မင်းတို့ကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်။ ဟိုး… ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီ ဘုရင်ရဲ့ တိုင်းပြည်ကို တစ်ခြား အင်အားကြီးတိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်။ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့။ ပျော်စရာနဲ့ ကြုံရင်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေးတစ်ခု ပေးပါလို့ တောင်းတယ်။

အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ၀တ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါမှာ ဒီလက်စွပ်ကလေးကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့အခါ ဘာမှတွေ့ရမှာ မဟုတ်ဘူးတဲ့။ အမှောင်ရှိတဲ့နေရာမှာ ကြည့်တဲ့။ သိပ်ပြီး ပျော်လာတဲ့အခါမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင်လက်စွပ်ကလေး ရတဲ့အတွက် အလွန်ပဲ ၀မ်းသာသွားတယ်။

အဲဒီလက်စွပ်ကလေးရပြီး သိပ်ပြီး မကြာပါဘူး။ အခြားတိုင်းပြည်ရဲ့ ဘုရင်တွေရဲ့ ခြိမ်းခြောက်မှု့ဟာ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဘုရင်ကြီးဟာ အတော့်ကို စိတ်ညစ်သွားတယ်။ တုန်လည်း တုန်လှုပ်သွားရှာတယ်။ အဲဒီတော့ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်ကလေးနားကို တက်သွားပြီး လက်စွပ်ကို စိုက်ပြီး ကြည့်လိုက်တယ်။ ရသေ့ကြီင်္းက အဲဒီလက်စွပ်ထဲမှာ စာထွင်းပြီးထည့်ထားတာ။ မှောင်ရိပ်ခိုပြီး ဘရင်ကြီးဟာ အဲဒီ ကျောက်နက်ကလေးကို စိုက်ကြည့်လိုက်တဲ့အခါ ကျောက်နက်ကလေးထဲက စာကို ကောင်းကောင်း ဖတ်လို့ ရသွားတယ်။ ဖတ်မိတာနဲ့ စိတ်ညစ်တာတွေရော ၊ ထိတ်လန့်တာတွေရော၊ စိုးရိမ်တာတွေ လုံးဝ လွင့်ပျောက်သွားတယ်။

အဲဒီကျောက်နက်လေးထဲက စာက ဘာလဲဆိုတော့… ပြီးသွားမှာပါ ဆိုတဲ့ စာပဲ။ ဆိုလိုတာက စိတ်ညစ်မနေနဲ့ သူ့ဘာသာသူ ပြီးသွားမှာပါတဲ့။ ပုံပြင်ကလေးကတော့ ဒီလောက်ပဲ။ အဲဒိတော့ မောင်ရင်တို့ကို ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပဲကွာ။ ဘာမှ စိတ်ညစ်မနေနဲ့။

About အူးစည်

has written 140 post in this Website..