စတုတ္တအကြိမ်မြောက် မန်းဂဇက်ရွာအလှူတော် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ (နေ့စဉ်အလှူငွေရရှိမှုများUpdate လုပ်နေပါသည်)

လေးစားအပ်ပါသော ရွာသူားအပေါင်းတို့ခင်ဗျား…

ရွာ့နာယကကြီးများဖြစ်ကြသော ဦးဦးပါလေရာ၊ ဦးလေးကထူးဆန်း၊ အန်တီပဒုမ္မာ၊ အန်တီမမတို့နဲ့ ရွာကာလသားအဖွဲ့ ရပ်ရေးရွာရေးဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာတော့ အလှူခံပုဂ္ဂိုဟ်ကလေးများလဲ အကြာကြီးမစောင့်ရအောင်… ရွာသူားများလဲ တစ်နေ့တစ်နေ့ ရွာထဲရောက်တာနဲ့ အလှူခံမဏ္ဍာပ်ရဲ့အသံဗြဲကြီးနဲ့ အလှူခံနေတာတွေကို ရက်ရှည်လများကြားပြီး စိတ်မဆင်းရဲရလေအောင်… ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်များမှာ သုံးမယ့်ကဲမယ့် ငွေယားလေးတွေကို ဂဇက်အလှူအတွက် အစောကြီးထဲကဖမ်းသိမ်းလိုက်နိုင်လေးအောင်…

ကောင်းမွန်သောရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ရွာ့နာယကကြီးများနဲ့ တက်ကြွသူရွာ့ကာလသားသမီးများ တိုင်ပင်ပြီးသကာလ၌ စတုတ္တအကြိမ်မြောက် ရွာအလှူတော်ကို ရက်ရွေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပါသည်… အဲဒီတော့ အချိန်၊ နေရာနဲ့ ဆက်သွယ်ရန်များကို ပြန်လည်ပြီးကြေငြာခြင်းဖြစ်ပါတယ်…

 

လှူဒါန်းမည့်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေပရဟိတဂေဟာ

လှူဒါန်းမည့်နေရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ တနင်္ဂနွေနေ့

အလှူငွေနောက်ဆုံးလက်ခံမည့်ရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

အလှူလိုက်ပါလိုသူများနောက်ဆုံးစာရင်းပေးရမည့်ရက် – ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

 

အလှူလိုက်ပါလိုသူများအားလုံး အခမဲ့လိုက်ပါနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်… လိုက်ပါလိုသူများအားလုံးစာရင်းပေးကြပါ…

ပျော်ပျော်ပါးပါး သွားရောက်လှူဒါန်းကြပါစို့…

အောက်ဖော်ပြပါ စေတနာ့ဝန်ထမ်းများကို အလှူငွေများလှူဒါန်းရန်အတွက်နှင့် ခရီးစဉ်လိုက်ပါရန်အတွက် ဆက်သွယ်ကြစေလိုပါတယ်ခင်ဗျား

အလှူငွေများစတင်လက်ခံနေပါပြီ

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) အမတ်မင်း၊ 095081969 ၊ amatmin@gmail.com

(၂) Etone၊ 0973144421 ၊ mayzawhan@gmail.com

(၃) ရွှေအိ၊ 0973189261 ၊ eikyipyarsoe@gmail.com

 

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ 096805396၊ bluemoon.5873@gmail.com

နေပြည်တော်ဝန်းကျင်

(၁) ရွာစားကျော်၊ 0943017069၊

 

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) ကြောင်ဝတုတ်၊ tzayar.it@gmail.com

 

အဲဒီတော့ အချိန်ကလဲ တစ်လစွန်းစွန်းလေးပဲကျန်တော့တာမို့ အလှူငွေများကို ဒီနေ့ပဲစတင်လှူဒါန်းကြပါစို့…

ဒီနေ့ပဲလှူဒါန်းကြပါစို့

 

နိုင်ငံရပ်ခြားမှဟွန်ဒီဖြင့်ငွေလွှဲလိုသူများ…

သော်ဇေယျာ၊ ၁၄/ဟသတ (နိုင်) ဝ၄၄၂၀၄၊ 095180631 ကို ဟွန်ဒီဖြင့်ငွေလွှဲအပ်နိုင်ပါတယ်…

 

ထို့အတူ ြမန်မာနိုင်ငံအတွင်း ဘဏ်မှငွေလွှဲလိုသူများအတွက်…

ဘဏ်အကောင့်အမှတ် – 0781210003938၊ ဇင်လင်းလင်းဦး၊ ၁၂/သဃက (နိုင်) ၁၄၅၀၃၂၊ KBZ Bank (Thuwunna Branch) သို့လွှဲပြောင်းပေးပို့နိုင်ပါတယ်… ဘဏ်သို့ငွေလွှဲပြောင်းပြီးလျှင် လွှဲပြောင်းပြီးသော ချလံလေးအား Scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက် ၍ဖြစ်စေ ကြောင်ဝတုတ်၊ tzayar.it@gmail.com သို့ပေးပို့ပေးပါခင်ဗျာ…

နောက်တစ်ခုပြောချင်တာက

ဒီဇင်ဘာလ (၉)ရက်နေ့မှာ ကျွန်တော်တို့နဲ့အတူတူ အလှူကိုလိုက်ပါလိုသူများနောက်ဆုံစာရင်းပိတ်ပါမယ်…

အလှူလိုက်ပါချင်သူများ ခရီးစဉ်အတွက်စတင်စာရင်းပေးပို့နိုင်ပါပြီ…

ခရီးစဉ်အတွက်စာရင်းပေးပို့ရမည့်သူကတော့…

ကိုသူရဇော်၊ 09420069502၊ thuyazaw21451@gmail.com ဖြစ်ပါတယ်… စာရင်းပေးသွင်းကြပါခင်ဗျာ…

ခရီးစရိတ်နဲ့ နေ့လည်စာ အခမဲ့စီစဉ်ပေးထားပါတယ်… ပျော်ပျော်ပါးပါးသွားကြရအောင်…

အလှူကိုပါဝင်လှူဒါန်းကြသူများနဲ့ အဖက်ဖက်မှကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်…

ကျေးဇူးအထူးတင်ပါသည်

 

၂၀၁၂ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့အထိလက်ခံရရှိသောအလှူငွေစာရင်း

 

(၁) ဦးဘလက်ချော -50,000

(၂) ကြောင်ဝတုတ် – 100,400

(၃) ဦးပါလေရာ – 50,000

(၄) အန်တီပဒုမ္မာ – 100,000

(၅) ဘုရင့်နောင်စုပေါင်းဒါနအဖွဲ့  – 100,000

(၆) ဦးနေးချား – 10,000

(၇) အန်တီမမ – 30,000

(၈) အစ်မ ပုချ် – 30,000

(၉) Fall Guy – 50,000

(၁၀) ကိုရဲရင့်လှိုင် – 84,400

(၁၁) ထိုင်ဝမ်မှကိုအောင် – 100,000

(၁၂) အန်ကယ်ကြီး – 20,000

(၁၃) ကိုဂျစ်ပစီ (ခ) ဦးအဂျစ် – 20,000

(၁၄) စောင့်ကြည့်သူ – 20,000

(၁၅) မနှင်းနှင်း – 50,000

(၁၆) ဦးသက်ဝင်း – 50,000

(၁၇) ဦးမြင့်ဆွေ – 50,000

(၁၈) ကိုကျော်စွာဝင်း – 10,000

(၁၉) Natalie Nwe Linn Htet – 85,000

(၂၀) မဝေဝေ – 15,000

(၂၁) မမိုးမိုးအေး – 15,000

(၂၂) ကိုရွာစားကျော် – 10,000

(၂၃) မခင်မြဝင်း – 10,000

(၂၄) မခိုင်ဇာ (စင်ကာပူ) – 100,000

(၂၅) ကိုနိုဇိုးမိ – 20,000

(၂၆) ရွာသားတစ်ဦး – 50,000

(၂၇) နန်းတော်ရာသူ – 20,000

(၂၈) မတင်တင်ထွေး – 10,000

(၂၉) စိမ်းကျော် (မလေးရှား) – 100,000

(၃၀) ကိုထွန်းဝင်းလတ် – 10,000

(၃၁) မနှင်းမြတ်သူ – 10,000

(၃၂) ကိုသုဝေ – 20,000

(၃၃) ဒေါက်တာစည်သူထွန်း (UK) – 100,000

(၃၄) နှင်းနှင်း(ရွှေလီ) – 10,000

(၃၅) မရီရီဝင်း – 100,00

(၃၆) အဘဖော – 100,000

(၃၇) မနိုဗီ – 15,000

(၃၈) ဦးကြီးမိုက် – 30,200

(၃၉) ဦးစွယ်တော်ရွက် – 10,000

(၄၀) Candle – 30,000

(၄၁) နွယ်ပင် + အာဂ – 10,000

(၄၂) မွန်မွန် – 10,000

(၄၃) ငြိမ်းငြိမ်း – 5,000

(၄၄) ရွှေအိ – 20,000

(၄၅) မအိ – 50,000

(၄၆) အမတ်မင်း – 20,000

(၄၇) အမည်မဖော်လိုသူ သူရဇော် – 10,000

(၄၈) ပင်လယ်ပျော် နှင့် ခိုင်ခိုင် – 10,000

(၄၉) AKKO နှင့် အိတုန်း – 30,000

(၅၀) ချာတူးလန် – 20,000

(၅၁) အိန္ဒိယနွယ်ဖွားရွာသားတစ်ဦး – 30,000

(၅၂) ရိုစ့်မင်း – 5,000

(၅၃) ကိုစန်းဦး + မမိမိတင် – 5,000

(၅၄) ရွှေကြည် – 10,000

(၅၅) လေပြေရိုင်း – 10,000

(၅၆) အိုဘားမား – 10,000

(၅၇) ချစ်စ/ဆရာ + မိုက်ကယ်ဂျော်နီအောင်ပု – 103,500

———————————————

အလှူတွေငွေစုစုပေါင်း – 2,063,500 ကျပ်

ကျပ် သိန်းနှစ်ဆယ်ခြောက်သောင်းသုံးထောင့်ငါးရာ ကို လက်ခံရရှိပြီးဖြစ်ပါသည်…

 

နောက်တစ်ခုက ကျွန်တော်တို့ စဉ်းစားထားတဲ့ကိစ္စလေးပြောပါ့မယ်… ကျွန်တော်တို့ အလှူလုပ်မယ့်နေ့မှာ ကောက်ခံရရှိတဲ့အလှူငွေထဲမှ ကလေးများအား ထမင်းတစ်ရက်စာကျွေးဖို့ စီစဉ်ထားပြီး… ပိုသောအလှူငွေများကို ဆရာတော်အား ကျောင်းအတွက်လိုအပ်မည့်နေရာတွင် အသုံးပြုနိုင်ရန် ငွေသားလှူဒါန်းမည်ဟု စဉ်းစားထားပါသည်…

ပထမငွေပဒေသာပင်စိုက်ထူလှူဒါန်းရန်စဉ်းစားသော်လည်း အစိုးရဘဏ်တိုးဖြင့် ငွေသိန်း (၁၀၀)မှ တစ်လလျှင် အတိုးငွေ ၈၀၀၀ဝ ခန့်သာရရှိမည်ဖြစ်သောကြောင့် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် မလွယ်ကူသောအနေအထားဖြစ်သည်ကတစ်ကြောင်း…

မြို့နှင့်အတန်ငယ်လှမ်းသောအနေအထားရှိသဖြင့် အစိုးရဘဏ်သို့ငွေထုတ်ယူရန်ကိစ္စအခက်အခဲဖြစ်လာနိုင်သောကြောင့် ငွေသားချည်းလှူဒါန်း လိုက်ရန် စဉ်းစားခြင်းဖြစ်ပါသည်… အလှူရှင်များ၏ အကြံဉာဏ်များအားလဲ ဖိတ်ခေါ်ပါသည်ခင်ဗျား…

 

အားလုံးရဲ့ကိုယ်စား

ကြောင်ဝတုတ်

 

84 comments

  • Thu Wai

    November 6, 2012 at 11:56 am

    ကျွေးမှီ ဟောင်းကိုလဲဆပ်ရတယ် ၊ ကျွေးမှီ သစ်ကိုလဲ ချပေးရတယ်၊ အစဉ်အဆက်သုံးစွဲနိုင်အောင်လဲ ရတနာရွှေအိုးတို့ကို မြုပ်နှံရတယ်ဆိုတဲ့အတို်င်းပဲ ဘဝသံသရာမှာ သုံးစွဲ ဖို့အတွက် ရတနာရွှေအိုးတွေကို မြုပ်နှံပါ့မယ် ခင်ဗျာ။ ကိုကြောင်ဝတုတ်ရေ ဒီလ လစာထုတ်ပြီးမှ ဆက်သွယ်မယ်နော် ။

  • koyinmaung

    November 6, 2012 at 12:01 pm

    ကြောင်ဝတုတ်ရေ အလှူငွေထည့်ဘို့ကြိုးစားနေပါတယ်..
    မှီမယ်လို့တော့ထင်တယ် တရုတ်ပြည်ကငွေလွဲဘို့ကနဲနဲခက်လို့ပါ

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 6, 2012 at 12:03 pm

    ကိုမင်းသူနဲ့ ကိုရင်မောင်ရေ…

    ကျွန်တော့တို့ကို ဆက်သွယ်ရမယ့် Information အားလုံးကိုပေးထားပါတယ်…
    တကယ်လို့ လိုအပ်မယ်ဆိုရင် အချိန်မရွေးဆက်သွယ်ပါခင်ဗျာ… ကျွန်တော်တို့ ကြိုးစားပြီးအဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • MaMa

      November 6, 2012 at 3:47 pm

      ကြောင်ဝတုတ်ရေ-
      စလုံးက လွှဲချင်တဲ့သူရှိရင် ယူပေးလို့ရပါတယ်။
      လိုအပ်ရင် ပြောပေးပါ။

  • Khaing Zar Win

    November 6, 2012 at 12:04 pm

    ကိုကြောင်ဝတုတ်ရေ၊
    လွှဲရမဲ့သူတွေကို မှတ်သွားလိုက်ပြီ။
    အစဉ်ပြေတဲ့ တစ်နည်းနဲ့ လွှဲလိုက်မယ်။
    🙂

  • Ma Ei

    November 6, 2012 at 12:09 pm

    အလှူငွေလေး လာယူပေးကြပါ…
    တွံတေး ရွှေဆံတော်ဘုရားလဲ ဖူးချင်ပါသည်…
    ပို့ပေးပါမည်လား..ပို့ပေးစေချင်ပါသည်..ပို့ပေးမည်ဆိုပါက
    ကျေးဇူးတင်စွာဖြင့် ကိုယ်တိုင်လိုက်ပါ လှူဒါန်းပါမည်…

    • Ma Ei

      November 6, 2012 at 1:32 pm

      ကလေးတွေ စာဆိုသလိုဖတ်နော်…
      :harr:

      • Khaing Khaing

        November 6, 2012 at 2:02 pm

        မအိပြောတာ ထောက်ခံပါတယ် …….

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 6, 2012 at 2:10 pm

      အစ်မမအိရေ…
      ကျွန်တော်က ပရဟိတသာလုပ်တာ တွံတေးရွှေဆံတော်က ဘယ်နားမှန်းတောင်မသိဘူး…ဟိ

      အကြမ်းဖျဉ်းခရီးစဉ်အရ… မနက် (၈)နာရီလောက်ထွက်ပြီး နေ့လည် (၂)နာရီလောက် ပြန်ဖြစ်မယ်ထင်ပါတယ်… အချိန်ရမယ်ဆိုရင် အစစအရာရာအဆင်ပြေမယ်ဆိုရင်ဖြင့် အမှတ်တရခရီးစဉ်တစ်ခုအနေနဲ့ စီစဉ်ပေးပါ့မယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Ma Ei

        November 6, 2012 at 2:25 pm

        ကလေးတွေ ကို မနက် ၁ဝ နာရီမှာ ထမင်းကျွေးပါတယ်…
        ဒီကနေ မနက် ၈ နာရီမှထွက်ရင် နောက်ကျမယ်ထင်တယ်…

  • လုံမလေးမွန်မွန်

    November 6, 2012 at 12:09 pm

    လှူမည်ဖြစ်ပါကြောင်းနှင့် လိုက်ပါမည် ဖြစ်ပါကြောင်း…
    ဂျီတော့တွင်လည်း အကောင့်များကို အက်ထားပါကြောင်း…

    ခင်တဲ့
    လုံမလေး

  • ရွာသူ jujuma .

    November 6, 2012 at 12:25 pm

    အစဉ်အလာမပျက် လှူလဲ လှူပါမည် ..
    ခရီးစဉ်ကိုလည်း လိုက်ပါမည် ..ဆိုသည့်အကြောင်း …
    သတင်းပေးပို့ ပါတယ်ချင့် ….

  • Khaing Khaing

    November 6, 2012 at 1:10 pm

    ရ ရ ကိုလိုက်မည့်အကြောင်း သတင်းပို့ထားပါတယ် …. အလှူငွေလည်း ရ ရ ဆီထည့်ပါမည် … ခရီးစဉ်အတွက် (၂) နေရာစာလေးချန်ထားပေးပါ … သမီးလေးကိုပါခေါ်ခဲ့ချင်လို့ပါ ……….

  • Wow

    November 6, 2012 at 1:23 pm

    လှူလဲလှူမယ် လိုက်လဲလိုက်မယ် ဝတုတ်ရေ…

  • ရွာစားကျော်

    November 6, 2012 at 2:04 pm

    ကိုဖက်တီးကက်ရေ
    ဒီတစ်ခေါက်အလှူ လူကိုယ်တိုင် လိုက်ဖို့ မဖြစ်လို့ လုပ်အားငွေအားပဲ စိုက်ထည့်တော့မယ်ဗျာ..
    ဒီစနေ ရန်ကုန် လူကြုံရှိတယ်။ သူ အဆင်ပြေရင် အလှူငွေ ထည့်ပေးလိုက်ပါမယ်..
    အရင်ပို့စ် လင့်ခ် လေး ထည့်လိုက်ပါအုံးလား..

  • aung moethu

    November 6, 2012 at 4:07 pm

    နောက်ဆုံးရက်မတိုင်ခင် လှူပါ့မယ် အလှူကိုလည်း လိုက်မှာသေချာပါတယ်ခင်ဗျာ..။ း)))

  • candle .

    November 6, 2012 at 4:20 pm

    အနားနီးရင် တတ်နိင်သမျှလေး သွားလှူပေးဖို ့အိမ်ကိုအကြောင်းကြားထားပါတယ်….
    တစ်နေရာစာလေးတော့ချန်ထားပေးပါနော်…. 🙂

  • MaMa

    November 6, 2012 at 4:45 pm

    ဖက်တီးကက်ရေ-
    ကိုရင်မောင်လို အဝေးက လှူချင်သူတွေ အနေနဲ့ ငွေပို့ဖို့ မမီမှာစိုးရင် …
    ကြားကနေ လုပ်နိုင်တာလေး ပြောပြချင်ပါတယ်။
    အလှူရှင်က လှူချင်တဲ့ ပမာဏကို အဆိုပြုချက်လေး အရင်ပေးထားရင် ……
    အရင်စိုက်ဖြည့်ပြီး လှူဒါန်းပေးထားချင်ပါတယ်။
    နောက်အဆင်ပြေလို့ ငွေလွှဲတဲ့အခါကျတော့မှ ပြန်ပေးပေ့ါ။ 🙂

    • nozomi

      November 6, 2012 at 6:57 pm

      အနော် သိန်း ၂ဝ လောက် လှူချင်ပါတယ် ခင်ဗျ
      ထီပေါက်လို့ အဆင်ပြေမှ ပြန်ပေးလို့ ရမလား ခင်ဗျ

      ကွန်းမန့်လေး ဖတ်ရတာနဲ့တင် စိတ်ကောင်း စေတနာကောင်းရှိသူ ရုပ်ချော သဘောကောင်းမဲ့သူ ဆိုတာ မြင်ကြည့်လို့ ရတယ်

      ဒီလောက် စေတနာကောင်းတဲ့ အန်တီမမ
      နောက်ဘဝ ကျ နတ်သား တစ်ဖက်ငါးရာ နဲ့ နတ်စည်းစိမ် ခံစားနိုင်ပါစေ 😀

  • ခုလို အလှူအတွက် အားတတ်သရော
    အားထုတ်ပေးတဲ့ ကိုဖက်တီးကပ်ကြီး တစ်ယောက် ..
    အနေတော် ကိုယ်အနေအထားသို့ အမြန်ဆုံး ရောက်ပါစေဂျောင်း .. :mrgreen:

    အနော်လည်း ..
    ဒီလ လခထုတ်မှ လှူရဦးမယ်ဂျ …
    ဒါနဲ့ အလှူခံမယ့်လူက လေးယောက်ဆိုဒေါ့ ..
    ဘု့ဆီ လှူရင် ကောင်းမလဲ .. 🙄

  • ဦး ဂျစ်

    November 6, 2012 at 8:51 pm

    အလှုူ ငွေ လာယူပေးပါသော ကိုအမတ်မင်းအား
    ကျေးဇူးတင်ပါသည် …။

  • etone

    November 7, 2012 at 4:39 pm

    အဟီး … အခုမှ ဝင်ကြည့်မိတယ် … gmail address တွေပါထည့်ထားတာကိုး … ။
    ဒါကြောင့်ဒီရက်ပိုင်း အင်ဗိုက်တွေ တွေ့နေရတယ် … တွေ့တိုင်းလည်း မသိလို့ deny လုပ်မိပါတယ် ။ ဆောရီးပါချင့် ….
    :kwi:

  • Tin Tin

    November 7, 2012 at 5:48 pm

    ကိုဖက်တီးကက်ရေ….
    ကျွန်မလည်း အလှူမှာပါဝင်ချင်ပါတယ်… ဆက်သွယ်လိုက်ပါ့မယ်နော်…

    • etone

      November 10, 2012 at 4:50 pm

      အစ်မရေ .. ဟိုနေ့က အစ်မ မက်စေ့ချ်ရိုက်တဲ့ အချိန် … မမြင်လိုက်မိတာ အားနာပါတယ်နော် … စာလည်း ပြန်ရေးထားပါတယ် … ။ ပါဝင်ကုသိုလ်ယူမယ်ဆိုတာ သိရလို့ … ဝမ်းလည်းသာပါတယ် .. ကျေးဇူးလည်းတင်ပါတယ်နော် 🙂

  • ကထူးဆန်း

    November 7, 2012 at 9:21 pm

    အွန် .. ဘယ့်နှယ့် နာယက ဖြစ်နေပါလိမ့် ။
    ကျွန်တော်က ဘဘဘလက်ပြောတဲ့ stupid and active ပါဗျာ.. :hee:
    နာယကဟုတ်ရပါဘူး…

    • ကိုထွန်းဝင်းလတ်ပေးလိုက်တဲ့ မော်လူးအလှူဂုဏ်ပြုမှတ်တမ်းလွာလေး ရွှေအိနဲ့ထည့်ပေးလိုက်တယ်နော်

      • 1

        November 14, 2012 at 2:40 pm

        အဆိုပါ မော်လူးဂုဏ်ပြုမှတ်တမ်းလွှာ ကျွန်ုပ်သူရဇော်လက်ဝယ်သို့ရောက်ရှိနေပီဖြစ်ကြောင်း လေးလေးပေါက်အား အကြောင်းကြားအပ်ပါသည်…… ကျေးဇူးနော်လေးလေး…… တဆင့်ပြန်လည်လွှဲပြောင်းရန်အတွက် ဖက်တီးကပ်၊ အမတ်မင်းတို့အား ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း……

  • ဦးဦးပါလေရာ

    November 8, 2012 at 9:21 am

    ဟုတ်ကဲ့ပါ….
    အခုဆို အလှူငွေများလဲ သိန်းသုံးဆယ်ပြည့်ဖို့သိန်းသုံးဆယ်နီးပါးပဲ လိုပါတော့တယ်…
    အဲဒါ ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင်
    ကုသိုလ်ကောင်းမှု့များ လက်ဦးအောင်ပြုကြပါခင်ဗျ….

    ခင်ဗျားတို့ကျန်းမာရေးကိုစိတ်ချပေမယ့် အလှူလိုက်ကောက်တဲ့သူငယ်နှစ်ယောက်က ဆေးလိပ်အရမ်းသောက်သူတွေမို့ လောဆော်လိုက်ရပါကြောင်း 😀

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 8, 2012 at 10:45 am

      ဦးဦးပါလေရာရေ…

      ဒီမနက်ပဲ သူငယ်ချင်းကြီးရွှေတိုက်စိုးက အလှူငွေကောက်ခံရေးတာဝန်ပြန်လည်လွှဲအပ်ပါတယ်…
      ဆေးလိပ်သောက်ပြီးစောစောသေသွားလို့မဟုတ်ဘူး… သူ့မလဲမပေါ့မပါးတာဝန်ကြီးတစ်ရပ် အသေအလဲ ထမ်းဆောင်ရမှာမို့ တော်တော်လေးအဆင်မပြေရှာဘူးပြောပါတယ်…
      အဲဒီတော့ ကျွန်တော်သူ့ကို အလှူငွေကောက်ခံသူများစာရင်းမှ ပယ်ဖျက်ပေးထားပါတယ်…
      ကျန်သူများကို ဆက်သွယ်ကြစေလိုပါတယ်…
      ကိုရွှေတိုက်စိုး မပေါ့မပါးတာဝန်ကြီးအား အသေအကျေထမ်းဆောင်နိုင်စေသော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ၂၀၁၂ ရဲဝင်း

        November 8, 2012 at 11:10 am

        တူကပဲ တပြန်ကြီး သူများကို မပေါ့မပါးလေးဘာလေးနဲ့
        သူသာ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဒိုင်နာကားရီး တွယ်စီးနေတဲ့ပုံ
        မနေ့က တက်လာသေး ..ဟီဟိ…
        စကားမစပ် ..မိကု လေး ရှာပေးပါအေ…
        မိကု လာရင် လှူမယ် ဒါဗျဲစ့်

      • Khaing Khaing

        November 8, 2012 at 11:12 am

        မပေ့ါမပါးတာဝန်ထမ်းဆောင်နေတဲ့ ရွှေတိုက်စိုး ဆိုပါလား … အဟီး …… နာ့နဲ့ဘဝတူလာတော့မယ်နဲ့တူတယ် …. ရွှေတိုက်စိုး ဗိုက်ပူမလို့လားမသိဘူး ……….

  • ဦးဦးပါလေရာ

    November 8, 2012 at 9:23 am

    သိန်းသုံးဆယ်ဆိုတာကတော့ ကျုပ်စိတ်ထဲက ဖြစ်စေချင်တဲ့ ကိန်းဂဏန်းပဲဖြစ်ပါကြောင်း….

  • ရွာစားကျော်

    November 8, 2012 at 12:35 pm

    ဆင်နီနှစ်ကောင် လူကြုံနဲ့ပါးလိုက်တယ်
    နောက်တပတ်ထဲ ဆူးလေက လက်ရွေးစင်ကဖီးမှာ ဦးမတ်နဲ့ချိန်းပြီး ပေးမယ်တဲ့…
    သွားယူပေးပါဦးနော်…

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 9, 2012 at 12:05 pm

    ဒီနေ့ ရွာသူလေးမနှင်းနှင်းနှင့် သူ၏မိသားစုများထံမှ အလှူတော်ငွေ တစ်သိန်းခြောက်သောင်းတိတိ လက်ခံရရှိပါတယ်…
    ပိုစ့်မှာလဲ Update လုပ်ပေးထားပါတယ်နော်…
    ပါဝင်လှူဒါန်းသူ မနှင်းနှင်းနှင့်မိသားတစ်စု စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ရည်မှန်းရာ မြတ်နိဗ္ဗာန်သို့ရောက်ရာအတွက်အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား…

    (အခုမှဘဲ အရက်သမားလဲဂေါပကဖြစ်တော့တယ်… Change… Change…)

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Hnin Hnin

    November 9, 2012 at 12:50 pm

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ..အရမ်းပီတိဖြစ်နေပါတယ်… 🙂

  • surmi

    November 9, 2012 at 1:34 pm

    ကြောင်ဝကြီးရေ ….
    ကျုပ်လည်း ဒုက္ခရောက်နေတယ်ဗျို ့ ။ cdma800 နဲ့ရွာကိုဝင်မရတော့လို့ ။
    အချိန်မှီတော့ ပါဝင်ပါ ့မယ် နော ။ လောလောဆယ်ရွာပြင်ရောက်နေတယ် ။စာတောင် ဝင်ဖတ်လို့
    မရဘူး ။ ဒီပုံအတိုင်းဆို …ရွာနဲ ့ ဝေး ရတော့မယ်ထင်တယ် ….ခုမှ တကယ် ့ကို အပြင်ဘက်ရောက်သွားတာ ။

  • •*¨နန်းတော်ရာသူ •*¨

    November 10, 2012 at 9:36 pm

    ဝင်လေ့လာခဲ့ပါတယ် လှူြဖြစ်ရင်လည်းဆက်သွယ်လိုက်ပါ့မယ်

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 13, 2012 at 10:30 am

      အစ်မနန်းတော်ရာသူရေ…

      လာရောက်လေ့လာခြင်းအတွက်ကျေးဇူးအထူးတင်သလို… ဆက်သွယ်လှူဒါန်းဖြစ်မယ်လို့လဲ မျှော်လင့်ပါကြောင်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • amatmin

    November 12, 2012 at 9:25 am

    ကိုဖက်တီးကပ်ရေ..တနင်္ဂနွေနေ့က လက်ခံ ရရှိထားတဲ့ စာရင်းလေး ထဲ့ပေးပါအုန်းဗျို့..

    Natalie Nwe Linn Htet – 85000
    မဝေဝေ – 15000
    မမိုးမိုးအေး – 15000

    အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါကြောင်း…

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 13, 2012 at 9:46 am

      စာရင်းထဲမှာ Update ထပ်လုပ်ပေးပြီးဖြစ်ပါတယ်…
      ဦးဦးပါလေရာမှန်းထားသလို သိန်း(၃၀)ကို သိန်း(၂၀)နဲ့ ၆၀ဝ ပဲလိုပါတော့တယ်…
      (၆၀၀)ကတော့ ကျွန်တော်စိုက်ပေးလိုက်ပါ့မယ်နော်… ကျန်တဲ့ သိန်း(၂၀)ကိုတော့… ဟီးဟီး…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 14, 2012 at 1:25 pm

    မနေ့က ကိုရွာစားကျော်ရဲ့ နေပြည်တော်မှအလှူငွေ တစ်သောင်း…
    အလှူငွေကို လူကြုံပေးခြင်းခံရသူ အစ်မခင်မြဝင်း၏ သဒ္ဓါပေါက်အလှူငွေ နောက်ထပ် တစ်သောင်းကိုပါ…
    ကိုအမတ်မင်းကြီးနှင့်အတူ လက်ခံရရှိခဲ့ပါကြောင်းနဲ့…
    အလှူစာရင်းထပ်တိုးပြင်ဆင်ပြီးကြောင်း အကြောင်းကြားအပ်ပါသည်…

    အဲဒီလိုပဲ…
    အလှူရက်ရွှေ့ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတိမထားမိမှာစိုးလို့ ခေါင်းစဉ်မှာရက်စွဲထည့်ပေးလိုက်ပါကြောင်း…

    ကဲ… အလှူဒကာ… အလှူ့ဒကာမတို့ရေ…
    သိန်း (၅၀)ပြည့်ဖို့ သိန်း(၄၀) မပြည့်တပြည့်သာလိုတော့ကြောင်း…ဟိဟိ
    (ဦးဦးပါလေရာထက် အားထည့်လိုက်ခြင်း)

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • kotun winlatt

    November 14, 2012 at 1:55 pm

    ဒီလကုန် မန်းလေးရောက်မှာ ဆိုတော့ မန်းလေးရောက်မှပဲ လေးပေါက်ဆီမှာ အလှူငွေ ထည့်ဝင်လိုက်တော့မယ်ဗျိ်ု့….ရွာသူားများ ဒီထက်မက လှူဒါန်းနိုင်ကြပါစေ……။

  • 1

    November 14, 2012 at 2:38 pm

    အလှူပို့စ်လေးထဲကို ဝင်မရေးဖြစ်တာ ခွင့်လွှတ်ပေးကြပါဗျာ….. အခုရက်ပိုင်းတွေမှာ အင်မတန် မအားမလပ်ဖြစ်နေတဲ့အတွက်ကြောင့်ပါ…… ယခု အလှူလိုက်ပါမည့်စာရင်းများအား မှတ်သားသွားကြောင်းလဲ သတင်းပေးပို့အပ်ပါသည်….. အလှူ လှူရန်အတွက် အမေ့နားကပ်လေးသွားပေါင်ဖို့ အစီအစဉ်ရှိပါတယ်…….. ဟီး….. ထိုသတင်းအား အလှူဦးစီးဦးဆောင် ကြောင်ဖက်ထုပ်ကို ပေးပို့အပ်ပါသည်….. အလှူပါဝင်သူများအားလုံးကိုလဲ ကျေးဇူးအထူးတလည်တင်ရှိပါကြောင်း…… ကျွန်ုပ်သူရဇော်ထံသို့လည်း လိုက်ပါမည့်သူစာရင်းများပြုလုပ်ရန် ဆက်သွယ်လာမည့်သူများကို စောင့်ကြိုလျှက်ရှိပါကြောင်း အကြောင်းကြားရင်း ………

  • ရန်ကုန်သို့ငွေလွှဲပို့နိုင်မယ့်သူနဲ့ဆက်သွယ်လိုပါတယ်ရှင်။
    ဒီဇင်ဘာလထဲလှူဖြစ်အောင်ဆက်သွယ်ပါ့မယ်။
    ကျွန်မရဲ့ဂျီမေးလ်အကောင့် linnseesar22 သို့ Add ပေးပါရန်မေတ္တာရပ်ခံလိုက်ပါတယ်။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 18, 2012 at 11:58 am

    စင်ကာပူမှ မခိုင်ဇာပေးပို့လှူဒါန်းသော ကျပ်ငွေတစ်သိန်းတိတိကို မနေ့ကလက်ခံရရှိပါကြောင်း…

    ပါဝင်လှူဒါန်းသည့်အတွက်ကျေးဇူးအထူးတင်ရှိပြီး မခိုင်ဇာလိုတိုင်းတရနိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ…
    ယခုပါဝင်လှူဒါန်းခြင်းသည် နိဗ္ဗာန်သို့သွားရာလမ်းခရီးအတွက်ကြီးစွာသောအထောက်အပြံ့ဖစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

    ခင်မင်လျက်-
    ဂေါပကကြောင်ဝတုတ်

    • ခိုင်ဇာ

      November 18, 2012 at 12:09 pm

      ဟုတ်။ ရပြီဆိုရင် စိတ်အေးသွားပါပြီဗျာ။ 🙂

  • Thu Wai

    November 18, 2012 at 1:09 pm

    အခုမှ ကြည့်မိတယ် သူများတွေ အလှူအတန်း အတွက်လုပ်နေတာ ဘယ်ကျက်သရေတုံးက အနီတွေအားအားယားယား လိုက်ပေးနေလဲမသိဘူး အားနေရင်
    အင်တာနက် အလကားသုံးနေရလို့ထင်တယ် ။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 22, 2012 at 9:01 am

    မနေ့က အစ်ကိုကြီးကိုနိုဇိုးမိထံမှ အလှူတော်ငွေ ၂၀၀၀ဝိ/- (နှစ်သောင်းကျပ်တိတိ)ကို လက်ခံရရှိပါကြောင်း…

    အစ်ကိုကြီးနိုဇိုးမိ… ယခုထက်ပိုပြီး လှူနိုင်တန်းနိုင်သော… စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာသောဘဝကို ရာသက်ပန်ပိုင်ဆိုင်နိုင်ပြီး… ယခုလှူဒါန်းမှုအစုစုသည် ဆုပန်အပ်သောမြတ်နိဗ္ဗာန်အတွက် အထောက်အပံ့ ကောင်းတစ်ခုဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • amatmin

    November 23, 2012 at 11:02 am

    ကိုကြောင်ဝတုတ် ရေ..
    ကနေ့ ၂၃.၁၁.၂၀၁၂ ရက်စွဲ နဲ့
    ဂဇက်ရွာသားတဦးနာမည်တပ် ပီး အလှူငွေ ၅၀၀၀ဝ (ငါးသောင်းကျပ်) လက်ခံရရှိထားပါ၏.။

    အမတ်မင်း

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 30, 2012 at 11:44 am

    မနေ့က နန်းတော်ရာသူ ပေးပို့လှူဒါန်းသော အလှူငွေ ၂၀၀၀ဝ (နှစ်သောင်းကျပ်တိတိ)ကို လက်ခံရရှိပါကြောင်း…

    အလှူရှင် နန်းတော်ရာသူနဲ့မိသားစု…
    စိတ်၏ချမ်းသာခြင်း… ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး…
    ယခုအလှူဒါနသည် မြတ်နိဗ္ဗာန်သွားရာလမ်း၌ အထောက်အပံ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း
    တောင်းလိုက်ရပါသည်ခင်ဗျား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရဲစည်

    December 2, 2012 at 11:05 pm

    ဪ မိဘမဲ့ကလေးတွေကို လှူတာ ၁၂သိန်းလောက်ဘဲ ရတာကိုး။ ဂေဇက်ထဲက ရွာ့ငွေရှင်ကြေးရှင် လူဂျီးတွေရဲ့ ပါးစပ်ဆော့ အလှူလောက်တောင် မရသကိုး …. အေးလေ ဒါလောက်ရတာ ကံကောင်းတယ်မှတ်…မှတ်ပလား image ဆိုတာ လူရွေးသတဲ့ ဘကြီးတော်မင်းတြားဂျီး ပြောခဲ့တာ …။ ဘာပဲဖြစ်ဖြစ် ခင်ဗျား စေတနာနဲ့ လုပ်ကိုင်မှုကို လေးစားပါတယ်ဗျ ဒါပေသိ လက်ပံတောင်းတောင် ဆန့်ကျင်ရေး အဖွဲ့များသို့ ဆိုပီး တကယ်နိူင်ငံ့အရေးအတွက် နိူင်ငံရေးသိတတ် ပညာကို ဦးစားမပေး ဘဝနဲ့ရင်း ကြိုးစားလုပ်ကိုင်နေသူများအတွက် ကျနော် အဝေးရောက် အာချောင်ယဲမှ ဒေါ်လာ ၁၄၇ဝ လှူပီးသမို့ အီ မိဘမဲ့ ကလေးများ အတွက်မူ ၁၄ရဒေါ်လာ (ကျနော့်ငွေ ၁ဒေါ်လာ) လှူပါကြောင်း …. ( )လူ ( ) မြင်စေသော်….။

    အဟက် ….ဟက်

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 3, 2012 at 10:33 am

    ပြီးခဲ့တဲ့သောကြာနေ့က အစ်မတင်တင်ထွေးရုံးကို ကျွန်တော်သွားပြီး
    ရွာ့အလှူအတွက် အလှူငွေ တစ်သောင်းလက်ခံရရှိပါတယ်…
    စနေတနင်္ဂနွေခံနေလို့ ပိုစ့်မတင်ပေးဖြစ်တာပါ… နားလည်ပေးစေချင်ပါတယ်…
    အလှူရှင်မတင်တင်ထွေးနဲ့ မိသားစု ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေသော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Tin Tin

    December 3, 2012 at 5:48 pm

    အလှူငွေလာရောက်ယူပေးသော ကိုဖက်တီးကပ်ကို ကျေးှဇူးအများကြီးတင်ပါတယ်ရှင်..
    ကျမလည်းလှူဖြစ်လိုက်လို့ ဝမ်းမြောက်ရပါတယ်..

  • amatmin

    December 4, 2012 at 10:44 am

    ကိုဖက်ကပ်ရေ…
    မလေးရှားက SameKyaw ဆီက ပို့ပေးတဲ့
    အလှူငွေ တသိန်း (၁၀၀၀၀၀) ကျပ်ကို လက်ခံပီးကြောင်း..

    အမတ်မင်း

  • မန်းလေးဂေဇက် စတုတ္ထအကြိမ်အလှူငွေစာရင်း (24-10-2012မှ4-12-2012)
    စဉ် နေ့စွဲ အလှူရှင်အမည် သင့်ငွေ(ကျပ်) မှတ်ချက်
    1 24/10/2012 Fall Gyu 50000 မန်းဂေဇက်
    2 04/11/2012 uncle gyi 20000 မန်းဂေဇက်
    3 01/12/2012 tun win latt 10000 မန်းဂေဇက်
    4 05/12/2012 မနှင်းမြတ်သူ 10000 စာဖတ်သူ
    စုစုပေါင်းကောက်ခံရငွေ 90000ကျပ်

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 5, 2012 at 9:24 am

      လေးပေါက်ရေ…

      ကိုဖောဂိုင်းနဲ့ အန်ကယ်ကြီးတို့အလှူကို စာရင်းမှာဖော်ပြပြီးဖြစ်ပါတယ်…
      အဲဒီတော့ ကျန်နေတဲ့ ကိုထွန်းဝင်းလတ်ရယ်… မနှင်းမြတ်သူတို့ကို စာရင်းမှာထပ်ထည့်ပေးလိုက်ပါတယ်နော်…
      ကူညီပေးသော လေးပေါက်ကို အထူးကျေးဇူးတင်ရှိပါကြောင်း… မှတ်တမ်းတင်အပ်ပါသည်ခင်ဗျား…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

Leave a Reply