တိုင်းပြည်နဲ့ အဝှမ်း ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားသံတွေ ညံနေတဲ့ အချိန်မှာ နေပြည်တော်ခရိုင်ထဲမှာပါနေတဲ့ တပ်ကုန်းမြို့က အ-ထ-က (၁) ကတော့ လုံးဝ အချိုးမပြောင်းသေးပါ…။ ကျောင်းဖွင့်ဖို့တစ်လအလိုမှာ ကျောင်းပြောင်းလက်မှတ်လာတောင်းနေသူတွေဆီက အလှူငွေ ဆိုပြီး ရသမျှ ရိုက်ခွာနေပါတယ်….။ ကျောင်းပြောင်းလက်မှတ်က ဘာအတွက်လာတောင်းတာလဲ ….။ ရိုးရိုးကျောင်းပြောင်းမှာလား…။ ဘော်ဒါထားမှာလားလို့ မေးပြီး ဘော်ဒါ သွားထားမှာဆိုရင် အလှူငွေ တစ်သောင်းခွ ဲ သွင်းခဲ့ပါလို့ ပြောတယ်…။ မိဘက အလုပ်ပြောင်းရလို့ ဒါမှမဟုတ် ကျောင်းထားပေးနိုင်တဲ့ တစ်ယောက်ယောက်ဆီကို ပြောင်းတာ ဒီကျောင်းကပြောင်းပြီး အခြားအစိုးရကျောင်းကိုပဲ ပြန်အပ်မှာ ဆိုရင်တော့ ငါးထောင်တောင်းနေပါတယ်…။ မနေ့က ကိုးတန်းကျောင်းသားတစ်ယောက် အတွက် ကျောင်းပြောင်းလက်မှတ်သွားယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးက ပြန်ပြောခဲ့တာပါ….။ ဒါနဲ့ မသေချာလို့ အဲဒိ ကျောင်းက စာရေးမကို မေးကြည့်တော့လည်း ဟုတ်မှန်ကြောင်းပြောပါတယ်…။ အလှူငွေ မခံပဲ ဘာနဲ့ သွားပြီးရပ်တည်ရမလဲလို့ တောင်ပြန်မေးနေပါသေးတယ်…။ သူတို့က သ်ိန်း သုံးလေးဆယ် အကုန်ခံပြီးဘော်ဒါသွားထားမှာ…။ ဒီအတန်းထိရောက်အောင်သင်ပေးခဲ့တဲ့ ကျောင်းကို ပိုက်ဆံလေး တစ်သောင်းခွဲလောက်တောင် မသထာတော့ဘူးလားလို့ ပြန်ပြောတာနာခံလိုက်ရတဲ့ အခါ…………………. မိတ်ဆွေ တို့ကော ဒီကိစ္စနဲ့ ပါတ်သက်လို့ ဘာများပြောချင်ပါသေးသလဲ….။ နေဝန်းနီကတော့ အော် သူတို့ တစ်တွေ ခုချိန်ထိ မြွေမကြောက် -ကင်းမေကြာက်ရှိပါသေးလားလို့ တွေးမိယုံမှတစ်ပါး………………
အော်မေ့တောမလို့ ယင်း ကျောင်းမှာ ကျောင်းသားအဝင် ကိုလည်း ငွေကြေး အလှူငွေ အမြင့်ဆုံး သွင်းနိုင်မှ လက်ခံတဲ့ကျောင်းဖြစ်ပါတယ်…။ ဥပမာ ရပ်ကွက်ကျောင်း ကျေးရွာကျောင်းက မူလတန်းအောင်လို့ ငါးတန်းတက်ဖို့ လာအပ်တဲ့ ကလေးတွေထဲက ငွေကြေးတတ်နိုင်သူတွေသာ ဒီ အ-ထ-က (၁) မှာ ပညာသင်ခွင့်ရကြပါတယ်…။ နို့ မဟုတ်လို့ကတော့ အခြား အလယ်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ဖြစ် အခြားအထက်တန်းကျောင်းမှာဖြစ်ဖြစ် သွားရောက် တက်ကြရပါတယ်…။ တစ်ဆက်ထဲ ဆက်ဖွရရင်တော့ ကြိုးဖုန်းလျှောက်လွှာ ကျရင် အဲဒိ ကျောင်းကိုအလှူငွေ တစ်သိန်း သွင်းရတယ်လို့ ဆိုပါတယ်….။
နေဝန်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010