 at 8:28 pm

      ဟုတ်ကဲ့
      ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်

Leave a Reply