…http:www.myanmarupdates.com/link/frame?cat-id=1&url=feedproxy.google.com/~r/thithtoolwin/yIWv/~3/Lim96OwJQv8/7day-news-html…

မေလ(၁၀)ရက်နေစွဲပါ၊ 7Day News Journal မှာပါရှိလာတဲ့ သိန်း(၁၀၀)ရှိရင် ၂၀၀၇ အထက်မော်ဒယ်ရှိအိမ်စီး ၁၃၅၀စီစီ ကားများကို ပါမစ်မလိုပဲ တင်သွင်းလို့ရပါပြီဟုဖေါ်ပြထားသည်ကို သစ်ထူးလွင်ဆိုဒ်မှဖတ်ရှုမိ၍ ပြန်လည်မျှဝေလိုက်ပါသည်။

အမှန်တစ်ကယ်သာ သာမာန်လူတန်းစားတွေ သိန်း(၁၀၀)နဲ့ ၂၀၀၇မော်ဒယ်အထက်ကားတွေစီးနိုင်ပီဆိုရင်တော့ ၀မ်းသာစရာပါပဲဗျို့…

လူတိုင်းကားစီးနိုင်မယ့်အခွင့်အရေးတွေရှိလာနိုင်ပီပေါ့…ဆိပ်ကမ်းအရောက် us$5000 တန်ကို က.ည.နအခွန်အပြီးအစီး သိန်း(၁၀၀)၀န်းကျင်ပဲကျမယ်ဆိုတော့…တစ်ကယ်ပဲလားမောင်တို့ရယ်…တစ်ကယ်ပါပဲဆိုရင်တော့ တရုတ်ပြည်က ချယ်ရီဝါဂွန်တွေ၊ကုလားပြည်က တာတာ တွေ၊နားပြီးပေါ့နော်…

အဲ…အဲ..နောက်ပြီးတော့ ကားတွေများလာတော့ လမ်းတွေကျပ်ပြီပေါ့နော်…ကားထားစရာနေရာတွေ(Car Parking)စနစ်တစ်ကျရှိဖို့လိုပြီပေါ့နော်…မဟုတ်ရင်တော့ ယာဉ်ကျောပိတ်ဆို့မူတွေတိုးလာပြီး သွားရေးလာရေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။မြို့နယ်တိုင်းမှာ Free Parking နဲ့ Pay Parking တွေကို စနစ်တစ်ကျစီမံဖို့အထူးလိုအပ်ပါလိမ့်မယ်။မြို့လည်ခေါင်က ကန်ထရိုက်တိုက်တွေမှာနေသူတွေရဲ့ ကားတွေကို Parking Zone ခွဲထားပြီး၊စီမံသင့်တယ်လို့မြင်ပါတယ်။

ယခုအခြေအနေအတိုင်း မှန်ကန်ပါတယ်ဆိုရင်တော့ လူလပ်တန်းစားများ ကားကောင်းစီးနိုင်တော့မယ့်အခွင့်အရေးပါပဲ။အိမ်ထောင်စုအလိုက် ကားအရေအတွက်ကိုလည်း ကန်ုသပ်ဖို့လိုအပ်ပါမည်။

ဂျီပွန်မှာတော့ ကားအဟောင်းလေလံတွေတက်သွားပြီတဲ့…ဩော်…အနိစ္စ၊အနိစ္စ၊အနိစ္စ

အေးချမ်းသာယာမည်…ဟေ့…နါဂါးနီတစ်ဂိုးနဲ့…လူတိုင်း ပါရာဒို စီးနိုင်မည်။

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..