စင်ကာပူမှာ အိမ်ဖေါ် အလုပ်လာလုပ်နေကြတဲ့ မိန်းကလေး အများစု က တော်တော် သနားဖို့ ကောင်းပါတယ်။ လစာလေး ၃၅ဝ ၊ ၄၀ဝ လောက် ပဲရကြပြီး ကိုယ်နဲ့ ဓလေ့ စရိုက် မတူ၊ နေထိုင်စားသောက်မှု မတူတဲ့ လူမျိုးခြား အိမ်ကြီးရှင် တွေရဲ့ မျက် နှာ ကို ကြည့် ပြီး သူများစိတ်တိုင်းကျ ထားရာနေ၊ ကြွေးတာစား၊ ခိုင်းတာလုပ် နဲ့ ကိုယ့် ကိုယ် ကို မပိုင်တဲ့ ဘဝမျိုးပါ။
ဒါပေမယ့် ကျမ အခု ရေး မယ့် ကောင်မလေးကတော့ ရိုက် ချင်စရာကောင်း ပါတယ်။ ကျမပြောတာ လွန်သလား၊ မလွန်ဘူးလား ဆိုတာ ဆက်သာ ဖတ်ကြည့် ပါတော့။
တနေ့ ကျမတို့နဲ့ မောင်နှမတွေလို ခင်နေတဲ့ မင်းမင်း ဆိုတဲ့ ကောင်လေး နဲ့ ကျမတို့ မိသားစု ဆိုင်တဆိုင် မှာ ထိုင် နေတုန်း မင်းမင်း ရဲ ့ သူငယ်ချင်း တယောက် ရောက်လာပါတယ်။ သူတယောက် တည်း တော့ မဟုတ်ပါဘူး၊ ကောင်မလေး တယောက်လည်း ပါလာပါတယ်။ ကောင် မလေး ကို ကြည့် လိုက် တာနဲ့ အိမ်ဖေါ် မှန်း ကျမက တန်းသိပါတယ်။ ( ကျမက မြန်မာ မိန်းကလေးတွေ ကို မြင် ရုံနဲ့ အိမ်ဖေါ်၊ ကျောင်းသူ၊ S pass ,EP နဲ့ အလုပ်လုပ်တဲ့ သူ၊ အလုပ်မလုပ် တဲ့ အိမ်ရှင် မ စသည်ဖြင့်ခွဲ ခြား တတ်ပြီး အများအားဖြင့် မှန်တတ်ပါတယ်)
မင်းမင်း က သူ့ သူငယ်ချင်းနဲ့ စကားပြောနေ သလို သားသား တို့သားအဖ ကလည်း စားစရာတွေနဲ့ အလုပ်ရှုပ်နေတော့   ကောင်မလေး ကြောင်နေမှာ စိုးလို့ ကျမပဲ သူ့ ကို စကားတွေ စပြောဖြစ်တယ်။ စကားပြောတာ နဲနဲ ဝဲပြီး တော်တော် သွက်သွက် လက်လက် ရှိတာ သတိထားမိတယ်။ ခဏနေ သူတို့ ထပြန်တော့မင်းမင်း က “ဟေ့ကောင် မင်းတို့ကြည့် ကျက် လည်းလုပ် အုံး ၊ တော်ကြာ သတင်းစာထဲ ပါလာမှ ကျော်မကောင်း ကြားမကောင်း ဖြစ်နေအုံးမယ်” လို့ ပြောလိုက် တော့ သူ့ သူငယ်ချင်းကမျက်နှာ စပ်ဖြဲဖြဲ နဲ့ “အေးဆေးပါကွာ” လို့ ပြန် ပြော သွားတာကြားလိုက် ပါတယ်။
မစပ်စု ကျမလည်း “ ဟဲ့ ဘာတွေ ကျော်မကောင်း ကြားမကောင်း ဖြစ် စရာရှိလို့ လဲ “လို့ မေးလိုက် တော့ ဘယ်အချိန် ထဲက ပြောချင် နေမှန်းမသိတဲ့ မင်းမင်း က “အမရာ ဒီကောင်တွေ လုပ်ပေါက် က မလွယ်ဘူး “ လို့ အစချီပြီး ပြောပြ လို့ သိခဲ့ ရတဲ့ အဖြစ်မှန် ပါ။
အခု ပြန် သွားတဲ့ မင်းမင်း သူငယ်ချင်းက လူပြိုကြီးပါ။ ( လူပျိူကြီးမဟုတ်) ။ ထောက်ပံ့ ရမဲ့ မိသားစု မရှိသလို၊ မိဘ ကလည်း စားနိုင် သောက်နိုင် ဆိုတော့ ကိုယ့် ပိုက်ဆံ ကိုယ် သုံး ရုံပါပဲ။ အဲ ဒီတော့ခက်ပွေ ပွေ ရှုပ်ရှုပ်ပေါ့၊ S pass ,EP နဲ့ အလုပ်လုပ်တဲ့ မိန်းကလေး တွေ ကျတော့ ၁ယောက် ကနေ ၂ယောက် တပြိုင် တည်း တွဲရင် ပြသနာ ရှာတတ် တော့ သူက အိမ် ဖေါ် မိန်းကလေးတွေ နဲ့ ပဲ တွဲ လေ့ ရှိပါသတဲ့။
အိမ် ဖေါ် မိန်းကလေးတွေ က အပတ်တိုင်း ထွက်ခွင့် မရပဲ တချို့ က ၂ပတ် ၁ ရက်၊ တချို့ က ၁လမှ ၁ရက် ပဲ ထွက်ခွင့် ရပါတယ်။ ဒီတော့ အဲဒီလူ က သူ အလုပ် ပိတ်ရက် တနင်္ဂနွေ ဆိုရင် အဲဒီနေ့ အပြင် ထွက်ခွင့် ရတဲ့ မိန်းကလေးတယောက် နဲ့ ချိန်းပြီး အပြင်ထွက်   လျှောက်လည်၊ စားသောက်၊ မိန်းကလေး လိုချင် တာလေး နည်းနည်းပါးပါး ဝယ်ပေး၊ ပြီးရင် သူ့ အခန်း ကို ခေါ်လာ ၊ အခန်းဖေါ် ကို ခဏ   ရှောင်ခိုင်း ပြီး  ဘာညာ ဘာညာ ပေါ့။ တကယ်တော့  အခန်းဖေါ် ဆိုတာလည်း သက်သက် ရှောင်ခိုင်း စရာတောင် မလိုပါဘူး၊ ယောက်ျားလေးတွေ က ပိတ်ရက်ဆို အိမ်မှ မကပ်တာ။
ဒီလို နေနေရာ    ကနေ ခု ကောင်မလေးနဲ့ ကျတော့ ပုံစံ တမျိုး ပြောင်း သွားပါ သတဲ့။ ကောင်မလေးက သွက်သွက် လက်လက်ချက်ချက်ချာချာ ရှိတဲ့ အပြင် E လိုလည်း နည်းနည်းပါးပါး ပြောတတ်တော့ အိမ်ရှင် တွေ က သဘောကျ ပြီး အစစ ယုံကြည် မျက်နှာ လွှဲပါသတဲ့။ ယုံကြည်မှု ကို အလွဲ သုံးစားလုပ်တဲ့ ကောင်မလေးက အိမ်ရှင် မိသားစု ၁ပတ် ၊ ၁ဝရက် ခရီး သွားတဲ့ အခါ မျိုးမှာ သူ့ဘဲ ၊ မင်းမင်း သူငယ်ချင်း ကို အိမ်ပေါ်ခေါ်တင် ထားပါသတဲ့။ facility အပြည့် နဲ့ ကွန်ဒို အိမ်ခန်း ကြီးမှာ အိမ်ရှင် မိသားစု ပြန်မလာမချင်း ညားကာစ ဇနီးမောင်နှံ တွေ အလား မိုးမမြင် လေမမြင် ပျော် ရွှင်စွာ နေထိုင် ကြပါသတဲ့။
အိမ်ရှင်တွေ ပြန်လာတော့လည်း သူတို့ အရှိန် သူတို့ မသတ်နိုင် ပဲ ညဘက် အိမ်ရှင်တွေ အိပ် ပျော် ပြီဆို ကောင် မလေးက ငပွေ ကောင် ကို ဖုန်းဆတ် ခေါ် ပြီး သူ့ အခန်းမှာ သိပ်ပြီး မနက် အိမ်ရှင်တွေ မနိုးခင် ထပြန်ခိုင်း ပါသတဲ့။ ဒီကောင် အဲလို လုပ် နေတာ သိတဲ့ မင်းမင်း တို့ သူငယ်ချင်းတွေ က တားကြပေမယ့် မွှန် နေတဲ့ ကောင် ကို ဘယ်လိုမှ ပြောမရ ပါဘူးတဲ့။
“အချိန်မတော် ဒီကောင ်အိမ်ထဲရောက် နေတာ အိမ် ရှင် တွေ့သွားရင် ရဲစခန်း    ပို့ မှာ ကျိန်းသေတယ်   အမရဲ့ ၊ ကျတော် တို့ မြန်မာတွေ ကို ဆို နဂိုကမှ နှိမ်ချင် ကြတဲ့ ကြားထဲ ဒီကောင် တွေ လုပ်ပေါက် က မဟုတ်သေးဘူး “ လို့ မင်းမင်းက ဆက်ပြောပါတယ်။
ကဲ ကျမ ပြောပါရောလား ။ ရိုက်ချင် စရာ မကောင်း ပေဘူးလား။ ရွာသူားတို့ ကော ကိုယ့် အိမ်မှာ ခေါ်ထားတဲ့ အိမ်ဖေါ် မိန်းကလေး က ကိုယ် တွေမရှိတဲ့ အချိန် သူ့ဘဲ ကို အိမ်ပေါ် ခေါ်တင် ထားရင် ၊ ညဘက်တွေ မှာ သူခိုးလမ်းပြ လုပ်ပြီး လူစိမ်း ကို အိမ်ထဲ ခေါ်သွင်း ထားတာ သိခဲ့ ရင် ဘယ်လိုလုပ်မလဲ။ အသာတကြည် ခွင့် လွှတ် နိုင်လောက်အောင် သဘောထား ကြီးတဲ့ သူတော့ မရှိ လောက်ဘူးထင်တယ်။
နိုင်ငံရပ်ခြားမှာ နေထိုင် လုပ်ကိုင် နေတဲ့ သူတွေက ပိုပြီး ဆင်ခြင် သင့်ပါတယ်။ ကိုယ့် လုပ်ရပ်က ကိုယ့် နိုင် ငံကို ကိုယ် စားပြု နေပါတယ်။ မြန်မာတွေ က ဒီ လိုတွေ ပဲ လို့ အပြောမခံရအောင် ၊ ငါးခုံးမ တကောင်ကြောင့် တလှေ လုံး မပုပ်ရအောင် ဆင်ခြင် ရမဲ့ အချိန်မှာ သူတို့ လုပ်ရပ် ကိုတော့ရှုံ့ ချ မိပါတယ်။
အဲဒီနေ့ ကသူတို့ ဇာတ်လမ်း ကို နောက်မှ သိလိုက် တာနာတာပဲ၊ ကြိုသာသိထား ရင် သူတို့ ပုံတွေ ဓါတ် ပုံ ရိုက်ယူထား လိုက် ပြီး သူတို့မိဘ ဆွေ မျိုး တွေ တွေ့ ပြီး ဆုံးမ လို့ ရအာင်လို့ တခါ တည်း  တင်လိုက်ချင် ပါတယ်။

About မိုခ်ိဳ

မို co has written 41 post in this Website..