ကဲ တောင်ကြီး မီးပုံးပျံစာရင်းကတော့ ထွက်လာပါပြီ …
တောင်ကြီးမီးပုံးပျံပွဲ သွားလည်ချင်တဲ့သူများကတော့ 9ရက်လောက် မလည်နိုင်တဲ့သူတွေ ဘယ်နေ့မှာ ဘယ်မီးကို အားပေးရင်ကောင်းမလဲဆိုတာ အကြံပြုပါ၇စေ
20ရက်နေ့မှာ ဖွင့်ပွဲစမှာပါ… အဲဒီနေ့မှာတော့ ရောင်စုံမီးရှူးမီးပန်းများနဲ့ ကျောင်းသား/ ကျောင်းသူလေးတွေရဲ့ ပုံဖော်ထားတဲ့ မီးပုံးအကလေးတွေနဲ့ တိုင်း၇င်းသူလေးတွေရဲ့ အကကို ရင်သပ်ရှူမော ခံစားရမှာပါ …… (Don’t miss) 21ရက်နေ့မှာတော့ မီးပုံးပျံစတင်ပါပြီ စိန်နပန် 3လုံးနဲ့ မီးကျီ 9လုံး စုစုပေါင်း 12လုံးအားပေူရမှာပါ
ပွဲဦးထွက်ညမှာတော့ နာမည်မကြီးတဲ့မီးပုံးတွေများပါတယ် … လူတွေလည်း သိပ်မလည်ကြသေးတဲ့ ညမလို့ပါ (သိပ်မလည်သာဆိုတယ် ခြေချစရာနေရာမချိ)
အဲဒီနေ့မှာတော့ ညသာမိး၊ လုံ့လမီးနဲ့ ဓူဝံမီးတို့ကတော့ နာမည်မကြီးပေမဲ့ ကြည့်ကောင်းမဲ့မီးကျီတွေလို့ ဆိုရပါမယ်

22ရက်နေ့မှာတော့ စိန်နပန် 5လုံးမဲ့ မီးကျည် 9လုံး စုစုပေါင်း 14လုံးအားပေးရမှာပါ …. အဲဒီညမှာတော့ တော့လူခံ၊ ၀ိဇ္ဖာမီး၊ စံပြမီးတို့ကတော့ နာမည်ကြီးမီးတွေပါ ……
ဘယ်လိုပြင်ဆင်ပြီး ပြိုင်ကြမယ်ဆိုတာတော့ အဲဒီနေ့မှာ စောင့်ကြည့်ရမှာပါ….. စံပြကတော့ တက်ရင်တက်မတက်ရင် ၀ုန်းတက်လို့ အနားကပ်ပြီး မကြည့်ကြဖို့ မှာလိုက်ပါရစေ…. :)

23ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီး မပါဝင်ပဲ အသစ်တွေကိုတွေ့ရမှာပါ ..အသစ်ဆိုပေမဲ့ တချို့ကျတော့ နာမည်ပြောင်းပြီး ၀င်ပြိုင်တာရှိပါတယ်

24ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 13လုံး 17လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအဖြစ် အိုဇုန်းမီးကို အားပေးရမှာပါ …သူလည်း တက်ရင်တက်မတက်ရင် ၀ုန်းတက်လို့အနားကပ်ပြီး အားမပေးဖို့ မှာလိုပ်ပါရစေ .. :) (ပြေးလမ်းရှာထားပေါ့ ခွိခွိ)

25ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအနေနဲ့ ညဦးနဲ့ ရင်ငြိမ်းမောင်လေးတွေ ၀င်ပြိုင်တဲ့ ဆောင်းညမီး တို့ကို အားပေးရမှာဖြစ်ပါတယ်… ကျန်မီးတွေကတော့ တခါမှ ၀င်မပြိုင်ဖူးတာမလို့ အခြေအနေဘယ်လိုချိလည်းမသိပါဘူး…(ဆောင်းညကတော့ နှစ်တိုင်း လောင်ရင်လောင် မလောင်ရင် မတက်ပါဘူး :) )

26ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး ထူးထူးခြားခြား လွတိတက်တဲ့ တောင်ပိုင်းမီး၊ ငယ်ငယ်ကတည်းက နာမည်ကြီးတဲ့ လူပဲ့၊ တိမ်ဝင်နဲ့ စွာကျယ်မီးတို့ကတော့ နာမည်ကြီးမီးတွေဖြစ်လို့ အဲဒီနေ့သွားလည်ရင်တော့ တော်တော်လေး ရင်သပ်ရှူမော ကြ ည့်ရမှာပါ ….

27ရက်နေ့မှာတော့ဖြင့် အဖိတ်နေ့ဖြစ်တာကြောင့် နာမည်ကြီးမီးလုံးတွေထည့်ထားတက်ပါတယ် အဲဒီနေ့မှာ စိန်နပန် 6လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီးအနေနဲ့ ရင်ငြိမ်းဦးလေး မီးဖြစ်တဲ့ ဓါတ်ခဲမီးကို အားပေး၇မှာပါ … (ဓါတ်ခဲလာပြီ အားလုံးပြေး…ရှောင်ရှားဆိုတဲ့အတိုင်း) တော်တော် လေးတက်တက်မတက်တက် အောက်မှာ ကြမိးပြီးမှ တက်တတ်တဲ့ မီးပါ အသစ်အဆန်းများ တီထွင်တက်တဲ့မီးဖြစ်လို့ တမြို့လုံးနီးပါး အားပေးခံရတဲ့မီးဖြစ်ပါတယ် 2004မှာစပြိုင်ခဲ့ပြီး စပြိုင်တဲ့နှစ်မှာပဲ အောက်မှာဝုန်းလို့ ဓါတ်ခဲဆိုရှောင်ကြရာက 2005မှာတော့ လပြည့်ည လပတ်ပတ်လည်မှာ မီးရှူးတွေ ဖွာထွက်နေအောင်လုပ်ထားလို့ လနဲ့ မီးပုံပျံ ဘယ်တခုက မီးပုံးပျံမှန်းမသိရအောင် လှပခဲ့တာမို့ နာမည် စတင်ကြီးခဲ့တဲ့ မီးဖြစ်ပါတယ် .. ပစ္စည်းအသစ် နည်းပညာ အသစ်တော်တော်များများ ထည့်ထားတဲ့ မီးလို့လည်း ပြောလို့ရပါတယ် ….. အဲဒီနေ့မှာတော့ ကြိတ်ကြိတ်တိုးနေမှာ သေချာပါတယ်

28ရက်နေ့မှာတော့ဖြင့် စိန်နပန် 4လုံး မီးကျည် 9လုံး 14လုံးအားပေရမှာ ဖြစ်ပြီး နာမည်ကြီးမီး တွေက ဒီနှစ်မှာ တော်တော်လေး မပါတော့တာတွေ့ရပါတယ်
ကုန်ဈေးနှုန်းတက်လို့ပဲလား ..လူမချိတော့တာကြောင့်မို့လားမသိပေမဲ့ နာမည်ကြီးမီးတွေဖြစ်တဲ့ ပုတုတို့ ချီးခန့်မီးတို့မပါတာကြောင့် လူတောင်စည်ပါ့မလားလို့တောင် စိုးရိမ်မိပါတယ်

တန်ဆောင်တိုင်လည်မယ်ဆိုရင်တော့ ရန်ကုန်ကနေ တောင်ကြီးကို ကားခ 1100 ရှိပြီး ဟော်တယ်ခ (ကြိုတင် 10000)လောက်ရှိနိုင်ပါတယ် ။။။။ ဟော်တယ်မရသူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနီုင်ပါတယ် ….

အရင်ကတော့ စူဌာမုနိလောကချမ်းသာဘုရားမှာကျင်းပ ပေမဲ့ နေရာကျဉ်းပြီး အန္တရယ်များတာကြောင့် အရှေ့ဘက် ကွင်းကိုရွေ့လိုက်ပါပြီ… နေရာကျယ်ပြီး မီးပုံးပျံလွတ်သူ သပ်သပ် ကြည့်ရှူသူသပ်သပ် စီဖြစ်နေပြီမလို့ အန္တရယ်ကင်းစွာကြည့်နိုင်ပါပြီ

လည်ပတ်ရင်း စားသောက်မယ်ဆိုရင်တော့ ပွဲထဲမှာ မစားကြပဲ မြို့ထဲက ဆိုင်တွေမှာဝယ်စားရင်ဈေး သက်သာနိုင်ပါတယ်
နာမည်ကြီးဆိုင်အနေနဲ့ ပြေပြရရင် ……
တောင်ကြီးမှာ မင်းလမ်း တလမ်းတည်းသာရှိတာကြောင့် မင်းလမ်းအတိုင်း တက်သွားရင် တောင်ကြီးဟော်တယ် အောက်ဖက်က ရွှေမင်းသူ လက်ဘက်ရည်ဆိုင်မှာ ငါးဘူးသီးကြော်၊ ကြာကွေးအစာသွပ် တို့ကု လက်မလွတ်သင့်ပါဘူး….

နောက်အောက်ဆက်ဆင်းလာရင် မြို့မဈေးရော်ကလာပြီ…Fashion Minimart စတိုးဆိုင် (စီးပွါးရေးဘဏ် မျက်နှာချင်းဆိုင် မြို့လည် ဓမ္မာရုံမျက်စောင်းထိုး)က မေရှမ်းကြေးအိုးကလည်း နာမည်ကြီးပါပဲ …..

ဆက်ဆင်းလာရင် မြို့ အောက်ဖက်ကိုရောက်သွားမယ် …..ကြိုးတံတားကိုမရောက်ခင်မှာတော့ ကျိုင်းတုံ သင်္ဘောသီးထောင်းနဲ့ ဒိန်ချဉ်ဆိုင်ကလည်း ရှမ်းအစားအစာတွေနဲ့ ကြိုဆိုနေမှာပါ …

မနက်စာ ထိုဖူးနွေးကောင်းကောင်းစားချင်ရင်တော့ အလက2 ထိုဖူးနွေးနဲ့ အရှေ့မြို့ပတ်လမ်းက တိုင်း ထိုဖူးနွေးတို့က အရသာချိစေမှာပါ

ုဒီထက်ပျော်ချင်ရင်တော့ ညောင်ရွှေ အ၀င်ဝက ငါးကန်သာဆင်းကြပါတော့ ..အင်းလေး သွားလည်ရင်း ငါးကန်က ငါးဟင်းအစုံကို စားနိုင်ပါတယ်
မွေးမြူရေးကန်မှ ဘန်ကလိုဆောက်ထားတဲ့ ငါးကန်ကတော့ သဘာဝ အလှကိုကြည့်ရင်း တခြားနေရာတခုကိုရောက်သွားသလို ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ်….

ကဲဒီလောက်ဆိုရင် ပိုက်ပိုက်များများထည့်လာပြီး တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်……

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer