ဟိုး ရှေးရှေးတုန်းက ….

တရုတ် အဖိုးကြီးနဲ့ အဖွားကြီး လင်မယားနှစ်ယောက်ရှိသတဲ့….

အဲဒီ တရုတ် အဖိုးကြီးနဲ့ အဖွားကြီးက ခဏခဏ ရန်ဖြစ်ကြပါသတဲ့….

တစ်ယောက် ကို တစ်ယောက ်သိပ်ချစ်ကြပေမယ့် မတည့်ကြဘူး။ တစ်ယောက် တခုခု လုပ်ရင် ကျန်တဲ့ တစ်ယောက် က အပြစ်လိုက်ရှာပြီး ပြောနေရော… တစ်ယောက် အောင် မြင်ရင် ကျန်တဲ့ တစ်ယောက်က မနာလို ဖြစ်ပြန်ရော..

တရုတ်အဖိုးကြီးက ပန်းချီဆရာလေ….

တရုတ်အဖိုးကြီးရဲ့ ပန်းချီလက်ရာတွေ ကို အဖွားကြီးက တစ်စက်လေးမှ အကောာင်းမပြောခဲ့ဘူး..

တစ်နေ့ကျတော့ တရုတ်အဖိုးကြီးရဲ့ လက်ရာ ပန်းချီ ကားတွေ ထဲက လိပ်ပြာ ပုံ က အရမ်း လူကြိုက်များပြီး ရောင်းအားကောင်းလာတော့ သူတို့ လင်မယား နှစ်ယောက် နေ့ချင်း ညချင်း ချမ်းသာ သွားကြတယ်။

အဲဒီမှာ တစ်ခါမှ အဖိုးကြီး ရဲ့ ပန်းချီ လက်ရာကို အကောင်းမပြောခဲ့ တဲ့ အဖွားကြီးက အဖိုးကြီးရဲ့ လိပ်ပြာပုံ ဆွဲနည်းကို အရမ်းသိချင်လာတယ်။

တစ်နေ့ တစ်နေ့ကို အဖိုးကြီး ဆွဲတဲ့ လိပ်ပြာပုံ ပန်းချီကားအရေအတွက် က လဲ အများကြီး ဆိုတော့….. အဖွားကြီးက အရမ်းကို စိတ်ဝင်စားတာပေါ့။

အဖိုးကြီးကို မေးလဲ မမေးချင် . သိကလဲ သိချင်ဆိုတော့ …. အဖိုးကြီး မသိအောင် ပန်းချီဆွဲနည်းကို ချောင်းကြည့်တော့တာပေါ့

အဲဒီမှာ အဖွားကြီးက အဖိုးကြီးရဲ့ လိပ်ပြာပုံ ဆွဲနည်းကို တွေ့သွားပြီး အရမ်းအားကျသွားသတဲ့ ဒီလောက်တော့ ငါလဲ ဆွဲတတ်တာပေါ့…. ဆိုပြီး အားကျမခံ လိပ်ပြာပုံလိုက်ဆွဲပါလေရော….

အဖိုးကြီး အောင် မြင် တဲ့ အတိုင်း သူလဲ အောင် မြင် ရမယ်ပေါ့…..

သူက အဖိုးကြီး ဆီက  လိပ်ပြာပုံဆွဲနည်းကို သိသွားပြီဆိုတော့ အဖိုးကြီးဆွဲနည်းအတိုင်း သေသေချာချာ  လိုက်ဆွဲတာပေါ့….

ဒါပေမယ့် အဖွားကြီးက ကံမကောင်းဘူးဗျ…. သူ့ပုံတွေ ရောင်းမထွတ်ဘူး ဖြစ်သွားတယ်။

အဖွားကြီး ဆွဲတဲ့ လိပ်ပြာပုံတွေ က ခေါင်းမှ မပါတာ….. ဘယ်ရောင်းထွတ်ပါ့မလဲ….

အဖိုးကြီးရဲ့ လိပ်ပြာ ပုံဆွဲနည်းက ဒီလိုဗျ…..

ပန်းချီဆွဲဖို့ ဆေးရည်တွေ ကို ဖျော်ထားပြီး ဆေးရည်ပေါ် အရင် ထိုင်ချလိုက်တယ် ပြီးတော့မှ….

ပန်းချီ စာရွတ်ပေါ်ကို ပြန်ပြီ ထိုင်ချ လိုက်ရော …..   အဲတော့ လိပ်ပြာ ပုံလေး ထွတ်သွားရော……

 

အပျော်သဘော သတ်သတ်ပါ…

 

ရွာသူရွာသား အားလုံး အမှားပါရင် ခွင့်လွှတ်ကြပါ………..

 

 

About ရွှေ မင်း သား

kyansitthar101 has written 69 post in this Website..