ကြက်ချဉ်နှပ်ဟင်း (သို ့မဟုတ်) အဒိုဗိုလ်ကြက်သားဟင်း

mipukayJune 5, 20122min16711

စာရေးသူသည်မြန်မာလူမျိုးများ၏နေ ့စဉ်ဟင်းလျှာများနှင့်ဆင်တူသော နိုင်ငံခြားဖြစ်ဟင်းလျှာများကို
စိတ်ဝင်စားမိသည့်ဝါသနာ
ရှိသည့်အလျှောက်လက်တဲ့စမ်းကာ
အာက်ပါအတိုင်းဘာသာပြန်ကာ
ချက်ပြူတ်လိုက်ပါသည်။
အဆိုပါကြက်ချဉ်စပ်ဟင်းသည်
မစ်စတာအဒမ်ရောဘတ်(Mr.Adam Roberts)၏
ဟင်းလျှာဖြစ်ပြီး အောက်ဖော်ပြ ပါအင်တာနက်စာမျက်နှာတွင် မူရင်းဆောင်းပါးကိုဝင်ရောက်ဖတ်ရှု
နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။

Chicken Adobo


(ကြာချိန်။ ။ ပြင်ဆင်ချိန် ၂ဝ မိနစ်+ ချက်ပြုတ်ချိန် ၄၅ မိနစ် = ၁ နာရီ ၅ မိနစ်)

ပါဝင်ဘက်များ
၁။ ပဲဆီ ၁၅ ကျပ်သား

၂။ ကြက်သား ၁ ပိသာ (ရင်ပုံနှင့်ပေါင်သားများကို ၂”အရွယ်အတုံးများတုံးထားပြီးသား)

၃။ ကြက်သွန်ဖြူ ဥကြီး ၂ဥ (အမွှာများခွဲထားပါ၊ အခွံမချွတ်ပါနှင့်)

၄။ ကြက်သွန်နီ ဥကြီး ၄ ဥ (အခွံခွာ၍ ၈စိတ်ခြမ်းထားပါ။)

၅။ ဂျင်းလက်တစ်ဆုတ်စာ
(အခွံခွ၍ပါးပါးလှီးပြီးပန်းကန်လုံးထဲထည့်ထားလျှင် ပန်းကန်လုံးတစ်ဝက်စာရှိသည်။)

၆။ ငြုပ်ကောင်းအနက်စေ့ ၁ဝ စေ့ (ခပ်ကြမ်းကြမ်းအဆံကွဲရုံသာထောင်းထားပါ)

ရ။ ကရဝေးရွက် အစိမ်း ၄ရွက် (သို ့) အရွက်ခြောက် ၂ ရွက်

၈။ ဆန်ရှာလကာရည်အဖြူထည် လက်ဖက်ရည်ပန်းကန် ၁လုံးနှင့်တစ်ဝက် (၁ ၁/၂ ခွက်)

၉။ ပဲငံပြာရည်အကြည်ရည် လက်ဖက်ရည်ပန်းကန် တစ်ဝက် (၁/၂ ခွက်)

ချက်ပြုတ်နည်းလမ်းညွှန်
၁။ ဒယ်အိုးအကြီးထဲသို ့ဆီထဲ့ပြီးအပူပေးထားပါ။ ဆီငွေ ့ပျံသည်အထိပူလာလျှင်ကြက်သားတစ်ဝက် ထည့်ကျော်ပါ။ အရေခွံရှိသည့်ဘက်ကိုအောက်ဘက်မှာထားပါ။ မကြာခဏအထက်အောက်လှန်ပေးပြီး နီညိုရောင်ရသည်အထိကြော်ပါ(၁ဝ မိနစ် မှ ၁၅မိနစ်အတွင်းကြာသည်။)ကျက်လျှင်ပန်းကန်ပြားထဲ သို ့ဆယ်ထဲ့ထားပါ။ ကျန်သောကြက်သားတစ်ဝက်ကိုအထက်ပါနည်းအတိုင်းထည့်ပြီးဆက်ကျော်ပါ။

၂။ ကြက်သွန်ဖြူအမွှာလိုက်၊ ခြမ်းထားသောကြက်သွန်နီ၊ ဂျင်း၊ ငြုပ်ကောင်း၊ နှင့်ကရဝေးရွက်တို ့ကိုအိုးထဲ သို ့အားလုံးရောထည့်ထားပါ။

အိုးကိုမီးဖိုပေါ်သို ့တင်ပြီးရောမွှေပေးပါ။ ၁ဝ မိနစ်ခန် ့ကြာသောအခါ ကြက်သွန်နီများပျော့ပျောင်းလာ ပါလိမ့်မည်။ ထိုအခါကြက်သားကြော်ထားသည်များကိုရောထည့်ပြီးမွှေလိုက်ပါ။ ထို ့နောက်ရှာလကာရည်နှင့် ပဲငံပြာရည်တို ့ ကိုပါတစ်ပါတည်းထည့်ပြီး အဖုံးခဏအုပ်ချက်ပါ။ မီးအပူချိန်ကို ပွက်ပွက်ဆူစေရန်မြှင့်တင်လိုက်ပါ။
အညိုရောင်အနည်များအိုးအောက်ခြေတွင်ထိုင်လာပါက ဂျိုးမကပ်စေရန်ခြစ်ထုတ်ကာအထက်အောက် လှန်ပေးပါ။

၃။ အိုးအဖုံးကိုပိတ်လိုက်ပြီး မီးအပူချိန်ကိုလုံးဝလျှော့ချပြီးနွေးနွေးလေးပလုံစီရုံအထိသာအပူပေးထားပါ။
မကြာခဏမွှေကြည့်ပြီးကြက်အသားတုံးများလုံးဝနူး(အသားများအရိုးမှကွာထွက်)သည့်အခါအိုးကိုချလိုက်ပါ။

၄။ ထမင်းနှင့်သုံးဆောင်ရန်အဆင်သင့်ဖြစ်ပါပြီ။

မှတ်ချက်။ ။ -ယခုတစ်လောအိမ်တွင်ချက်စားမိသည့်အသားစားကြက်သားမှာအရသာမတွေလှဘဲဖွယ်လှသည်ကိုသတိထားမိ ပါသည်။ အရသာမတွေ ့သူများအချဉ်နှပ်ကြက်သားဆိုလျှင်တစ်မျိုးတစ်မည်ခံတွင်းတွေ ့စေရန်ရည်ရွယ်ကာ ဘာသာပြန်ပေးလိုက်ရပါသည်။ အဲမြန်မာကြိုက်ဖြစ်ရန်အတွက်ဆိုလျှင်တော့ ဆားနှင့်သကြားအနည်းငယ်ကို နှပ်စဉ်တွင်ထဲ့မည်ဆိုပါကလေးလေးပင်ပင်နှင့်သိပ်မချဉ်သောကြက်သားဟင်းဖြစ်မည်ထင်ပါသည်။

***အချိုကြိုက်သူများအတွက် ပျားရည်(သို ့) ထန်းလျှက်ထဲ့ချက်လျှင်ကောင်းပါလိမ့်မည်။

***ရှာလကာရည်အစားမန်ကျည်းအနှစ်ထည့်ချက်လျှင်ပိုမိုအရသာထူးလိမ့်မည့်မြန်မာဟင်းဖြစ်လာနိုင်ပါသည်။

***အရောင်စုံသည့်ဟင်းလျှာဖြစ်စေရန် ကြက်သွန်မြိတ်ကလေးအုပ်ကာ၊ မုန်လာဥနီလေးလဲပေါင်းနိုင်ပါသည်။

ကိုုင်းကြက်သားကြိုက်သူပရိတ်သတ်ကြီးများမြိန်ရည်ရှက်ရည်လက်တည့်စမ်းနိုင်ကြပါစေကုန်သော်။

ဘာသာပြန်ပြီးစိတ်ကူးနဲ ့ချက်တဲ့
မိပူးကေ

11 comments

  • may flowers

    June 5, 2012 at 4:45 pm

    မိုက်တယ်..ပြန်ချက်ကြည့်လိုက်ဦးမယ်..မျှဝေပေးတဲ့ပူးကေရေ..ကျေးကျေးနော်။

  • သားဦး၊မြေးဦး

    June 5, 2012 at 5:25 pm

    ရခိုင်ချက် ကြက်အာပူလေးဆိုပို စားကောင်းမှာ။ခုလဲ အားရပါးရ စားသွားပါ၏။

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 5:44 pm

    သားဒို့ဂလေ ..
    ကြက်သားဟင်းဆို အရမ်းကြိုက်၊ အရမ်းခိုက် ..
    (သိပ်လည်း အကောင်း မကြိုက်တတ်ပါဘူး .. အဟဲ .. 😀 )

    နောက်နေ့မှ အမှန်အကန် မီးဖိုချောင်ဝင်ပြီး ကိုယ်တိုင် စီမံကြည့်ရမယ် ..
    အစားကောင်း စားရင် ခင်သူတွေကို သတိရတတ်တယ်တဲ့ ..
    ဂလိုမျိုးသာ စားရလို့ကတော့ .. စိတ်ချ ..
    ငဗိုက်တို့ .. ကပေတို့ .. ဗြဲသီးတို့ကို သတိမရစေရဘူး .. 😀

    • Foreign Resident

      June 6, 2012 at 4:50 am

      ” ကြက်သားဟင်းဆို အရမ်းကြိုက် ၊ အရမ်းခိုက် ..
      ( သိပ်လည်း အကောင်း မကြိုက်တတ်ပါဘူး .. အဟဲ .. 😀 ) ”

      ကို အံစာတုံး ရဲ့ ။

      အကြမ်းဖျင်းအားဖြင့် နိုင်ငံခြားမှာ ကြက်သားဟာ ဈေးအပေါဆုံးဖြစ်တဲ့အတွက် ၊
      ဝင်ငွေနည်း ဆင်းရဲသား လူတန်းစားတွေက ကြက်သား ကိုပဲ အဓိက အားပြုစားရတယ်လေ ။
      ဟင်းသီး ဟင်းရွက် ကလည်း အစားခံနိုင်နှုန်းနှင့်တွက်ရင် ကြက်သားထက် ဈေးကြီးပါတယ် ။
      နိုင်ငံခြားက ကြက်သားဈေးက မြန်မာနိုင်ငံဈေးထက် ပိုသက်သာပါတယ် ။

      ဗဟုသုတလေးပြောပြတာပါ ။
      အဲလိုပြောမိလို့ စိတ်မဆိုးပါနှင့်နော် ။

      • မဟာရာဇာ အံစာတုံး

        June 6, 2012 at 11:36 am

        ဆိုးပါဘူး အဘရယ် ..
        ကျုပ်တို့ဆီမှာက ကြက်သားက ဈေးကြီးတော့ ..
        သူဌေးစာလေဗျာ …
        နိုင်ငံဂျားမှာတော့ တစ်မျိုးပေါ့ ..
        ဗဟုသုတအတွက် ကျေးဇူးပါ အဘဖော ခင်ဗျာ ..

      • nigimi77

        June 6, 2012 at 2:56 pm

        မှန်လိုက်လေ ဦးဖောရယ် ။

        ကိုရီးယားမှာတော့ ကြက်သားက ဈေး အပေါဆုံးပါပဲဗျာ ။

        အမဲသားများ ဈေးအလွန်ကြီးတာကလား ။

        ကိုရီးယားမှာ ဈေးတွေကို ကြည့်လိုက်ရင် ကြက်သားကို အဓိက

        ဟင်းလျာ အဖြစ် ဝယ်စားကြတာ ဝင်ငွေနည်း နိုင်ငံခြားသား အလုပ်သမားတွေပါ ။

        နောက်တခုက ကျွန်တော်တို ့က ဒီမှာ ထမင်းစားရင် အသည်းအမြစ်ကလေးနဲ ့

        စားလိုက်ရရင်ဖြင့် သူကြီးသား ဖိုးစီ လို ပုံစံမျိုးတွေ ဖြစ်ကုန်ပေမဲ့ ဟိုမှာကတော့

        ဈေးထဲမှာ ကြက်သားဝယ်လို ့ ကြက်သည်း ကြက်မြစ်တောင်းရင် အံ့ဩတဲ့

        မျက်လုံးတွေနဲ ့ ကြည့်ပြီး ကျန်ကျောင်း အိပ် တလုံးစာ နီးပါးလောက်ကို

        အလကား ပေးပါတယ် ခင်ဗျ ။ :mrgreen:

  • marblecommet

    June 5, 2012 at 6:12 pm

    အာပူလျှာပူလေးတော့…..
    ဘာနဲ့မှ မလဲနိုင်ဘူးဗျို့….

  • မောင်ပေ

    June 5, 2012 at 7:37 pm

    ပူးလေရေ…
    တွေ ့မှ ကိုယ်တိုင်ချက်ကျွေးတော့ကွာ..
    အခုလောလောဆယ်တော့
    အိမ်က မဒမ်ပေ ကို ချက်ခိုင်းဖို ့ကူးသွားဘီဗျား

  • အရီး Khin Latt

    June 6, 2012 at 5:51 am

    ဟင်းချက်ထားတဲ့ ပုံတွေကြည့်ပြီး ဗိုက်ဆာလာပြီ။
    ချက်နည်းလေး အတွက်ကျေးဇူးပါ။
    စားကောင်းမဲ့ပုံဘဲ။
    ကြက်သွန်ဖြူတွေ ရော၊ ဂျင်းတွေရော အများကြီးထည့်ထားတယ်နော်။ 🙂

  • Mon Kit

    June 6, 2012 at 9:15 am

    မွန်ကစ်လဲ ရခိုင်ချက်ဆို အရမ်းကြိုက်ပါတယ်.. ဘယ်ဟင်းမျိုးမဆို… အညာချက်ပုံစံနဲ့ တူလို့ပါ..
    ှရခိုင်ချက်တွေဟာ များသောအားဖြင့် ဆီ သိပ်သုံးမထားပါဘူးး. အဲဒါကို ကြိုက်တာ.. အရသာလဲ ရှိမှရှိ…
    😀

  • may flowers

    June 6, 2012 at 3:17 pm

    နိုင်ငံခြားက ကြက်သားတွေဘယ်လောက်ဈေးချိုချို တို့နိုင်ငံကကြက်သားအရသာလောက်မကောင်းတာ

    လည်း အသေအချာပဲ။ ကိုယ်ကတော့ ကြက်သားဆိုမြန်မာပြည်ကကြက်သားက ပိုချို၊ပိုကောင်းတယ်လို့

    ထင်တာပဲ။ ကျန်တဲ့ ဝက်၊ အမဲကတော့ မြန်မာပြည်ထက် ဘယ်နိုင်ငံမဆို ပိုကောင်းပေမဲ့ ကြက်သားက

    တော့ မြန်မာပြည်ကကြက်က ပိုကောင်းနေလားလို့။ မေဖလားအထင်ပါ….။

Leave a Reply