ပ = ပဒုမ္မာ ပန်းလို..လှတဲ့  ပပ၀တီရဲ့ အလှမျိုးကို အားကျတယ်

ပပ၀တီ ဆိုတဲ့ မင်းသမီးတစ်ပါးအကြောင်း… ကလေးက အစ သိကြပါတယ် ။

ဘယ်သူမှ သေချာ မမြင်ဖူးလိုက်ပေမယ့်… အတော် လေး…လှတယ်..လို့ တော့ပြောကြပါတယ် ။

ခေတ်အဆက်ဆက်လည်း… သူမရဲ့ အလှကို စာတွေ..သီဖွဲ့  …ခဲ့ကြတာ….. / သီရီစီကုံး ပြောဆိုခဲ့ကြတာတွေ..နားနဲ့ မဆန့်လောက်အောင် ကြားခဲ့ ရတယ် ။

ပပ၀တီ ဟာ..ဘယ်လောက်များ..လှ လိုက်သလဲ..ဆိုရင်…. ခုနှစ်ဆောင် တိုက်ခန်းမှာ… မီးမထွန်းပဲတောင် လင်းသတဲ့  ဗျာ။

ဟုတ် / မဟုတ်တော့….သေချာ မသိ ဘူး။ ကျွန်တော်….တော်တော် သဘောကျသွားပါတယ် ။

အဲဒီလို အလှမျိုး…. အားကျလိုက်တာဗျာ ။

ကျွန်တော်က ယောက်ျားစစ်စစ် တစ်ယောက်ပါ ။ မိန်းမ တစ်ယောက်ရဲ့ အလှကို အားကျတယ်..ဆိုတော့…တစ်မျိုးကြီးဖြစ်သွားနိုင်ပါတယ် ။

အားကျ တယ်…ဆိုတာက ဒီလိုပါ ။

သူ့ လို လှချင်လို့ အားကျတယ် လို့  ပြောတာမဟုတ်ပါဘူး ။

မီးမထွန်းပဲ…တောင် လင်းတယ်..ဆိုတဲ့ အချက်ကို…. အားကျ မက်မောသွားတာပါ ။

မီး ခဏ ခဏ ပျက်တတ်တဲ့ ကျွန်တော်..တို့ … ရပ်ကွက် ထဲမှာသာ….

အဲဒီ ပပ၀တီကြီးကို..ခေါ်ထားလိုက်ရရင်….

အတော်…လင်း…သွားမှာ.နော့ ။

ပပ၀တီကြီး…အခု မရှိတော့တာ…. နာတယ်ဗျာ ။

ဒီတော့…..

ဒီ စာပိုဒ်ကလေးကို…..

ပ = ပပ၀တီရဲ့ အလှမျိုးကို လွမ်းတယ်ပေါ့ဗျာ. ။

အပေါ်က ခေါင်းစဉ်မှာ… ပ = ပဒုမ္မာ ပန်းလို..လှတဲ့  ပပ၀တီရဲ့ အလှမျိုးကို…လို့ ….

ပဒုမ္မာ စာသားကိုထည့်.သုံးထားပါတယ် ။

ပပ၀တီနဲ့ ပဒုမ္မာ….အလှချင်း… တူတယ် / မတူဘူး ဆိုတာတွေ..ကို မဆိုလိုပါဘူး ။

ဒီရွာထဲက ရွာသူ… အန်တီကြီး…ပဒုမ္မာက….

ပ = ….. မှာ…ပဒုမ္မာ…မပါ / ပါအောင် ရေး…ရမယ်.လို့ …

ချော့တစ်ခါ..ခြောက်တစ်လှည့်..ပြောထားတာကြောင့်…..

ပဒုမ္မာ မပါ / ပါအောင်..ဆွဲ..ထည့်လိုက်ရပါကြောင်း…။

အဟိ ။ ( အန်တီ ပဒုမ္မာရေ…. ချိတ်ချိုးနဲ့ နော် ။ နာမည်လေး.ပါလို့ .ကျေနပ်ပါဗျ ။ )

======================================================================================

ပ = ပျက်တာက အစဉ် ပြင် လည်း ခဏ… ဖြစ်နေသော အရာများ…။

ဒါတော့…အားလုံးလည်း..သိကြမှာပါ ။

ကျွန်တော်တို့ ဆီမှာ… ပျက်နေတာက အမြဲ.. ပြင်လည်း..ခဏ ပဲ..ကောင်းတဲ့ အရာတွေ..ရှိပါတယ် ။

အဲဒါတွေကတော့…. လျှပ်စစ်မီးနဲ့  လမ်း ပါ ။

မီး..လည်း ပျက်နေတာက များပါတယ် ။

လမ်းကရော..ဘာထူးလို့ လဲ..နော် ။

ရှေ့ က ပြင် …နောက်က ပျက်….။

(ကျွန်တော်တို့ ရပ်ကွက် ထဲက လမ်းတွေကိုပြောတာပါ ။)

ဟိုတစ်လောကတောင်…ဘယ်ဂျာနယ် ထဲမှာလည်း.တော့မမှတ်မိတော့ဘူး။ စိတ်ဝင်စားစရာကောင်းလွန်းတဲ့  ကာတွန်း ကွက်ကလေး.တ.စ်ခု ဖတ်ခဲ့ရသေး ။

ဟေးဟေး ။

ကာတွန်းကွက်ကလေးက…. တိုတို လေးပါ ။

ကာတွန်းကွက်ထဲမှာ…. လမ်းပြင်နေတဲ့  အဖွဲ့ နှစ်ဖွဲ့ …တစ်ဖွဲ နဲ့ တစ်ဖွဲ့  ခပ်နီးနီးကလေးမှာ..ရှိနေကြတယ် ။ ကိုယ် စီင်္ အလုပ်တွေ..လုပ်နေကြတာပေါ့ လေ ။

အဲဒီ အဖွဲ့  နှစ်ဖွဲ့ ကို ကြည့်နေတဲ့  လူတစ်ယောက်ကို…. ဘေးနားက နောက်တစ်ယောက်..ပြောလိုက်တာ ။

ရှေ့ က အဖွဲ့  က လမ်း ခင်းတဲ့ အဖွဲ့  ။ နောက်က အဖွဲ့ ကတော့…

ရှေ့ က ခင်းသွား တဲ့  လမ်းကို..လိုက်ပြင်နေတဲ့ အဖွဲံ့ ……။ တဲ့  ။

အဟိ ။ :kwi:

ကျွန်တော်တို့ ဆီမှာ………မိုးလေးနည်းနည်းရွာတာနဲ့  ပျက် ပျက်သွားတဲ့  အရာ နှစ်မျိုး..ရှိပါတယ် ။

အဲဒါတွေကတော့…. မီး..နဲ့ လမ်း ပါ ။

( အဲ… မိုးမရွာပဲနဲ့  ..လည်း… ပျက် တာပါပဲ.. ) အဟိ ။ အဟိ ။

====================================================================================================

ပ = ပုံပြောကောင်းကြသူများအကြောင်း…

( ဒီ စာပိုဒ်ကလေးထဲမှာ..မြန်မာ နိုင်ငံထဲကပုံပြောကောင်းကြသူများ.လူစုကြီးတွေ… အကြောင်းပြောချင်လာလို့ ….ရေးထားပါတယ် ။

ဒါပေမယ့်..ပေါ့ဗျာ ။

ရေးထားပြီးသားကို..ပြန်ဖတ်ကြည့်မိတော့မှ…….

ပ = ပုံပြောကောင်းကြသူများကို..ပိုးစိုးပက်စက်တွေ… ပုံဖော်ထားသောပိုစ့် ဖြစ်နေလို့ …

အဲဒီ စာသားတွေကို…… ဒီ အချိန်../ ဒီနေရာမှာ..ချမပြ ရဲ တော့ပါဘူး ။

ကိုယ့် မှတ်စု ထဲမှာပဲ ..ကိုယ် သိမ်း ထားလိုက်တော့တယ် ။

တကယ်လို့ ………………

ပ = ပုံပြောကောင်းကြသူများအကြောင်း စာသားများကို..မှ ဖတ်ရှု..ခံစားချင်ကြသော..မိတ်ဆွေများရှိ ရင်….

ကျွန်တော့် ဆီ…ဆက်သွယ်ပြီး… ဖတ်ချင်တဲ့ အကြောင်းပြောပါနော် ။

ကျွန်တော်…လှမ်း…..ပို့ ပေးလိုက်ပါ့မယ် ။

အခုတော့…….

ဒီနေရာမှာ………… ပ = ပုံပြောကောင်းကြသူများအကြောင်း ကို….

ကွက်လပ်ကလေး ချန်ပြီး…နောက်စာပိုဒ် တစ်ခု ဆီ…ကျော်တက်လိုက်ပါရစေ…။

——————————

ပ = ပုံပြောကောင်းကြသူများအကြောင်း

…………………………..

…………………………..

……………………………

……………………………..

……………………………………..

……………………………………

……………………………………..

……………………………………။

==========================================================================================================

ဆက်လက်ပြီး….

စာပေ သမားလေး..သာ ဖြစ်ချင်တဲ့  ကျွန်တော်က….

စာ အုပ် စာပေအကြောင်းလေး.နည်းနည်းပြောပါရစေဦး ။

==============================================

ပ = ပညာအကြောင်းရေးထားတဲ့  ရသ ၀တ္ထု တစ်အုပ်အကြောင်း

ကျွန်တော်..စာအုပ်တွေ နည်းနည်း…ဖတ်ဖူးပါတယ် ။ အဲဒီ ဖတ်ခဲ့ ဖူးသမျှ တွေ ထဲကမှ…….

ပညာ နဲ့  ပက်သက်တဲ့ ..ထူုးခြားသော စာအုပ် တစ်အုပ်နဲ့  မိတ်ဆက်ပေးပါရစေ ။

ဖတ်ကြည့်စေချင်လို့  ညွှန်း လိုက်တာပါ ။

ပညာက ကိုယ့် ဆီ မလာရင်…ပညာင်္ဆီကို..ကိုယ် က မရောက် / ရောက်အောင်… သွားရမယ်..ဆိုတဲ့ အချက်နဲ့ 

rich environment ( ကြွယ်ဝတဲ့ ပတ်ဝန်းကျင် ) မှာ..မနေရတဲ့ …… လူငယ်လေးတွေ.အကြောင်းရေးထားပါတယ် ။

ပညာရေး ရဲ့  အရေးပါပုံကို ဦးတည်ချက်ထားပြီး..ရေးထားပေမယ့်……

အချစ်နဲ့  ဘ၀ ခံယူချက် လှလှပပတွေ…

လူမှု ၀န်းကျင်နဲ့ 

ဒဿန အတွေး အခေါ်….တွေ…

ပြင်းထန်တဲ့ .. ခံယူချက်တွေ…

ကြောက်ခမန်းလိလိ မျှော်လင့်ချက်တွေ….ကို…

ကျကျနန ရောမွှေ တင်ပြ ထားတဲ့  စာအုပ်ပါ ။

ရသဖန်တီးမှု..လက်ရာ စစ်စစ်ထဲမှာမှ….

သုတ ဖန်တီးမှု လက်ရာကို… အံဝင်ခွင်ကျ ပစ်ထည့်ပေးထားတဲ့  စာပေလက်ရာပါ ။

အဲဒီလို…စာပေ လက်ရာ ရေးသား…ဖန်တီးမှု မျိုး..ကို…. ရေးနိုင် / တွေးနိုင် / ဖန်တီးနိုင်တာကို..အံ့သြ မိပါတယ် ။

ရေးသူ..ကတော့…….

အားလုံး..သိကြတဲ့ …စာရေးဆရာမ ဂျူး ပါ ။

စာအုပ်အမည်ကတော့…….. စောင့်နေမယ်လို့ မပြောလိုက်ဘူး…တဲ့ ။

ဖတ်ပြီး.သူများ..ပြန် သတိရ အောက်မေ့ မိပါစေ ။

မဖတ်ရသေးသူးများ….. ဖတ်မိပါစေ..လို့ ရည်ရွယ်ပြီး…. အခုလို … ညွှန်းဆိုလိုက်ပါတယ်နော် ။

…………………….

အဲ…..

ပြောဖို့ တစ်ခု မေ့ကျန်သွား တယ် ။

အဲဒီ စောင့်နေမယ်လို့ မပြောလိုက်ဘူး…စာအုပ်က…..

တင်ပြ ပုံ… / ဟန် လည်း…အတော်လေး..ဆန်းပါတယ် ။

သာမန် ၀တ္ထု စာအုပ် ပုံစံ… မျိုး..လုံးဝ မဟုတ်ပါဘူး ။

ဝတ္ထုကို… စ ဖတ်ဖို့ … လှန်လိုက်တာနဲ့ 

ပထမဆုံးတွေ့ ရမယ့် စာကြောင်းက….

အေသင်မိုး ၏ မှတ်စုစာအုပ်
အခွင့်မရှိ မကိုင်ရ / ခိုးမဖတ်ရ ။

=========================

လူငယ်တွေ..ဖတ်ကြည့်ကြစေချင်ပါတယ် ။

==================================

ပ =…. မှာ…. ရောက်တတ်ရာရာ ( တကယ့်ကိုရောက်တတ်ရာရာ ) လေးတွေ..ပြောခဲ့ပါတယ် ။

ရိုးရိုးလေး..တွေ…တွေးမိတာကို…

ရိုးရှင်စွာ./ ရိုးသားစွာ… ချရေး ခဲ့ပါတယ် ။

လွန်သွားတာ / ကျွံ သွားတာတွေ .ပါခဲ့ရင်…လည်း

ကျွန်တော့် အရိုင်းဆန်မှု ကို…

နားလည် ပေးကြပါလို့  ။

………………………………………………………………….

ဆက်လက်ပြီး… အက္ခရာ များနဲ့  ခရီး ဆက်နေပါဥိးမယ် ။

လိုက်ပါ ခံစားပေးကြပါဦးခဗျ .

ဖ = ……? ?

လေးစားစွာဖြင့်

အလင်းဆက်

alinsett

About alinsett

alinsett has written 615 post in this Website..

. . .