1 လွိုင်ကော်သွားတဲ့လမ်းမှာမြင်ရတဲ့ လှပသောကျောက်ဆောင်

2ထွန်ယက်စလယ်ကွင်းများကြားက တောင်တန်း

3 ကျောက်ဆောင်တန်းအဆုံးနဲ့ အဝေးမှာမြင်နေရတဲ့တောင်တန်း

4 ဟိုးအဝေးမှာမြင်ရတဲ့...............တောင်ထွဋ်နဲ့တိမ်တောင်

5 စိမ်းညိုသောတောင်တန်းနဲ့ပြာလွင်သောကောင်းကင် အလှ

 

6 ဒီလမ်းကလေးအတိုင်းသွားရင် လွိုင်ကော်ကိုရောက်တယ်

 

7 အဝေးကိုမြင်နေရတဲ့ လွင်ပြင်ကျယ်နဲ့တောင်တန်း

 

8မီးရထားက တစ်ထက်တစ်စ ပိုမြင်လာရတယ်

9 ရထားကြီးကို အနီးစပ်ဆုံးမြင်ရတာပါ

 

10 လှပသောလမ်းကွေ့ကလေး...................အဝေးမှာတောင်စွယ်

11 တောင်စဉ်တောင်တန်းတွေအထပ်ထပ်နဲ့မြင်ကွင်း ဆောင်းဆိုရင်ပိုလှမယ်ထင်ပါတယ်

12 မြင်ကွင်းကတော့ခပ်ဆင်ဆင်ပါဘဲ

13 လှပသောလမ်းကွေ့ကလေး....................

 

4လှပသော တိမ်ပြာကောင်းကင်အောက်က လွင်ပြင် မြင်ရတာ စိတ်တွေကြည်လင်သွားပါတယ်

 

5 တိ်မ်ဖြုပြာအောက်ကလွင်ပြင်

 

 

16ဘယ်သူတွေပူပူ သူကတော့အေးဆေးဘဲ

17လှပသော သဘာဝကျောက်ဆောင် နိုင်ငံခြားကျနေတာဘဲ

 

18 လွမ်းဘွယ်လမ်းကလေး

19 မြင်းမထိ ဂူအဝင်စက ဘုရားလေးတွေကို မြင်နေရပြိဗျိုး

 

“မြင်းမထိသို့အသွား………………………………….”

 

ဟိုတစ်ခါတောင်ပိုင်းရှမ်းပြည်ကိုရောက်တဲ့အခါ လွိုင်ကော်ကို ဆက်သွားဖြစ်ပါတယ်။

အဲဒီတုန်းက ကလောကနေလမ်းခွဲမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားပါတယ်။

“မြင်းမထိသဘာဝလှိုဏ်ဂူ တော်သို့ ………………..လေးမိုင်”

ကျနော် လွိုင်ကော်ကို သွားတဲ့အခါ လမ်းခွဲကနေဝင်လို့ သိပ်မကြာခင်မှာ မြင်းမထိလှိုဏ်ဂူတော်နားကနေ

ကားဖြတ်သွားရပါတယ်။

ဒါပေမယ့် အဲဒီတစ်ခေါက်က ဖူးခွင့်မကြုံလိုက်ပါဘူး။

 

အခု2012 မှာ နောက်တကြိမ်ရောက်တော့ မြင်းမထိကိုရောက်အောင်သွားမယ်ဆုံးဖြတ်ထားပါတယ်။

အဲဒါနဲ့ကလောကို ဆိုင်ကယ်ငှားသွားတဲ့နေ့မှာတော့ မြင်းမထိကို ခရီးဆက်ခဲ့ကြပါတယ်။

တကယ်တော့ လွိုင်ကော်လမ်းအစကတော့ လွင်ပြင်နဲ့တောင်ကုန်းရောနေတဲ့အနေအထားပါဘဲ.။

အရင်တစ်ခေါက်ကတော့ စက်တင်ဘာလထဲမှာဆိုတော့ မိုးရေသောက်လို့ဝနေတဲ့အပင်တွေက

စိမ်းစိုစို.။

စိုက်ပျိုးထားတဲ့ယာခင်းတွေကလဲ စိမ်းစိုစို။

အခုတစ်ခေါက်မှာနွေရာသီဆိုတော့ ထွန်ယက်စလယ်ကွက်တွေက နီညိုညို။

ဒါပေမယ့် မြင်ကွင်းတွေက တကယ်လှပပါတယ်။

ကျောက်ဆောင်ကြီးတွေ့တော့ ဆင်းဓါတ်ပုံရိုက်။

လမ်းအကွေ့လေးတွေလှတာတွေ့တော့ ဓါတ်ပုံရိုက်။

ရိုက်လို့ကိုမဝနိုင်အောင်ပါဘဲ။

လမ်းကတော့ အကွေ့အကောက်များလှပါတယ်။

တောင်ပေါ်အမြင့်ပိုင်းကို တက်သွားတော့ လမ်းကအမြင့်ပိုင်းရောက်တော့ အောက်မှာချိုင့်ဝှမ်း။

လမ်းမှာတော့ ဆိုင်ကယ်တစ်စီးတစ်လေတွေ့တာက လွဲရင် အသွားအလာနည်းပါတယ်။

ဝန်ထုပ်ဝန်ပိုးတွေနဲ့သွားတဲ့ဆိုင်ကယ်တွေများပါတယ်။

လမ်းမှာ ရွာမရှိ ဖြတ်သွားဖြတ်လာမရှိ  ဆူညံသံမရှိ ပကတိတိတ်ဆိတ်သောနေရာလေးပါ။

စိတ်ထဲမှာငြိမ်းချမ်းမူ့တော့ အတော်လေးရလိုက်ပါတယ်။

 

သွားရင်းနဲ့လွင်ပြင်ကျယ်ကြီးတွေ့လိုက်တော့ မြင်းမထိဂူသွားတာ ဟုတ်ပါ့မလားလို့သံသယဝင်မိပါတယ်။

နောက်ဖြတ်သွားတဲ့ဆိုင်ကယ်တစ်စီးကို မေးတော့မှ သိပ်မကြာခင်ရောက်တော့မယ်ဆိုတာသိရပါတယ်။

သိပ်မကြာခင်မှာဘဲ မိူင်းညို့နေတဲ့တောင်ကုန်းလေးနဲ့အတူ စေတီလေးတွေကိုဖူးမြင်ရတော့မှ

မြင်းမထိကိုရောက်ပြီဆိုတာ သိလိုက်ရပါတယ်။

 

ပြန်လာမှတွေးမိတာ လမ်းမှာများ ဆိုင်ကယ်ပျက်ရင် ဆိုင်ကယ်ဘီးပေါက်ရင်တော့

ကူသူကယ်သူမရှိ ဖုန်းလို်င်းမမိ ရွာအဆက်မရှိတဲ့နေရာမှာ…………………………………

တော်သေး၏ ဘာမှမဖြစ်ဘဲချောချောမောမောရောက်ခဲ့လို့ပေါ့

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(26-5-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။