ဒီကောင် ကြောင်ဝတုတ်… ကိုယ့်ဟာကို ၀တ္တုဆက်မရေးပဲ…

ရူးကြောင်ကြောင်ထပြီး စိတ်ပေါက်ရာနောက် ကောက်ကောက်လိုက်တယ်လို့ ဆိုချင်ဆို…

ကြိုပြီးတောင်းပန်ထားချင်တာကတော့ စိတ်နောက်နောက်နဲ့ပြောတဲ့စကား အမှားတစ်ထောင်ဆိုတော့ မှားရင်လဲ မလိမ်မိုး မလိမ်မာလေးမို့ ခွင့်လွှတ်ကြပါတော့ဗျာ…

ကဲ… စပြောရရင်… ဟိုလူသဂျီး…

အစကိုဆွဲထုတ်စေချင်ပေမယ့်… ဘယ်သူမှထုတ်တာမတွေ့ရတော့ ကျုပ်မှာ အိပ်မပျော်နိုင်…

အစဆွဲထုတ်မယ်လို့ စဉ်းစားပြန်တော့ မပြည့်ဝတဲ့ဗဟုသုတနဲ့ တစ်ထွာတစ်မိုက်ဦးနှောက်က မလိုက်နိုင်…

အဲဒီတော့ သဂျီးဆိုတဲ့လူပြောတဲ့စကား ပြန်စဉ်းစားရအောင်လေ… ဘာတဲ့…

 

စနစ်ကြောင့်မဟုတ်ဘူး…” သူကဘာကိုဆိုလိုချင်မှန်းသေချာမသိ… ဒါပေသည့် သဂျီးရယ်လို့ရာထူးကို ကိုယ့်ဟာကိုယ်ယူထားမှတော့ ကြယ်လေးလုံးတစ်ဦးတည်းပိုင်ဆိုင်ထားမှဖြင့် ပေါက်လွှတ်ပဲစားဖြင့် မပြောနိုင်ကောင်းရဲ့ဆို မီရာအတွေးနဲ့စဉ်းစားကြည့်တော့… သူပြောလိုက်တိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်မှုဟာကွက် တွေနဲ့ပတ်သက်တိုင်း ဒင်းကဒီစကားပြောလေ့ရှိတယ်…

ဟုတ်ပါပြီ… ဒါဆို နိုင်ငံတော်ရဲ့စနစ်က မှားခဲ့လား… မမှားခဲ့ဘူးလားပြန်ကြည့်ဖို့လိုလာပြန်ရော…

ယနေအချိန်အထိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ဆက်ပြောင်းခဲ့တယ်ပေါ့

ပထမဆုံး အခြေခံဥပဒေကို ၁၉၄၇ ခုနှစ်မှာစပြီးကျင့်သုံးခဲ့တယ်လို့ မှတ်သားမိပြန်ရော…

အဲဒီ ၁၉၄၇ အခြေခံဥပဒေကိုဖြင့် လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့ပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးရတော့ အဲဒီဥပဒေကိုပဲ ၁၉၇၄ အထိ သုံးခဲ့တယ်… ဖယ်ဒရယ်မူကိုအခြေခံတဲ့ဥပဒေ… အဲဒီထဲမှာပါခဲ့တာက အဓိက ပြည်နယ်ကြီးတွေဖြစ်ခဲ့တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ ကယန်းနီ (ကယားဟုထင်) နဲ့ ချင်းတောင်တန်းဒေသတွေဟာ လွတ်လပ်ရေးရပြီး (၁၀)နှစ်နေတဲ့အချိန်မှာ ခွဲထွက်ခွင့်ရှိတယ်လို့ပါတယ်…

အဲဒီခွဲထွက်ခွင့်ကိုက အပြစ်ရှာစရာဖြစ်ပြီး နိုင်ငံတော်မပြိုကွဲရေးအတွက် ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေအသစ်နဲ့ နိုင်ငံတော်ကို ဦးနေ၀င်းအစိုးရက အုပ်ချုပ်ခဲ့တယ်…

အဲဒီအကြောင်းကို ကျွန်တော်သိသလောက်ပြောရမယ်ဆိုရင်ဖြင့် ပြည်နယ်၊ တိုင်းတွေထပ်ခွဲလိုက်တယ်… အခု ကျွန်တော်တို့သိနေတယ်… တိုင်းနဲ့ပြည်နယ် (၁၄)ခုဖြစ်သွားတယ်… နောက်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရတော့ပဲ အစိုးရကပဲ ဗဟိုအုပ်ချုပ်မှုပုံစံပြောင်းခဲ့တယ်လို့ သိရပါတယ်… အဲဒီထက်ပိုပြီးနက်နဲတဲ့အကြောင်း တွေတော့ရှိဦးမှာပါ… ဒါပေမယ့် အုပ်ချုပ်မှုစနစ်နဲ့ တည်ဆဲဥပဒေတွေကို ၁၉၄၇ကအတိုင်း တော်တော်များများ ထားခဲ့ပြီး အုပ်ချုပ်မှုပုံစံကိုပဲ ပြင်ဆင်ခဲ့တာပါ… ဘာကြောင့်ပြောနိုင်လဲဆိုရင် တချို့ဥပဒေစာအုပ်တွေဟာ အင်္ဂလိပ်လိုရေးထားတဲ့ ဥပဒေအဟောင်းတွေအနေနဲ့ပဲရှိနေသေးလို့ပါပဲ…

၂၀၀၈ ခုနှစ်ရောက်တော့ ဖယ်ဒရယ်ကိုအခြေခံပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ပြန်လည်ပေးပြီး ယခုကျင့်သုံးနေတဲ့ တတိယမြောက်အခြေခံဥပဒေပါပဲ… ဥပဒေတစ်ချို့ကို ပြင်ဆင်ပြီး ခေတ်နဲ့အညီပြုပြင်ခဲ့ပေးမယ့်… ၁၉၄၇ ခုနှစ်က အင်္ဂလိပ်အစိုးရနဲ့ ပူးပေါင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေနဲ့ အခြေခံသဘောတရားတူပြီး… ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံပါဆိုတဲ့ အမေရိကန်နိုင်ငံရဲ့စနစ်နဲ့လဲ အခြေခံတူတဲ့ ဥပဒေဖြစ်ခဲ့ပါတယ်…

ဒါဆိုရင် သဂျီးဆိုတဲ့လူပြောပြောနေတဲ့ စနစ်ကြောင့်မဟုတ်ဘူးဆိုတာ အဲဒါပဲလား…

ကျွန်တော်တို့ ကျင့်သုံးနေတဲ့စနစ်က မှန်တယ်ပေါ့… ဒါဆိုရင် စနစ်ကိုအကောင်အထည်ဖော်ပြီး လက်ကိုင်သုံးနေရတဲ့လူတွေကပဲ မှားနေတာလား… ကောင်းတဲ့စနစ်ကို အလွဲသုံးစားလုပ်ပြီး မကောင်းအောင် လုပ်နေတာလား… ဒါ့အပြင် စနစ်ကိုမသိလို့ လက်လွတ်စပယ်လုပ်လိုက်မိတာလား…

ဒါဆိုရင်ဖြင့် ကျွန်တော်တို့မှာ ကောင်းတဲ့စနစ်တစ်ခုရှိပြီးသားပါ… ခေတ်နဲ့မညီတာတော့ရှိမှာပဲလေ… ပြင်စရာရှိတာပြင်ရမယ်… တိုးတက်အောင်ပြုပြင်ရမယ်… ဒါကတော့ ဥပဒေပြုခွင့် ပြင်ခွင့်ရသူတို့ဘက်ကလုပ်ရမှာပါ… ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ စနစ်ကောင်းရဲ့ထီးအောက်ကို ၀င်ဖို့ကြိုးစားရမယ်…

ဥပမာ အခုဖြစ်နေတဲ့ စစ်တွေက ရဲစခန်းရှေ့မှာ ဆန္ဒပြတဲ့အကြောင်းပါ…

မိန်းခလေးတစ်ယောက်ကို မုဒိမ်းကျင့်ပြီး အသတ်ခံရလို့ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ရဲစခန်းကိုရောက်လာ ဆန္ဒပြကြရာက စတယ်လို့သိရပါတယ်… တစ်လက်စထဲ ဒီပြသနာဘာလို့ကြီးသွားရလဲဆိုတော့ တရားခံက အန္ဒိယနွယ်ဖွားတွေဖြစ်နေလို့ပါပဲ… တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့အမှုဆိုရင် အဲဒီလောက်ပြသနာကြီးမှာ မဟုတ်ပါဘူး… မုဒိမ်းမှုဆိုတာ ဖြစ်နေကြအမှုတစ်ခုပါပဲ အဲဒီထက်မပိုပါဘူး… မြို့ခံ ပြည်သူတွေ သေဆုံးသွားတဲ့မိန်းခလေးအပေါ်မှာ သနားစိတ်၊ ခံပြင်းစိတ်တွေဖြစ်တာကို နားလည်ပေမယ့်… ဆန္ဒပြတဲ့အဆင့်အထိဖြစ်သွားတယ်ဆိုတာကိုတော့ စဉ်းစားတိုင်းလက်မခံနိုင်စရာဖြစ်လာတယ်… ဒီထက်ပိုပြီးပွင့်ပွင့်လင်းလင်းပြောရရင် မုဒိမ်းမှုကိုအခြေခံပြီး လူမျိုးရေးပြသနာဖြစ်ချင်နေတဲ့ မကောင်းတဲ့ရည်ရွယ်ချက်က ပိုများနေပါတယ်…

အရင်ဆုံးအနေနဲ့ တရားခံကို ဥပဒေကြောင်းအရ အပြစ်ချတာဟာ ပြည်သူတွေနဲ့ဘာမှမဆိုင်သလို… ဒီတရားခံကို သေဒဏ်ပေးပါလို့ ပြည်သူတွေပြောပိုင်ခွင့်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်…

ပြည်သူတွေအနေနဲ့ အဲဒီလိုအနေအထားမှာ စီရင်ပိုင်ခွင့်ရှိသူတွေ ဥပဒေအတိုင်းစီရင်မှုရှိလား… လာဒ်စားမှုရှိလား…ဆိုတာကို သက်သေမရှိဘဲနဲ့ အထင်နဲ့ရမ်းပြီး စွပ်စွဲခွင့်မရှိပါဘူး… အထင်မဟုတ်ဘူး သေချာတယ်ဆိုရင်တောင်မှ သူတို့ကိုအရေးယူဖို့ သက်သေလိုပါတယ်… တရားခံကို မြို့လည်ခေါင်ထုတ်ပြီး မြို့နေလူထုဆန္ဒအရ စီရင်ရအောင် ကျွန်တော်တို့နေထိုင်နေတဲ့ ခေတ်စနစ်က သက်ဦးဆံပိုင်ဘုရင်စနစ် မြို့ပြနိုင်ငံစနစ်မဟုတ်တော့သလို ဒီမိုကရေစီရှိရာ သွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ… ပြည်သူပြည်သားတွေလဲ ဥပဒေရဲ့ ထီးအောက်မှာ ဥပဒေရဲ့နည်းလမ်းနဲ့ နားလည်တတ်ကျွမ်းသူတွေ အကူအညီယူပြီး မသမာမှုကို ရင်ဆိုင်ရမှာပါ… အစိုးရကလဲ ဥပဒေကို ဥပဒေရဲ့ဂုဏ်နဲ့ညီအောင် ထိန်းသိမ်းပါ…

ရဲစခန်းမှာ ဆန္ဒပြလို့ သေနတ်နဲ့အပစ်ခံရတယ်ဆိုပေမယ့်… အကြောင်းအရင်းကိုတော့ဖြင့် ဆန်းစစ်ဖို့လိုမယ် ထင်ပါတယ်… ရဲစခန်းဆိုတာ ချောကလက်တွေထားတဲ့နေရာမဟုတ်ပါဘူး… လူဇိုးလူမိုက်တွေရှိမယ်… လက်နက်ခဲယမ်းတွေရှိမယ်… အဲဒါတွေကိုကာကွယ်ဖို့ သူတို့မှာ စခန်းကိုတိုက်ခိုက်လာရင် ပစ်ခွင့်ရှိပါတယ်… အဲဒီလက်နက်တွေသာ ဆန္ဒပြသူတွေလက်ထဲရောက်သွားရင် ဆက်ဖြစ်မယ့်အကျိုးဆက်ကိုရော စဉ်းစားဝံ့ကြပါလား…

ဆန္ဒပြသူတွေကရော အေးချမ်းစွာဆန္ဒပြခြင်းဟုတ်နိုင်ပါ့မလား… အနဲနဲအများတော့ ခဲနဲ့ထုတာရှိမှာပါပဲ… ရဲတစ်ယောက်အနေနဲ့ ရဲစခန်းကိုတိုက်ခိုက်လာရင် ကာကွယ်ရမှာ သူတို့တာဝန်ပါ… ဆန္ဒပြသူတွေက အပစ်မခံရအောင် နေတတ်ဖို့လဲလိုမယ်ထင်ပါတယ်… အကြောင်းပြချက်မရှိဘဲ လူအုပ်ကို သေနတ်နဲ့ ပစ်ခွင့်ရဲမှာ မရှိဘူးဆိုတာ သိထားပြီးသားပါ… တကယ်လို့ပစ်ခဲ့မယ်ဆိုရင်တော့ မျက်မြင်သက်သေတွေနဲ့ ရဲတပ်ဖွဲ့ကို ဥပဒေကြောင်းအရ တရားစွဲရမှာဖြစ်ပါတယ်… တကယ့်အဓိက အကြောင်းအချက်က ကျွန်တော်တို့ ပြည်သူတွေကိုယ်တိုင် ဥပဒေရဲ့ထီးအောက်မှာရှိမနေနိုင်တာပါ… နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်နေခဲ့ရသူတွေ အနေနဲ့ နဲနဲလွတ်လပ်ရော လွတ်လပ်သလို ဥပဒေမဲ့၊ စည်းကမ်းမဲ့ လုပ်တော့တာပါပဲ… အဖဗိုလ်ချုပ်ပြောခဲ့တဲ့ လမ်းမပေါ် ဆေးရိုးထွက်လှမ်းသူတွေ ဖြစ်ကုန်တော့တာပါပဲ…

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တရားဥပဒေကို သိနားလည်ဖို့ထက် တရားဥပဒေရဲ့ အကာအကွယ်ကို လိုချင်ရင် ကိုယ်တိုယ်တိုင်တရားဥပဒေအောက်မှာ လုံခြုံအောင်နေရပါမယ်… အဲဒီတော့ သဂျီးပြောသလို စနစ်ကြောင့်မဟုတ်ဘူးဆိုရင် စနစ်ကိုအကောင်အထည်ဖော်နေတဲ့လူတွေကြောင့်လား… စနစ်အောက်မှာ စည်းကမ်းတကျမနေတဲ့ ကျုပ်တို့လို ပြည်သူတွေကြောင့်လားဆိုတဲ့ မေးခွန်းပြန်ထွက်လာပြန်ပါတယ်…

ဒါပေမယ့် ကျုပ်တို့ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ မရင်းနီးတာဟာ ရုံးကိုကြောက်အောင်၊ စိတ်ပျက်အောင်၊ အယုံအကြည်မရှိအောင် လုပ်ထားခဲ့တဲ့ အရင့်အရင်အစိုးရအုပ်ချုပ်သူတွေနဲ့ဆိုင်ပါတယ်… အခုအချိန်မှာ နိုင်ငံအစိုးရအနေနဲ့ ပြည်သူတွေရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရမှာဖြစ်သလို ပြည်သူတွေအနေနဲ့လဲ ရှိပြီးသား စနစ်ကောင်းတစ်ခုက ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းကြိုးစားရင်း ကိုယ်တိုင်လဲစနစ်ရဲ့အကာအကွယ်… ဥပဒေရဲ့ထီးအောက်မှာ စည်ကမ်းတကျနေထိုင်ကြပါစို့လို့ ဆန္ဒပြုပါတယ်…

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်သဂျီးပြောပြောနေကျစကားလေးတစ်ခွန်းကနေ ဆင့်ပွားတွေးတောတာပါ… ဒါပေမယ့် သဂျီးဆိုတဲ့လူကို မျက်နှာလိုမျက်နှာရရေးတာတော့မဟုတ်ဘူး… ဥပဒေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်မဟုတ်သလို လူပိန်းတစ်ယောက်ဖြစ်တဲ့ကျွန်တော် လူပိန်းတစ်ယောက်ရဲ့ အမြင်ပါ… ကျွန်တော့်အမြင်လေးကို ဆွေးနွေးရင်း ကျွန်တော့်အမှားတွေကိုထောက်ပြမယ့် ကျွန်တော့်ထက် နိုင်ငံရေး အုပ်ချုပ်ရေးဘက်မှာပိုမို နားလည်တဲ့လူအများရဲ့ ဆွေးနွေးချက်များကိုဖတ်ရင်း ကျွန်တော့်ရဲ့အမြင် မကျယ်မှုအမှားတွေကို ပြင်ဆင်ဖို့စောင့်မျှော်နေပါတယ်…

 

ဥပဒေထီးအောက်ရောက်ဖို့ ကြိုးစားနေသူ-

ကြောင်ဝတုတ်

ဇွန်လ၊ ၂၀၁၂

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...